Fact Check: စစ်တိုင်းမှူး ၅ဦးနဲ့ တပ်သား ၂၇၀ကျော်ပျောက်ဆုံးနေဆိုတဲ့ သတင်း ခေါင်းစဉ်အတု

စစ်တိုင်းမှူး ၅ဦးနဲ့ တပ်သား ၂၇၀ကျော် အသင်းအစနမရ ပျောက်ဆုံးနေတယ်လို့ဆိုထားတဲ့ ဗွီဒီယို ပို့စ်တစ်ခု ကိုမျှဝေထားရာမှာ ဒီဗွီဒီယိုကို ပြန်လည်မျှဝေမှုပေါင်း ၂၇၀၀ ကျော်ရှိခဲ့ပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေကို နားလည်မှု လွဲစေနိုင်တာတွေ့ရပါတယ်။ တကယ်တော့ ခေါင်းစဉ်အတုပေးပြီး လူတွေစိတ်ဝင်စားအောင်လုပ်ထားတဲ့ ဗွီဒီယိုတစ်ခုသာဖြစ်ပါတယ်။  â€œá€™á€”á€šá€á€œá€ąá€¸á€Ąá€­á€™á€şá€á€źá€śá€™á€źá€ą ရောင်းဝယ်ငှား” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်တိုဘာ ၇ ရက်က အောက်ပါအတိုင်းရေးသား မျှဝေထားတာတွေ့ရပါတယ်။ “စစ်တိုင်းမှူး ၅ဦးနှင့်တပ်သား ၂၇၀ကျော် ‌သတင်းအစနမရပျောက်ဆုံးနေ နေပြည်တော် တပ်တွင်းကယက်ထကုန်ပြီ”လို့ ပို့စ်စာသားနေရာမှာရော ဗွီဒီယိုထဲမှာပါရေးသားထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ပို့စ်စာသားနေရာမှာရော ဗွီဒီယိုထဲမှာပါ စစ်တိုင်းမှူး ၅ဦးနဲ့ တပ်သား ၂၇၀ကျော် […]

Continue Reading

Fact Check: ဂျော့ဆိုးရော့စ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အ‌‌ပေးအယူပေါက်ကြားဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျော့ဆိုးရော့စ်(George Soros)တို့အ‌ပေးယူလုပ်ခဲ့တဲ့အချက်အလက်တွေကို ရုရှား အစိုးရဟတ်ကာတွေက ခိုးယူပြီး နစက(နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ)ထံပေးအပ်ခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးအပြုသူတွေအကြား ဖြန့်ဝေလျှက်ရှိပါတယ်။ နိုင်ငံရေးအရတိုက်ခိုက်ဖို့အတွက် လုပ်ကြံရေးသားထားတဲ့အကြောင်းအရာဖြစ်ပြီး ဒီလိုအထောက်အထားတစ်စုံတစ်ရာမတွေ့ရပါဘူး။  ဖြန့်ဝေနေတဲ့ ပို့စ်တွေမှာ ဂျော့ဆိုးရော့စ်ရဲ့ Open Society ကနေ အချက်အလက် ၂၀၀၀ ကျော်ကို ရုရှားဟတ်ကာ တွေက ခိုးယူ(hack)ခဲ့ပြီး ဒီအချက်အလက်တွေထဲမှာ နိုင်ငံတော်ရဲ့ နိုင်ငံရေးမဟာဗျူဟာတွေ၊ နိုင်ငံတွေရဲ့ အားနည်းချက်တွေ၊ ရွှေ့ပြောင်းနေထိုင်တဲ့ကိစ္စတွေ အမေရိကန် ဖက်ဒရယ်ထောက်လှမ်းရေးဗျူရို(FBI)ကို အစီရင်ခံထားတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဂျော့ဆိုးရော့စ်နဲ့ အ‌ပေးအယူလုပ်ခဲ့တဲ့အချက်အလက်ပေါင်း ရာချီပါဝင်တယ်လို့ရေးသားထားပြီး အမေရိကန်ကလည်း ဒီလိုခိုးယူခံရတာကို ဝန်ခံတယ်လို့လည်းဆိုပါတယ်။ “Kyaw Gyi”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်တိုဘာ ၁၈ ရက်က အောက်ပါအတိုင်းရေးသားမျှဝေထား ရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၂၂၀ ကျော်ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ […]

Continue Reading

Fact Check: လူရွှင်တော် ဦးဇာဂနာက စစ်အာဏာသိမ်းမှုကို ထောက်ခံရေးသားချက် အဖြစ်သတင်းတုသတင်းမှားပျံ့နှံ့ခဲ့

နိုင်ငံရေးအကျဉ်းသား လူရွှင်တော် ဦးဇာဂနာက စစ်အာဏာသိမ်းမှုကို ထောက်ခံရေးသားချက်အဖြစ် ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ကြိမ်ဖန်များစွာပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့ ဦးဇာဂနာနာမည် ကိုအသုံးပြုပြီး လုပ်ကြံရေးသားထားတဲ့ရေးသားချက်ဖြစ်တာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလလောက်ကတည်းကစတင်ဖြန့်ဝေလျက်ရှိပြီး ယခုအချိန်အထိလည်း ဖြန့်ဝေလျှက်ရှိတဲ့ပို့စ်မှာ “ကိုယ့်ထမင်း ကိုယ်စားပြီး စစ်အာဏာရှင်ကို တော်လှန်ခဲ့ / ထောင်ဆိုတာ အိမ်ဦးနဲ့ကြမ်းပြင် ဖြစ်ခဲ့တဲ့ ဒေါက်တာ ဦးသူရ (ခ) ဦးဇာဂနာ ရဲ့ လက်ရှိနိုင်ငံရေး သုံးသပ်ချက်”လို့ စချီရေးသားထားတဲ့ ဒီပို့စ်မှာ အခုတကြိမ်စစ်တပ်က အာဏာသိမ်းတာဟာ ၂၀၀၈ ခုနှစ် အခြေခံ ဉပဒေနဲ့အညီ အာဏာထိမ်းတာသာဖြစ်တယ်လို့ ဦးဇာဂနာ ထောက်ခံခဲ့ပြီး NLD ပါတီကို မဲခိုးတဲ့ပါတီအဖြစ်စွပ်စွဲကာ ဒေါ်အောင်ဆန်းစုကြည်အစိုးရကိုလည်း ကွန်မြူနစ်ဆန်တဲ့ အာဏာရှင်အစိုးရအဖြစ်ဝေဖန်ထားတာဖြစ်ပါတယ်။  အောက်ပါစာသားတွေကတော့ ဒီလိုပျံ့နှံ့ခဲ့တဲ့ပို့စ်ပါ စာသားတွေပဲဖြစ်ပါတယ်။ “ကိုယ့်ထမင်း […]

Continue Reading

Fact Check: Justin Bieber ဗုဒ္ဓဘာသာအဖြစ်ကူးပြောင်းပြီး သာသနာ့ဘောင် ဝင်ရောက်ဆိုတဲ့ သတင်းတု

အမေရိကန် အဆိုတော် Taylor Swift တစ်ယောက် ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူသွားပြီးနောက် ကနေဒါနာမည် ကြီးအဆိုတော် Justin Bieber ကလည်း ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူကာ ဘုန်းကြီးဝတ်သွားတယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ပြောဆိုချက်ဟာ မှားယွင်းပါတယ်။ “ယနေ့ အဆို‌တော်Taylor Swiftတစ်ယောက် ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူသွားပြီးနောက် အဆိုတော်Justin Bieberဟာလည်း အားကျမခံ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူကာ ဘုန်းကြီးဝတ်သွားတယ်လို့သိရပါတယ်။ ဒီလိုကမ္ဘာ့ထိပ်သီးအဆိုတော်ကြီးနှစ်ဦးရဲ့ ဗုဒ္ဓဘာသာဝင်အဖြစ်ကူးပြောင်းမှုကြောင့် တခြားဘယ်အနုပညာရှင်တွေရော ပါဝင်ကြဦးမလဲဆိုတာ စိတ်ဝင်စားစွာ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအတွက်ကတော့ အင်မတန်ဝမ်းမြောက်ဂုဏ်ယူစရာပါ။”လို့ ရေးသားပြီး “Felix Luffy” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် အဓိကျတဲ့စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ Justin Bieber […]

Continue Reading

Fact Check: NUG ကိုစစ်ရေးကူညီဖို့ နေတိုးမဟာမိတ်အုပ်စုလက်မှတ်ထိုးလိုက်ပြီဆိုတဲ့ သတင်းတု

NUG ကိုစစ်ရေးကူညီဖို့ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့(NATO)လက်မှတ်ထိုးလိုက်ပြီလို့ရေးသားထား တဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ ဉရောပပါလီမန်က စစ်တပ်ကို ပိုမိုအရေးယူဖို့ဆုံးဖြတ်ချက်အကြောင်းသာဖြစ်ပြီး နေတိုးစစ်စာချုပ်အဖွဲ့နဲ့သက်ဆိုင်ခြင်းမရှိပါဘူး။ “NUG ကိုစစ်ရေးကူညီဖို့ နေတိုးမဟာမိတ်အုပ်စုလက်မှတ်ထိုးလိုက်ပြီ”လို့ ရေးသားပြီး “Meal Breeze” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဗွီဒီယိုတစ်ခုကိုအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုကို Youtube ရဲ့ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “Meal Breeze” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာဟာ လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့တဲ့သတင်းဌာနတွေမှာဖော်ပြပြီး အကြောင်းအရာတွေကို ဗွီဒီယိုပုံစံပြောင်းပြီး ပြန်လည်ကူးယူးဖော်ပြနေတဲ့ စာမျက်နှာတစ်ခုဖြစ်တာ တွေ့ရပါတယ်။ ဒီလိုမျှဝေရာမှာ အကြောင်းအရာဟာ လူမှုကွန်ယက်တွေမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာကြောင့် လူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိဖို့အတွက် ခေါင်းစဉ်အတုခေါင်းစဉ်အမှားတွေပေးပြီး ဗွီဒီယိုကိုဖြန့်ချိပါတယ်။ ၄ မိနစ်ကျော် ရှည်လျားတဲ့ အခုဗွီဒီယိုဖိုင်ကိုဖြန့်ဝေရာမှာ […]

Continue Reading

Fact Check: မြန်မာစစ်တပ်ကို ပူးပေါင်းတိုက်ခိုက်ဖို့ AAနဲ့ RSO တို့ဆွေးနွေးပွဲမှတ်တမ်း ဆိုတဲ့ သတင်းတု

NUG အစိုးရစေခိုင်းမှုနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ရခိုင့်တပ်တော်(AA)နဲ့ ရိုဟင်ဂျာညီညွတ်ရေးအဖွဲ့(RSO)တို့ မြန်မာစစ်တပ်ကို ပူးပေါင်းတိုက်ခိုက်ဖို့ သဘောတူညီချက်ဆိုပြီးတော့ အောက်တိုဘာ ၁၁ ရက်က ဖေ့စ်ဘွတ် အသုံးပြုသူ တွေအကြားဖြန့်ဝေခဲ့တာတွေ့ရပါတယ်။ ဖြန့်ဝေမှုတွေမှ RSO က ထုတ်ပြန်ချက် ပုံစံနဲ့ရေးသားထားတဲ့စာသားဓာတ်ပုံ ၂ ပုံပါဝင်ပြီး AA က ဗိုလ်မှူးကြီးခိုင် ထွန်းလင်းပါ ၁၀ ဦးနဲ့ RSO က စစ်ရေးတာဝန်ခံ အာယုပ်ပါ ၁၀ ဦးတို့ရဲ့ ဆွေးနွေးမှု အဖြစ်ဖော်ပြထားပါတယ်။  မောင်တောနဲ့ ဘူးသီးတောင်ကို AA ကတိုက်နေတာဟာ ရိုဟင်ဂျာအားလုံးပြန်လည်နေထိုင်နိုင်ရေးဖြစ်ကြောင်း၊ ဒီအစီအစဉ်ကို ရခိုင်တွေသိသွားမှာစိုးရိမ်ကြောင်းနဲ့ ဒီလိုဆောင်ရွက်ချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ နိုင်ငံတကာ ရောက် ရိုဟင်ဂျာခေါင်းဆောင်တွေ သိအောင်ပြောပေးဖို့လိုကြောင်း AA က ဗိုလ်မှူးကြီးခိုင်ထွန်းလင်း ဘက်က ဆွေးနွေးခဲ့ပြီး RSO က […]

Continue Reading

Fact Check: ကျိုက်ထီးရိုးပစ်ခတ်မှုမှာ ပြည်သူတွေထိခိုက်သေဆုံးခဲ့ရမှု NUG တောင်းပန် ဆိုတဲ့သတင်းတု

ကျိုက်ထီးရိုး ကင်မွန်းစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ PDF တွေပစ်ခတ်မှုမှာ ဘုရားဖူး ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအတွက် ဝမ်းနည်းကြောင်း NUG က ထုတ်ပြန်ချက်ဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြားဖြန့်ဝေနေတာဟာ သတင်းတုဖြစ်ပါတယ်။ ဖြန့်ဝေလျှက်ရှိတဲ့ ထုတ်ပြန်ချက်ဓာတ်ပုံစာသားထဲမှာ အချက်သုံးချက်ပါဝင်ပြီး အောက်ပါအတိုင်းရေးသား ထားပါတယ်။  “၁။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်နေ့တွင် မိမိတို့အမျိုးသားညီညွှတ်ရေးအစိုးရလက်အောက်ရှိ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တို့သည် ကျိုက်ထိုမြို့ ကင်မွန်းစခန်း တောင်တက်ကားဂိတ် အနီးတွင် အကြမ်းဖက်စစ်ကောင်စီတက်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။  ၂။ ထိုသို့ တိုက်ပွဲဖြစ်ပွားရာတွင် မိမိတို့ဘက်မှ မဟာမိတ်ပူးပေါင်းအဖွဲ့တို့၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အနီးဝန်းကျင်တွင်ရောက်ရှိနေသော ဘုရားဖူးပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။ ၃။မိမိတို့ အမျိုးသားညီညွှတ်ရေးအစိုးရအနေဖြင့် စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်ရာတွင် ဘုရားဖူးမိဘပြည်သူများ ထိခိုက်ခဲ့မှုအတွက် အထူးပင်ဝမ်းနည်းကြေကွဲရပါသည်။” စသည်ဖြင့်ပါဝင်ပါတယ်။ “Thar […]

Continue Reading

Fact Check: မန္တလေးဆင်ခြေဖုန်းမှာတွေ့ရတဲ့ လူနှင့်တူတဲ့ ထူးဆန်းတဲ့ သတ္တဝါလား-မဟုတ်ပါ

မန္တလေးမြို့ဆင်ခြေဖုန်း တနေရာမှာ လူနှင့်တူတဲ့ ထူးဆန်းတဲ့ သတ္တဝါတကောင်တွေ့ ရှိရတယ်လို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ ထူးဆန်းတဲ့ သတ္တဝါဟာ အီးတီလိုလို လူလိုလိုပုံစံရှိပြီး မျက်လုံးပြာပြာကြီး လက်သည်းရှည်ကြီးတွေလည်းပါရှိတယ်လို့ဆိုပြီး  ဓာတ်ပုံ ၂ ပုံနှင့်အတူဖြန့်ဝေနေတာဖြစ်ပါတယ်။ သတင်းမှားဖြစ်ပါတယ်။   “𝗡𝗚𝗔 𝗙𝗘𝗘𝗟𝗜𝗡𝗚”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   အောက်ပါ screenshot ကတော့ မျှဝေထားတဲ့ ဓာတ်ပုံပါ အတိုင်းတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံတွေဟာ Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံဟာ အီတလီအနုပညာရှင်တစ်ဦးဖြစ်တဲ့ “Laira Maganuco”ရဲ့ ဆီလီကွန်နဲ့ပြုလုပ်ပုံဖော်ထားတဲ့ တောင်အမေရိကန်မှာအတွေ့ရများတဲ့ armadillos လို့ခေါ်တဲ့ သတ္တဝါတစ်ကောင်ရဲ့ပုံဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ […]

Continue Reading

Fact Check: စစ်ကောင်စီတိုက်လေယာဉ် NUG ပစ်ချဆိုတဲ့သတင်းမှား

NUG ကလေယာဉ်ပစ်လို့ရတဲ့ လက်နက်အချို့ပိုင်ဆိုင်နေပြီလို့ကြေညာခဲ့ပြီးနောက်မှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေ ပစ်ချခံရတယ်ဆိုတဲ့ သတင်းတုသတင်းမှားပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ခဲ့ပါတယ်။ “မအလစောက်ကြွေးတောထူပြီ ရွာသားတွေကိုအားရလိုက်တာဗျ ၊စျေးအကြီးဆုံးအသန်မာဆုံးတိုက်လေယာဥ်တဲ့ဟေ့”လို့ ရေးသားပြီး “HT News” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကဗွီဒီယိုတစ်ခုကိုအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   ထို့အပြင် “၈စီးပစ်ချလိုက်ပြီ။NUGကြေငြာတာ၂ရက်မပြည့်သေး။ရေစကြိုမြို့အပိုင်သိမ်း။လေယဥ်၈စီးပလုံ ရုပ်/သံ”စသည်ဖြင့်ရေးသားပြီး ဗွီဒီယိုတစ်ခုကို ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုကအောက်ပါအတိုင်းဖြန့်ဝေထားပါ တယ်။ ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် အဓိကကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေရာမှာ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာ ဒီလိုမျိုး NUG လက်အောက်ခံ PDF တပ်တွေက ရဟတ် သို့မဟုတ် လေယာဉ်ကို ပစ်ချလိုက်တယ်ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူး။  á€—á€˝á€Žá€’á€Žá€šá€­á€Żá€•á€Ťá€Ąá€€á€źá€ąá€Źá€„á€şá€¸á€Ąá€›á€Źá€Ÿá€Źá€œá€Šá€şá€¸ လေယာဉ် သို့မဟုတ် ရဟတ်ယာဉ်ပစ်ချမှုနဲ့သက်ဆိုင်တဲ့အကြောင်း အရာမဟုတ်ပါဘူး။   ပထမဗွီဒီယို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေခဲ့တဲ့ အတွေးအမြင်live […]

Continue Reading

Fact Check: တော်လှန်ရေးအင်အားစု၃သိန်းနဲ့နေပြည်တော်ဝင်သိမ်းနေလို့ ရွှေ့ပြောင်းပါဆိုတဲ့ သတင်းမှား

စစ်အာဏာသိမ်းဆန့်ကျင်ရေးအဖွဲ့တွေက အင်အား ၃ သိန်း နဲ့ ဝင်သိမ်းနေတဲ့အတွက် နေပြည်တော်က ပြည်သူတွေ နာရီဝက်အတွင်း ပြေးကြပါလို့ နားလည်ရတဲ့သတင်းတုသတင်းမှား  ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုတွေအကြားဖြန့်ဝေနေပါတယ်။ “မနေ့ကပဲစစ်ကြေငြာ။ခုပဲအင်အား၃သိန်းနဲ့ဝင်သိမ်းနေလို့နေပြည်တော်ကပြည်သူများနာရီဝက်အတွင်းပြောင်းရွှေ.ပါ”လို့ ရေးသားပြီး “Meal Breeze” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုက အောက်ပါအတိုင်း မျှဝေထားတာ တွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုကိုလေ့လာကြည့်ရာမှာလည်း ၂ မိနစ်ကျော်စာရှိတဲ့ဗွီဒီယိုထဲမှာ အင်အား ၃ သိန်းနဲ့  နေပြည်တော်ကိုသိမ်းနေပြီဆိုတဲ့အကြောင်းအရာ တစ်စုံတစ်ရာမပါဝင်ပါဘူး။ ဓာတ်ပုံထဲမှာ နိုင်ငံခြားသတင်း ဌာနတစ်ခုက အစီအစဉ်တင်ဆက်သူတစ်ဦးဓာတ်ပုံကို အသုံးပြုထားပြီး ဗွီဒီယို အသံဖိုင်မှာ […]

Continue Reading