Fact Check: NLD နာယကဦးတင်ဦးအပါအဝင် ဗဟိုကော်မတီဝင်တွေကို ထုတ်ပယ် ဆိုတဲ့ ကြေညာချက်အတု
NLD နာယကဦးတင်ဦးအပါအဝင် ဗဟိုကော်မတီဝင်တွေကို ထုတ်ပယ်ကြောင်း ကြေညာချက်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ တကယ်တော့ ကြေညာချက်အတုဖြစ်တာတွေ့ရပါတယ်။ ပျံ့နှံ့နေတဲ့ NLD ပါတီရဲ့ ကြေညာချက်ထဲမှာ နာယကဦးတင်ဦး၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်စုစုလွှင်၊ ဒေါက်တာ တင်မျိုးဝင်း၊ ဒေါ်ခင်စန်းလှိုင်၊ ဦးဇွဲ့ဘွဲ့တို့ကို ပြည်သူ့ဆန္ဒနဲ့ဆန့်ကျင်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက် နေတဲ့အတွက် အခုလို ထုတ်ပယ်လိုက်တာဖြစ်တယ်လို့လည်းဖော်ပြပါတယ်။ ဖေ့စ်ဘွတ်အသုံးပြုသူတစ်ယောက်မျှဝေထားတဲ့ ဒီထုတ်ပြန်ချက်အတုကို အောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အလားတူ ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီထုတ်ပြန်ချက်ဟာအတုဖြစ်ကြောင်း NLD ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးအောင်ကြည်ညွှန့်က အောက်ပါ အတိုင်းပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။ “ဒီစာကလဲ ကလိန်ကကျစ် ဖက်စစ် စစ်တပ်ရဲ့ အကြံကုန် ဂဠုန်ဆားချက် […]
Continue Reading