Fact Check: KNU က ထိုင်းရဲကို ဗုံးခွဲတိုက်ခိုက်လို့ ဒုက္ခသည်စခန်းများ မထားရန် ထိုင်းပြည်သူတွေတောင်းဆိုတဲ့သတင်းမှား

False နိုင်ငံရေး | Politics

ထိုင်းနိုင်ငံမှာ  လမ်းဘေးဗုံးပေါက်ကွဲပြီး ရဲအရာရှိတစ်ဦးသေဆုံးမှုကြောင့် ကရင် အမျိုးသားအစည်းအရုံး (KNU)နဲ့ဆက်နွယ်နေသည့် ဒုက္ခသည်စခန်းများမထားရန် ထိုင်းပြည်သူများက တောင်းဆိုနေတယ်ဆိုပြီး  ရေးသားဖြန့်ဝေနေတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ 

တကယ်တော့ ဓာတ်ပုံဟာ ထိုင်းနိုင်ငံတောင်ပိုင်းက ခွဲထွက်အဖွဲ့က  ၂၀၁၉ ခုနှစ်အတွင်းမှာ ဗုံးခွဲတိုက်ခိုက်မှုက ဓာတ်ပုံကဖြစ်ပါတယ်။

 “ထိုင်းဝန်ကြီးချုပ်ပရာယွတ်အာဏာပြန်ရ

လျင်ရခြင်း အရေးပေါ်ညွှန်ကြားချက်

ထုတ်ပြန်

**************************************

30-9-2022

ထိုင်းနိုင်ငံ လမ်းဘေးဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး

ရဲအရာရှိတဦးသေဆုံးခဲ့မှု အပေါ်  ဆက်စပ်မှု

အဖြစ်  ပြဿနာဖြစ်ပွားရာ    KNU ဆက်နွယ်

သော     ဒုက္ခသည်စခန်းများ မထားရန် ထိုင်း

ပြည်သူများတောင်းဆိုချက်အရ.  KNU ဒုက္ခ

သည်စခန်းတွေကို ထိုင်းစစ်တပ်မှဝင်ရောက်

စီးနင်းရှာဖွေနေသည် ၊

လတ်တလောပိတ်ဆို့မှုအရ

ထိုင်း/မြန်မာနယ်စပ်   တလျောက် 

ထိုင်းစစ်တပ် မှ အင်အားအပြည့်ချ

ပိတ်ဆို့ထားကြောင်းသိရပါတယ် ”လို့ ရေးသားပြီး “ဆာစွန်း” အမည်နဲ့ ဖေ့စ်ဘွတ်အသုံး ပြုသူက အောက်ပါ အတိုင်း မျှဝေထားတာကို  တွေ့ရပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

Google မှာ ပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံကို ရှာဖွေရာမှာ ၂၀၁၉ ခုနစ် နိုဝင်ဘာလ ၆ ရက်က အယ်လ်ဂျားဇီးယား သတင်းဌာနက “ထိုင်းနိုင်ငံ ယာလာ(Yala)ခရိုင်တွင် တိုက်ခိုက်မှုအတွင်း လူတစ်ဒါဇင်ကျော် သေဆုံးခဲ့သည်”ဆိုတဲ့သတင်းတစ်ပုဒ်မှာ ဒီဓာတ်ပုံအသုံးပြုထားတာတွေ့ရပါတယ်။ ယာလာ(Yala)ခရိုင်ဆိုတာ ထိုင်းတောင်ပိုင်း ထိုင်း-မလေးနယ်စပ်မှာတည်ရှိပါတယ်။ KNU တည်ရှိ လှုပ်ရှားတဲ့ မြန်မာနိုင်ငံ ကရင်ပြည်နယ်နဲ့ စပ်ဆက်ခြင်း လည်းမရှိပါဘူး။

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၆ ရက် ထိုင်းတောင်ပိုင်းလုံခြုံရေးစစ်ဆေးရေးဂိတ်တစ်ခုကို ဖောက်ခွဲတိုက်ခိုက်မှုမှာ ရဲအရာရှိတစ်ဦးနဲ့ ကျေးရွာကာကွယ်ရေး စေတနာ့ဝန်ထမ်းအများအပြား အပါအဝင် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်လို့လည်း အဆိုပါ သတင်းမှာရေးသားထားပါတယ်။

ဓာတ်ပုံစာသားနေရာမှာ “ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ခွဲထွက်ရေး လက်နက်ကိုင် လှုပ်ရှားမှုကြောင့် ၂၀၀၄ ခုနှစ်မှ စတင်၍ လူပေါင်း ၇၀၀၀ ခန့် သေဆုံးခဲ့ရသည်”လို့ရေးသားထားပါတယ်။

မူရင်းလင်ခ့် – AljazeeraArchive link  

ကရင် အမျိုးသား အစည်းအရုံး (KNU)အခြေစိုက်တဲ့နေရာနဲ့  ဗုံးပေါက်ကွဲတဲ့နေရာဟာ သက်ဆိုင်ခြင်းမရှိပါဘူး။ ဗုံးခွဲမှုပြုလုပ်ခဲ့တယ်ဆိုပြီးတော့ ဒုက္ခသည်စခန်းများမထားရန် ထိုင်းပြည်သူ များတောင်းဆိုနေတယ်ဆိုတဲ့ အချက်အလက်လည်း သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြချက်မတွေ့ရပါဘူး

သုံးသပ်ချက်

၂၀၁၉ ခုနစ် နိုဝင်ဘာလ ၆ ရက်က အယ်လ်ဂျားဇီးယားသတင်းဌာနမှတင်ထားသည့် ထိုင်းနိုင်ငံတွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်တစ်ခုမှဓာတ်ပုံကို အသုံးပြုပြီး ရေးသားဖြန့်ဝေနေတဲ့ သတင်းမှားသာ ဖြစ်ပါတယ်။

Avatar

Title:Fact Check: KNU က ထိုင်းရဲကို ဗုံးခွဲတိုက်ခိုက်လို့ ဒုက္ခသည်စခန်းများ မထားရန် ထိုင်းပြည်သူတွေတောင်းဆိုတဲ့သတင်းမှား

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *