Archives

Fact Check: စစ်ကိုင်းငလျင်အခြေအနေသွားရောက်ကြည့်ရှု့စဉ် စစ်ခေါင်းဆောင် တိုက်ခိုက်ခံရလို့ သေဆုံးဆိုတဲ့ သတင်းတု

စစ်ကိုင်းမြို့ကို  ငလျင်အခြေအနေသွားရောက်ကြည့်ရှု့စဉ် စစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုက်ခိုက်ခံရပြီး သေမသေ မသိရသေးဘူးလို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုနဲ့  ဗွီဒီယိုထဲပါ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “မင်းအောင်လှိုင် ပစ်ခတ်ခံရ စစ်ခေါင်းဆောင် စစ်ကိုင်းခရီးစဉ် ပစ်ခတ်ခံရ၊ သေမသေ မသိရသေး လမ်းသွားလမ်းလာအားလုံးကိုဖမ်းဆီးနေ” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေ ကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လူမှုကွန်ယက်အသုံးပြုသူတွေ မျှဝေထားတဲ့ အတွေးအမြင် တွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိတာတွေ လုပ်ပါတယ်။ ဒီချန်နယ်ဟာ […]

Continue Reading

Fact Check: ဒီဗွီဒီယိုက ထိုင်းမှာ မြန်မာစစ်ခေါင်းဆောင်ကို ဆန္ဒပြနေတာလား-မဟုတ်ပါ

မြန်မာစစ်ခေါင်းဆောင် ထိုင်းနိုင်ငံကို လာရောက်စဉ် ထိုင်းနိုင်ငံသားတွေ ဆန္ဒပြခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မျာ ပျံ့နှံ့မှုအားကောင်းခဲ့တာ တွေ့ရပါတယ်။ မှားယွင်းပြောဆိုမှုသာဖြစ်တယ်။ ဗွီဒီယိုဟာ တကယ်တော့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က အစိုးရရုံးရှေ့မှာ သစ်တောဥပဒေနဲ့ပတ်သက်ပြီး ဆန္ဒပြနေကြပုံ ဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ယူကျူ့ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ “သူများနိုင်ငံလာတော့ မောင်းထုတ်ခံရတဲ့ မင်းအောင်လှိုင် -😂🤣 #minaunghlan #ထိုင်းနိုင်ငံ #ချင်မိုင် #Myanmar #ခွေးleader” Original link | Archive link ဒီအပြင် ဗွီဒီယိုအတိုတွေ မျှဝေတဲ့ လူမှုကွန်ယက်ပလက်ဖောင်းတခုဖြစ်တဲ့ reel မှာလည်း တူညီစွာမျှဝေနေ တာတွေ့ရပါတယ်။ ဒီနေရာနဲ့  ဒီနေရာမှာ ကြည့်ပါ။ အချက်အလက်စိစစ်ချက် ဗွီဒီယိုပါ မြင်ကွင်းတွေကို Google မှာ […]

Continue Reading

Fact Check: ဗြိတန်မှာ ၆.၇ ပမာဏငလျင်ကြောင့် လူတွေပြေးလွှားနေတဲ့ ဗွီဒီယိုလား-မဟုတ်ပါ

ဗြိတိန်နိုင်ငံမှာ အင်အား ၆.၇ ပမာဏရှိ ငလျင်ကြောင့် လူတွေပြေးလွှားနေတဲ့ ဗွီဒီယိုဆိုပြီးတော့ ဗွီဒီယိုတခု တစ်တော့နဲ့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှားသာဖြစ်တယ်။ ဗွီဒီယိုဟာ ၂၀၂၃ ခုနှစ်အတွင်းက အီကွေဒေါနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တခုဖြစ်တာတွေ့ရပါတယ်။  ဖြန့်ဝေထားတဲ့ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ဗြိတိန်နိုင်ငံ UK လန်ဒန်မြို့မှာ ပြင်းအား 6.7 အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ပါတယ် 5/4/2025 #နေဖုန်းခ” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါမြင်ကွင်းတွေကို Google မှာ ပုံရှာနည်းအသုံးပြုရှာ‌ဖွေရာမှာ ဒီမြင်ကွင်းဟာ ၂၀၂၃ ခုနှစ်အတွင်းက အီကွေဒေါနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်အတွင်းက မြင်ကွင်းဖြစ်တာတွေ့ရပါတယ်။  “ပြင်းအား ၆.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် […]

Continue Reading

Fact Check: ငလျင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်သေဆုံးဆိုတဲ့ သတင်းတု 

ငလျင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် သေဆုံးသွားတယ်လို့ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်ခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  မတ် ၂၈ ရက်မှာ မြန်မာနိုင်ငံလှုပ်ခတ်ခဲ့တဲ့စစ်ကိုင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့အတော်များများ ထိခိုက်ပျက်စီးခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးမှုရှိခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ စစ်တပ်က ဖမ်းဆီးထောင်ချထားတဲ့ ခေါင်း‌ဆောင်နှစ်ဦးရဲ့ အခြေအနေကိုလည်း လူထုက စိုးရိမ်နေချိန်ဖြစ်တယ်.  ဖြန့်ဝေထားတဲ့ ယူကျူ့ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “၆ ရက်နေ့ တနိုင်ငံလုံးကပြည်သူတွေ ငိုရတဲ့နေ့ဗျို့ ငလျင်ကြောင့် အမေစုနဲ့သမ္မတ အသက်ပေးရပြီ ဗိုလ်ချုပ်ဇော်မင်းထွန်း အကုန်ဖွင့်ချ” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local […]

Continue Reading

Fact Check: မုန်တိုင်းကြီး ရခိုင်ကမ်းလွန်ကို ဝင်ရောက်မှာဖို့ရှိလား- မဟုတ်ပါ

အလွန်အားပြင်းတဲ့ မုန်တိုင်းကြီး ရခိုင်ကမ်းလွန်ကို ဝင်ရောက်မှာဖို့ရှိလို့ ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ ဂွနဲ့ သံတွဲမြို့က လူတွေ အလျင်အမြန်ပြောင်းရွှေ့ကြဖို့လိုတယ်ဆိုပြီး ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေ တာ တွေ့ရပါတယ်။  နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုရေးသားချက်ဖြစ်ပြီး ၂၀၂၃ ခုနှစ်က မုန်တိုင်း သတိပေးချက်ကို ပြန်လည်မျှဝေနေခြင်းဖြစ်တယ်။ လတ်တလော မြန်မာနိုင်ငံကို မုန်တိုင်းဝင်ရောက်မယ့် သတိပေး ထုတ်ပြန်ချက် မရှိပါဘူး။ ပျံ့နှံ့နေတဲ့ ဓာတ်ပုံနဲ့ ပို့စ်စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ဂွ ကလူတွေ အမြန်ပြောင်းရွေ့ကြပါ❗❗❗❗❗ ဂြိုလ်တုကပြတဲ့ ပုံအတိုင်းဆို မုန်တိုင်းအရွယ်အစားက တအားကိုကြီးပြီး တော်တော်လေးကိုကျယ်ပါတယ်  ❌❌❌❌ ဖွဲ့စည်း နေတဲ့ တိမ်စုကြီးကလဲ အရွယ်အစားအားနဲ့ နိုင်းယှဉ်ရင် မြန်မာနိုင်ငံ […]

Continue Reading

Fact Check: ငလျင်ကြောင့် ပြိုကျပျက်စီးသွားတဲ့ အဆောက်အဦးအောက်မှာ ပိတ်မိနေတဲ့ ကလေးငယ်လား-မဟုတ်ပါ

ရစ်ချ်တာစကေး ၇.၇ စစ်ကိုင်းငလျင်လှုပ်အပြီး ကလေးငယ်တဦး ပြိုကျပျက်စီးသွားတဲ့ အဆောက်အဦးတခု အောက်မှာ ပိမိနေတဲ့ ကလေးငယ်လေးအဖြစ် ဓာတ်ပုံတပုံ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။  နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုရေးသားချက်ဖြစ်ပြီး ဓာတ်ပုံဟာ ငလျင်နဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။  မတ် ၂၈ ရက်မှာ မြန်မာနိုင်ငံလှုပ်ခတ်ခဲ့တဲ့စစ်ကိုင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့အတော်များများ ထိခိုက်ပျက်စီးခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးမှုရှိခဲ့ပါတယ်။  ပျံ့နှံ့နေတဲ့ ဓာတ်ပုံနဲ့ ပို့စ်စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “အသက်လုနေတဲ့ ကလေးလေး မိဘတွေတော့ ရင်ကွဲပါပြီ အားတင်ထားကလေး💔😢 ဘေးကင်းစွာ ထုတ်နိုင်ကြပါစေ 🙏🏻 #myanmar #myanmarearthquake #ငလျင် #မြန်မာ #crdphoto” မူရင်းလင်ခ့် – Original link […]

Continue Reading

Fact Check: ငလျင်လှုပ်အပြီး မြန်မာနိုင်ငံအခြေအနေအဖြစ် AI အသုံးပြုဖန်တီးထားတဲ့ ဗွီဒီယိုပျံ့နှံ့

ငလျင်လှုပ်အပြီး မြန်မာနိုင်ငံအခြေအနေအဖြစ် ထီးတော်မဲ့ ဘုရား ၂ ဆူကြားက အပျက်အစီးများနဲ့ ဖုံးလွှမ်းနေတဲ့ လမ်း ၂ ခုကြားက အဆောက်အဦးတွေကို အမြင့်တနေရာက ရိုက်ကူးထားတဲ့ ဗွီဒီယို တခု လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။  AI အသုံးပြုဖန်တီးထားတဲ့ ဗွီဒီယိုတခု ဖြစ်ပြီး နားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။  မတ် ၂၈ ရက်မှာ မြန်မာနိုင်ငံလှုပ်ခတ်ခဲ့တဲ့ ငလျင်တွေထဲမှာ အပြင်းအထန်ဆုံးတခုဖြစ်တဲ့ ရစ်ချ်တာစကေး ၇.၇ ရှိတဲ့ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့အတော်များများ ထိခိုက်ပျက်စီးခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးမှုရှိခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ ဗွီဒီယိုဟာ ပျံ့နှံ့လာတာဖြစ်တယ်။ မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် တကယ်တမ်းမှာ ဖေ့စ်ဘွတ်၊ x နဲ့ […]

Continue Reading

Fact Check: ငလျင်ဘေးအကူအညီပေးတဲ့ ယာဉ်တွေကို PDF တွေက တိုက်ခိုက်တယ်လို့ သတင်းမှားတွေ စစ်တပ်ဝါဒဖြန့်ချိရေးယန္တယားက ဆက်တိုက်ဖြန့်ချိ

ငလျင်ဘေးအကူအညီပေးနေတဲ့ သူတွေကို ပစ်မှတ်ထားပြီး PDF တွေက တိုက်ခိုက်နေတယ်လို့ဆိုပြီး စစ်တပ်ဝါဒဖြန့်ချိရေးယန္တယားတခုဖြစ်တဲ့ “မှိုင်းဝေ”အမည်နဲ့ တယ်လီဂရမ်အသုံးပြုသူက ဆက်တိုက်ဖြန့်ချိနေတာတွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။    မတ် ၂၈ ရက်မှာ မြန်မာနိုင်ငံလှုပ်ခတ်ခဲ့တဲ့ ငလျင်တွေထဲမှာ အပြင်းအထန်ဆုံးတခုဖြစ်တဲ့ ရစ်ချ်တာစကေး ၇.၇ ရှိတဲ့ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့အတော်များများ ထိခိုက်ပျက်စီးခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးမှုရှိခဲ့မယ်လို့ ခန့်မှန်းရပြီး အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက PDF တွေအနေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ၂ ပတ်ကြာ ရပ်တန့်ထားမယ်လို့ ကြေညာခဲ့ပြီးနောက် အခုလို ဖြန့်ဝေမှုတွေထွက်ပေါ်လာတာဖြစ်တယ်။ တယ်လီဂရမ်ပို့စ်ပါစာသား ကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာကြည့်ပါ။  “မုံရွာမှ စစ်ကိုင်းသို့ ကယ်ဆယ်ရေးသွားတဲ့ ယာဥ်တန်း မြင်းမူနားမှာ အကြမ်းဖက် pdfများမှ ချောင်းမြောင်းတိုက်ခိုက်  မှိုင်းဝေ” […]

Continue Reading

Fact Check: မြန်မာစစ်‌ခေါင်းဆောင်ကို ၂၀၂၆ အစပိုင်းမှာ ဖမ်းစီးနိုင်ဖို့ ကြိုးပမ်းနေ တယ်လို့ AA စစ်ဦးချုပ်ပြောတဲ့ သတင်းတု

မြန်မာစစ်‌ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ၂၀၂၆ အစပိုင်းမှာ ဖမ်းစီးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောတယ်ဆိုတဲ့ ဓာတ်ပုံပို့စ်တခု လူမှုကွန်ယက်မှာ ပျံ့နှံ့မှု အားကောင်းနေ တာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပုံနဲ့အတူ ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “အကြမ်းဖက်သမား မင်းအောင်လှိုင် နဲ့ အပေါင်းပါတွေကို ၂၀၂၆ အစလောက်မှာ ဖမ်းစီးပြီး ရုံးတင်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ် ဟုတ်ကဲ့ ကျနော်တို့ ဖမ်းစီးရမိရင်တော့  ICC ကို လွဲပြောင်းမပေးပါဘူး ကိုယ့်လက်ကိုယ့်ခြေနဲ့  ပြည်သူရှေ့မှာ ပြတ်ပြတ်သားသားအရေးယူပါမယ်” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ရက္ခိုင့်တပ်တော်(Arakan Army)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ x အကောင့်ကို […]

Continue Reading

Fact Check: နစကဖျက်သိမ်းဖို့ သဘောတူလိုက်ပြီး သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်ပြီး အစိုးရဖွဲ့မည်ဆိုတဲ့ သတင်းတု

နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ(နစက)ဖျက်သိမ်းဖို့ သဘောတူလိုက်ပြီး သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်ပြီး အစိုးရဖွဲ့မယ်လို့ဆိုတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေ တာတွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။  “နစက ဖျက်သိမ်းရန် သဘောတူပြီ ဦးသိန်းစိန် ဦးဆောင်ပြီး အစိုးရ ဖွဲ့မည် ကြားဖြတ် သတင်းကြီး နေပြည်တော်မှာ ပျံ့နှံ့” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာတွေလုပ်တဲ့နေရာတခု ဖြစ်တာတွေ့ရတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar  ရဲ့ […]

Continue Reading