Fact Check: ဒေါ်အောင်ဆန်းစုကြည် – သေဆုံးပြီလား၊ ကျန်းမာသလား၊ လူမြင်ကွင်းထွက်လာသလား

Insight နိုင်ငံရေး | Politics

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းအပြီးကတည်း နေပြည်တော်မှာ စစ်တပ်က လျှို့ဝှက်ချုပ်နှောင်ထားခဲ့ပြီး လူမြင်ကွင်းကနေ ပျောက်ဆုံးနေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ခန့်မှန်းပြောဆိုမှုတွေ၊ ပြန်လည်လွှတ်မြောက်လာပြီဆိုတဲ့ သတင်းမှားဖြန့်ဝေမှုတွေကို Fact Crescendo Myanmar က မကြာခဏ အချက်အလက်စိစစ် ဖော်ပြခဲ့ပါတယ်။ (ဒီလင့်ခ်မှာကြည့်ပါ)

အာဏာသိမ်းအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က လူမြင်ကွင်းကနေ ဖယ်ကျဉ်ထားပေမဲ့ လူထုအကြား သြဇာကြီးမားတဲ့ ခေါင်းဆောင်ဖြစ်လို့ သူ့အကြောင်းဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းပါတယ်။  ဒီအတွက်လည်း သတင်းတုဖြန့်ဝေသူတွေအတွက် မကြာခဏရွေးချယ်စရာ ပစ်မှတ်ဖြစ်ခဲ့ပါတယ်။

Original link | Archive link

ဒီချန်နယ်ကပဲ ဒေါ်အောင်ဆန်းစုကြည် သေဆုံးပြီလို့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဖြန့်ဝေခဲ့ပါသေးတယ်။ 

Original link | Archive link

အချက်အလက်စိစစ်ချက်

“The Daily Lens” ဟာ လုပ်ကြံရေးသားပြောဆိုချက်တွေနဲ့ သတင်း‌ဖော်ပြချက်တွေကို ရောနှောဖော်ပြလေ့ရှိတဲ့ နေရာတခုဖြစ်တာ ဖော်ပြခဲ့ပြီးဖြစ်တယ်။ဒီလင့်ခ်မှာကြည့်ပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပေါ် တရားစွဲဆိုမှုကို စစ်တပ်ထိန်းချုပ်ထားတဲ့ သတင်းစာကနေ အာဏာသိမ်းအပြီးမှာ ၃ လဝန်းကျင်အကြာ ၂၀၂၁ ခုနှစ် မေမှာ တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်မှာ ၂၀၂၃ ခုနှစ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် လွတ်ငြိမ်းသက်သာခွင့် တချို့ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပေးတဲ့အကြောင်း သတင်းစာကနေ ထုတ်ပြန်ခဲ့ပါတယ်။ 

ဒီလို ထုတ်ပြန်ချက် ၂ ခုကလွဲ ဒေါ်အောင်ဆန်းစုကြည်အကြောင်း သတင်းထုတ်ပြန်မှုအပါအဝင် ပြင်ပနဲ့ ဆက်သွယ်မှုကို လုံးဝထိန်းချုပ်ထားတာတွေ့ရပါတယ်။

၂၀၂၂ နှစ်ကုန်ပိုင်းကစပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ရှေ့နေတွေနဲ့ တွေ့ဆုံခွင့် မရတော့တဲ့နောက် မိခင်ဖြစ်သူ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မိကြောင်း သားဖြစ်သူ ကိုထိန်လင်းခေါ် Kim Aris က မကြာခဏ ထုတ်ပြန်ပြောဆိုခဲ့ဖူးပြီး လန်ဒန်အခြေစိုက် မြန်မာသံရုံးကတဆင့် စာရေးသားပေးပို့တာ၊ ဆက်သွယ်တာ တွေအပါအဝင်၊ သူ့မိခင်နဲ့ တွေ့ခွင့်ရဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တာလည်း တွေ့ရပါတယ်။ ဒါပေမဲ့ မြန်မာစစ်တပ်က သူ့ရဲ့တောင်းဆိုချက်ကို တစုံတရာ တုန့်ပြန်မှုမလုပ်ခဲ့ပါဘူး။  အဲဒီနောက်ပိုင်းမှာ ထောင်ထဲမှာပဲ မိခင်ဖြစ်သူ သေဆုံးသွားမှာကို စိုးရိမ်ကြောင်း သူ့ရဲ့ စိုးရိမ်စိတ်ကို ကိုထိန်လင်းက မကြာခဏ ထုတ်ပြန်ပြောကြားလာပြီး မိခင်ကို တွေ့ခွင့်ပေးဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ စစ်အာဏာသိမ်း ၄ နှစ်ပြည့်မှာ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။

၂၀၂၅ ခုနှစ် ဇွန်လမှာတော့ ၂၀၂၂ နှစ်အတွင်းက ဒေါ်အောင်ဆန်းစုကြည်ကို တရားခွင်မှာ စစ်ဆေးစဉ်မှု မြင်ကွင်းတွေအများစုပါဝင်ပြီး ၂၀၂၄ ခုနှစ်အတွင်း ထောင်အတွင်း နေထိုင်လှုပ်ရှားမှုကို CCTV ကနေ မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုကို The Guardian သတင်းဌာနကို ပေါက်ကြားခဲ့ပါတယ်။

ဘယ်အချိန်က စတင်ခံစားရတယ်ဆိုတာတော့ မသိရပေမဲ့  နောက် ၃ လအကြာ စက်တင်ဘာမှာတော့ ဒေါ်အောင်ဆန်းစုကြည် နှလုံးရောဂါ ဆိုးရွားစွာခံစားနေရပြီး နှလုံးရောဂါ အထူးကုဆရာဝန်ဖြင့် ပြသရန် တောင်းဆိုသော်လည်း စစ်တပ်က ငြင်းဆန်ခဲ့တဲ့ သတင်းလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်က ဒီသတင်းကို တစုံတရာ တုန့်ပြန်ပြောဆိုမှုမရှိခဲ့ပါဘူး။ 

မိခင်ဖြစ်သူအခြေအနေကို သူအပါအဝင် မြန်မာပြည်တွင်းက သူ့အမှုလိုက်ရှေ့နေတွေနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းထံ ကပါ တစုံတရာ သတင်းမကြားရတော့တဲ့နောက် သူ့မိခင်ဟာ ထောင်ထဲမှာပဲ သေဆုံးသွားပြီဖြစ်နိုင်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတော့ ကိုထိန်လင်းက ထုတ်ပြန်ပြောဆိုလာပါတယ်။ 

အဲဒီလို ကိုထိန်လင်းက ပြောဆိုပြီးနောက်မှာ ဒီလိုပြောဆိုချက်ဟာ မှားယွင်းပြီး ‌ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်ကြောင်း ဒီဇင်ဘာ ၁၆ ရက်မှာ စစ်တပ်က ပထမဆုံးအကြိမ် ထုတ်ပြန်ငြင်းဆိုလိုက်ပြီး သူတို့ ကျင်းပမယ့် ‌ရွေးကောက်ပွဲကို နှောင့်ယှက်မှုသာဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ သတင်းထုတ်ပြန်ပြောဆိုရာမှာ နိုင်ငံရေးအမြင်၊ စစ်ရေးအမြင်၊ စိတ်ဓာတ်စစ်ဆင်ရေး အမြင်နဲ့သာ ထုတ်ပြန်လေ့ရှိတာလည်း လေ့လာတွေ့ရှိရပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း ၈၈ ခေါင်းဆောင် ကိုဂျင်မီနဲ့ လွှတ်တော်ကိုယ်စားလှယ်နှင့် အဆိုတော် ကိုဖြိုးဇေယျာသော်ကို စစ်တပ်က ကွက်မျက်ဖို့ နောက်ဆုံးအနေနဲ့ မိသားစုနဲ့ တွေ့ဆုံခွင့်ပေးစဉ်မှာလည်း ထောင်အာဏာပိုင်တွေဘက်က နောက်ဆုံးတွေ့ဆုံမှုအဖြစ် အသိမပေးသလို စစ်တပ်သတင်းမှန်ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်‌ဇော်မင်းထွန်းက ဒီတွေ့ဆုံမှုဟာ နောက်ဆုံးတွေ့ဆုံမှုမျိုးမဟုတ်ပါဘူးလို့ ဘီဘီစီမြန်မာပိုင်းကို ဖြေကြားခဲ့ပါတယ်။ 

သုံးသပ်ချက်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို စစ်တပ်က တင်းကြပ်စွာထိန်းချုပ်ထားတာကြောင့် အခုလို ကောလာ ဟလတွေနဲ့ ခန့်မှန်းပြောဆိုချက်တွေ ထွက်ပေါ်လာတာပဲဖြစ်တယ်။ စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ကျန်းမာရေးကို အတည်ပြုချက်ပေးထားပေမဲ့ အသေးစိတ်အခြေအနေဖော်ပြခြင်းမရှိသလို ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရှေ့နေ တွေအပါအဝင် သားဖြစ်သူ ကိုထိန်းလင်းနဲ့ တွေ့ဆုံခွင့်ပြုတာမျိုးတော့ မဟုတ်သလို အများပြည်သူရှေ့ ထွက်ပေါ်လာတာမျိုးလည်း မဟုတ်ပါဘူး။

ပြောဆိုချက်- ဒေါ်‌အောင်ဆန်းစုကြည်ကို စစ်တပ်က လူမြင်ကွင်း ထုတ်ပြ

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည် – သေဆုံးပြီလား၊ ကျန်းမာသလား၊ လူမြင်ကွင်းထွက်လာသလား

Fact Check By: နေရာမောင် 

Result: Insight


Leave a Reply

Your email address will not be published. Required fields are marked *