Fact Check: ၁၀၂၇ စစ်ဆင်ရေး ပြန်စပြီး လားရှိုးနဲ့ ပြင်ဦးလွင်ကို ညီနောင်သုံးဖွဲ့ ပြန်တိုက်ပြီဆိုတဲ့ သတင်းတု
လားရှိုးနဲ့ ပြင်ဦးလွင်ကို တိုက်ခိုက်မှုစတင်လိုက်သလို NUG အစိုးရနဲ့အတူ ပူးပေါင်းပြီးလို့ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့က တရားဝင်စစ်ကြေညာခဲ့တာကြောင့် မြန်မာစစ်တပ်က တရုတ်အစိုးရကို ကြားဝင်ဖြန့်ဖြေပေးဖို့ ပန်ကြားလိုက်တယ်လို့ ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလိုပြောဆိုမျှဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ “1027 နောက်ဆုံးလိုင်း ပြန်စပြီး တပ်စခန်း ၉ သိမ်း စစ်တပ်က တရုတ်ကြားဝင်ပေးရန် အရေးပေါ် တောင်းဆို လားရှိုးနဲ့ ပြင်ဦးလွင်ကို ညီနောင် သုံးဖော် ပြန်တိုက်ပြီ NUG အစိုးရနဲ့အတူ ပူးပေါင်းပြီးဟု တရားဝင်စစ်ကြေညာ” Original link | Archive link အချက်အလက်စိစစ်ချက် တကယ်တမ်းမှာ […]
Continue Reading
