Fact Check: သမ္မတက တာဝန်ပေးလို့ လုပ်တာ၊ အောက်ခြေမှာဖြစ်ပျက်နေတာ တွေ သူနဲ့မဆိုင်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဉက္ကဌ ဦးလှသိန်း ပြောခဲ့သလား
သမ္မတကတာဝန်ပေးလို့ လုပ်ခဲ့တာဖြစ်ပြီး အောက်ခြေမှာ ဖြစ်ပျက်နေတာတွေက သူနဲ့မဆိုင်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)ဉက္ကဌက ပြောကြားခဲ့တယ်လို့ ပြောဆို ရေးသားနေတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ နိုဝင်ဘာ ၂၃ ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဉက္ကဌဦးလှသိန်းပုံနှင့်တကွ ဓာတ်ပုံပို့စ်မှာ “နိုင်ငံတော်သမ္မတရဲ့ တာဝန်ပေးချက်အရ ဗဟို UEC မှာလုပ်ခဲ့၊ အောက်ခြေက ပြဿနာ ကျွန်တော်တို့နှင့်မဆိုင်ပါ”လို့ ရေးသား မျှဝေနေတာဖြစ်ပါတယ်။ ဒီရေးသားမျှဝေချက်ဟာ သတင်းတုဖြစ်ပြီး ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်ဉက္ကဌ ဉီးလှသိန်းအနေနဲ့ အခုလိုပြောကြားခဲ့တဲ့အထောက်အထားမျိုး Fact Crescendo Myanmar အနေနဲ့ မတွေ့ ရှိရပါဘူး။ “ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ က အောက်ခြေက ကိစ္စသူ နဲ့ မဆိုင်ဘူး ဆိုဖဲခင်ဗျား ကို ဒီတိုင်းပြည်အတွက် လွတ်လပ်ပြီး တရားမျှတသော ရွေး ကောက်ပွဲ ကျင်းပ […]
Continue Reading
