Fact Check: PDFတွေလက်နက်နဲ့ပြန်ဝင်လာရင်ကားစီးနဲ့ တိုက်တလုံးပေးမည်လို့ စစ်ကောင်စီဖိတ်ခေါ်တဲ့ သတင်းမှား

Misleading နိုင်ငံရေး

ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF )‌တွေ လက်နက်နဲ့ အလင်းဝင်ရင် ကားတစီးနဲ့ တိုက်တလုံး ပေးမည်ဆိုပြီး စစ်ကောင်စီကဖိတ်ခေါ်နေတယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု ယူကျု့ချန်နယ်မှာ ဖြန့်ဝေထားရာမှာ  ပျံ့နှံ့မှုအား ကောင်းခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိမှုဖြစ်တယ်။

ဒီပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုရုပ်ကတ်ထဲမှာ “PDFတွေ လက်နက်နဲ့ ပြန်ဝင်လာရင် ကားတစ်စီးနဲ့ တိုက်တစ်လုံး ပေးမည်ဟု စစ်ကောင်စီက အထူးဖိတ်ခေါ် မနိုင်တော့တာ ဝန်ခံလိုက်ပြီ” လို့ စသဖြင့် ရေးသား ထားပါတယ်။ 7days media အမည်နဲ့ ယူကျု့ချန်နယ်က  မျှဝေထားတဲ့ ဗွီဒီယိုကို အောက်ပါတိုင်း တွေ့ရပါတယ်။

မူရင်းလင်ခ့် –Youtube link  | Archive link

အချက်အလက်စိစစ်ချက်

ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF )‌တွေ လက်နက်နဲ့ ပြန်ဝင်လာရင်ကားတစ်စီးနဲ့ တိုက်တစ်လုံး ပေးမည်ဆိုပြီး စစ်ကောင်စီကဖိတ်ခေါ်နေတယ်ဆိုတဲ့သတင်းကို သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။

၈မိနစ်ကျော်ရှိတဲ့ ဒီဗွီဒီယိုမှာ သတင်းဌာနတွေက ဖော်ပြခဲ့ပြီးတဲ့ “ မြန်မာ့အရေး ကုလအထူးကိုယ်စားလှယ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံ”၊ “လက်နက်ခဲယမ်းနဲ့ ပြန်ဝင်လာသူတွေကို ဆုငွေထုတ်ပေးမယ်လို့ စစ်ကောင်စီ ကြေညာ”၊ “လေကြောင်းတိုက်ခိုက်မှုကြောင့်ကျဆုံးသွားသောကျားဖြူတပ်ခွဲမှ ရဲဘော်များအတွက် လက်စားချေ”အစရှိတဲ့သတင်းများကို ပြန်လည်ဖတ်ကြားနေခြင်းသာဖြစ်ပါတယ်။

အထူးသဖြင့် Than Lwin Times သတင်းဌာနက မေ ၁၀ ရက်မှာဖော်ပြခဲ့တဲ့ “လက်နက်ခဲယမ်းနဲ့ ပြန်ဝင်လာသူ တွေကို ဆုငွေထုတ်ပေးမယ်လို့ စစ်ကောင်စီ ကြေညာ”ဆိုတဲ့ သတင်းမှာလည်း  လက်နက်ခဲယမ်း ယူလာပြီး စစ်ကောင်စီထံအပ်ရင် ကျပ်(၂)သိန်းကနေ ကျပ်(၇၅) သိန်းကျပ်အထိ ဆုကြေးငွေ ပေးအပ်သွားမယ့် အကြောင်း သာဖော်ပြထားပါတယ်။ တိုက်တစ်လုံး၊ ကားတစ်စီးစတဲ့ ဖော်ပြချက်မျိုးမရှိပါဘူး။ 

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကလည်း အလားတူ သတင်းတုဖြန့်ဝေခဲ့ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်တွေ့ထားတာကို ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF )‌တွေ လက်နက်နဲ့ ပြန်ဝင်လာရင်ကားတစ်စီးနဲ့ တိုက်တစ်လုံး  စစ်ကောင်စီက ပေးမည်ဆိုတာမဟုတ်ပါဘူး။  ဗွီဒီယိုကို လူစိတ်ဝင်စားမှုရရှိစေရန် ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးထားတဲ့ သတင်းမှားသာဖြစ်ပါတယ်။

ပြောဆိုချက်- PDFတွေ လက်နက်နဲ့ ပြန်ဝင်လာရင် ကားတစ်စီးနဲ့ တိုက်တစ်လုံး စစ်တပ်ကပေးမယ်

Avatar

Title:Fact Check: PDFတွေလက်နက်နဲ့ပြန်ဝင်လာရင်ကားစီးနဲ့ တိုက်တလုံးပေးမည်လို့ စစ်ကောင်စီဖိတ်ခေါ်တဲ့ သတင်းမှား

Fact Check By: Zun Zee 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *