Fact Check: NUG ကိုတရားဝင်အစိုးရဟု အာဆီယံ အလှည့်ကျ ဥက္ကဌ ထုတ်ပြောဆိုတဲ့သတင်းမှား

NUG ကိုတရားဝင်အစိုးရဟု အာဆီယံ အလှည့်ကျဥက္ကဌ ထုတ်ပြောလိုက်ပြီး စစ်ကောင်စီကို အကန့်သတ်မဲ့ ထုတ်ပယ်လိုက်ပြီလို့ဆိုတဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ နားလည်မှုလွဲ စေနိုင်တဲ့ သတင်းမှားဖြန့်ချိန်မှုဖြစ်ပါတယ်။ အောက်ပါစာသားကတော့ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုက ဖြန့်ဝေနေတဲ့ စာသားဖြစ်ပါတယ်။ (မူရင်းအရေးအသား) “NUG ကိုတရားဝင်အစိုးရဟု အာဆီယံ အလှည့်ကျ ဥက္ကဌ ထုတ်ပြော အကန့်သတ်မဲ့ စစ်ကောင်စီကို ထုတ်ပယ်လိုက်ပြီ”စသည်ဖြင့်ရေးသားထားပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “NUG ကိုတရားဝင်အစိုးရဟု အာဆီယံ အလှည့်ကျ ဥက္ကဌ ထုတ်ပြော အကန့်သတ်မဲ့ စစ်ကောင်စီကို ထုတ်ပယ်လိုက်ပြီ”စသည်ဖြင့် ရေးသားပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေကိုလှည့်စားပေမဲ့ ဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းအရာပါဝင်ခြင်းမရှိပါဘူး။ ၁၂ မိနစ်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ တကယ်တော့ မြန်မာနောင်းသတင်းဌာနက ဇန်နဝါရိ […]

Continue Reading

Fact Check: ပုလဲနယ်က ပဲစင်းငုံတွေ PDF က အဓမ္မရိတ်သိမ်းယူဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား

ပုလဲနယ်က  ပဲစင်းငုံ ဧက(၁၈၀)ကျော်ကိုပုလဲပဒက်တွေ အဓမ္မရိတ်သိမ်းယူလိုက်တယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ မူလဖော်ပြချက်အပေါ် နားလည်မှုလွဲစေတဲ့ဖြန့်ဝေမှု တစ်ခုဖြစ်ပါတယ်။ “ဇန်နဝါရီ၁၂ ပုလဲနယ်က  ပဲစင်းငုံ ဧက (၁၈၀)ကျော်ကိုပုလဲပဒက်တွေ အဓမ္မရိတ်သိမ်းယူကြ”လို့ ရေးသားပြီး “Ba Htwar” အမည်နဲ့ ဖေ့စ်ဘွတ်အသုံး ကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဒီပို့စ်မှာအသုံးပြုဖြန့်ဝေထားတဲ့ ဓာတ်ပုံတွေကို လေ့လာကြည့်ရာမှာ “PALE ENTERTAINMENT”ဆိုတဲ့ ရေစာစကားလုံးပါဝင်တာတွေ့ရပါတယ်။ မူလဖော်ပြခဲ့တဲ့ “PALE ENTERTAINMENT”စာမျက်နှာကို ဝင်ရောက်လေ့လာကြည့်ရာမှာတော့ ပုလဲမြို့မှာ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တွေရှိတဲ့ အင်မထီးပျူစောထီးရွာနားမှာ ဒေသခံတောင်သူတွေက သူတို့ရဲ့ပဲစင်းငုံစိုက်ခင်းတွေရိတ်သိမ်းနိုင်အောင် PDF က ကူညီပေးခဲ့တာလို့ရေးသားဖော်ပြထားပါတယ်။ “PDFတပ်သားများ ကာကွယ်စောင့်ရှောက်မှုဖြင့် ပျူစောထီးစခန်း […]

Continue Reading