Archives

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ စစ်အစိုးရ သဘောတူလိုက်ပြီဆိုတဲ့ သတင်းတု 

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ စစ်တပ်အသွင်ပြောင်းအစိုးရက သဘောတူလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယို တခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရတယ်။ သတင်းတုဖြန့်ချိနေ ခြင်းဖြစ်တယ်။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖော်ပြချက်မရှိပါဘူး။  အောက်ပါစခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလိုပြောဆိုထားတဲ့ ယူကျူ့ချန်နဘ်တခုက ရယူထားခြင်းဖြစ်တယ်။  “အမေစုကို လွှတ်ပေးဖို့ သဘောတူလိုက်ပြီ နိုင်ငံတကာ ထောက်ခံမှုရချင်လို့ မင်းအောင်လှိုင် လေသံပြောင်းပြီ ၊  ပြည်သူတွေအတွက် သတင်းကောင်းဟေ့” Original link | Archive link နောက်ထပ် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီလို့လည်း ဒီချန်နယ်က မျှဝေခဲ့ပါသေးတယ်။ ဒီနေရာမှာ ကြည့်ပါ။ အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit ”ယူကျူ့ချန်နယ်က သတင်းတုဖြန့်ဝေမှုတွေကို Fact Crescendo Myanmar မှာ မကြာခဏ အချက်အလက်စိစစ် ဖော်ပြခဲ့ပြီးဖြစ်တယ်။ […]

Continue Reading

Fact Check: ကြွက်နားရွက်မှို၊ တရုတ်ဇီးဖြူသီး၊ ဂျင်း က နှလုံးသွေးကြောကျဉ်းရောဂါ ပျောက်ကင်းစေသလား- အထောက်အထားမရှိပါ

ကြွက်နားရွက်မှို၊ တရုတ်ဇီးသီး၊ ဂျင်း ကို ကျိုချက်သောက်ခြင်းဖြင့် နှလုံးသွေးကြောကျဉ်းရောဂါကို  ၇ ရက် အတွင်းပျောက်ကင်းစေတယ်လို့ ဆိုထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု ပြန်လည် အားကောင်းနေတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ခွဲစိပ်ခါနီး လူနာဟာ ကြွက်နားရွက်မှို၊ တရုတ်ဇီးသီး၊ ဂျင်း ကို ဆားအနည်းငယ်ရောပြီး ရေ ၆ ခွက်ထည့် ၂ ခွက်ကျန်အောင် ကျိုချက်သောက်လိုက်ရုံဖြင့် ‌ရောဂါ အရှင်းပျောက်ကင်းသွားတယ်လို့ ဆိုပြီး ဒီဆေးနည်းကို မူလမျှဝေသူ ဒါမှမဟုတ် လက်တွေ့ ပျောက်ကင်းသွား သူဟာ “Ko Sai”လို့လည်း ဆိုထားပါတယ် ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရတယ်။ […]

Continue Reading

Fact Check: မြန်မာအရေးကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး အာဆီယံကို ပူတင် ပြင်းပြင်းထန်ထန် သတိပေးတဲ့ သတင်းတု

မြန်မာအရေးကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ရုရှားသမ္မတဗလာဒီမီယာ ပူတင်က အာဆီယံကို ပြင်းပြင်းထန်ထန် သတိပေးလိုက်တယ်လို့ ဆိုထားတဲ့ ပို့စ်တခု လူမှုကွန်ယက်မှာ ဖြန့်ဝေထားမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။  “ပူတင်အာဆီယံကို မြန်မာနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်သတိပေး… သတင်းစာဖြတ်ပိုင်း (Opinion ကဏ္ဍ) ထဲမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင် ပြောသွားတာကတော့ တကယ့်ကို ပြတ်သားပြီး သတိပေးချက်အပြည့်ပါပဲ။” Original link | Archive link အချက်အလက်စိစစ်ချက် Google မှာ ပြောဆိုချက်ဓာတ်ပုံပါ သတင်းခေါင်းစဉ်ကို အဓိကကျတဲ့ စကားလုံးတချို့ အသုံးပြုရှာဖွေရာမှာ တစုံတရာ […]

Continue Reading

Fact Check: နေပြည်တော် စစ်ဆေးရုံကို  AA တိုက်ခိုက်မှုမှာ အများအပြားသေဆုံးတဲ့  သတင်းတု

နေပြည်တော် စစ်ဆေးရုံကို  AA တိုက်ခိုက်မှုမှာ အများအပြားထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားတာတွေ့ရတယ်။ သတင်းတုသာဖြစ်တယ်။ ယူကျူ့မှာ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုအစပြသတဲ့ ရုပ်ကတ်စာသားဓာတ်ပုံရော ဗွီဒီယိုထဲအသံဖိုင်နဲ့ ဖတ်ကြားမှုမှာပါ နေပြည်တော် စစ်ဆေးရုံတခု ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ဆေးရုံတက်နေတဲ့ စစ်သည် လူနာတွေ ထိခိုက်သေဆုံးမှုများ ရှိခဲ့တယ်လို့ ဆိုထားပါတယ်။ “နေပြည်တော် စစ်ဆေးရုံ အေအေ ဒရုန်းနဲ့ အကြီးကျယ်တိုက်ခိုက်၊ စစ်သည်လူနာ(၁၇၇)ဦး သေဆုံးပြီး ဒဏ်ရာရလူနာပိုများနေ” Original link | Archive link အချက်အလက်စိစစ်ချက် ဒီလို နေပြည်တော် စစ်တပ်ဆေးရုံတိုက်ခိုက်ခံရပြီး အများအပြားသေဆုံးတဲ့ သတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာဖြစ်စေ […]

Continue Reading

Fact Check: အင်အားပြင်း ငလျင် နေပြည်တော်မှာ လှုပ်ပြီး ရန်ကုန်မှာ အဆောက်အဦး တွေ ပြိုကျ လူသေဆုံးတာဟာ သတင်းတုတွေဖြစ်တယ်

ပြင်းအား ၈ ဒဿမ ၁ နဲ့ ငလျင် နေပြည်တော်မှာ လှုပ်ပြီး စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင် ဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ ဗွီဒီယိုတခုက ဆိုထားပြီး နောက်ထပ် ဗွီဒီယိုတခုမှာတော့ ရန်ကုန်မှာ အဆောက်အဦးတွေ ပြိုကျကာ လူထိခိုက်သေဆုံးခဲ့တယ်ဆိုပြီး ယူကျူ့မှာ ဗွီဒီယိုတွေ ပျံ့နှံ့နေတာတွေ့ရတယ်။ သတင်းမှား တခုသာဖြစ်တယ်။ မေ ၁၈ ရက် မနက်ပိုင်းက ရန်ကုန်အနီးမှာ အင်အား ၅ ဒဿမ ၂ ရှိတဲ့ ငလျင်တခု လှုပ်ခတ်ပြီး ငလျင်လှုပ်ခတ်မှုကို ရန်ကုန်မှာ သိသိသာသာခံစားခဲ့ရပေမဲ့ ပျက်စီးသေဆုံးမှု တစုံတရာမရှိခဲ့ တာတွေ့ရတယ်။ ယူကျူ့ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ပြင်းအား (၈.၁)နဲ့ နေပြည်တော်မှာ ငလျင်လှုပ် မင်းအောင်လှိုင် ထိခိုက်ဒဏ်ရာပြင်းထန်ကြောင်း သတင်းထွက် […]

Continue Reading

Fact Check: နိုင်ငံကူးလက်မှတ်မှာ မင်းအောင်လှိုင်ပုံ ထည့်သွင်းမယ်ဆိုတာ တကယ်လား- မဟုတ်ပါ

လာမယ့်နှစ်က စပြီး နိုင်ငံကူးလက်မှတ်တွေမှာ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ပုံ ထည့်သွင်းသွား မယ်ဆိုတဲ့ ပြောဆိုချက်တွေ လူမှုကွန်ယက်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ သတင်းမှား တခုဖြစ်တယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သရော်မှုစာတခုက စတင်ခဲ့တာလည်း တွေ့ရတယ်။ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  အလားတူတဲ့ပြောဆိုချက်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “ကိုယ်ရွေးကိုယ်ခန့်သမ္မတ မင်းအောင်လှိုင်သည် လာမည့်နှစ်မှ စ၍ မြန်မာနိုင်ငံကူးလက်မှတ် စာအုပ်တွင် သူ၏ပုံထည့်သွင်း သွားမည်ဖြစ်ကြောင်း ပြော” Original link | Archive link အချက်အလက်စိစစ်ချက် “လာမည့်နှစ်မှ စ၍ မြန်မာနိုင်ငံကူးလက်မှတ် စာအုပ်တွင် သူ၏ပုံထည့်သွင်း သွားမည်ဖြစ်တယ်”သတင်းကို  သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေ ဖော်ပြချက်မရှိပါဘူး။  တကယ်တမ်း လူမှုကွန်ယက်မှာ […]

Continue Reading

Fact Check : ကင်ဂျုံအန်းကို လေဆိပ်အထိ တရုတ်သမ္မတ မိသားစုနဲ့ လာကြိုခဲ့သလား- မဟုတ်ပါ

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း တရုတ်နိုင်ငံလာလည်တုန်းက လေဆိပ်အထိ တရုတ်သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင် မိသားစုနဲ့ လာကြိုခဲ့တယ်လို့ ဆိုပြီး ဓာတ်ပုံပို့စ်တခု လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းနေ တာတွေ့ရတယ်။ မှားယွင်းပြောဆိုမှုတခုသာဖြစ်တယ်။ ကင်ဂျုံအန်းလာရောက်စဉ်မှာ ရှီကျင့်ဖျင်လေဆိပ် ဆင်းကြိုတာမရှိခဲ့ပါဘူး။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  အလားတူတဲ့ ပြောဆိုမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  “မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း လာလည်တုန်းက မိသားစုလိုက် လေဆိပ်အထိ ဖက်လှဲတကင်း လာကြိုခဲ့တဲ့ ရှီကျင့်ဖျင်ဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အလည်လာတဲ့ အခါမှာတော့ ဒုသမ္မတနဲ့ အဖွဲ့ကိုသာ ဧည့်ခံ ကြိုဆိုဖို့ လေဆိပ်ကို စေလွှတ်ခဲ့တာ တွေ့ရပါတယ်။  နိုင်ငံတော်အဆင့် ခေါင်းဆောင်တစ်ဦး လာရောက်မှုကို အိမ်ရှင်နိုင်ငံရဲ့ […]

Continue Reading

Fact Check: ဗြိတိန်ဘုရင်ရဲ့ အကူညီနဲ့ NUG လေယာဉ်၅ စင်းရရှိဆိုတဲ့ သတင်းတု

ဗြိတိန်ဘုရင်ရဲ့ အကူညီနဲ့ လေယာဉ်၅ စင်း NUG ရရှိပြီလို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း နေတာ တွေ့ရပါတယ်။ တော်လှန်ရေးအတွက် ဗြိတိန်နိုင်ငံက လေယာဉ် ၅  စီး ထောက်ပံ့ပေးလိုက်တယ်လို့ NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက တရားဝင်ချပြလိုက်တာလို့လည်း ဆိုထားပါတယ်။ သတင်းတုသာ ဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလိုပြောဆိုမျှဝေထားတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ “စစ်တပ်ကိုတန်ပြန်ဖို့ NUG လေယာဉ်(၅)စင်းရရှိ ဗြိတိန် ဘုရင်ရဲ့ အကူညီနဲ့ လေယာဉ် ရရှိပြီလို့ Dr.Sa Sa ကြေညာ လိုက်ပြီ ၊ စစ်အုပ်စု မျက်ဖြူဆိုက်နေပြီ” Original link | Archive link […]

Continue Reading

Fact Check: မင်္ဂလာဒုံစစ်ဆေးရုံကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်မှု သေဆုံးမှုများပြားဆိုတဲ့  သတင်းတု

မင်္ဂလာဒုံစစ်တပ်ဆေးရုံကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်မှုမှာ မြန်မာစစ်အစိုးရဘက်က အများအပြားထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားတာတွေ့ရတယ်။ သတင်းတုသာဖြစ်တယ်။ ယူကျူ့မှာ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “မင်္ဂလာဒုံ စစ်ဆေးရုံ သွေးချောင်းစီး မင်္ဂလာဒုံ စစ်ဆေးရုံ တက်ခိုက်ခံရ ၊ အရာရှိတွေ အပါဝင် အများပြား သေဆုံး ၊ သွေးချောင်းစီးနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုအစပြသတဲ့ ရုပ်ကတ်စာသားဓာတ်ပုံရော ဗွီဒီယိုထဲအသံဖိုင်နဲ့ ဖတ်ကြားမှုမှာပါ တော်လှန်ရေးတပ်ဖွဲ့တွေက မင်္ဂလာဒုံစစ်တပ်ဆေးရုံကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် အများအပြား သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။  ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ စစ်တပ်ဆေးရုံတိုက်ခိုက်ခံရတယ်ဆိုတဲ့ သတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာဖြစ်စေ […]

Continue Reading

Fact Check: ဂျိုရှုအာဗန်ကို ထရမ့်က ဂုဏ်ပြုလက်မှတ်ပေးအပ်တဲ့ ဓာတ်ပုံဟာ ပြုပြင်ပြောင်းလဲထားခြင်းဖြစ်

UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကာကွယ်ထိုးသတ်မှုမှာ အနိုင်ရပြီး ၂ ထပ်ကွမ်းချန်ပီယံဖြစ်လာတဲ့ ဂျိုရှုအာဗန်ကို သမ္မတထရမ့်က ဂုဏ်ပြုလက်မှတ်ပေးအပ်နေတဲ့ ဓာတ်ပုံဆိုပြီး ဓာတ်ပုံတပုံ လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံသာ ဖြစ်တယ်။ မေ ၁၀ ရက်က အမေရိကန်မှာ ကျင်းပတဲ့ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံကာကွယ်ပဲမှာ မြန်မာနိုင်ငံ ချင်းပြည်နယ်ဖွား အမေရိကန်နိုင်ငံသား ဂျိုရှုအာဗန်(Joshua Van)က ဂျပန်နိုင်ငံသား လက်ဝှေ့သမား တက်ဆုရိုတိုင်ရာ(Tatsuro Taira)ကို အနိုင်ရရှိခဲ့ပါတယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော ပျံ့နှံ့မှုအား‌ကောင်းနေတဲ့ ဒီလိုပြောဆိုဖြန့်ဝေ ထားတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တခြား တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  “နှစ်ထပ်ကွန်း ချန်ပီယံကြီး ဗန်ကို အမေရိကန် သမ္မတကြီး ထရန့်ကိုယ်တိုင် […]

Continue Reading