Archives

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ‌စော်ကားတဲ့ ဒေါ်သက်သက်ခိုင် မီးရှို့အသတ်ခံရဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို ‌စော်ကားတဲ့ ဒေါ်သက်သက်ခိုင် မီးရှို့အသတ်ခံရတယ်လို့ ဆိုပြီး ယူကျူ့မှာ ဗွီဒီယိုတွေ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဗွီဒီယိုတွေသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှု‌ပေါင်း ၃. ၂ သိန်းကျော်ရရှိထားတယ်။ အလားတူတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “အမေစု ကို စော်ကားတဲ့ သက်သက်ခံ မနေ့ည ၁ နာရီမှာ ရွှေနန်းတော် ဆိုင်နဲ့အတူ မီးရှို့အသတ်ခံရမှုကြီး” Original link | Archive link အချက်အလက်စိစစ်ချက် “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာမှာ ဒီချန်နယ်ဟာ သတင်းတချို့ကို ပုံဖျက် ပြောဆိုတာ၊ ချဲ့ကားပြောဆိုတာအပြင် လုပ်ကြံပြောဆိုမှုတွေလည်း ဖြန့်ဝေနေတာတွေ့ရတယ်။  […]

Continue Reading

Fact Check: အာဆီယံအထူးသံတမန်နဲ့ တွေ့အပြီး ‌ဒေါ်‌အောင်ဆန်းစုကြည်ကို ပြန်လွှတ်တဲ့ သတင်းတု

အာဆီယံအထူးသံတမန် နေပြည်တော်လာအပြီးမှာ ‌ဒေါ်‌အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လွှတ်ပေးလိုက်တယ်ဆိုပြီးတော့ ယူကျူ့မှာ ပြောဆိုမျှဝေနေတာ တွေ့ရတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “အာဆီယံအထူးသံနဲ့တွေ့ဆုံဆွေးနွေးပြီး  ဒေါ်စု ကိုဒီနေ့ပဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပြီလို့ မအလ ဒဲ့ကြေညာပြီ” Original link | Archive link ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ပဲ လွတ်လာပြီဆိုပြီး ဒီချန်နယ်ကပဲ ထပ်မံ ဖြန့်ချိထားသေးတယ်။ ဒီနေရာမှာကြည့်ပါ။  အချက်အလက်စိစစ်ချက် “Local Celegram”ဟာ မီဒီယာတချို့မှာ‌‌ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ် ပြန်လည်ဖြန့်ချိတာ၊ လုံးဝလုပ်ကြံရေးသားပြောဆိုတာတွေလည်း ပြုလုပ်ပါတယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး မကြာခဏ Fact Crescendo Myanmar က အချက်အလက်စိစစ်‌ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ […]

Continue Reading

Fact Check: လေဖြတ်တာကို လက်ထိပ်အပ်နဲ့‌‌‌‌ဖောက်ပြီး ကုသနိုင်သလား- မဟုတ်ပါ

လေဖြတ်လူနာကို လက်ထိပ်မှာ အပ်နဲ့ သွေးထွက်အောင်ဖောက်ပေးပြီး အိမ်မှာပဲ ကုသနိုင်တယ်လို့ ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားမှာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  “ရုတ်တရက် လေဖြတ်သွားတဲ့ လူနာကိုတွေ့ရင် ဒီနည်းလေးအတိုင်း ကယ်ဆယ်ပေးလို့ရတာမို့ သေချာဖတ်ရှုပြီး မှတ်သားထားကြပါနော်။လူတစ်ယောက် ရုတ်တရက်လေဖြတ်သွားပြီဆိုရင် ဦးနှောက်သွေးကြောတွေ တဖြည်းဖြည်းပြန့်ကားသွားတတ်ပြီး အရေးပေါ်ကုသပေးဖို့ လိုအပ်ပါတယ်။ အောက်ပါနည်းလမ်းလေးတွေက လူတစ်ယောက်ရဲ့အသက်ကို ကယ်ဆယ် ပေးနိုင်ပါတယ်။ လေဖြတ်သွားတဲ့လူနာက ဘယ်နေရာမှာပဲရှိနေပါစေ လုံးဝနေရာမရွှေ့ပေး ပါနဲ့။ သင်သူ့ကို နေရာရွှေ့လိုက်မယ်ဆိုရင် ဦးနှောက်ထဲ သွေးယိုစိမ့်မှုဖြစ်ပြီး ဦးနှောက်သွေးကြောပြတ်နိုင်ပါတယ်။ အိမ်မှာ အေးထိုးအပ်ရှိရင် ပိုကောင်း ပါတယ်။ […]

Continue Reading

Fact Check: ‌သောကြာဂြိုဟ်ပေါ်က ဓာတ်ပုံတပုံအတွက် ဒေါ်လာ သန်း ၃၀၀ အသုံးပြုခဲ့သလား

ဆိုဗီယက်ယူနီယံရဲ့ သောကြာဂြိုဟ်လေ့လာရေးစီမံကိန်းက‌နေ ဂြိုဟ်ပေါ်ဆင်းသက်ရေးယာဉ်တွေထဲက ဂြိုဟ်ပေါ်ဆင်းသက်နိုင်ကာ ဓာတ်ပုံတွေရိုက်ကူးပြီး ပြန်လည်ပေးပို့နိုင်ခဲ့တာတွေကို  ပေါင်းစည်းထားပြီး မြင်ရတဲ့ မြင်ကွင်းဖြစ်တဲ့ ဓာတ်ပုံတပုံအတွက် အမေရိကန် ဒေါ်လာသန်း ၃၀၀ လောက်ကုန်ကျခဲ့တယ်လို့ ဆိုပြီး ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံမှုအားကောင်းနေတယ်။ အချက်အလက်တချို့ဟာ မှန်ကန်ပေမဲ့ ဓာတ်ပုံဟာ အကြိမ်ကြိမ် ပြင်ဆင် တည်းဖြတ်ထားတဲ့ သရုပ်‌ဖော် ဓာတ်ပုံတပုံဖြစ်တယ်။ ဓာတ်ပုံအတွက် သန်း ၃၀၀ ကုန်ကျခဲ့တယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါ။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “ဒီပုံတစ်ပုံရဖို့ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကုန်ကျတယ်တဲ့။ ဒီပုံက ကမ္ဘာမြေပေါ်ကပုံ မဟုတ်ဘူး။ သောကြာဂြိုဟ်လို့ ခေါ်ကြတဲ့ Venus ဂြိုလ်ပေါ်ကပုံ” Original link […]

Continue Reading

Fact Check: မိတ္ထီလာလေတပ်တိုက်ခိုက်ခံရမှုဆိုတဲ့ နားလည်မှုလွှဲစေတဲ့ သတင်းတု 

မိတ္ထီလာလေတပ်တိုက်ခိုက်ခံရပြီး လေတပ်ဦးစီးမှုအပါ ၁၉ ဦးသေဆုံးခဲ့တယ်ဆိုပြီး ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထးရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုဖြစ်တာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “မိန္တိလာလေတပ် တိုက်ခိုက်ခံရပြီး လေတပ်ဦးစီမှုးပါဝင်(၁၉)ဦး သေဆုံး”(မူရင်းပို့စ်ပါအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့က သတင်းတွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတာတွေပြုလုပ်တာတွေ့ရတယ်။   á€Ąá€á€Żá€œá€Šá€şá€¸ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ က သတင်းကို ပြန်လည်ဖော်ပြပြီး ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ မြန်မာနောင်းသတင်းဌာနရဲ့ မူလသတင်း‌ဖော်ပြချက်ကို ဒီလင့်ခ်မှာကြည့်ပါ။ မိတ္ထီလာမြို့ တိုက်ခိုက်မှုမှာ ရှော့တိုက်ဒုံး ၊ ကာမီကာဇေ ခေါ် […]

Continue Reading

Fact Check: မြန်မာစစ်တပ်ကို စစ်ရေးအရ အရေးယူဖို့ နယူးဇီလန်ပြောဆိုတဲ့ သတင်းခေါင်းစဉ်တု

မြန်မာစစ်ကောင်စီကို စစ်ရေးအရ အရေးယူဖို့ နယူးဇီလန်က တိုက်တွန်းခဲ့တယ်ဆိုတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်း ခေါင်းစဉ်တု ဖြစ်တာတွေ့ရတယ်။ ယူကျူ့မှာဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “မြန်မာစစ်ကောင်စီကို စစ်ရေးနဲ့ အရေးယူဖို့ပြောပြီ နယူးဇီလန်ကတော့ ပြတ်ပြတ်သားသား ကြေညာ တရုတ်လည်း ဝင်စွက်ဖက်လို့ မရတော့ဘူး” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး ပြန်လည်ဖြန့်ချိရာမှာ သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ဝေလေ့ရှိတာတွေ့ရတယ်။  ဒီယူကျူ့ချန်နယ် ဟာ ရန်ကုန်ခေတ်သစ် သတင်းဌာနရဲ့ ယူကျူ့ချန်နယ်နာမည်ကို တုပထားပြီး မကြာခဏဆိုသလို  Fact Crescendo […]

Continue Reading

Fact Check: သမ္မတထရမ့်တွေ့ဆုံမှုအပြီး NUG ကို အမေရိကန်က လက်နက် သန်း ၅၀၀ ဖို့ထောက်ပံ့ဆိုတဲ့ သတင်းတု

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန်သမ္မတထရမ့်တို့ တွေ့ဆုံမှုအပြီးမှာ အမေရိကန်က NUG ကို ဒေါ်လာ သန်း ၅၀၀ ဖိုး လက်နက်တွေ ထောက်ပံ့ခဲ့တယ်လို့ ဆိုလိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက  ဖြန့်ချိထားတာတွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်း ဖြစ်တယ်။  “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ဗွီဒီယိုရဲ့  á€…ခရင်ရသ္ဏအဓဏတ်ပုလနဲအ စာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “NUG နဲ့ ဒေါ်နယ်ထရမ့်တွေ့ဆုံမှုအပြီး  လက်နက် သန်း ၅၀၀ ဖိုး  ‌ဒေါ်ဇင်မာအောင် ချပြလို့ ဗိုလ်ချုပ်တွေလန့်ကုန်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက်  â€œLocal Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို  ပုံဖျက်ပြောဆိုပြီး သတင်းခေါင်းစဉ်တုတပ် ပြန်လည်ဖြန့်ချိတာ၊ လုံးဝလုပ်ကြံရေးသား […]

Continue Reading

Fact Check: ဗန်းမောက်မြို့ကို တန်ပြန်ထိုးစစ်ဆင်ပြီး NUG သမ္မတကို မြန်မာစစ်တပ် ဖမ်းဆီးဆိုတဲ့ သတင်းတု 

PDF တွေ သိမ်းယူလိုက်တဲ့ ဗန်းမောက်မြို့ကို မြန်မာစစ်တပ်က ပြန်လည်သိမ်းယူလိုက်ပြီး အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG) သမ္မတကိုလည်း ဖမ်းဆီးလိုက်တယ်ဆိုပြီး ယူကျူ့ချန်နယ်တခုက ဗွီဒီယိုကို ဖြန့်ဝေထားပြီး ဒီပြောဆိုချက်ဟာ မှားယွင်းပြီး သတင်းတုဖြန့်ချိနေခြင်းသာဖြစ်တယ်။ လက်ရှိအချိန်အထိ စစ်တပ်က ဗန်းမောက်မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခြင်းမရှိသေးသလို NUG သမ္မတ ဖမ်းဆီးခံရတယ်ဆိုတာလည်း မဟုတ်ပါဘူး။ ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ဗန်းမောက်မြို့ တန်ပြန်ထိုးစစ်မှာပဲ  NUG ယာယီသမ္မတကို အရှင်ဖမ်းမိထားဟု မင်းအောင်လှိုင်ကြေညာလို့ လန့်ကုန်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ချိထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို  ပုံဖျက်ပြောဆိုပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာ၊ မကြာခဏဆိုသလို လုံးဝလုပ်ကြံရေးသား ပြောဆိုချက်တွေကိုလည်း […]

Continue Reading

Fact Check: နေပြည်တော်ကို အကြမ်းဖက်အဖြစ် ကြေညာပြီး အမေရိကန်က လေယာဉ်တွေနဲ့ ဆက်တိုက်ကင်းလှည့်တဲ့ သတင်းတု 

နေပြည်တော်ကို အကြမ်းဖက်အဖြစ် ကြေညာပြီး အမေရိကန်က လေယာဉ်တွေနဲ့ ဆက်တိုက်ကင်းလှည့်နေတယ် ဆိုတဲ့  ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ စက်တင်ဘာ ၂၆ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ၂၄ နာရီအတွင်း ကြည့်ရှု့မှုပေါင်း ၁ ဒသမ ၅ သိန်းဝန်းကျင်ရရှိထားတယ်။ “နေပြည်တော် ကိုအမေရိကန် ကင်းလှည့်နေ အကုန်ပြေးခိုင်းနေပြီ အဆင့်မြင့် အမေရိကန်လေယာဉ်တွေ နေပြည်တော်ကို ကင်း‌ထောက် အကြမ်းဖက်မှုနဲ့ ကြေညာအပြီး  ဆက်တိုက် ကင်းထောက်” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay KhitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေ ကို ကူးယူပြီး […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ တရုတ်သမ္မတ  နေပြည်တော် ရောက်လာတဲ့ သတင်းတု 

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ တရုတ်သမ္မတ  နေပြည်တော် ရောက်လာတယ်ဆိုတဲ့ သတင်းတု ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ဒေါ်စုနဲ့ဆွေးနွေးပြီး ပြန်မည် လုပ်နေပြီ တရုတ်သမ္မတ နေပြည်တော်ရောက်ပြီ အာဆီယံခေါင်းဆောင် ကြီးတွေနဲ့ အတူလာပြီး ဒေါ်အောင်ဆန်းစုကြည် မဖြစ်မနေတွေ့မည်ဟု ပြင်းထန်အကြပ်ကိုင်နေ” Original link | Archive link အချက်အလက်စိစစ်ချက် တရုတ်သမ္မတ မြန်မာနိုင်ငံလာတဲ့အကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေအပါအဝင် သတင်းမီဒီယာတွေမှာဖော်ပြချက်မတွေ့ရပါဘူး။ ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေ ကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာတွေ့ရတယ်။  ဒီယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က မကြာခဏအချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ […]

Continue Reading