Fact Check; နိုင်ငံခြားသံရုံးတွေအနေနဲ့ ပြည်တွင်းရေးကို ဝင်မစွတ်ဖတ်ဖို့နဲ့ ကျင့်ဝတ်လိုက်နာဖို့ တပ်မတော်သတိပေးတယ်ဆိုတဲ့ သတင်းအမှား

နိုင်ငံခြားသံရုံးတွေက သံတမန်တွေအနေနဲ့ သံတမန်ကျင့်ဝတ်နဲ့အညီပြောဆိုဆက်ဆံဖို့နဲ့ မြန်မာနိုင်ငံဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ပြီး တခြားနိုင်ငံတွေရဲ့ လက်အောက်ခံနိုင်ငံမဟုတ်တာကြောင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း တပ်မတော်က သတိပေးလိုက်တယ်ဆိုတဲ့ကြောင်း ရွတ်ဖတ်ပြထားတဲ့ ရုပ်သံဖိုင်တစ်ခု ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “နိုင်ငံခြားသံရုံးများသို့ သဘောထားကြေငြာချက်များ”လို့ ခေါင်းစဉ်တပ်ထားပြီး “Statements from foreign embassies.Office of the Commander-in-Chief of the Armed Forces Commander-in-Chief of the Armed Forces from (Ka Ka Kyi) A warning was issued immediately.Our country is a sovereign state, so that foreign embassies can communicate […]

Continue Reading

Fact Check: ဦးသန်းဌေးကို ပဲခူးမြို့က ကြိုဆိုတဲ့ ဆိုင်းဘုတ်လား- မဟုတ်ပါ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွဲ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးကို ပဲခူးမြို့က ဝန်းရံပြည်သူတွေက ကြိုဆိုကြောင်း ဦးသန်းဌေးပုံနဲ့ ဆိုင်ဘုတ်ထောင်ထားတဲ့ ဓာတ်ပုံပို့စ်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ပြန်လည်မျှဝေတာ၊ ပြန်လည်ကူးယူဖော်ပြနေတာတွေ့ရပါတယ်။ ဒီပုံကို “ဒီပိုစတာလေးတွေ့တော့… ရင်ထဲမှာကြည်နူးမိတယ်…. ပဲခူးက မျိုးချစ်လူငယ်တွေကိုလည်း ကျေးဇူးတင်မိတယ်… သူတို့လေးတွေ အရဲစွန့်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်လိုက်တာလို့ မြင်မိပါတယ် အရမ်းကြီးလည်း အရဲမစွန့်ကြပါနဲ့ တောသားတွေ ရန်ရှာလိမ့်မယ်”လို့ အညွန်းတက်ထားတာ တွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေ နားလည်မှုလွဲစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာမျှဝေ ထားတာကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီပုံနဲ့ပတ်သက်ပြီး အချက်အလက်စစ်ဆေးကြည့်မယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်လောက်အောင် အနိုင်မရရှိခဲ့တာကြောင့် […]

Continue Reading

Fact Check: NLDထောက်ခံပွဲလုပ်သူတွေ သုံးပြီးသားတွေကို လမ်းဘေးမှာ စည်းကမ်းမဲ့ ပစ်ထားခဲ့တယ်လို့ ဖော်ပြနေတဲ့ ပုံအမှား

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ ပလတ်ဖောင်းဘေးမှာ စားသားတချို့ရေးသားထားတဲ့ အနီရောင်ဗွီနိုင်းစတွေ ဖြန့်ခင်းထားတဲ့ ပုံတစ်ပုံကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီ ထောက်ခံပွဲလုပ်သူတွေစည်းကမ်းမရှိပဲ ထောက်ခံပွဲက ဗီနိုင်းတွေကို လမ်းပေါ်မှာပစ်ထားခဲ့တယ်လို့ ရေးသားထားတဲ့ပုံကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက် ပေါ်မှာ ရေးသားမျှဝေနေတာ တွေ့ရပါတယ်။ ဒီပို့စ်မှာ အနီရောင်အောက်ခံမှာ အဖြူရောင်စားသားတချို့ရေးသားထားတဲ့ ဗွီနိုင်းစတွေကို အလပ်ဖောင်ဘေးမှာ ဖြန့်ခင်းထားတဲ့ ပုံတစ်ပုံကို “ရန်ကုန်မြို့တွင် ယမန်နေ့က NLD အုပ်စုအားထောက်ခံကြောင်းပြသခဲ့သည့် လူအုပ်စုသည် ၎င်းတို့ကိုင်ဆောင်သော ပိုစတာများအား လူအများသွာလာသည့် လမ်းများပေါ်တွင် စည်းကမ်းမဲ့ပစ်ချပြီး လူစုခွဲသွားကြောင်းသိရသလို ၎င်းတို့လုပ်ရပ်အား ပူးပေါင်ပါဝင်ခြင်းမရှိသည့် ပြည်သူလူထုအားလည်း ခြိမ်းခြောက်ပြောဆိုမှု့တွေပြုလုပ်သွားတယ်လို့သိရပါတယ်။”လို့ အညွှန်းတပ် ရေးသားထားပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အဲ့ဒီ့ပို့စ်ပါ ပုံကို Zoomဆွဲပြီး […]

Continue Reading

Fact Check: NLDပါတီ ဗဟိုကော်မတီအစည်းဝေးကနေ ဦးဝင်းထိန်အုပ်စုထွက်သွားတယ်ဆိုတဲ့သတင်းအမှား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီရဲ့ ပြီးခဲ့တဲ့ ၂၄ရက်နေ့ကကျင်းပခဲ့တဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ ဝန်ကြီးချုပ်တာဝန်ယူထားသူတွေနဲ့ ပါတီတာဝန်ယူထားသူတွေအကြား အကြိတ်အနယ်ဖြစ်ခဲ့ပြီး အစည်းဝေးမပြီးခင် ဦဝင်ထိန်လူတွေက အစည်းအဝေးမပြီးခင် ထွက်လာခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ပေါ်မှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “နေပြည်တော်မှာ ယနေ့ကျင်းပနေတဲ့ NLD ဗဟိုပါတီဝင်များအစည်းအဝေးမှာ ၊ ဝန်ကြီးချုပ်တာဝန်ယူ ထားသူတွေနဲ့ ပါတီတာဝန်ယူထားသူတွေအကြား အကြိတ်အနယ်ဆွေးနွေးမှု့တွေလုပ်အပြီး ၊ ဦးဝင်းထိန်အုပ်စုမှ လူအများစု အစည်းဝေးခန်းမထဲကထထွက်သွားကြတယ်လို့သိရပါတယ် ၊ ထိုသို့အကြိတ်အနယ်ဆွေးနွေးမှု့မှာ ငွေကြေးကိစ္စနှင့် မဲမသမာမှု့ကိစ္စများအကြောင်းဖြစ်နိူင်တယ်လို့ NLD အုပ်စုကို အနီးကပ်လေ့လာနေသူများက သုံးသပ်ကြောင်းသိရပါတယ်။ (ကျွန်တော် သူတို့နဲ့အနီးဆုံးနေရာမှာရှိနေပါတယ်)”လို့ ရေးသားထားတာ တွေ့ရပါတယ်။ ဒီပို့စ်ကို ဒီနေရာ ဒီနေရာနဲ့  ဒီနေရာတွေမှာ ပြန်လည်ကူးယူဖော်ပြတာတွေ့ရပြီး မူရင်းပို့စ်ကိုတော့ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link […]

Continue Reading

Fact Check: မဲရုံမှူးဆရာ/မတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ကိုယ်စားလှယ်လောင်းတွေနဲ့ ဝန်ကြီးချုပ်တွေကို ၂၃ရက်နေ့မှာ ဖမ်းမယ်ဆိုတဲ့ သတင်းအမှား

မဲရုံမှူး၊ မဲရုံစောင့်ဆရာ၊ ဆရာမတွေ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ကိုယ်စားလှယ်လောင်းတွေနဲ့ ဝန်ကြီးချုပ် တွေကို ဇန်နဝါရီလ ၂၃ရက်နေ့မှာ သက်ဆိုင်ရာရဲစခန်းကနေ ဝရမ်းထုတ်ပြီး ဖမ်းဆီးမယ်လို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်မှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီပို့စ်အပြည့်အစုံကတော့ “ဘာထူးလဲမေးနေသူတွေအတွက်ပါ။ (၂၃-၀၁-၂၀၂၁)မှာလူဖမ်းပွဲစမယ်၊ အပြစ်ရှိသူ အားလုံးကို သက်ဆိုင်ရာရဲစခန်းတွေက ဝရန်းထုတ်ပြီးဆင့်ခေါ်လိမ့်မယ်၊ မိမိအမှားကို ဝန်ခံသူတွေအတွက် သက်သာရာရမယ် ၊ အမှားဝန်မခံသူတွေကို သူတို့ကျူးလွန်ခဲ့တဲ့အထောက်အထားတွေကို ဓါတ်ပုံ ဗီဒီယိုသက်သေ တွေနဲ့ ထုတ်ပြလိမ့်မယ်၊ အနဲဆုံးပြစ်ဒဏ် (၃)နှစ်ကနေ (၅)နှစ်အထိကျခံရနိူင်တယ်၊ ဆရာ/ဆရာမ အယောက် တသောင်းကျော်၊ မဲရုံမှူး၊ မဲရုံတာဝန်ရှိသူရပ်ကျေးအုပ်ချုပ်သူ အယောက်တသောင်းကျော်၊ ကိုယ်စာလှယ်လောင်း တရာကျော်၊ ဝန်ကြီးချုပ် (၈)ယောက်၊ အခြားကူညီပံ့ပိုးသူ နှစ်သောင်းကျော် ပါတယ်လို့သိရတယ် ၊ ဒီလောက်ပါဘဲ ၊ ဆက်လက်စုံစမ်းနေပါတယ်။”လို့ ရေးသားထားပါတယ်။ ဒီပို့စ်ကိုပဲ ဒီနေရာ ဒီနေရာနဲ့ […]

Continue Reading

Fact Check: မိုးကုတ်မှာ ပြည်တန်ပတ္တမြားတစ်လုံး ပေါ်ထွက်တယ်ဆိုတဲ့ သတင်းအမှား

မိုးကုတ်မြို့မှာ ပတ္တမြားငမောက်တလုံးတွေ့ရှိပြီး ဒါဟာလက်ရှိအစိုးရရဲ့ ဘုန်းကံကြောင့်ပေါ်ထွက်လာတာ ဖြစ်တယ်လို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီပို့စ်မှာတော့”ဒီတစ်ခါ ငမောက်ပတ္တမြား မြန်မာပြည်က ဘုရင်မ အတွက်ပဲ ”လို့ ခေါင်းစဉ်တပ်ထားပြီး “မိုးကုတ်မြေမှ နောက်ထပ်ပတ္တမြားငမောက် ထွက်ပေါ်ဘုန်းကံကြီးမားပြီး တရားစောင့်တဲ့၊ မင်းကောင်းမင်းမြတ်တွေလက်ထက်မှာ မြေအောက်ထဲက အဖိုးတန်တဲ့ကျောက်မျက်ရတနာတွေ မြေပေါ် ပေါ်ထွက်လာရတယ်လို့ ယုံကြည်စကား ရှိကြပါတယ်။ အခုလည်း မိုးကုတ်မြေကနေ အလွန်တစ်ရာမှ အဖိုးထိုက်တန်မယ့် ပတ္တမြားကြီးတစ်လုံး ထွက်ပေါ်လာခဲ့ပြန်ပါပြီ။ ကာရက် ၉၀ကျော်တဲ့ပတ္တမြားကြီးတစ်ပွင့်ကို မိုးကုတ်မှာ တူးဖော်ရရှိလို့ သက်ဆိုင်ရာဆီအပ်နှံလိုက်ပါပြီ … တဲ့။ မြန်မာ့သမိုင်းမှာ နာမည်ကျော် ပတ္တမြားငမောက်ကြီးဟာ မိုးကုတ်မြေက ထွက်ခဲ့တာပါ။ အခု…အေမစု လက်ထက်မှာ တွေ့ရှိတဲ့ ပတ္တမြားကြီးကရော နောက်ထပ်ပတ္တမြားငမောက်လို့ ပြောရလေမလား? ပတ္တမြားငမောက်အကြောင်း ဖတ်ဖူးခဲ့သလောက် ရတီ ၉၀ကျော်ပဲရှိတယ်ဆိုတော့ ၈၂ကာရက္နီးပါးပဲရှိနေပါတယ်။ အခုက […]

Continue Reading

Fact Check: အမေရိကန်လွှတ်တော်ကိုဝင်ရောက်စီးနင်းမှုလိုမျိုး နောက်တကြိမ်ထပ်ဖြစ်တယ်ဆိုပြီး ရေးသားတဲ့ ဗွီဒီယိုအမှား

စစ်သားတွေနဲ့ လူထုကြားပဋိပက္ခဖြစ်ပွားနေတဲ့ဗွီဒီယိုဖိုင်ကို ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းက ဖြစ်ပွားတဲ့ အမေရိကန်လွှတ်တော်အဆောက်အအုံကို သမ္မတဒေါ်နယ်ထရန့်ထောက်ခံသူတွေ ဝင်ရောက်စီးနင်းခဲ့တဲ့ဖြစ်စဉ်လို အလာတူဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားတယ်ဆိုပြီး ရေးသားကာ လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာ တွေ့ရပါတယ်။ ဒီဗွီဒီယိုဖိုင်ကို “American မှာ ထပ်ပြီး ပွဲဆူနေပြီ Joe Biden ၏ ရာဇဝတ်မှုများကို ဖော်ထုတ်ထားဟု ကြားသိရ”လို့ အညွှန်းတပ်ပြီး သမ္မတဒေါ်နယ်ထရန့်ထောက်ခံသူတွေ အမေရိကန်လွှတ်တော်အဆောက်အအုံကို ဝင်ရောက်စီးနင်းခဲ့တဲ့ဖြစ်စဉ်လို အလာတူဖြစ်စဉ်မျိုးအဖြစ် ပုံဖော်ရေးသားထားပါတယ်။ အောက်ကပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ဒီလိုရေးသားနေတာနဲ့ပတ်သက်ပြီး ဇန်နဝါရီလ ၆ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ သမ္မတထရန့်လိုလားသူတွေက အမေရိကန်လွှတ်တော်ကို ဝင်ရောက်စီးနင်းသလို နောက်ထပ်ဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားတယ်ဆိုတာမျိုး နိုင်ငံတာသတင်းမီဒီယာတွေမှာ ဖော်ပြတာမျိုး မတွေ့ရပါဘူး။ ဒီဗွီဒီယိုရဲ့ ညာဘက်အပေါ်ဒေါင့်မှာပါတဲ့ RTဆိုတဲ့ […]

Continue Reading

Fact Check: NLDက သမ္မတအဖြစ်တင်မြှောက်မဲ့ ဒေါက်တာတင်မျိုးဝင်းဟာ မွတ်ဆလင်ဘာသာဝင် ဖြစ်တယ်ဆိုတဲ့ သတင်းအမှား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီက သမ္မတအသစ်အဖြစ်တင်မြှောက်မဲ့ ဒေါက်တာတင်မျိုးဝင်းဟာ မွတ်ဆလင်ဘာသာဝင်တစ်ယောက်ဖြစ်ပြီး မွတ်ဆလင်ဆေးရုံအုပ်ကြီးလည်းဖြစ်တယ်ဆိုတဲ့ ပို့စ်ဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားနေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ Screenshotရိုက်ထားတဲ့ ပုံအတွင်းမှာ “သမ္မတအဖြစ် လျာထားခံရတဲ့ ဒေါက်တာတင်မျိူးဝင်း၊ ဆေးတက္ကသိုလ် ၁ ကနေဘွဲ့ရရှိပြီး အသက် ၇၀ ဖြစ်ပါတယ်။ မွတ်စလင်ဆေးရုံးရဲ့ ဆေးရုံအုပ်ဖြစ်ပါတယ်”လို့ ရေးသားထားတဲ့ စာပြီး ဒီScreenshotရဲ့ အညွှန်းကိုတော့ “ထိုင်းနိုင်ငံကာချုပ်နေရာထိ မွတ်တေ ထိုးဖေါက်နေရာယူခဲ့တယ်၊ ထိုင်းဗုဒ္ဓဘုရင်ကို နန်းချမယ်အော်ဟစ်ခါ၊ မွတ်ဘာသာဝင်ကူးပြောင်းဖို့ အစီစဉ်ဆွဲခဲ့တယ်၊ ခုတော့ ထိုင်းနိုင်ငံခမျာ ဘုရင်ကမွတ်၊ ကာချုပ်ကမွတ် လာမဲ့မျိုးဆက်သစ် မွတ်ဘုရင်အကူးပြောင်းမှာ တူရဂီက အာတိုဂန်လို အခြားဘာသာဝင်များ မွတ်ဘာသာကူးပြောင်းရန်အမိန့်ထုတ်၊ မကူးလျှင် 1962အင်ဒိုနီးရှားလို နနံနက်6နာရီ ကြေကွဲစရာအဖြစ်မျိုး ကြုံလာရမှာဧကန်ပါ၊ အရှေ့တောင်အာရှမှာ မြင်နေရတဲ့သာဓတေရှိပါလျှက်၊ မြန်မာတေဇွတ်မိုက်ကြမယ်၊ ထိမ်းသိမ်းကြရမဲ့သူတေလဲ တာဝန်မကြေဘူးဆိုရင် လာမဲ့မြန်မာ့အနာဂ […]

Continue Reading

Fact Check: ထိုင်းဘုရင်မူဆလင်ဘာသာကို ကူးပြောင်းလိုက်ရတယ်ဆိုတဲ့ သတင်းအမှား

ထိုင်းဘုရင်ကြီး မူဆလင်ဘာသာကိုကူးပြောင်းလိုက်တယ်ဆိုတဲ့ ရေးသားချက်နဲ့အတူ ဘာသာရေးဆရာတစ်ဦးမှ ရွတ်ဖတ်နေတဲ့ ဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီဗွီဒီယိုဖိုင်နဲ့အတူ “ထိုင်းတပ်မတော်ထဲကို မွတ်တို့ ဗုဒ္ဓဘာသာဟန်ဆောင်ဝင်လာခဲ့တယ်၊ ကာချုပ်အဆင့်ရောက်တော့မှ မွတ်ဆိုတာကိုယ်ထင်ပြတယ် ဘာမှမတတ်နိုင်၊ ထိုင်းမှာ မွတ်အင်အားကြီးထွားလာ၊ ဗုဒ္ဓဘာသာချိုးနှိမ်ကျော်တက်လာ၊ နောက်ဆုံးဗုဒ္ဓကိုးကွယ်ဘုရင်ကြီးကိုဖြုတ်ချ မွတ်နိုင်ငံထူထောင်ဖို့ အထိဂရုံးတေဖြစ်၊ ကာချုပ်က မွတ်တေဘက်က အဲတော့ဘုရင်ကြီး မွတ်ဘာသာပြောင်းမလား၊ နန်းချခံမလား၊ အဲတော့ ထိုင်းဗုဒ္ဓဘာသာဘုရင်ကြီး ထီးနန်းထိမ်းသိမ်းဖို့ မွတ်ဆလင်ဘာသာကူးပြောင်းလိုက်ရရှာ၊ ဤတွင် ထိုင်းဗုဒ္ဓနိုင်ငံ အစ္စလမ်နိုင်ငံအဖြစ်ကူးပြောင်း. ဗုဒ္ဓခံတပ်ပြိုလေသတည်း၊ ျမန္မာတို့ဘယ္လဲဘာလဲ”လို့ အညွှန်းတပ်ထားတာတွေ့ရပါတယ်။အောက်ပါလင့်ခ်မှာဝင်ရောက်လေ့လာနိုင်ပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် အခုလိုရေးသားထားတဲ့ဗွီဒီယိုဖိုင်ကို Googleမှာ InVIDဆော့လ်ဝဲနဲ့ အချက်အလက်စစ်ဆေးရာမှာတော့ ဒီဗွီဒီယိုင်ဖိုင်ဟာ Youtubeချန်နယ်တစ်ခုဖြစ်တဲ့ THAITV2 က ထိုင်းဘုရင်နဲ့ မိဖုရားတို့ သဘာပတိ အဖြစ်တက်ရောက်ချီးမြှင့်တဲ့ […]

Continue Reading

Fact check: ဒေါက်တာနန္ဒလှမြင့်က ဦးဇော်ဌေးကို တရားစွဲမယ်ဆိုတဲ့ သတင်းအမှား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးကို တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာ တွေ့ရပါတယ်။ ဒီပို့စ်အပြည့်အစုံမှာ “#ဦးဇော်ဌေးအားအရေးယူမည်ဟုသိရ သမ္မတဦးဝင်းမြင့်နှင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းတို့သည် ရွေးကောက်ပွဲတွင် ဥပဒေမဲ့လုပ်ရပ်များရှိခဲ့သည်ဟုဆိုကာ အတိုက်အခံပါတီများက စာချွန်တော်လျှောက်ထားမှုအပေါ် ဥပဒေနှင့်ညီခြင်း၊ မညီခြင်းကို တရားလွှတ်တော်ချုပ်မှ ဆုံးဖြတ်ရမည်ဖြစ်ပြီး သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ တာဝန်မဟုတ်ကြောင်း ထို့ပြင် ပြောရန်မသင့်တဲ့ ဥပဒေမဲ့စကားများကို ပြောကြားခဲ့သည့်အတွက် ဦးဇော်ဋ္ဌေးအား အရေးယူသွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါတယ်။ Nay Thurain It is learned that action will be taken against # Zaw Htay President Win Myint and Election Commission Chairman […]

Continue Reading