Fact Check: NUG က မန္တလေးကို သိမ်းပိုက်ပြီဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

မန္တလေးမြို့ကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)သိမ်းပိုက်လိုက်ပြီလို့ ဆိုလိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု တခုသာဖြစ်တယ်။

“မန္တလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်မှာ ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်း နေတဲ့ ပို့စ်ပါစာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းကျော်ရရှိထားတယ်။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်းတွေ့နိုင်တယ်။ 

Also Read – Fact Check: မိုးကုတ်မြို့အနီးမှာ NUG သမ္မတနဲ့အဖွဲ့အဖမ်းခံရဆိုတဲ့ သတင်းတု

“မန္တလေးမြို့ကို NUG သမ္မတ ဝင်ရောက်

စစ်ကောင်စီတပ်တွေ အကုန်ထွက်ပြေး စစ်ဗိုလ်ချုပ်တွေ အိမ် ချိတ်ပိတ်

ကာကွယ်ရေးဝန်ကြီး ကိုယ်တိုင်ဦးစီး ပြီး တိုက်နေပြီ”

C:\Users\User\Downloads\Untitled design (6).jpg

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုသတင်းဖော်ပြချက်မရှိပါ။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “မန္တေလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံ သတင်း ခေါင်းစဉ်တု တွေတပ်ပြီး ဆက်တိုက်ဖြန့်ဝေနေတာတွေ့ရပါတယ်။ တကယ်တမ်း ဗွီဒီယိုထဲမှာ အသံဖိုင်နဲ့ ဖတ်ကြားနေရတဲ့ အကြောင်းအရာတွေဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေနဲ့ အတွေး အမြင်ဆောင်းပါး တွေကို ပြန်လည်ကူးယူဖော်ပြနေခြင်းဖြစ်တာတွေ့ရတယ်။

Also Read – Fact Check: လက်အောက်ခံတပ်တွေ လက်နက်ချဖို့ စစ်ခေါင်းဆောင် ကြေညာပြီး NUG ကို အာဏာလွှဲပြောင်းဖို့စီစဉ်တဲ့ သတင်းတု

အခုလည်း ဗွီဒီယိုထဲမှာဖော်ပြထားတဲ့အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “မန္တလေးမြို့ကို မပျက်မစီးဘဲ အကောင်းဆုံးရယူ ထိန်းသိမ်းနိုင်ရေး ကြိုတင် ပြင်ဆင်နေပြီး ပြင်ဦးလွင်အတွက်ပါ ပြင်ဆင်နေဟု NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောဆို”တဲ့ သတင်းကို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။

C:\Users\User\Downloads\Untitled design (7).jpg

Also Read – Fact Check: တောင်ကြီးမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ကြောင်း NUG ကြေညာဆိုတဲ့ သတင်းတု

၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ်ဖော်ပြခဲ့တဲ့အကြောင်းအရာတွေကတော့ မဇ္ဈိမသတင်းဌာန ကဖော်ပြခဲ့တဲ့ “ကလေးမြို့တွင် စစ်ကောင်စီတပ်က စစ်ဆေးမှုတင်းကျပ်ပြီး အဓမ္မငွေတောင်း”၊ Burma VJ သတင်းဌာနက‌ဖော်ပြခဲ့တဲ့ “အေအေကို တန်ပြန်တိုက်ခိုက်ဖို့ စစ်ကောင်စီတပ်က ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့နဲ့ ပူးပေါင်းခဲ့”စတဲ့သတင်းတွေပါဝင်တယ်။

Also Read – Fact Check: မြန်မာစစ်တပ်ကို ပူးပေါင်းတိုက်ခိုက်ဖို့ AAနဲ့ RSO တို့ဆွေးနွေးပွဲမှတ်တမ်း ဆိုတဲ့ သတင်းတု

သုံးသပ်ချက်

“မန္တေလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံသတင်း ခေါင်းစဉ်တုတွေ တပ်ပြီး ဖြန့်ချိလေ့ရှိတယ်။ မန္တလေးမြို့ကို တိုက်ခိုက်သိမ်းပိုက်ရာမှာ မပျက်မစီးဘဲ အကောင်းဆုံးရယူ ထိန်းသိမ်းနိုင်ရေး ကြိုတင် ပြင်ဆင်နေတယ်လို့ NUG ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီးရဲ့ ပြောကြားချက်ကို ချဲ့ကားပြီး သတင်းခေါင်းစဉ်တု တပ်ထားခြင်းဖြစ်တယ်။

Avatar

Title:Fact Check: NUG က မန္တလေးကို သိမ်းပိုက်ပြီဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *