Fact Check: အတုအယောင်နဲ့ အချက်အလက်မှားများအသုံးပြုပြီး ကြော်ငြာနေတဲ့ မျက်စဉ်းဆေး

ကျန်းမာရေး၊

မြန်မာကျောင်းသားတီထွင်တဲ့ မျက်စဉ်းဆေးက ခွဲစိတ်စရာမလိုဘဲ အမြင်အာရုံပြန်ရတယ်လို့ ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေရဲ့အကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ MRTV ရုပ်သံလိုင်းက သတင်းကြေညာသူ ဓာတ်ပုံနဲ့အတူ ခွဲစိတ်စရာမလိုဘဲ အမြင်အာရုံပြန်ရစေတဲ့ နည်းလမ်းအသစ်ကို ကျောင်းသားလေးက တီထွင်လိုက်ပြီလို့ရေးသားမျှဝေထားတာကို အောက်ပါအတိုင်းတွေ့ရပါတယ်။

ဒီမျှဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါ လင့်ခ်ကို ဖွင့်ကြည့်ရာမှာတော့ Crystalix အမည်နဲ့ မျက်စဉ်းဆေးကို မြန်မာ ထူးချွန်ကျောင်းသား ခိုင်ဝေက တီထွင်ခဲ့တာဖြစ်ပြီး ဒီမျက်စဉ်းဆေးကို အသုံးပြုပေးရုံနဲ့ အမြင်အာရုံကို ပြန်ရစေတယ်လို့ဆိုထားပြီး တီထွင်သူ မြန်မာကျောင်းသားဆိုသူရဲ့ ဓာတ်ပုံကိုလည်း ဖော်ပြထားပါတယ်။

သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။မသက်ဆိုင်တဲ့ ဓာတ်ပုံကို အသုံးပြုထားသလို မျက်စဉ်းဆေးခပ်ရုံနဲ့ အမြင်အာရုံပြန်ရတယ်ဆိုတာလည်း မှန်ကန်ခြင်းမရှိပါဘူး။

မူရင်းလင်ခ့် – Web linkArchive link

အချက်အလက်စိစစ်ချက်

ပထမဆုံး ဓာတ်ပုံပါ အမြင်အာရုံပြန်ရစေတဲ့ မျက်စဉ်းဆေးတီထွင်သူ  မြန်မာကျောင်းသားရဲ့ ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။

မူရင်းလင့်ခ် – UTHSCArchive link

၂၀၂၁ ခုနှစ်က အမေရိကန် မြောက်ပိုင်းတက္ကဆက်တက္ကသိုလ် ဆေးကျောင်းက မူရင်းဖော်ပြချက်မှာ Kendrick Lim ဆိုသူကျောင်းသားရဲ့ ဆရာဝန်ဖြစ်အောင် ကြိုးစားအားထုတ်မှုနဲ့ သူ့ရဲ့ဆရာဝန်တွေအသုံးပြုတဲ့ ဂျူတီကုတ် ကလေးဝတ်ဖို့အတွက် ရည်မှန်းချက်အောင်မြင်လာလို့ စိတ်တက်ကြွရတဲ့အကြောင်းစတဲ့ ဂျူတီကုတ်နဲ့ ပတ်သတ်တဲ့ ဖော်ပြချက်ဘလော့ဂ်ပို့စ်မှာ အသုံးပြုထားခြင်းဖြစ်ပါတယ်။ သူ့ရဲ့ linkedin အကောင့်မှာ သူ့ရဲ့ ကိုယ်ရေး ရာဇဝင်ကို အသေးစိတ်ဖော်ပြထားပြီး သူ့အထူးပြုဘာသာရပ်ဟာလည်း အရိုးအကြောပညာနဲ့သာသက် ဆိုင်ပါတယ်။ ဒီ‌လိုမျက်စဉ်းဆေးတီထွင်တဲ့အကြောင်းမပါဝင်ပါဘူး။

နောက်တစ်ချက်ကတော့ ခွဲစိပ်ကုသမှ ရမယ်မျက်လုံးကို မျက်စဉ်းခပ်ရုံနဲ့ အမြင်အာရုံပြန်ရစေတဲ့ မျက်စဉ်းဆေး မျိုး သို့မဟုတ် သဘာဝနည်းလမ်းမရှိတာတွေ့ရပါတယ်။Crystalix ဟာ ဖိလစ်ပိုင်မှာလည်းအခုလိုမျိုး ရုပ်သံအစီအစဉ်တင်ဆက်သူတစ်ဦးရဲ့ ဓာတ်ပုံကို အသုံးပြုပြီး ခွဲစရာမလိုဘဲ အမြင်အာရုံပြန်ရစေတဲ့ ဆေးအဖြစ် ကြော်ငြာပေးသယောင်ဖော်ပြခဲ့ပြီး သတင်းတုဖန်တီးပြီး ‌ဆေးကို ကြော်ငြာခဲ့တာတွေ့ရပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

ခွဲစိပ်ကုသမှရမယ့် မျက်စေ့ကို သဘာဝနည်းလမ်း သို့မဟုတ် မျက်စဉ်းဆေးခပ်ရုံနဲ့ ပြန်ကောင်းတယ်ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူး။ ထို့အပြင် Crystalix အမည်နဲ့မျက်စဉ်းဆေးက ဒီလိုမျိုး အမြင်အာရုံပြန်ရ စေတယ်ဆိုတဲ့ ခိုင်မာထဲ အထောက်အထားမရှိချိန်မှာ ဒီဆေးကို တီထွင်ခဲ့တယ်ဆိုတဲ့ မြန်မာကျောင်းသား ဟာလည်း အင်တာနက်က အခြားသူတစ်ဦးတစ်ယောက်ရဲ့ ဓာတ်ပုံကို ယူသုံးပြီး အတုပြု လုပ်ကြံဖော်ပြချက်သာဖြစ်ပါတယ်။ပြောဆိုချက်- မြန်မာကျောင်းသားတီထွင်တဲ့ Crystalix မျက်စဉ်းဆေးက ခွဲစရာမလိုဘဲ အမြင်အာရုံပြန်ရစေတယ်

Avatar

Title:Fact Check: အတုအယောင်နဲ့ အချက်အလက်မှားများအသုံးပြုပြီး ကြော်ငြာနေတဲ့ မျက်စဉ်းဆေး

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *