Fact Check: ဒီဗွီဒီယိုက Non CDM ဆရာမကို PDF က လည်ပင်းကြိုးချည်ပြီး အနိုင်ကျင့်နေတာလား- မဟုတ်ပါ

False နိုင်ငံရေး | Politics

ဆရာမတစ်ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)က လည်ပင်းကြိုးချည်ပြီး အနိုင်ကျင့်နှိပ်စက်နေတယ် ဆိုပြီး ဗွီဒီယိုတစ်ခုကို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိတာတွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ ၅၅ စက္ကန့်ရှည်လျား တဲ့ ဗွီဒီယိုတစ်ခုပါဝင်ပြီး ဒီဗွီဒီယိုထဲမှာ အဖြူအစိမ်းဝတ်ထားတယ်လို့ ထင်ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ လည်ပင်းကို ကြိုးကွင်းသွပ်ထားပြီး ကြိုးတစ်စကို လက်နက်ကိုင်အမျိုးသားတစ်ယောက်က ကိုင်ထားတာတွေ့ ရပါတယ်။ ထို့အပြင် အခြားသော အရပ်ဝတ်နဲ့အမျိုးသားတစ်ယောက်က အမျိုးသမီးကို တုတ်တစ်ချောင်းနဲ့ ရိုက်နေဟန်ပါဝင်ပါတယ်။

သို့သော် ဒီဗွီဒီယိုဟာ PDF ဖွဲ့စည်းချိန်မတိုင်ခင် အနည်းဆုံး ၄ နှစ်စောပြီး အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတဲ့ ဗွီဒီယိုဖြစ်ပါတယ်။

“Non CDM ဝန်ထမ်းဆရာမကို PDF က လည်ပင်းကြိုးချည်ပြီး အနိုင်ကျင့်နှိပ်စက်နေတာပါ။

ဒီလို ကျင့်ဝတ်မရှိ ၊ သိက္ခာမရှိ ၊ ဥပဒေမရှိ၊ လက်နက်အားကိုးနဲ့ မိုက်ရိုင်းစော်ကားနေကြတဲ့ အဖွဲ့တွေက လူ့အခွင့်အရေးဆိုပြီး နိုင်ငံတကာမီဒီယာတွေမှာ ဖွနေကြတာ ရွံဖို့ကောင်းလိုက်တာနော်။

#kk

#TFM

”စသည်ဖြင့်ရေးသားပြီး “Right News Media for Myanmar”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတာ အောက်ပါအတိုင်း ရေးသားမျှဝေထားတာတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

အဓိကျတဲ့စကားလုံးအချို့ကို အသုံးပြုပြီး ရှာဖွေရာမှာ တူညီတဲ့ဗွီဒီယိုမြင်ကွင်းပါဝင်ပြီး ၁ မိနစ် ၃၄ စက္ကန့် ရှည်လျားတဲ့ ဗွီဒီယိုဟာ ၂၀၁၇ ခုနှစ် ဇွန်ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။

၂၀၁၇ ခုနှစ် ဇွန် ၂၁ ရက်က “ငဝ်းတူင်ꨵꨵ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ထိုင်းဘာသာစကားနဲ့ အောက်ပါ အတိုင်းရေးသားပြီး ဒီဗွီဒီယိုကိုမျှဝေထားပါတယ်။ ဒီဗွီဒီယိုစတင်ပျံ့နှံ့ခဲ့တဲ့ အချိန်အပိုင်းအခြားဟာ မြန်မာ စစ်တပ်က အာဏာသိမ်းအပြီးမှာ တည်ထောင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေထက် အနည်းဆုံး ၄ နှစ်စောနေပါတယ်။

မူရင်းလင်ခ့် – ငဝ်းတူင်ꨵꨵArchive link 

ဗွီဒီယိုထဲမှာ ရှမ်းဘာသာစကားတစ်ခုခုကို ပြောဆိုနေဟန်ရှိပြီး Fact Crescendo အနေနဲ့ အတည်ပြုနိုင်ခြင်း တော့မရှိပါဘူး။ ဗွီဒီယိုပို့စ်မှာ ရေးသားထားတဲ့ ထိုင်းဘာသာစကားကနေ အင်္ဂလိပ်ဘာသာစကားကို ဘာသာပြန်ဆိုကြည့်ရာမှာ “ထိုင်း တိုင်စစ်သားများက စိတ်ကြွဆေး မှောင်ခိုကူးသူများကို အပြစ်ပေး” လို့ရေးသားထားတာတွေ့ရပါတယ်။ 

PDF တွေက Non-CDM ဆရာမကို လည်ပင်းကြိုးကွင်းစွပ်နှိပ်စက်မှုအဖြစ်ဖော်ပြထားတဲ့ ဗွီဒီယိုနဲ့ ၂၀၁၇ ခုနှစ်က ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုပါ ရုပ်ကတ်ဓာတ်ပုံတွေကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အစောဆုံးပျံ့နှံ့မှုကိုတွေ့ရှိရတဲ့ ဗွီဒီယိုပါ အကြောင်းအရာဟာ မှန်ကန်မှုရှိမရှိ Fact Crescendo အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းမရှိပေမဲ့  PDF တွေက CDM မလုပ်တဲ့ ဆရာမကို လည်ပင်းကြိုးချည်ပြီး အနိုင်ကျင့်နှိပ်စက် နေတယ်ဆိုတာမှန်ကန်မှုမရှိတာတွေ့ရပါတယ်။

Avatar

Title:Fact Check: ဒီဗွီဒီယိုက Non CDM ဆရာမကို PDF က လည်ပင်းကြိုးချည်ပြီး အနိုင်ကျင့်နေတာလား- မဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *