Fact Check: သမ္မတဦးဝင်းမြင့်ကို တရားစွဲလို့ အမှုရင်ဆိုင်ဖို့ ဆင့်ခေါ်တာလား- မဟုတ်ပါ

၂၀၂၀ရွေးကောက်ပွဲမှာ မဲမသမာမှုတွေပြုလုပ်တာကြောင့် နိုင်ငံတော်သမ္မတဦးဝင်မြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြည်ထောင်စုတရားလွှတ်တော်ရုံးက ဇန်နဝါရီလ ၂၅ရက်နေ့မှာ အမှုရင်ဆိုင်ဖို့ ဆင့်ခေါ်ထားတယ်ဆိုပြီး RFM (Radio Free Myanmar)တံဆိပ်နဲ့ ရေးသားထားတာကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ပေါ်မှာ ပြန်လည်ကူးယူတာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “သမ္မတဝင်းမြင့်ပထမဆုံးသူခိုးအဖြစ်သမိုင်းဝင်ပြီ”လို့ ခေါင်းစဉ်တပ်ထားကာ RFM (Radio Free Myanmar)တံဆိပ်နဲ့ရေးသားထားတာကို ယခုလိုပြန်ရေးသားထားပါတယ်။ “၂၀၂၀ ရွေးကောက်ပွဲတွင် မဲများကို ပက်ပက်စက်စက်ခိုးမှု့များ ပေါ်ပေါက်၍ ၎င်းခိုးမှု့အတွက် အဓိကတရားခံများဖြစ်သောသူခိုးများကို ပြည်ထောင်စု တရားလွှတ်တော်ရုံးက အမှု့ဆင့်ခေါ်စာထုတ်ပြန်၍ ၂၅-၁-၂၀၂၀ နေ့တွင် Zoom meeting မှ တဆင့်အမှု့ရင်ဆိုင်ဖို့ ဆင့်ခေါ်လိုက်ပြီဖြစ်သည်။ ထို့ကြောင့် သမ္မတဝင်းမြင့်နှင့်အဖွဲ့သည် မြန်မာ့သမိုင်းတွင် ပထမဆုံးသူခိုးအဖြစ် သမိုင်းဝင်ပြီဖြစ်သည်။ “မဲခိုးတယ်ဆိုတာကို လူတွေကပေါ့ပေါ့လေးနားလည်တဲ့သဘောရှိနေတယ်။ တကယ်က မဲခိုးတယ်ဆိုတာက နိုင်ငံသားတွေရဲ့အနာဂါတ်ကိုခိုးတာလေ၊ ကိုယ့်ကိုမထောက်ခံဘဲ […]

Continue Reading

Fact Check: ဝက်လက်ရွေးကော်က ၂၀၂၀မဲလက်မှတ်တွေကို ၂၀၁၅မဲလက်မှတ်တွေနဲရောပြီး ဖျတ်ဆီးလိုက်တယ်ဆိုတဲ့ သတင်းအမှား

ယခုရက်ပိုင်းအတွင်းမှာ မဲစာရင်းနဲ့ မဲစာရွက်အထောက်အထားတွေ မီးရှို့ဖျက်ဆီးတဲ့ ပို့စ်တွေ လူမှုကွန်ယက်မှာ မျှဝေမှုအားကောင်းနေတာတွေ့ရပါတယ်။ ယင်းတို့အထဲမှာ  စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ၂၀၁၅ရွေးကောက်ပွဲက မဲလက်မှတ်တွေနဲ့ စာရွက်စာတမ်းတွေကို ထိန်းသိမ်းဖို့နေရာအခတ်ခဲရှိတာကြောင့် ဇန်နဝါရီလ ၆ ရက်နေ့က မီးရှို့ဖျတ်ဆီးရာမှာ ၂၀၂၀ရွေးကောက်ပွဲက မဲလက်မှတ်တွေနဲ့ စာရွက်စာတမ်းတွေကို ရောပြီး ဖျက်ဆီးလိုက်တယ် ဆိုတဲ့ ပို့စ်ဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ ဒီပို့စ်မှာ”***ရွှေမြင်သာအမှိုက်ကျင်း ကတောက်ခေါက်သံ***စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် **ဝက်လက်မြို့** 6-1-2021 နေလည် ဆယ့်တစ်နာရီ ကျော်မှာ ရွေးကောက်ပွဲ ကော်မရှင်မှ ၂၀၁၅ရွေးကောက်ပွဲ မဲလက်မှတ်များ မီးရှော့ဖျတ်စီးရာတွင် မဲလက်မှတ်များထည့်ထားသော ပီနံအိပ် ၃၂၇ အိပ်ထဲမှ ၂၀၂၀ ရေးထိုးထားသော ချိတ်ပိတ်ထားသည့် ပီနံအိပ် ၂၈ အိပ်ပါဝင်နေပါသည်။ အသည်းကြားကမဲတစ်ပြားပေါင်းများ စွာထည့်ထားတဲ့ ဒီအိတ်ကြီးတွေက သူဟာသူ […]

Continue Reading

Fact Check: မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုကွန်ကရစ်လမ်းမှာ ဝါးတွေထည့်ပြီး ဖောက်လုပ်သလား

မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုကွန်ကရစ်လမ်း ဖောက်လုပ်ရာမှာ ကွန်ကရစ်အတွင်း သံချောင်းတွေအစား ဝါးလုံးတွေထည့်ပြီး ဖောက်လုပ်တယ်ဆိုပြီး ပုံနဲ့တကွရေးသားထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ပြန်လည်ရေးသားမျှဝေနေတာ တွေ့ရပါတယ်။ ဒီပိုစ်မှာ ဖောက်လက်စကွန်ကရစ်လမ်းရဲ့ လမ်းအတွင်းသားထဲ ဝါးလုံးတွေ စီပြီး ခင်းထားတဲ့ပုံတွေကို “ကချင်ပြည်နယ် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း ခဂရန်းယန်ကျေးရွာမရောက်မှီမှာ ပြုလုပ်ထားတဲ့ လမ်းခင်းနေမှုဖြစ်ပါတယ်။ ဝါးကိုအသုံးပြုပြီး ခင်းလမ်းနေတာဟာ အရည်အသွေးပြည့်မှီပါ့မလား? လမ်းလုပ်ငန်းဆောင်ရွက်ဖို့ စာချုပ်စာတမ်းမှာရော ဒီလိုဝါးအသုံးပြုဖို့ ချုပ်ဆိုတတ်ကြသလား? အစိုးရရဲ့လမ်း တင်ဒါဒီဇိုင်းမှာရော ဒါမျိူးဒီဇိုင်းတွေရှိပါသလား? သိတဲ့သူများ ကျေးဇူးပြု၍ ပြောပေးကြပါ။ လေ့လာချင်လို့ပါဗျ။ အားလုံးကို ကျေးဇူးတင်ပါတယ်။”လို့ ရေးသားထားပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပြီး ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အထက်ပါပို့စ်နဲ့ပတ်သက်ပြီး အဲ့ဒီလမ်းကို ဖောက်လုပ်နေတဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် မဲသမာမှုလုပ်တာကို နိုင်ငံတကာမီဒီယာတွေက ဖော်ပြသလား- မဟုတ်ပါ

၂၀၂၀ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲမသမာမှုလုပ်ရပ်တွေကို နိုင်ငံတကာမီဒီယာတွေက ဖော်ပြနေပြီဆိုပြီး လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “၂၆ . ၁၂ . ၂၀၂၀ ရက်နေ့၊ ၀၈ နာရီ ယနေ့ည နိုင်ငံတကာသတင်းမှာ မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲ မဲ မသမာမှု သတင်း # # # # # ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲခိုးမှုသတင်းဟာ ယနေ့ညမှာ မြန်မာမှ ကမ္ဘာသို့ ပျံ့နှံ့ရောက်ရှိကြောင်းပါတဲ့…”လို့ ရေးသားထားပြီး မြန်မာ့ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ နိုင်ငံတကာမီဒီယာတွေမှာ ဖော်ပြခဲ့တာကို Screenshotရိုက်ကာ ပို့စ်တင်ထားတာကိုတွေ့ရပါတယ်။မူရင်းပို့စ်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ဒီပို့စ်ပါအကြောင်းအရာကိုပဲ ဒီနေရာ ဒီနေရာနဲ့ ဒီနေရာမှာ ပြန်လည်ကူးယူမျှဝေနေတာ တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီပို့စ်မှာပါတဲ့ […]

Continue Reading

Fact Check: သင်္ဃန်းကျွန်းမှာ အစာရေစာပြတ်လပ်သူတွေအဖြစ်ဖော်ပြနေတဲ့ ဓာတ်ပုံအမှား

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ရန်မျိုးအောင်စေတီအနီးမှာရှိတဲ့ ရန်မျိုးအောင်ဘုန်း တော်ကြီးကျောင်းရှေ့မှာ အစာရေစာပြန်လပ်နေတဲ့ ပြည်သူတွေအစားအစာတောင်းနေတယ် ဆိုတဲ့ပုံတွေကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ မျှဝေနေတာတွေ့ရပါတယ်။ အဲ့ဒီပို့စ်မှာ “ရန်ကုန်တိုင်း၊သင်္ကန်းကျွန်းမြို့နယ်အတွင်းမှ အစာရေစာပြတ်လပ်နေသောပြည်သူများ ရန်မျိုးအောင် ဘုန်းတော်ကြီးကျောင်းရှေ့တွင် အစားအစာများရရှိရေးအတွက်ကြိုးစားနေကြစဉ်။”လို့ အညွှန်းတပ်ထားပြီး လူတချို့ ပန်းကန်တွေနဲ့ တန်းစီနေပုံတွေနဲ့ ဘုန်တော်ကြီးတချို့က ဟင်းတွေခတ်ထည့် ပေးနေတဲ့ ပုံတွေကို ပြန်လည်ကူးယူမျှဝေနေတာဖြစ်ပါတယ်။ ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာပြန်လည်မျှဝေနေတာတွေ့ရပါတယ်။  မူရင်းလင့်ခ် – FB Link  |  Archive Link အချက်အလက်စိစစ်ချက် ဒီလိုရေးသားထားသလိုမျိုး ဟုတ်၊ မဟုတ်ကို တိုက်ဆိုင်စစ်ဆေးမယ်ကြည့်မယ်ဆိုရင် ဒီပို့စ်မှာပါဝင်တဲ့ ဘုန်းတော်ကြီးနှစ်ပါးက ဟင်းနဲ့ ထမင်းတွေခတ်ထည့်ပေးနေပြီး လူတွေတန်းစီစောင့်နေတဲ့ နောက်ဆုံးသုံးပုံဟာလည်း လွန်ခဲ့တဲ့သုံးလကျော်လောက်ကတည်းက ဖေ့စ်ဘွခ်လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ဖြစ်သလို ဒီပုံတွေကိုပဲ အစိုးရက အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော် ပြန်လည်ရုပ်သိမ်းခဲ့ရတဲ့ ဆရာတော် […]

Continue Reading

Fact Check: NLDပါတီက ကိုယ်ပိုင်ရဟတ်ယာဉ်နဲ့ ထွက်ပြေးဖို့စီစဉ်နေတယ်ဆိုတဲ့ သတင်းအမှား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီဝင်တွေက ကိုယ်ပိုင်ရဟက်ယာဉ်နဲ့ ထွက်ပြေးဖို့စီစဉ်နေတယ်ဆိုပြီး RFM (Radio Free Myanmar)အမှတ်တံဆိပ်နဲ့ ရေးသားထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ RFM (Radio Free Myanmar)ဆိုတဲ့ အမှတ်တံဆိပ်နဲ့ “NLDတွေ ထွက်ပြေးဖို့ အပြင်းအထန်ပြင်”လို့ ခေါင်းစဉ်တပ်ထားပြီး “ရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးပြီး ၂၀၁၅ ကထက်အင် အနိုင်ရတယ်လို့ မဖြစနိုင်တဲ့စရင်းဇယားတွေနဲ့ အာဏာကို အဓမ္မတည်းဖြင့်ရယူရန်ကြိုးပမ်းခဲ့တဲ့ NLDတွေဟာ တိုင်းပြည်ဘဏ္ဍာ ငွေတွေကို ထင်တိုင်းသုံးပြီး ကိုယ်ပိုင်ရဟတ်ယာဉ်များနှင့် ထွက်ပြေးအပြင်းအထန်ပြင်ဆငင်နေကြောင်း လူမှု့ကွန်ယက်တွင်ပြောဆိုနေကြသည်။ ဒေါ်လာသန်းပေါင်းများစွာတန်သော Leonard အမျိုးအစားရဟတ်ယာဉ်နောက်ထပ် ၂စီးကို ဒီဇင်ဘာ (၁၇)ညသန်ကျော်မှ ကားများဖြင့် ခိုးယူးသယ်ဆောင်လာသည်ကို‌တွေ့ရသည်။”လို့ ရေးသားထားပါတယ်။ ဒီပို့စ်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ ဒီပို့စ်ကိုပဲ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ မူရင်းလင့်ခ် – […]

Continue Reading

Fact Check: NLDက တပ်မတော်ကို ICJမှာ တိုင်ကြားထားပြီး UNတပ်တွေနဲ့ တပ်မတော်ကို တိုက်ဖို့လုပ်နေတယ်ဆိုတဲ့ သတင်းအမှား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီက ပြည်တွင်းရေးပြဿနာတွေကို ကမ္ဘာကသိအောင် လုပ်ဆောင်ကာ တပ်မတော်ကို အပြည်ပြည်ဆိုင်ရာတရားရုံးကို တိုင်တန်းထားပြီး ကုလသမဂ္ဂတပ်တွေနဲ့ တပ်မတော်ကိုတိုက်ဖို့ စီစဉ်နေတယ်ဆိုတဲ့အချက်အပါဝင် အချက်အလက်မခိုင်မာတဲ့အချက်အမြောက်အများကို အခြေပြုပြီး တပ်မတော်ထေက်ခံသူအချင်ချင်းကြား လှုံဆော်ဟန်နဲ့ရေးသားထားတဲ့ပို့စ်တစ်ခုဟာ လူမှုကွန်ယက် အသုံးပြုသူတွေကြား ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “မိုက်ရိုင်းလိုက်တဲ့ NLD”လို့ ခေါင်းစဉ်တပ်ထားပြီး “ခုပဲ သိရလို့ သိသိခြင်း မျှဝေလိုက်ရပါသည်။ ဒါ့ကြောင့် အချိန်ဆွဲနေမှန်း ခုမှသိတော့တယ် …၁။ မဲလိမ်လည်မှု မပေါ်ပေါက်ရအောင် လူသုံးယောက်ကို အစဖျောက်ထား လိုက်တယ် -၂။ နိုင်ငံတော်ပိုင်ငွေကြေး ဘီလျံရာကျော်ကို အလွဲသုံးစားလုပ်ထားတာ မပေါ်ပေါက်အောင် ကိုဗစ်နဲ့ ဖုံးကွယ်နေတယ် -၃။ နိုင်ငံတော်အာဏာကို အတင်းအဓမ္မရယူရန် နည်းမျိုးစုံဖြင့် ကြိုးစားနေတယ် ၄။ ပြည်တွင်းရေးပြသနာကို ကမ္ဘာသိအောင်ချပြပြီး သူ့ကိုမြန်မာ့တပ်မတော်က နည်းမျိုးစုံဖြင့် တိုက်ခိုက်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ […]

Continue Reading

Fact Check: ၂၀၀၂ ခုနှစ်က မြန်မာနယ်စပ်မှာ ဘင်္ဂလားဒေ့ရှ်ရဟတ်ယာဉ် ပျက်ကျ သတင်းကို လက်ရှိအဖြစ်အပျက်သဖွယ်ပြန်လည်မျှဝေနေ

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မြန်မာပိုင်နက်အတွင်းဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ်လေတပ်ကရဟတ်ယာဉ်တစ်စီး ပျက်ကျပြီး ဘင်္ဂလားဒေ့ရှ်တပ်သား ၄ဦးသေဆုံးတယ်တဲ့ပို့စ်က ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်အသုံးပြုတွေကြား ပျံ့နှံ့နေတာတွေရပါတယ်။ ဒီလိုရေးသာနေတဲ့ပို့စ်မှာ ပျက်ဆီးနေတဲ့ရဟတ်ယာဉ်ကိုယ်ထည်အပိုင်းအစတွေအနီးမှာ စစ်သည်တချို့ လုံခြုံရေးယူနေပုံ ကြည်ရှု့စစ်ဆေးနေပုံနဲ့အတူ ပုံအညွှန်းကို “ဒီနေ့ ဘကုန်းတပ်က ရဟတ်ယာဉ်တစ်စီး မြန်မာပိုင်နယ်စပ်အနား ခိုးကြောင်ခိုးဝှက်ကပ်လာတာ မြန်မာဘက်ကသိတော့ အတင်းပြန်မောင်းပြေးတာ TV tower နဲ့ငြိမိပြီးပျက်ကျပါလေရော… (၄)ကောင် မိုးမျှော်သွား သတဲ့…..”လို့ ရေးသားထားတာကိုတွေ့ရပါတယ်။ ဒီပို့စ်ကို ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ မူရင်းပို့စ်ကိုတော့ အောက်ကပါလင့်ခ်မှာလေ့လာကြည့်ရှု့နိုင်ပါတယ်။ မူရင်းလင့်ခ် – FB Link  |   Archive Link အချက်အလက်စိစစ်ချက် ဒီလိုရေးမျှဝေနေကြတဲ့ပို့စ်နဲ့ပတ်သက်ပြီး ပြည်တွင်းမီဒီယာတွေ၊ ဘင်္ဂလားဒေ့ရှ်အခြေစိုက်မီဒီယာတွေအပြင် နိုင်ငံတကာမီဒီယာတွေမှာပါ ဒီသတင်းနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာသတင်းဖော်ပြတာမျိုး မတွေ့ရပါဘူး။ ဒါ့ကြောင့်ဒီပို့စ်မှာအသုံပြုထားတဲ့ပုံတွေကို Google ပုံရှာနည်းနဲ့ရှာဖွေရာမှာတော့ ဒီပုံတွေဟာ […]

Continue Reading

Fact Check: တပ်မတော်ရဲ့စစ်လက်နက်ဝယ်ယူတဲ့ဘတ်ဂျက်ကို စစ်ဆေးခွင်ရှိရင် UECက မဲစာရွက်စာတမ်းတွေပြမယ်ဆိုတဲ့ သတင်းအမှား

တပ်မတော်ရဲ့ စစ်လက်နက်ဝယ်ယူတဲ့ ဘတ်ဂျက်ငွေစာရင်းကို စစ်ဆေးခွင့်ရမယ်ဆိုရင် ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေကိုချပြမယ်ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ဥက္ကဌဦးလှသိန်းက ပြောတဲ့ပုံစံမျိုးရေးသားထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်အသုံးပြုသူတွေကြား မျှဝေနေတာတွေ့ရပါတယ်။ ဒီလိုရေးသားမျှဝေနေကြတဲ့ပို့စ်မှာ “ကဲမှတ်ကရော UEC က စစ်လက်နက်ဝယ်ယူထားတဲ့ ဘတ်ဂျက်ငွေစာရင်းကို စစ်ဆေးခွင့်ရရင် ရွေးကောက်ပွဲစာရွက်စာတန်းများကို ချပြပါမယ်တဲ့ဗျာ ကဲရှင်းရော့ Crd #”လို့ရေးသားပြီး UEC ဥက္ကဌဦးလှသိန်းပုံနဲ့ ရေးသားမျှဝေနေကြတာပါ။အောက်ပါလင့်ခ်မှာ ဝင်လေ့လာနိုင်ပါတယ်။ ဒီပို့စ်ကို ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် တပ်မတော်ရဲ့ စစ်လက်နက်ဝယ်ယူတဲ့ ဘတ်ဂျက်ငွေစာရင်းကို စစ်ဆေးခွင့်ရမယ်ဆိုရင် ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေကိုချမယ်ဆိုပြီး ဒီလိုမျိုးရေးသားမျှဝေနေတာနဲ့ပတ်သက်ပြီး ဒါဟာသတင်းအမှား ဖြစ်ကြောင်းကို UECက ဒီဇင်ဘာ ၁၁ရက်နေ့က UECရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာထုတ်ပြန်ကြေငြာထားတာ တွေ့ရပါတယ်။အောက်ပါလင့်ခ်မှာ […]

Continue Reading

Fact Check: နိုင်ငံတော်အတိုင်ပင်ခံက တပ်မတော်ခေါင်းဆောင်တွေကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တွေ့ခွင့်တောင်းတယ်ဆိုတဲ့ သတင်းအမှား

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အောင်ဆန်းစုကြည်က တပ်မတော်ခေါင်းဆောင်တွေကို အပူတပြင်းတွေ့ခွင့် တောင်းဆိုတယ်၊ ဒီလိုတောင်းဆိုတဲ့အပေါ်မှာ တပ်မတော်ဘက်က အတွေ့မခံဘူးဆိုတဲ့သတင်းကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ပေါ်မှာရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “နိုင်ငံတော်အတိုင်ပင်ခံက အဘကို အပူတပြင်းတွေ့ခွင့် တောင်းဆို၊ စစ်တရားရုံးဖွဲ့စည်းပြီးကြောင်း သတင်းက ဥပဒေမဲ့ အစိုးရနဲ့ UECအတွက် ပြေးလမ်းမရှိပါ”နဲ့ “အတိုင်ပင်ခံက အဘဆီအခစားဝင်ချင်သတဲ့ အဘနာယက အတွေ့မခံ…အဘချုပ်ကတော့ အဖြေမပေးဟုသိရ”လို့ရေးသားထားတဲ့ screenshotရိုက်ထားတဲ့ ပုံတွေကို ပြန်လည်ပို့စ်နေတာတွေ့ရပါတယ်။အောက်ပါလင့်ခ်မှာဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီလိုပို့စ်နဲ့ပတ်သက်ပြီး အစိုးရအဖွဲ့နဲ့နီးစပ်တဲ့ NLDပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာမျိညွန့်ကို Fact Cfescendo Myanmarက ဆက်သွယ်မေးမြန်းရာမှာတော့ “ဒါက အုပ်ချုပ်ရေးပိုင်းက ကိစ္စပေါ့နော်၊ ဒါပေမဲ့ ကျွန်တော်ကြားသလောက်ကတော့ အစိုးရမှာ ဒီလိုမျိုးရုတ်တရတ်တွေ့ရလောက်တဲ့ အရေးကြီးကိစ္စမရှိဘူး၊ ရွေးကောက်ပွဲနဲ့ဆိုင်တာဆို ပိုပြီးမဖြစ်နိုင်ပါဘူး၊ ရုပ်တိမရှိတဲ့ အခြေအမြစ်မရှိတဲ့ သတင်းပါ၊ […]

Continue Reading