Fact Check: နယ်စပ်က မြန်မာစစ်တပ်စခန်း ထိုင်းစစ်တပ်က ဝင်စီးပြီး စစ်သား ၁၂၀ ကျော်ကို ဖမ်းဆီးဆိုတဲ့ သတင်းတု

နယ်စပ်က မြန်မာစစ်တပ်စခန်း ထိုင်းစစ်တပ်က ဝင်စီးပြီး စစ်သား ၁၂၀ ကျော် ဖမ်းဆီးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု “Khit Thit Thadin”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိမှုသာဖြစ်တယ်။  ပျံ့နှံ့မှုအား‌ကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  “နယ်စပ်ရှိ မအလတပ်စခန်း ထိုင်းစစ်တပ် ဝင်စီး  မအလစစ်ခွေး(၁၂၀) ကျော် ဖမ်းဆီးခံရ  နယ်စပ်ရှိ မအလတပ်စခန်း ထိုင်းစစ်တပ်မှ ဝင်တိုက်၊  မြန်မာစစ်ခွေး(၁၂၀)ကျော် ထိုင်းစစ်တပ် ဖမ်းဆီး”(မူလအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်ဓာတ်ပုံစာသားမှာ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို ထိုင်းစစ်တပ် က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၁၂၀ ကျော်ကို ဖမ်းဆီးလိုက်တယ်လို့ […]

Continue Reading

Fact Check: KNU ဆီက ထွက်ပြေးသွားတဲ့ PDF တွေကို ထိုင်းရဲက ဖမ်းဆီးမှုလား – အထောက်အထားမရှိပါ 

KNU လက်အောက်ကနေ ထွက်ပြေးသွားတဲ့ PDF လူငယ် ၆၀ ကျော် ထိုင်းရဲက ဖမ်းဆီးမှု လို့ဆိုပြီး ဓာတ်ပုံတပုံနဲ့ အတူ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားမှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။  ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။  “KNU လက်အောက်ခံဘဝမှ ထွက်ပြေးပြီး ထိုင်းနိုင်ငံအတွင်း ခိုးဝင်သွားကြတဲ့ PDF လူငယ် ၆၀ ကျော် ထိုင်းရဲက ဖမ်းဆီး။ KNU လက်အောက်ခံဘဝမှ ထွက်ပြေးပြီး ထိုင်းနိုင်ငံအတွင်း ခိုးဝင်သွားကြတဲ့ PDF လူငယ် ၆၀ ကျော် ထိုင်းရဲက ဖမ်းဆီး” Original link | Archive […]

Continue Reading

Fact Check: ထိုင်းတိုက်လေယာဉ်ကို ကမ္ဘောဒီးယားပစ်ချတဲ့ ဗွီဒီယိုလား-မဟုတ်ပါ 

ဇူလိုင် ၂၄ ရက်မှာ ရုတ်တရက် ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ နယ်စပ်အရေးနဲ့ပတ်သက်ပြီး အပြန်အလှန် တိုက်ခိုက်မှု တွေဖြစ်ပွားပြီး‌နောက် ထိုင်းတိုက်လေယာဉ်ကို ကမ္ဘောဒီးယားပစ်ချတဲ့ ဗွီဒီယိုဆိုပြီး ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ ပြောဆိုမှုဖြစ်တာတွေ့ရတယ်။ ဗွီဒီယိုဟာ လက်ရှိဖြစ်စဉ်နဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ “ကမ္ဘောဒီးယားက ထိုင်း F16  တိုက်လေယာဉ်ကို ပစ်ချခဲ့ပါတယ်။” Original link | Archive link အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းအသုံးပြုပြီး ဗွီဒီယိုပျံ့နှံ့ခဲ့ပုံကို ရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ ရုရှား UAV တစင်းကို ယူကရိန်းက ဖျက်ချခဲ့တဲ့ […]

Continue Reading

Fact Check: မြန်မာစစ်တပ်လေယာဉ်ကို ထိုင်းပစ်ခတ်ဆိုတဲ့ သတင်းတု 

နယ်မြေကျူးကျော်လာလို့ မြန်မာစစ်တပ်လေယာဉ်ကို ထိုင်းဘက်က ပစ်ခတ်လိုက်တယ်လို့ဆိုပြီး ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် သတင်းဖြန့်ချိမှုသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။  စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။ အလားတူတဲ့ ဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “စစ်တပ်လေယာဉ် ထိုင်းပစ်ခတ် နယ်မြေကျူးကျော်လို့ အကြမ်းက်စစ်တပ်လေယာဉ် ထိုင်းပစ်မိန့် ကြေညာ၊ အိမ်နီးချင်း မပီသဟု မင်းအောင်လှိုင် ဒေါကန်နေ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ အမည်နဲ့ အမှတ်တံဆိပ်ကို တုပသုံးစွဲပြီး ဒီမီဒီယာအပါအဝင် တခြား သတင်းဌာနတွေက သတင်းတွေကို ကူးယူပြီး […]

Continue Reading

Fact Check: မြန်မာစစ်ခေါင်းဆောင် ထိုင်းမှာ ပစ်ခတ်ခံရဆိုတဲ့ သတင်းမှား

အာဆီယံဥက္ကဌနဲ့ တွေ့ဆုံဖို့အတွက် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းနိုင်ငံကို လာရောက်စဉ်မှာ ပစ်ခတ်ခံရတယ်လို့ရေးသားဖြန့်ဝေထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြစ်တယ်။   “ထိုင်းမှာ ပွတ်လောရိုက်နေပြီ စစ်ခေါင်းဆောင် ပစ်ခတ်ခံရ အာဆီယံ ဥက္ကဌ နဲ့တွေ့ဆုံရန် ထိုင်းကိုလာတဲ့ တပ်ချုပ် လုံခြုံရေး တင်းကြပ်တဲ့ ကြားကနေ ပစ်ခတ်ခံရ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay Khithit” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီး ဖြစ်တဲ့သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ပြီး ပြန်လည် ဖြန့်ဝေတဲ့နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်မှုတွေကို ဒီလင့်ခ်မှာ ကြည့်ပါ။   အခုလည်း တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ […]

Continue Reading

Fact Check: ဒီဗွီဒီယိုက ထိုင်းမှာ မြန်မာစစ်ခေါင်းဆောင်ကို ဆန္ဒပြနေတာလား-မဟုတ်ပါ

မြန်မာစစ်ခေါင်းဆောင် ထိုင်းနိုင်ငံကို လာရောက်စဉ် ထိုင်းနိုင်ငံသားတွေ ဆန္ဒပြခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မျာ ပျံ့နှံ့မှုအားကောင်းခဲ့တာ တွေ့ရပါတယ်။ မှားယွင်းပြောဆိုမှုသာဖြစ်တယ်။ ဗွီဒီယိုဟာ တကယ်တော့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က အစိုးရရုံးရှေ့မှာ သစ်တောဥပဒေနဲ့ပတ်သက်ပြီး ဆန္ဒပြနေကြပုံ ဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ယူကျူ့ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ “သူများနိုင်ငံလာတော့ မောင်းထုတ်ခံရတဲ့ မင်းအောင်လှိုင် -😂🤣 #minaunghlan #ထိုင်းနိုင်ငံ #ချင်မိုင် #Myanmar #ခွေးleader” Original link | Archive link ဒီအပြင် ဗွီဒီယိုအတိုတွေ မျှဝေတဲ့ လူမှုကွန်ယက်ပလက်ဖောင်းတခုဖြစ်တဲ့ reel မှာလည်း တူညီစွာမျှဝေနေ တာတွေ့ရပါတယ်။ ဒီနေရာနဲ့  ဒီနေရာမှာ ကြည့်ပါ။ အချက်အလက်စိစစ်ချက် ဗွီဒီယိုပါ မြင်ကွင်းတွေကို Google မှာ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မလွှတ်ရင် ဖမ်းထားတဲ့ စစ်ခေါင်းဆောင်ရဲ့ သားကို သတ်ပစ်မယ်လို့ ထိုင်းပြောတဲ့ သတင်းတု 

မြန်မာစစ်ခေါင်းဆောင်ရဲ့ သား အောင်ပြည့်စုံ ထိုင်းနိုင်ငံမှာ အဖမ်းခံထားရပြီး ၂၄ နာရီအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့နဲ့ မလွှတ်ရင် ဖမ်းထားတဲ့ သားဖြစ်သူကို သတ်ပစ်မယ်လို့ ထိုင်းဘက်က ပြောတယ်လို့ဆိုပြီး  ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ လုပ်ကြံရေးသားပြောဆိုချက်သာ ဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ကြည့်ရှု့မှုများပြားနေတဲ့ ယူကျူ့ ဗွီဒီယိုနဲ့ ဒီဗွီဒီယို ပါစာသားကောက်နုတ်ချက်ဖြစ်ပါ တယ်။  “ထိုင်းနိုင်ငံမှာ အောင်ပြည့်စုံ အဖမ်းခံရ (၂၄)နာရီအတွင်း အမေစုကို မလွတ်ပါက  အဖေကိုယ်စား သတ်ပစ်မည်ဟု ထိုင်းပြော” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီး ဖြစ်တဲ့ သတင်းတွေကို […]

Continue Reading

Fact Check: မြဝတီမှာ မြန်မာစစ်တပ်လေယာဉ်တွေ ပစ်ချခံရမှု သတင်းတု

မြဝတီမှာ မြန်မာစစ်တပ်လေယာဉ်တွေ KNU နဲ့ ထိုင်းက ပစ်ချလိုက်တယ်လို့ဆိုပြီး ဗွီဒီယိုတွေ ယူကျူ့မှာ မျှဝေထားပြီး ပျံ့နှံ့မှုလည်း အားကောင်းလျက်ရှိတယ်။ တချို့သော ဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်တွေမှာ ထိုင်းလေတပ်က မြန်မာစစ်တပ် တိုက်လေယာဉ်တွေကို ပစ်ချလိုက်တယ်၊ ထိုင်းက KNU ဘက်က ဝင်တိုက်နေပြီစသည့် လည်းဖော်ပြထားတယ်။ သတင်းတုသတင်းမှားတွေသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၁၉ ရက်က မျှဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ ဒသမ ၂ သိန်းကျော်ရရှိထားတယ်။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။  “ထိုင်းဝင်ကူနေပြီဟေ့ ရုရှားထုတ်ရဟတ်ယာဉ်ပစ်ချ တိုသ်းမှူးအဆင့်လိုက်ပါပြီးမြဝတီကိုလာတာ ထိုင်းလေကြောင်းအဖွဲ့ကပစ်ချလိုက်တာ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link […]

Continue Reading

Fact Check: NUG ကို တရားဝင်အစိုးရအဖြစ် ထိုင်းလွှတ်တော်အတည်ပြုဆိုတဲ့ သတင်းတု

NUG ကို တရားဝင်အစိုးရအဖြစ် ထိုင်းလွှတ်တော်အတည်ပြုလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ မတ် ၈ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၄ သိန်းကျော်ရရှိ ထားတယ်။ “ထိုင်ပါလီမန် ကြေညာချက်ထုတ်ပြန်ပြီ NUG ကိုတရားဝင်အသိမှတ်ပြုဖို့ ထိုင်းပါလီမန်အတည်ပြု” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Mandalay Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လူမှုကွန်ယက်အသုံးပြုသူတွေရေးသားခဲ့တဲ့ အကြောင်းအ ရာတွေနဲ့ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေ နိုင်တဲ့ […]

Continue Reading

Fact Check: ရန်ကုန်မှာရှိတဲ့ အပန်းဖြေစခန်းက ဓာတ်ပုံတွေလား – မဟုတ်ပါ

ရန်ကုန်တိုင်း  သံလျင်မြို့နယ် ဘုရားကုန်းကျေးရွာအထွက် မေတ္တာချောင်းက အပန်းဖြေစခန်းလို့ဆိုထားပြီး ဓာတ်ပုံ ၅ ပုံနဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိတာ နားလည်မှု လွဲစေနိုင်တာ တွေ့ရပါတယ်။ သတင်းမှားသာဖြစ်ပြီး ထိုင်းနိုင်ငံက အပန်းဖြေနေရာတခုရဲ့ ဓာတ်ပုံ တွေဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “နာမည်ကြီးနေသော ရန်ကုန်တိုင်း၊ သံလျင်မြို့နယ် ဘုရားကုန်းကျေးရွာအထွက်က မေတ္တာချောင်း မှာ ဒီလိုမျိုးတွေရှိတာ ဘယ်သူမှသိပ်မသိကြဘူး။ နေလုံး၀မထိုး ရေကူးလို့လည်ရ တောကောင်သားတွေလည်းရ Heinekenဘီယာတစ်လုံးမှ ၂၅၀၀ ကျပ် ဖျော်ရည်မျိုးစုံလည်းရပါတယ် ။ လိပ်စာအတိအကျကတော့ သံလျင်မြို့ မေတ္တာလမ်းအဆုံး သစ္စာလမ်းအလယ်အရောက်မှာ ညာချိုးသွားရင် ဘုရားကုန်းကျေးရွာအထွက်လမ်း အတိုင်း မိနစ်20လောက်ကားမောင်းပြီးရင် ဘုရားကုန်းကျေးရွာနားမရောက်ခင်လေးမှာပါ။ လမ်းညွှန်ဆိုင်းဘုတ်ကနေ မြေနီလမ်းကလေးကို ဖြတ် လမ်းလျှောက်သွားရင်တောင် အလွန်လှပပြီးစျေးသက်သာတဲ့ စမ်းချောင်း Resort ကိုရောက်ပြီး […]

Continue Reading