Fact Check: ဖေဖော်ဝါရီ ၁ ရက်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်တပ်က ကြေညာဆိုတဲ့သတင်းမှား

အာဏာသိမ်း ၃ နှစ်ပြည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်တပ်က ကြေညာ တယ်ဆိုတဲ့ သတင်းမှားပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။  “အာဏာသိမ်း ၃ နှစ်ပြည့်နေ့မှာ ရွေးကောက်ပွဲကျင်းပမယ်တဲ့ဗျို့”လို့ ရေးသားပြီး “TepPon News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုထဲမှာလည်း “၁၀ရက်နေ့ အ‌ရေးပေါ်သတင်း ရွေးကောက်ပွဲကြောင့် ကြေညာပြီ Feb 1 ရက်နေ့ ရွေးကောက်ပွဲကျင်းမည်”လို့ ရေးသားထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ မှာ ရွေးကောက်ပွဲမှာ မဲစာရင်းဖောင်းပွမှုအကြောင်းပြပြီး စစ်တပ်က ၂၀၀၈ အခြေခံ ဉပဒေနဲ့ မညီပေမဲ့ အာဏာသိမ်းခဲ့ပါတယ်။ […]

Continue Reading

Fact Check: ကုလသမဂ္ဂက မြန်မာကိုစစ်ကြေညာလိုက်ပြီဖြစ်လို့ ရိက္ခာစုဆောင်းခိုင်း တဲ့သတင်းမှား

ကုလသမဂ္ဂက စစ်ကြေညာလိုက်ပြီး ပြည်သူတွေ ရိက္ခာစုဆောင်းထားဖို့ဆိုပြီး သတင်းမှား ပို့စ်တစ်ခု ယူကျူ့မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ “ကုလစစ်ကြေညာပြီ ဒေါ်စုကို အပြီးသတ်လွှတ်ရန် ပြည်သူတွေ စားနပ်ရိက္ခာတွေ စုထားရန် နိုင်ငံခြားသား အမြန်ဆုံးထွက်ခွာရန် ကြေညာ”လို့ ဗွီဒီယိုရဲ့အစမှာရေးသားပြီး “Khit Thit Journal”အမည်နဲ့ ယူကျူ့ချန်နယ်မှာ အောက်ပါ အတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၃၅၀၀၀ ကျော်ရှိတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – Youtube |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “ကုလစစ်ကြေညာပြီ ဒေါ်စုကို အပြီးသတ်လွှတ်ရန် ပြည်သူတွေ စားနပ်ရိက္ခာတွေ စုထားရန် နိုင်ငံခြားသား အမြန်ဆုံးထွက်ခွာရန် ကြေညာ”လို့ ဗွီဒီယိုရဲ့ thumbnail ဓာတ်ပုံမှာရေးသားထားပေမဲ့ ၈ မိနစ်ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ ဒီလိုကုလသမဂ္ဂက မြန်မာနိုင်ငံအပေါ် […]

Continue Reading