Fact Check: ဟား၅ကောင်အလင်းဝင်သွားပြီဆိုတဲ့ သတင်းမှား

ဟား၅ကောင်စစ်တပ်နဲ့ပူးပေါင်းသွားပြီလို့ဆိုတဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပြီး  နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။ “ဟား၅ကောင်စစ်တပ်နဲ့ပူးပေါင်းသွားပြန်ပြီ။ကြည့်ကြပါအုံးဟာ။စိတ်ဓာတ်တွေကျနေပြီ”လို့ ရေးသားပြီး “Jolene Mcdonald” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဗွီဒီယိုတစ်ခုကို မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၂၀၀ ကျော်နဲ့ ကြည့်ရှူ့မှုပေါင်း ၃ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုထဲမှာ ဟား ၅ ကောင် အလင်းဝင်သွားပြီလို့ စစ်တပ်ဝါဒဖြန့်ချိရေးအကောင့်တစ်ခုဖြစ်တဲ့ “Aung Min”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကသတင်းမှားဖြန့်ဝေနေတာကို ဟား ၅ ကောင်အဖွဲ့ဝင် တိုးကျော်က သူ့ရဲ့ ဖေ့စ်ဘွတ် အကောင့်ကနေ ဒီဇင်ဘာ ၂၃ ရက်က တုန့်ပြန်ခဲ့တာကို ဖော်ပြထားခြင်းပါတယ်။ လူရွှင်တော်ကလည်း တိုင်းကျော် ၂၀၂၃ ခုနှစ်၊ […]

Continue Reading