
ဟား၅ကောင်စစ်တပ်နဲ့ပူးပေါင်းသွားပြီလို့ဆိုတဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပြီး နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။
“ဟား၅ကောင်စစ်တပ်နဲ့ပူးပေါင်းသွားပြန်ပြီ။ကြည့်ကြပါအုံးဟာ။စိတ်ဓာတ်တွေကျနေပြီ”လို့ ရေးသားပြီး “Jolene Mcdonald” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဗွီဒီယိုတစ်ခုကို မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၂၀၀ ကျော်နဲ့ ကြည့်ရှူ့မှုပေါင်း ၃ သိန်းကျော်ရှိပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဒီဗွီဒီယိုထဲမှာ ဟား ၅ ကောင် အလင်းဝင်သွားပြီလို့ စစ်တပ်ဝါဒဖြန့်ချိရေးအကောင့်တစ်ခုဖြစ်တဲ့ “Aung Min”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကသတင်းမှားဖြန့်ဝေနေတာကို ဟား ၅ ကောင်အဖွဲ့ဝင် တိုးကျော်က သူ့ရဲ့ ဖေ့စ်ဘွတ် အကောင့်ကနေ ဒီဇင်ဘာ ၂၃ ရက်က တုန့်ပြန်ခဲ့တာကို ဖော်ပြထားခြင်းပါတယ်။
လူရွှင်တော်ကလည်း တိုင်းကျော် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်က တော်လှန်ရေးနယ်မြေကနေ “နှစ်သစ်မှာ အားအင်အပြည့်နဲ့ချီတက်မယ်”လို့ သူ့ဖေ့စ်ဘွတ်အကောင့်ကနေ ရေးသားဖော်ပြခဲ့တာတွေ့ရပါတယ်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၃ မှာလည်း ဟား၅ကောင် ၁၀နှစ်ပြည့်အဖြစ်တော်လှန်ရေးအတွက် လိုအပ်နေတာတွေ ကူညီထောက်ပို့ဖို့ဖျော်ဖြေပွဲတစ်ခုလုပ်သွားမယ်လို့ သူက အသိပေးထားတာတွေ့ရပါတယ်။

သုံးသပ်ချက်
စစ်တပ်ဝါဒဖြန့်ချိရေးအကောင့်က ဟား ၅ ကောင်ထဲက တစ်ယောက် အလင်းဝင်တယ်လို့ ရေးသားဖြန့်ဝေမှု သတင်းမှားကို နားလည်မှုလွဲစေတဲ့ သတင်းခေါင်းစဉ်တုနဲ့ ပြန်လည်မျှဝေနေခြင်းဖြစ်ပါတယ်။ ဟား ၅ ကောင် အလင်းဝင်တယ်ဆိုတာ မဟုတ်ပါဘူး။