“AA ရခိုင်စစ်သမီးတွေရဲ့ခံယူချက်”အမည်နဲ့ ရုပ်သံဖိုင်ထဲကရုပ်ကတ်အချို့နဲ့ AA အဖွဲ့ရဲ့ မုဒိန်းကျင်ခံရတဲ့ ရခိုင်မိန်းမပျိုလေးများအဖြစ်ပုံမှားရိုက်ထားတဲ့သတင်းတု

False နိုင်ငံရေး | Politics

AA အဖွဲ့ကို ဝင်ရောက်သွးတဲ့ အမျိုးသမီးစစ်သည်တွေဟာ အေအေအရာရှိ များရဲ့လိင်ဖော်ဖြေရေးလုပ် သားများဖြစ်သွားကြတယ်ဆိုတဲ့  ဗွီဒီယိုဖိုင်ပို့စ်တစ်ခုကို Myanmar Top News က ယူကျူ့ချန်နယ်မှာ ြသဂုတ် ၂၂ ရက်က မျှဝေခဲ့တာတွေ့ရပါတယ်။

 “အေအေအရာရှိများရဲ့လိင်ဖော်ဖြေရေးခုပ်သားများဖြစ်သွားကြသောရခိုင်မိန်းမပျိုလေးများ”ဗွီဒီယိုကို ခေါင်းစဉ်တပ်ထားပြီး Myanmar Top News အမည်နဲ့ ယူကျူ့ချန်နယ်မှာမျှဝေထားတာရာမှာ ဒီဗွီဒီယိုကို ကြည့်ရှု့သူ ၄သောင်းကျော်ရှိခဲ့ပါတယ်။

LinkArchive link

အချက်အလက်စိစစ်ချက်

ဒီဗွီဒီယိုနဲ့ပတ်သက်ပြီး The Nyang News က အချက်အလက်စိစစ်ထားတာ တွေ့ရပါတယ်။ “အဓမ္မ ပြုကျင့်ခံရသူ အမျိုးသမီးက ရခိုင်အမျိုးသမီး များ အစည်း အရုံး ထံ ဖုန်းဆက် အကူအညီ တောင်းခံထားတယ် ဆိုတဲ့ အချက်နဲ့ ရခိုင်အမျိုးသမီး အစည်းအရုံး တာဝန်ရှိသူရဲ့ ပြောကြားခဲ့တယ် ဆိုတဲ့ အချက်အလက်များနဲ့ ပတ်သက်ပြီး သတင်း အမှား၊အမှန် အချက်အလက် စစ်ဆေးရန် ရခိုင်အမျိုးသမီးများ အစည်းအရုံး တာဝန်ရှိသူ ဒေါ်စောမြရာဇာလင်းထံ ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းခဲ့ရာ ဒီလို တိုင်ကြားထားတာမျိူး၊ ရခိုင် အမျိုးသမီး အစည်းအရုံး အနေနဲ့ Myanmr Top News ကို မှတ်ချက်ပေး ပြောဆိုခဲ့တာမျိုး မရှိဘူးလို့ အတည်ပြု ပြောကြား ပါတယ်”ဆိုပြီးတော့ The Nyang News ကရေးသားထားပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့ လာနိုင်ပါတယ်။

ဒီလို AA အရာရှိတွေရဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတယ်ဆိုတဲ့ ဗွီဒီယိုသတင်းမှာ တိကျတဲ့ သတင်း အချက်အ လက်အရင်းအမြစ်တစ်ခုကိုမျှ သုံးစွဲထားခြင်းမရှိသလို ဗွီဒီယိုရုပ်ကတ်အများစုဟာလည်း RFA Burmese သတင်းဌာနဝက်ဆိုဒ်မှာ ၂၀၁၉ ခုနှစ် ဧပြီ ၁၂ ရက်ဖော်ပြခဲ့တဲ့ “AA ရခိုင်စစ်သမီးတွေရဲ့ခံယူချက်”ဆိုတဲ့ ဗွီဒီယိုဖိုင်က ရုပ်ကတ်တွေကို အသုံးပြုပြီး ပြန်လည်သတင်းတု ဖန်တီးထားခြင်းဖြစ်တာ တွေ့ရပါတယ်။

RFA Burmese သတင်းဌာနက ဖော်ပြခဲ့တဲ့ “AA ရခိုင်စစ်သမီးတွေရဲ့ခံယူချက်”ဆိုတဲ့ ၉ မိနစ်နဲ့ ၅ စက္ကန့်ကြာမြင့် တဲ့ ဗွီဒီယိုဖိုင်ကို အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

https://www.youtube.com/watch?v=xHPs7Ez5vMk

ထို့အပြင် InVID ဗွီဒီယိုဆန်းစစ်ရေး ဆော့ဖ်ဝဲလ်ကို အသုံးပြုပြီး ဒီဗွီဒီယိုကို သရုပ်ခွဲကြည့်ရာမှာ အောက်ပါ အတိုင်းတွေ့ရပါတယ်။ 

ဒီဗွီဒီယိုမှာပါတဲ့ ဓာတ်ပုံအဖြစ်သုံးထားတဲ့ အမျိုးသမီးရဲ့ ပုံဟာ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁ ရက်က freewechat အမည်နဲ့တရုတ်ဘာသာဝက်ဘ်ဆိုဒ်မှာဖော်ပြခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း အစိုးရနဲ့ ရခိုင်လက်နက်ကိုင်တို့ရဲ့ တိုက်ပွဲသတင်း ဆောင်းပါးမှာ အသုံးပြုခဲ့တဲ့ ပုံဖြစ်တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link

“Myanmar Top News” အမည်နဲ့ယူကျူ့ချန်နယ်ဟာ ထင်ယောင်ထင်မှားဖြစ်စေပြီးသတင်းတွေနဲ့ စစ်ရေးသတင်းတွေကို တင်ဆက်နေတဲ့ ယူကျူ့ချန်နယ်တစ်ခုဖြစ်တာတွေ့ရပြီး လူတွေ စိတ်ဝင်စားစေမယ် ခေါင်းစဉ်လွဲတွေတပ်ပြီး ဗွီဒီယိုမှာပါတဲ့အကြောင်းအရာက အခြားသော အကြောင်းအရာတွေ တင်တာမျိုးတွေ မကြာခဏလုပ်လေ့ရှိတာတွေ့ရပါတယ်။ ဒီယူကျူ့ချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Fact Crescendo Myanmar

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ“အေအေအရာရှိများရဲ့လိင်ဖော်ဖြေရေးခုပ်သားများဖြစ်သွားကြသောရခိုင်မိန်းမပျိုလေးများ”အမည်နဲ့ ခေါင်းစဉ်တပ်ထားပြီး ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ အလိုမတူဘဲ မုဒိန်းကျင့်ခံရတယ်လို့ အမျိုးသမီးတစ်ဉီးကပြောတယ်ဆိုတဲ့ဗွီဒီယိုကို သတင်းတုသတင်းမှားအဖြစ် သတ်မှတ်ပါတယ်။

Avatar

Title:“AA ရခိုင်စစ်သမီးတွေရဲ့ခံယူချက်” အမည်နဲ့ ရုပ်သံဖိုင်ထဲကရုပ်ကတ်အချို့နဲ့ AA အဖွဲ့ရဲ့ မုဒိန်းကျင်ခံရတဲ့ ရခိုင်မိန်းမပျိုလေးများအဖြစ်ပုံမှားရိုက်ထားတဲ့သတင်းတု

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *