Fact Check: အတုအယောင်နဲ့ အချက်အလက်မှားများအသုံးပြုပြီး ကြော်ငြာနေတဲ့ မျက်စဉ်းဆေး
မြန်မာကျောင်းသားတီထွင်တဲ့ မျက်စဉ်းဆေးက ခွဲစိတ်စရာမလိုဘဲ အမြင်အာရုံပြန်ရတယ်လို့ ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေရဲ့အကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ MRTV ရုပ်သံလိုင်းက သတင်းကြေညာသူ ဓာတ်ပုံနဲ့အတူ ခွဲစိတ်စရာမလိုဘဲ အမြင်အာရုံပြန်ရစေတဲ့ နည်းလမ်းအသစ်ကို ကျောင်းသားလေးက တီထွင်လိုက်ပြီလို့ရေးသားမျှဝေထားတာကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီမျှဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါ လင့်ခ်ကို ဖွင့်ကြည့်ရာမှာတော့ Crystalix အမည်နဲ့ မျက်စဉ်းဆေးကို မြန်မာ ထူးချွန်ကျောင်းသား ခိုင်ဝေက တီထွင်ခဲ့တာဖြစ်ပြီး ဒီမျက်စဉ်းဆေးကို အသုံးပြုပေးရုံနဲ့ အမြင်အာရုံကို ပြန်ရစေတယ်လို့ဆိုထားပြီး တီထွင်သူ မြန်မာကျောင်းသားဆိုသူရဲ့ ဓာတ်ပုံကိုလည်း ဖော်ပြထားပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။မသက်ဆိုင်တဲ့ ဓာတ်ပုံကို အသုံးပြုထားသလို မျက်စဉ်းဆေးခပ်ရုံနဲ့ အမြင်အာရုံပြန်ရတယ်ဆိုတာလည်း မှန်ကန်ခြင်းမရှိပါဘူး။ မူရင်းလင်ခ့် – Web link | Archive […]
Continue Reading