Archives

Fact Check: ICJ တရားရုံးကကာကွယ်ရေးဦးစီးချုပ်ကို နာမည်တပ်ဆင့်ခေါ် ထားတယ်ဆိုတာ မဟုတ်ပါ

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အမည်တပ်ဆင့်ခေါ်ထားပြီး ကာကွယ် ရေးဦးစီးချုပ်အနေနဲ့ သွားရောက်ဖြေရှင်းမှာမဟုတ်ဘူးလို့ရေးသားမျှဝေလျက်ရှိရာမှာ လူမှုကွန်ယက် အသုံးပြုသူ ရာဂဏန်းဝန်းကျင်ကပြန်လည်မျှဝေထားပါတယ်။  ICJ က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အမည်တပ်ဆင့်ခေါ်ထားပြီး မြန်မာနိုင်ငံ အနေနဲ့ လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့အတွက် သွားရောက်ဖြေရှင်းမှာမဟုတ်ဘူးလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်တွေကို ပြောတယ်ဆိုပြီးတော့ ရေးသား မျှဝေနေတာဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်ကိုအောက်ပါအတိုင်းတွေ့ ရ ပါတယ်။ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း အလားတူ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ “မြန်မာ့တပ်မတော်ဆိုတာဒါမျိူးကိုခေါ်တာ ပေါက်တယ်နော်ခွေးနီပိန်းလေးများ ရှင်း တယ် နော် ICJ ကိစ္စ တပ်မတော်ကာချုပ်အမည် BY NAME တပ် ဆင့်ခေါ်သည်မှန်သော်လည်း မြန်မာပြည်သည် ICC „ ICJ အဖွဲ့သို့မဝင်ထားသဖြင့် သွားရောက်ဖြေရှင်းမည် မဟုတ်ကြောင်း  တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ […]

Continue Reading

Fact Check: လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့တဲ့ အကြောင်းအရာတွေကို ခေါင်းစဉ်လွဲမှား တွေတပ်ပြီး ဗွီဒီယိုတွေဖြန့်ဝေနေတဲ့ Top MM Channel ယူကျူ့စာမျက်နှာ

အများစိတ်ဝင်စားနိုင်တဲ့ ခေါင်းစဉ်မှား ခေါင်းစဉ်လွဲတွေတပ်ပြီး လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့အကြောင်းအရာတွေကို အသံအခြေပြုဗွီဒီယိုအဖြစ်ပြောင်းလဲပြီး ဝင်ငွေရှာနေတဲ့ Top MM Channel အမည်နဲ့ ယူကျူ့စာမျက်နှာ(youtube channel)ကအကြောင်းအရာအချို့ကို Fact Crescendo Myanmar ကစိစစ်ဖော်ပြပေးချင်ပါတယ်။ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) တရား ဝင်ရပ်စဲလိုက်ပြီးလို့ခေါင်းစဉ်တပ်ထားတဲ့ ဗွီဒီယိုကို နိုဝင်ဘာ ၂၇ ရက်က အမည်နဲ့ ယူကျူ့စာမျက်နှာမှာ မျှဝေထားရာမှာ  ဒီဗွီဒီယိုကို ဝင်ရောက်ကြည့်ရှု့သူ ၂ သောင်းခွဲဝန်းကျင်ရှိပါတယ်။  “USDP ကို ပါတီဝင်အဖြစ် တရားဝင်ရပ်ဆဲလိုက်ပြီဟုUEC ကြေငြာလိုက်ပါပြီ”လို့ ခေါင်းစဉ်တပ်ထားပေမဲ့ ဗွီဒီယိုထဲမှာ ပြည်ခိုင်ဖြိုးပါတီဟာ လူထုထောက်ခံမှုရအောင်မလုပ်ဘဲ တပ်ကိုပဲ စွဲထည့်ပြီး သူတို့ရဲ့ လက်ကိုင်တုတ်လို လုပ်နေတဲ့အကြောင်းတွေပါဝင်ပါတယ်။  ဗွီဒီယိုထဲမှာ USDP နဲ့သက်ဆိုင်တဲ့ဓာတ်ပုံ၊ UEC ရဲ့ သတင်းစာရှင်းလင်းပွဲပုံတွေကို အသုံးပြုထားပေမဲ့  နောက်ခံ စကားပြောမှာ […]

Continue Reading

Fact Check: ၂၀၁၅ ခုနှစ်အတွင်းက ကိုးကန့်လက်နက်ကိုင်အဖွဲ့နဲ့တိုက်ပွဲများ အတွင်းက ပုံတွေကို TNLA နဲ့တိုက်ဖို့ မန္တလေးကနေ မိုးကုတ်ကို သွားတဲ့တင့်ကားတွေ အဖြစ်မျှဝေနေ

မိုးကုတ်မြို့အလွန်မှာ တပ်မတော်နဲ့ တအောင်းလက်နက်ကိုင်အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး နောက် မန္တလေး ကနေ မိုးကုတ်ကိုသွားတဲ့ တပ်မတော်က တင့်ကားတွေဆိုပြီး ရေးသားမျှဝေလျက်ရှိရာမှာ လူမှုကွန်ယက် အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေနေတာ တွေ့ရပါတယ်။ တင့်ကားတွေအတန်းလိုက်ပါဝင်တဲ့  ဓာတ်ပုံ ၃ ပုံနှင့်အတူ မန္တလေးကနေ မိုးကုတ်ကို သွားတဲ့ တင့်ကားတွေလို့ ရေးသားလျက် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို တိုက်ဖို့အတွက်ဆိုပြီးတော့ မျှဝေနေတာတွေ့ရပါတယ်။  သို့သော်လည်း မျှဝေလျက်ရှိတဲ့ ဓာတ်ပုံတွေဟာ ကိုးကန့်လက်နက်ကိုင်အဖွဲ့နဲ့ တိုက်ပွဲများအတွင်းက ဓာတ်ပုံ တွေဖြစ်ပြီး  ၂၀၁၅ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာကို Fact Crescendo Myanmar က တွေ့ရှိရပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ “ည က မိုးကုတ်မှာ တိုက်ပွဲတွေ ဖြစ်တော့ လပခ စစ်ဌာနချုပ်လက်အောက်မှာ ရှိတဲ့ တင့်ကားတပ်တွေကနေ […]

Continue Reading

Fact Check: NLDပါတီရဲ့ချောင်းဆုံအမတ် ပညာအရည်ချင်းက တတိယတန်းပဲရှိတယ်လို့ သတင်းအမှားဖြန့်

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ရက်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေအဖွဲ့ချုပ် NLDပါတီကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့တဲ့ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိချိုသဲဟာ ပညာအရည်ချင်းလိမ်လည်တင်ပြခဲ့ကာ တကယ်က တတိယတန်းထိသာ တက်ရောက်ခဲ့ဖူးတာ ဖြစ်တယ်လို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားနေကြတာတွေ့ရပါတယ်။ ဒီလိုရေးသားနေတဲ့ပို့စ်တွေမှာ “အရွေးချယ်ခံ ချောင်းဆုံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမတ် ပညာအရည်အချင်းလိမ်လည်ထား”လို့ခေါင်းစဉ်တပ်ထားပြီး “၂၀၂၀ ရွေးကောက်ပွဲမှာ အရွေးချယ်ခံထားရတဲ့ ချောင်းဆုံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိချိုသဲဟာ ပညာအရည်အချင်းလိမ်လည်ထားတယ်လို့ Aye Chan Moe ဆိုတဲ့အကောင့်ကနေ ထောက်ပြထားသလို ထောက်ပြသူတွေသူတွေထွက်ပေါ်လာပါတယ်။ ဒေါ်မိချိုသဲရဲ့ ပညာအရည်အချင်းဟာ ၃ တန်းသာနေရပြီး ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေူရွာမှာ ၂ လုံးထီ သုံးလုံးထီရောင်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်တွင် အိမ်ဖော်လုပ်ခဲ့ပြီး ကာဒရိုင်ဘာနဲ့ အိမ်ထောင်ကျခဲ့ကြောင်း၊ ၎င်းယောက်ကျား ရောဂါတစ်ခုနဲ့ ဆုံးပါးပြီး ကွမ်ရိုက်ကျေးရွာမှာ လာပြန်နေကြောင်း ထောက်ပြပြောဆိုထားသည်။…..”လို့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ ရွှေရောင် မာစီဒီးကားထုတ်လုပ်ခဲ့တယ် ဆိုတာ မဟုတ်ပါ

ဂျာမနီနိုင်ငံ မာစီဒီးကားကုမ္ပဏီက ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ ထုတ်လုပ်ထားတဲ့ ကားဆိုပြီး ရေးသားမျှဝေလျက်ရှိရာမှာ လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ မာစီဒီးကားကုမ္ပဏီရဲ့ အမှတ်တံဆိပ်နဲ့အတူ ကားစက်ခေါင်းဖုံးအလည်မှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပုံပါရှိပြီး လိုင်စင်ပလိတ်ပြားတပ်ဆင်တဲ့နေရာမှာ NLD လို့စာတန်းလည်း တပ်ဆင်ထားတဲ့ ဓာတ်ပုံနှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဉက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ ထုတ်ဝေထားတဲ့ ကမ္ဘာပေါ်မှာတစ်စီးထဲရှိတဲ့ကားလို့ရေးသား မျှဝေနေတာ ဖြစ်ပါတယ်။  သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ မာစီဒီးကားကုမ္ပဏီက ထုတ်လုပ်ခဲ့တယ်ဆိုတဲ့ အထောက်အထားမျိုး Fact Crescendo Myanmar က မတွေ့ရှိရပါဘူး။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ရေးသားမျှဝေထားတာကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသားမှုနဲ့ မျှဝေထားတာကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။ မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: မဲရုံကိစ္စနဲ့တရားစွဲခံရတဲ့ဆရာမတွေကို ဝန်ကြီးဌာနကတာဝန်ယူမှာ မဟုတ်ကြောင်း ပညာရေးဝန်ပြောတယ်ဆိုတဲ့ သတင်းအမှား

မဲရုံကိစ္စတွေနဲ့တရားစွဲခံရတဲ့ပညာရေးဝန်းထမ်းဆရာ၊ ဆရာမတွေကို ပညာဝန်ကြီးဌာနဘက်က တာဝန်ယူ ဖြေရှင်း ဆောင်ရွက်ပေးမဲ့အစီစဉ်မရှိကြောင်း ပညာရေးဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးကပြောတယ်လို့ ဖေ့စ်ဘွတ်ခ်လူမှုကွနယက်ပေါ်မှာရေးသားမျှဝေနေကြတာတွေ့ရပါတယ်။ ဒီလိုရေးသားနေကြတဲ့ပို့စ်တွေမှာ “မဲရုံကိစ္စများဖြင့်တရားစွဲဆိုခံရသည့် ပညာရေးဝန်ထမ်းများအတွက် ဝန်ကြီးဌာနက တာဝန်ခံဖြေရှင်းပေးရန်အစီအစဉ်မရှိဟု ပညာရေးဝန်ကြီးပြော”လို့ ခေါင်းစဉ်တပ်ထားပြီး “၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် အစိုးရနှင့်ရွေးကော်ပွဲကော်မရှင်ရဲ့ အကူအညီတောင်းခံမှုအရ ပညာရေးဝန်ထမ်းဆရာ,ဆရာမတွေကို မဲရုံမှုး၊ ဒုမဲရုံမှု၊ မဲလက်မှတ်ထုတ်ပေးသူနှင့် မဲရေတွက်သူ၊ မှတ်တမ်ပြုစုသူနှင့် မဲရုံလုံခြုံရေးအပါအဝင်အခြားလိုအပ်သည့်နေရာများတွင် ခန့်အပ်တာဝန်ပေးထားခဲ့ပြီး ယခုအချိန်တွင် အောက်ခြေမဲရုံအချို့မှာ မဲမသမာမှုများ ဥပဒေဘောင်ကျော်ဆောင်ရွက်မှုများ ဘက်လိုက်မှုများ ရှိခဲ့သည်ဆိုသည့်စွတ်စွဲချက်များဖြင့် ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီအချို့မှ တိုင်ကြားထားသည်များ တရားစွဲဆိုထားသည့်ဖြစ်စဉ်များကို တွေ့နေရတဲ့အတွက် ပညာရေးမိသားစုအနေနဲ့ စိတ်မကောင်းဖြစ်မိပေမယ့် ဝန်ကြီးဌာနအနေဖြင့်တော့ တာဝန်ခံဖြေရှင်းပေးမည့် အစီအစဉ်မရှိသေးကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကြီးက ပြောကြားလိုက်ပါတယ်။”လို့စသဖြင့် သတင်းပုံစံ ရေးသားထားတာကို တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link […]

Continue Reading

Fact Check: ရွေးကောက်ပွဲမသမာမှု အထူးစုံစမ်းရေးအဖွဲ့ ဖွဲ့တယ်ဆိုတဲ့ သတင်းအမှား

နိုဝင်ဘာ ၈ရက်ရွေးကောက်ပွဲမှာ အငြင်းပွားမှုတွေနဲ့အတူ လူသတ်ခြိမ်းခြောက်တာတွေဖြစ်လာတာကြောင့် နိုင်ငံရေးပါတီတွေနဲ့ ပြည်သူလူထုရဲ့ဆန္ဒအရ လွတ််လပ်တဲ့ ရွေးကောက်ပွဲ မသမာမှု အထူးစုံစမ်းရေးအဖွဲ့ကို နိုဝင်ဘာလ ၂၀ရက်နေ့က ဖွဲ့စည်းခဲ့ကြောင်းအကြောင်းကြားတဲ့အမိန့်စာလိုရေးသားထားတဲ့စာကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ဒီစာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၈ရက်ရွေးကောက်ပွဲကို အငြင်းပွားစရာတွေနဲ့ ကျင်းပခဲ့ပြီး ရွေးကောက်ပွဲရလာဒ်အပေါ် လူသတ်ခြိမ်းခြောက်တာတွေရှိလာကြောင့် နိုင်ငံရေးပါတီတွေနဲ့ ပြည်သူလူထုရဲ့ဆန္ဒအရ လွတ််လပ်တဲ့ရွေးကောက်ပွဲမသမာမှု အထူးစုံစမ်းရေးအဖွဲ့ကို နိုဝင်ဘာလ ၂၀ရက်နေ့က ဖွဲ့စည်းခဲ့တဲ့အကြောင်း၊ နိုဝင်ဘာ ၂၃ရက်နေ့မှာ စတင်တာဝန်ထမ်းဆောင်မှာဖြစ်တဲ့အကြောင်း၊ ဒီအဖွဲ့ကို အရေးပေါ်စီမံခန့်ခွဲပိုင်ခွင့်ဥပဒေအရဖွဲ့လိုက်တာဖြစ်တဲ့အကြောင်းနဲ့ အဖွဲ့မှူးသောင်းထွန်းနိုင်ဆိုသူက လက်မှတ်ထိုးထုတ်ပြန်ထားတာတွေ့ရပါတယ်။ထိုစာနဲ့အတူ ပူးတွဲအထူးအသိပေးချက်ဆိုတဲ့စာပါဝင်ပြီး ဒီစာမှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲမသမာမှုတွေကိုကိုယ်လွတ်ရုံးတာကို တွေ့ရတာကြောင့် အောက်ခြေရပ်ကျေးမဲရုံမှူးတွေအနေနဲ့ ခိုင််းစေသူကိုဖော်လျှင် အပြစ်ကင်းလွတ်ခွင့်ရမှာဖြစ်တဲ့အကြောင်း ဆက်လတ်ရေးသားထားတာကိုတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်ကအလက်စိစစ်ချက် […]

Continue Reading

Fact Check: – ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်တဲ့ သတင်းတု သတင်းမှားများ ဆက်တိုက်ဖြန့်ဝေ

ဆရာ၊ဆရာမတွေ မဲခိုးလို့ ရွေးကောက်ပွဲသိက္ခာကျရတယ်လို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဉက္ကဌက ပြောတယ်ဆိုတဲ့သတင်းမှားပို့စ်တစ်ခု လူမှုကွန်ယက်မှာ ဖြန့်ဝေလျက်ရှိတာတွေ့ရပါတယ်။  ဆရာ၊ဆရာမတွေ မဲခိုးပေးလို့ နာမည်ပျက်ရတာလို့ UEC ဉက္ကဌကပြောတယ်၊ ဒီကိစ္စဟာ ဆရာ၊ဆရာမတွေကို စော်ကားမှုဖြစ်သလို မဲခိုးတယ်လို့ ဝန်ခံမှုလည်းဖြစ်တယ်စသည်ဖြင့် ပြောဆိုရေးသားမျှဝေနေတာဖြစ်ပါတယ်။  နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအပြီးကတည်းက ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်တဲ့ သတင်းတု သတင်းမှားတွေ ဆက်တိုက်ဖြန့်ဝေနေတာ Fact Crescendo Myanmar အနေနဲ့ တွေ့ရပါတယ်။ ပို့စ်ပါအကြောင်းအရာဟာ အတုအယောင်ဖန်တီးထားတာဖြစ်ပါတယ်။ ဆရာ၊ဆရာမတွေနဲ့ပတ်သက်သော လူမှုကွန်ယက်မှာဒီလိုပျံ့ဝေနေတဲ့ ပို့စ်ပါအကြောင်းအရာတွေဟာ သတင်းတုသတင်းမှား ဖြစ်ကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်ထားတာလည်းတွေ့ရပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ တူညီစွာရေးသားမျှထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေထားပါတယ်။  မူရင်းလင်ခ့် – […]

Continue Reading

Fact Check: ၂၀၁၉ ခုနှစ်က မန္တလေး- စစ်ကိုင်း ကားလမ်းမပေါ်ရှိလမ်း/ကျူးအိမ် ၉ လုံးအား ဖျက်သိမ်းခဲ့မှုကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေနေ

မန္တလေး- စစ်ကိုင်း ကားလမ်းမပေါ်ရှိ လမ်း/ကျူးအိမ် ၉ လုံး အား ဖျက်သိမ်းလို့ ခေါင်းစဉ်တပ်ထားတဲ့  live ဗွီဒီယိုတစ်ခု လူမှုကွန်ယက်မှာပျံ့နှံ့လျက်ရှိပြီး  ဒီဗွီဒီယိုကို လူမှုကွန်ယက်အသုံးပြုသူ  ၂ ထောင်ကျော်က  ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုမှာ အိမ်တစ်လုံးကို စည်ပင်သာယာရေးဝန်ထမ်းတွေက ဖြိုဖျက်နေပြီး ကလေးငယ်တစ် ယောက်ကို ပွေ့ချီထားတဲ့ အမျိုးသမီးက ဝန်ထမ်းတွေကို တားဆီးရင် ရန်လုပ်နေပုံနဲ့ ရဲတပ်ဖွဲ့တွေက ဖြန်ဖြေ ခေါ်ယူနေ ပုံတွေပါဝင်ပါတယ်။ ဒီဗွီဒီယိုပို့စ်အကြောင်းအရာဟာ ၂၀၁၉ ခုနှစ် ဇူလိုင် ၂၇ ရက်က အဖြစ်အပျက်တစ်ခုဖြစ်ပြီး လက်ရှိအဖြစ်အပျက် မဟုတ်တာကို  Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ဒီပို့စ်ရဲ့အောက်ခြေမှာ လူမှုကွန်ယက်အသုံးပြုသူ တစ်ဦးကလည်း ၂၀၁၉ ခုနှစ်က အဖြစ်အပျက်ကို အခုမှ ပြန်ထုတ်လွှင့်နေတယ်လို့ မှတ်ချက်ပြုထားတာတွေ့ရပါ တယ်။ […]

Continue Reading

Fact Check: လုပ်ကြံခံရသူကျောက်မဲလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြေးတော်စပ်တယ်ဆိုတဲ့ သတင်းအမှား

ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် ပြီးခဲ့ရက်ပိုင်းက လုပ်ကြံသတ်ဖြတ်ခံရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီရဲ့ ကျောက်မဲခရိုင်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးထိုက်ဇော်ဟာ NLDပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြေးဖြစ်တယ်ဆိုပြီး‌ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေကြတာ တွေ့ရပါတယ်။ ဒီလိုရေးသားနေတဲ့ပို့စ်မှာ “လုပ်ကြံသတ်ဖြတ်ခံရသူ ဦးထိုက်ဇော်သည် အမေစု၏ မြေးတော်စပ်ကြောင်း သိရပါတယ် အမှုမှန်အမြန်ဆုံးဖော်ထုတ်နိုင်ပါစေ”ဆိုပြီးရေးသားနေကြတာတွေ့ရပါတယ်။ ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေကြတာ တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက်ဒီလိုရေးသားနေတာတွေနဲ့ပတ်သက်ပြီး NLDပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ မုံရွာအောင်ရှင်ကို Fact Crescendo Myanmarက ဆက်သွယ်မေးမြန်းရာတော့ “ဆွေစဉ်မျိုးဆက်ဇယားနဲ့တွဲပြီး ရေးနေကြတာတွေ့ပါတယ်၊ မဖြစ်နိုင်ဖို့များမယ်ထင်တယ်၊ ဘာလို့ဆို အွန်လိုင်းပေါ်မှာ တစ်ခုခုဆိုရင် နောက်ကသတင်းအမှားက ဖြစ်နေတာပဲလေ”လို့ မုံရွာအောင်ရှင်က ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် ဦးထိုက်ဇော်မိသားစုနဲ့ ပုဂ္ဂိုလ်ရေးအရရင်းနှီးမှုရှိပြီး နိုင်ငံရေးလုပ်ဖော်ကိုင်ဖတ်လည်းဖြစ်သူ […]

Continue Reading