Archives

Fact Check: နိုင်ငံကူးလက်မှတ်မှာ မင်းအောင်လှိုင်ပုံ ထည့်သွင်းမယ်ဆိုတာ တကယ်လား- မဟုတ်ပါ

လာမယ့်နှစ်က စပြီး နိုင်ငံကူးလက်မှတ်တွေမှာ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ပုံ ထည့်သွင်းသွား မယ်ဆိုတဲ့ ပြောဆိုချက်တွေ လူမှုကွန်ယက်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ သတင်းမှား တခုဖြစ်တယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သရော်မှုစာတခုက စတင်ခဲ့တာလည်း တွေ့ရတယ်။ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  အလားတူတဲ့ပြောဆိုချက်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “ကိုယ်ရွေးကိုယ်ခန့်သမ္မတ မင်းအောင်လှိုင်သည် လာမည့်နှစ်မှ စ၍ မြန်မာနိုင်ငံကူးလက်မှတ် စာအုပ်တွင် သူ၏ပုံထည့်သွင်း သွားမည်ဖြစ်ကြောင်း ပြော” Original link | Archive link အချက်အလက်စိစစ်ချက် “လာမည့်နှစ်မှ စ၍ မြန်မာနိုင်ငံကူးလက်မှတ် စာအုပ်တွင် သူ၏ပုံထည့်သွင်း သွားမည်ဖြစ်တယ်”သတင်းကို  သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေ ဖော်ပြချက်မရှိပါဘူး။  တကယ်တမ်း လူမှုကွန်ယက်မှာ […]

Continue Reading

Fact Check : ကင်ဂျုံအန်းကို လေဆိပ်အထိ တရုတ်သမ္မတ မိသားစုနဲ့ လာကြိုခဲ့သလား- မဟုတ်ပါ

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း တရုတ်နိုင်ငံလာလည်တုန်းက လေဆိပ်အထိ တရုတ်သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင် မိသားစုနဲ့ လာကြိုခဲ့တယ်လို့ ဆိုပြီး ဓာတ်ပုံပို့စ်တခု လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းနေ တာတွေ့ရတယ်။ မှားယွင်းပြောဆိုမှုတခုသာဖြစ်တယ်။ ကင်ဂျုံအန်းလာရောက်စဉ်မှာ ရှီကျင့်ဖျင်လေဆိပ် ဆင်းကြိုတာမရှိခဲ့ပါဘူး။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  အလားတူတဲ့ ပြောဆိုမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  “မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း လာလည်တုန်းက မိသားစုလိုက် လေဆိပ်အထိ ဖက်လှဲတကင်း လာကြိုခဲ့တဲ့ ရှီကျင့်ဖျင်ဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အလည်လာတဲ့ အခါမှာတော့ ဒုသမ္မတနဲ့ အဖွဲ့ကိုသာ ဧည့်ခံ ကြိုဆိုဖို့ လေဆိပ်ကို စေလွှတ်ခဲ့တာ တွေ့ရပါတယ်။  နိုင်ငံတော်အဆင့် ခေါင်းဆောင်တစ်ဦး လာရောက်မှုကို အိမ်ရှင်နိုင်ငံရဲ့ […]

Continue Reading

Fact Check: ဗြိတိန်ဘုရင်ရဲ့ အကူညီနဲ့ NUG လေယာဉ်၅ စင်းရရှိဆိုတဲ့ သတင်းတု

ဗြိတိန်ဘုရင်ရဲ့ အကူညီနဲ့ လေယာဉ်၅ စင်း NUG ရရှိပြီလို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း နေတာ တွေ့ရပါတယ်။ တော်လှန်ရေးအတွက် ဗြိတိန်နိုင်ငံက လေယာဉ် ၅  စီး ထောက်ပံ့ပေးလိုက်တယ်လို့ NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက တရားဝင်ချပြလိုက်တာလို့လည်း ဆိုထားပါတယ်။ သတင်းတုသာ ဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလိုပြောဆိုမျှဝေထားတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ “စစ်တပ်ကိုတန်ပြန်ဖို့ NUG လေယာဉ်(၅)စင်းရရှိ ဗြိတိန် ဘုရင်ရဲ့ အကူညီနဲ့ လေယာဉ် ရရှိပြီလို့ Dr.Sa Sa ကြေညာ လိုက်ပြီ ၊ စစ်အုပ်စု မျက်ဖြူဆိုက်နေပြီ” Original link | Archive link […]

Continue Reading

Fact Check: မင်္ဂလာဒုံစစ်ဆေးရုံကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်မှု သေဆုံးမှုများပြားဆိုတဲ့  သတင်းတု

မင်္ဂလာဒုံစစ်တပ်ဆေးရုံကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်မှုမှာ မြန်မာစစ်အစိုးရဘက်က အများအပြားထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားတာတွေ့ရတယ်။ သတင်းတုသာဖြစ်တယ်။ ယူကျူ့မှာ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “မင်္ဂလာဒုံ စစ်ဆေးရုံ သွေးချောင်းစီး မင်္ဂလာဒုံ စစ်ဆေးရုံ တက်ခိုက်ခံရ ၊ အရာရှိတွေ အပါဝင် အများပြား သေဆုံး ၊ သွေးချောင်းစီးနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုအစပြသတဲ့ ရုပ်ကတ်စာသားဓာတ်ပုံရော ဗွီဒီယိုထဲအသံဖိုင်နဲ့ ဖတ်ကြားမှုမှာပါ တော်လှန်ရေးတပ်ဖွဲ့တွေက မင်္ဂလာဒုံစစ်တပ်ဆေးရုံကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် အများအပြား သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။  ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ စစ်တပ်ဆေးရုံတိုက်ခိုက်ခံရတယ်ဆိုတဲ့ သတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာဖြစ်စေ […]

Continue Reading

Fact Check: ဂျိုရှုအာဗန်ကို ထရမ့်က ဂုဏ်ပြုလက်မှတ်ပေးအပ်တဲ့ ဓာတ်ပုံဟာ ပြုပြင်ပြောင်းလဲထားခြင်းဖြစ်

UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကာကွယ်ထိုးသတ်မှုမှာ အနိုင်ရပြီး ၂ ထပ်ကွမ်းချန်ပီယံဖြစ်လာတဲ့ ဂျိုရှုအာဗန်ကို သမ္မတထရမ့်က ဂုဏ်ပြုလက်မှတ်ပေးအပ်နေတဲ့ ဓာတ်ပုံဆိုပြီး ဓာတ်ပုံတပုံ လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံသာ ဖြစ်တယ်။ မေ ၁၀ ရက်က အမေရိကန်မှာ ကျင်းပတဲ့ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံကာကွယ်ပဲမှာ မြန်မာနိုင်ငံ ချင်းပြည်နယ်ဖွား အမေရိကန်နိုင်ငံသား ဂျိုရှုအာဗန်(Joshua Van)က ဂျပန်နိုင်ငံသား လက်ဝှေ့သမား တက်ဆုရိုတိုင်ရာ(Tatsuro Taira)ကို အနိုင်ရရှိခဲ့ပါတယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော ပျံ့နှံ့မှုအား‌ကောင်းနေတဲ့ ဒီလိုပြောဆိုဖြန့်ဝေ ထားတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တခြား တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  “နှစ်ထပ်ကွန်း ချန်ပီယံကြီး ဗန်ကို အမေရိကန် သမ္မတကြီး ထရန့်ကိုယ်တိုင် […]

Continue Reading

Fact Check : ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝမ်ယိ တွေ့ဆုံမှု ဗွီဒီယိုဟာ AI အသုံးပြု ဖန်တီးထားခြင်းဖြစ်တယ်

နေပြည်တော်မှာ အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ တွေ့ဆုံမှု CCTV မှတ်တမ်း ဗွီဒီယိုလို့ဆိုပြီး ဗွီဒီယိုတခု လူမှုကွန်ယက်မှာ ဒီရက်ပိုင်းအတွင်း ပျံ့နှံ့လာတာ တွေ့ရတယ်။ ဉာဏ်ရည်တု(AI)နည်းပညာအသုံးပြု ဖန်တီးထားတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရတယ်။ နေပြည်တော် ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝမ်ယိတို့ တွေ့ဆုံခဲ့တယ်လို့ ဧရာဝတီသတင်းဌာနက ‌ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းဖော်ပြခဲ့အပြီးမှာလည်း ဒီလိုပြောဆိုထားတဲ့ ဗွီဒီယိုတွေ ထွက်ပေါ်လာတာပဲဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  တူညီတဲ့မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။  “ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေး ဝမ်ရိတွေ့ဆုံမှု CCTV မှတ်တမ်း” Original link | Archive link အချက်အလက်စိစစ်ချက် ဧရာဝတီသတင်းဌာနက မေ ၂ ရက်မှာဖော်ပြခဲ့တဲ့ သတင်းကလွဲလို့ ဧပြီ ၂၅ ရက်က […]

Continue Reading

Fact Check: အမေရိကန်လေယာဉ်တင်သင်္ဘောကို IRGC တိုက်ခိုက်မှု ဗွီဒီယိုလား -မဟုတ်ပါ

ဟော်မုဇ်(Hormuz)ရေလက်ကြားကို ဖြတ်သန်းရန်ကြိုးစားစဉ် အမေရိကန် လေယာဉ်တင် သင်္ဘော‌ကို အီရန်ရဲ့ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တဲ့ ဗွီဒီယိုလို့ဆိုပြီး ဗွီဒီယိုပို့စ်တခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတာ တွေ့ရပါတယ်။ သတင်းမှား တခုဖြစ်တယ်။  အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။   “အီရန်ရဲ့ IRGC က အမေရိကန်ရေတပ်သင်္ဘော ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရန်ကြိုးစားစဉ် ဒုံးကျည် ၂ စင်းဖြင့် ပစ်ခတ်ခဲ့သည်။” Original link | Archive link အချက်အလက်စိစစ်ချက် Google မှာပုံရှာနည်းအသုံးပြု ရှာဖွေရာမှာ ဗွီဒီယိုဟာ လက်ရှိ အရှေ့အလယ်ပိုင်းစစ်ရေးဖြစ်ရပ်တွေနဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရပါတယ်။ တကယ်တမ်းမှာ ဒီဗွီဒီယိုပါမြင်ကွင်းတွေကို ၂၀၁၆ ခုနှစ်ကတည်း အင်တာနက်မှာ တွေ့ရပြီး အမေရိကန်ရဲ့ […]

Continue Reading

Fact Check: မင်္ဂလာဒုံလေတပ်ကို NUG အထူးတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်မှု အများအပြားသေဆုံးတဲ့ သတင်းတု

မင်္ဂလာဒုံလေတပ်ကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) အထူးကွန်မန်ဒိုတပ်တွေက တိုက်ခိုက်မှု အဆင့်မြင့်အရာရှိတဦးအပါအဝင် လေတပ်အရာရှိအများအပြား သေဆုံးသွားတယ်လို့ ဆိုပြီး ယူကျူ့ချန်နယ်တခုက ဖြန့်ဝေနေတာဟာ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “မင်္ဂလာဒုံလေတပ် သွေးချောင်းစီးနေပြီ NUG အထူးကွန်မင်ဒိုတပ်ဖွဲ့မှ တိုက်ခိုက် ၊ လေတပ် ချုပ်အပါဝင် အရာရှိအများပြား သေဆုံး” Original link | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်က ဖော်ပြချက်ထဲမှာ “ရန်ကုန်မြို့၊ မင်္ဂလာဒုံရှိ လေတပ်အခြေစိုက်စခန်းတစ်ခု ယနေ့မနက်ပိုင်းတွင် ပြင်းထန်စွာ တိုက်ခိုက်ခံခဲ့ရပြီး လေတပ်အရာရှိများ အပါအဝင် လူသေဆုံးမှုများပြားကာ အဆောက်အဦးများစွာ ပျက်စီးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များအရ သိရပါသည်။ မနက် ၄ […]

Continue Reading

Fact Check:စစ်တပ်ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ဝန်ခံချက်ဆိုတဲ့ အသံဖိုင် သတင်းတု

ရာထူးကဖြုတ်ချခံရတဲ့ စစ်တပ်ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ဝန်ခံချက်ဆိုပြီး အရပ်ဘက်အသွင်းပြောင်းအစိုးရခေါင်းဆောင် တဖြစ်လဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဏာရူးသူအဖြစ် ဝေဖန်ထားတဲ့ အသံဖိုင်တခု ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းတု ဖြန့်ချိ နေခြင်း သာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဗွီဒီယိုပုံစံနဲ့ဖော်ပြထားတဲ့ အသံဖိုင်ထဲမှာတော့ စစ်ခေါင်းဆောင် အလိုကျ သူက သတင်းစာရှင်းလင်းပွဲတွေမှာ လိမ်ညာပေးခဲ့ရပေမဲ့ သူ့လို သစ္စာရှိတဲ့ သူကိုတောင် အချိန်တန်ရင် ချနင်းတတ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အာဏာမက်ပြီး ဘယ်သူ့ကိုမဆို ချနင်းဖို့ ဝန်မလေးတဲ့အကြောင်း အဓိက အားဖြင့် ပြောကြားထားတယ်။   “ဗိုလ်ချုပ်ဇော်မင်းထွန် ပြည်သူကိုတောင်းပန်နေတဲ့ရုပ်သံ” (မူရင်းအရေးအသား) Original link | Archive link ဒီအသံဖိုင်ကို  ဒီနေရာမှာလည်း တွေ့ရတယ်။ အချက်အလက်စိစစ်ချက် စစ်တပ်ဝါဒဖြန့်ချိရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့နဲ့ ပတ်သက်တဲ့ AI ပြုလုပ်ချက် ဓာတ်ပုံတွေ ဖြစ်တယ် 

သမ္မတ ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းလဲကြောင်း စစ်တပ်အသွင်ပြောင်း အစိုးရက ကြေညာပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အရာရှိတွေအကြား တွေ့ဆုံမှု စောင့်ကြည့်ကင်မရာကတဆင့် မြင်ရတဲ့ မှတ်တမ်းဓာတ်ပုံ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို အကျဉ်းထောင်ကနေ ခေါ်ထုတ်လာဟန် ဓာတ်ပုံတွေ နောက်ဆက်တွဲအနေနဲ့ ပျံ့နှံ့လာခဲ့ပါတယ်။  ဓာတ်ပုံတွေဟာ ဉာဏ်ရည်တု(Artificial Intelligence-IA)နည်းပညာအသုံးပြု ဖန်တီးထားတဲ့ ဓာတ်ပုံတွေသာဖြစ်တာ တွေ့ရပါတယ်။   စစ်အသွင်းပြောင်းအစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ထားတဲ့ နေအိမ်ကနေ ပြစ်ဒဏ်တွေ ကျခံရမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အသွင်ပြောင်းအစိုးရအရာရှိတွေ တွေ့ဆုံစကားပြောတဲ့ ဓာတ်ပုံတပုံလည်း ထုတ်ပြန်ခဲ့ပါတယ်။  ‌  အောက်ပါစခရင်ရှော့ဓာတ်ပုံကတော့ ‌လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အသွင်းပြောင်း အစိုးရ အရာရှိတွေအကြား တွေ့ဆုံမှု CCTV မြင်ကွင်း ဓာတ်ပုံလို့ ဆိုထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ဖြစ်တယ်။  Original link […]

Continue Reading