ကဆုန်လပြည့်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီလို့ ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းတု ဖြစ်တယ်။
ယူကျူ့မှာ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုတွေကို ဒီလင့်ခ်မှာလည်းတွေ့ရပါတယ်။
“တနိူင်ငံလုံး ကခုန်နေကြပြီ ရန်ကုန်လေဆိပ်မှာ ရဲရဲတောက်နီကုန်ပြီ ကဆုလပြည့်နေ့တွင် အမေစုပါဝင် အကျဉ်းသား(၁၅၀၈)ဦး လွှတ်လာ၊ ရန်ကုန်လေဆိပ်တွင် အမေစုကို ရဲရဲတောက် ကြိုဆိုနေကြပြီ”

Original link | Archive link
အချက်အလက်စိစစ်ချက်
ဗွီဒီယိုအစပြသတဲ့ ရုပ်ကတ်မှာ ကဆုန်လပြည့်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းသား ၁၅၀၈ ဦးလွတ်လာတယ်လို့ဆိုထားပြီး အသံဖိုင်နဲ့ ဖတ်ကြားမှုမှာလည်း “အကြမ်းဖက်စစ်တပ်က ကဆုန်လပြည့်နေ့အထိမ်းအမှတ်အနေနဲ့ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးက အကျဉ်းသား စုစုပေါင်း ၁၅,၀၈ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ကျန်ရှိနေတဲ့ အကျဉ်းသားတွေကိုလည်း ပြစ်ဒဏ် ၆ ပုံ ၁ ပုံ လျှော့ပေါ့ပေးတယ်လို့ သိရပါတယ်”လို့ ဆိုထားပါတယ်။
ကဆုန်လပြည့်မှာ သမ္မတဖြစ်လဲ အာဏာသိမ်းစစ်ခေါင်းဆောင်က အကျဉ်းသား ၁၅၀၈ ဦးကို လွှတ်ပေးပြီး အကျဉ်းထောင်စခန်းအသီးသီးက ပြစ်ဒဏ်ကျခံနေရသူတွေကို ပြစ်ဒဏ် ၆ ပုံ ၁ ပုံလျော့ပေးတယ်လို့ ကြေညာပါတယ်။ လွတ်မြောက်လာတဲ့ အကျဉ်းသား ၁၅၀၈ ဦးထဲမှာ ဒေါ်အောင်ဆန်းစုကြည်မပါဝင်ဘဲ ပြစ်ဒဏ်လျော့ပေါ့ခံစားခွင့်ပြုတဲ့အထဲမှာသာပါဝင်ကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြပါတယ်။

သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ပြန်လည် ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တုတပ်ပြီး ဖြန့်ဝေတာ၊ လုပ်ကြံရေးသား ပြောဆိုချက်တွေ ဖြန့်ဝေတာတွေ ပြုလုပ်တဲ့ ချန်နယ် တခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar မှာ အချက်အလက်စိစစ်ချက် မကြာခဏ ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။
သုံးသပ်ချက်
ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတယ်ဆိုတာ အထောက်အထားမရှိချိန်မှာ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်း စဉ်တုတပ် ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။

