Fact Check: ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လျှောက်လာတင်တုန်းကပုံကို နေပြည်တော်မှာရုံးထုတ်လာတဲ့ မြင်ကွင်းအဖြစ် မျှဝေနေ

ဧပြီ ၁၂ ရက်က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်လာတဲ့ပုံအဖြစ် ဓာတ်ပုံ ၅ ပုံနှင့်အတူ မျှဝေထားရာမှာ ဒီပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။  မျှဝေလျက်ရှိတဲ့ပို့စ်တွေမှာ အရပ်ဝတ် လုံခြုံရေးများဝိုင်းရံလျက် မရမ်းရောင်လွှမ်းမိုးတဲ့ဝတ်စုံ ဝတ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကားအနက်တစ်စီးပေါ်မှာ ထိုင်လျက်ပုံ၊ ကားဆီကနေ လမ်းလျှောက်ထွက် လာပုံတွေပါဝင်ပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လောင်းလျှောက်လွှာသွားရောက်တင်စဉ်က ပုံဖြစ်ပါတယ်။ “၁၂.၄.၂၀၂၁ တနင်္လာ မနေ့က အမေစု နဲ့ သမ္မတ္တကြီးကို ရုံးထုတ်တဲ့ ပုံများ”စသည်ဖြင့်ရေးသားပြီး “Daw Hnin” အမည်နဲ့ဖေစ့်ဘွတ် အသုံးပြုသူက ဧပြီ ၁၃ ရက်က မျှဝေရာမှာ ၅ နာရီအတွင်း ဖေ့စ်ဘွတ်အသုံးပြုသူ ၄ ရာဝန်းကျင်မှ ပြန်လည်မျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို […]

Continue Reading

Fact Check: NLD အလုပ်အမှုဆောင် မုံရွာအောင်ရှင်နဲ့ ဗဟိုဘဏ်ဒုတိယဉက္ကဌ ဦးဘိုဘိုငယ်တို့နဲ့ပတ်သက်တဲ့ သတင်းမှား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအလုပ်အမှုဆောင် မုံရွာအောင်ရှင်နဲ့ ဗဟိုဘဏ် ဒုတိယဉက္ကဌ ဦးဘိုဘိုငယ်တို့ စစ်တပ်က ဖမ်းဆီးထားစဉ်အတွင်းမှာ သေဆုံးသွားပြီဆိုတဲ့ သတင်းတွေ လူမှုကွန်ယက် အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ သို့သော်လည်း ဒီသတင်းတွေဟာ မှားယွင်းတာတွေ့ရပါတယ်။ “ 5-4-2021ရက်နေ့ကတော့အတော်ထူးခြားတဲ့ရက်ပါဘဲ။ အောင်တင်ဝမ်းဖုန်းလက်လွှတ်ခါရှိသေးနောက်Callဝင်လာတယ်။ကဗျာဆရာမုံရွာအောင်သျှင်ဆီကဖုန်း။မုံရွာအောင်သျှင် တော့မဟုတ်ဘူး။သူ့သမီးဖြစ်နေတယ်။    “ဆရာကြီးကျမမုံရွာအောင်သျှင်ရဲ့သမီးပါ။ဖေဖေဆုံးသွားပါပီ။”    “သမီးအဖေကနေပြည်တော်မှာထိန်းသိမ်းခံနေရတာမဟုတ်လား။”    “မဟုတ်ဘူး။မုံရွာမှာဆေးကုဖို့ရောက်နေရင်းဆုံးသွားတာ။”     “အော်””အေး  အေး” NLDသတင်းနဲ့ပြန်ကြားရေးအဖွဲ့ကဗျာဆရာမုံရွာအောင်သျှင်ရဲ့”ဈာပနဖိတ်စာ”ဘဲ။   ကဗျာဆရာ စာရေးဆရာကိုယ့်ညီလေးများကောင်းရာသုဂတိဘုံစံမြန်းနိုင်ပါစေသောဝ်”စသည်ဖြင့်“U Than Swe”အမည်နဲ့အကောင့် ဧပြီ ၇ ရက်က ရေးသားမျှဝေခဲ့ပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  ထို့အတူ “ဗဟိုဘဏ် ဒုဥက္ကဌ ဦးဘိုဘိုငယ် အင်းစိန်ထောင်တွင်သေဆုံးသွားကြောင်း ကနဦးသိရှိရ CJ Credit” လို့ ရေးသားပြီး “Library News”အမည်နဲ့စာမျက်နှာကလည်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – […]

Continue Reading

Fact Check: ဘောလိဝုဒ် မင်းသားတွေ မြန်မာအရေးလှုပ်ရှားမှုပုံတွေလား-မဟုတ်ပါ

အိန္ဒိယနာမည်ကြီး ဘောလိဝုဒ်(Bollywood)မင်းသားတွေက မြန်မာနိုင်ငံကို ကူညီကယ်ဆယ်ဖို့ လှုပ်ရှားခဲ့ကြတယ်လို့ ရေးသားပြီး ဓာတ်ပုံတွေနဲ့တကွမျှဝေထားရာမှာ ဒီပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့ နှစ်များအတွင်းမှာ အကြောင်းအရာအမျိုးမျိုးနဲ့ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီး ဓာတ်ပုံတွေဖြစ်ကာ မြန်မာနိုင်ငံနဲ့ပတ်သက်ခြင်းမရှိတာတွေ့ရပါတယ်။ “ရှက်တတ်ရင်သေလို့ရပြီ မြန်မာ သရုပ်ဆောင်ဘောမများ 🖕🖕 အိန္ဒိယ ဘောလိဝုစ် မင်းသားကြီးများ မြန်မာပြည်သူများဘက်မှ ရပ်တည်ကုန်ကြပြီ #Chtoo”လို့ရေးသားပြီး “ဒိတ်ဒိတ် ကြဲ”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြုသူက မတ် ၁၆ ရက်မှာ မျှဝေထားရာ ပြန်လည်မျှဝေသူ ၁ သောင်း ၆ ထောင်ရှိပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ပထမဆုံး ဓာတ်ပုံကို tineye မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီပုံဟာ […]

Continue Reading

Fact Check: မန္တလေးမှာ မိန်းကလေးတစ်ယောက်ကို ဖမ်းဆီးမှုဓာတ်ပုံ ဟောင်းကို ယနေ့အဖြစ်အပျက်အဖြစ်မျှဝေ

ဓာတ်ပုံ ၂ ပုံနှင့်အတူ ဧပြီ ၂ ရက်နေ့က မန္တလေးမှာ မိန်းကလေးတစ်ယောက်ကို လည်ပင်းကြိုးကွင်းစွပ်ပြီး ဖမ်းဆီး ခေါ်ဆောင် သွားတယ်လို့ ရေးသားထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေနေပါတယ်။  ရဲဝတ်စုံနဲ့အမျိုးသားများက မိန်းကလေးတစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ယူဆရတဲ့ ဓာတ်ပုံ ၂ ပုံနှင့် အတူမျှဝေထားတာဖြစ်ပါတယ်။  သို့သော်လည်း ဓာတ်ပုံမှတ်တမ်းတွေကို ပြန်လည်ရှာဖွေကြည့်ရာမှာ ရဲတပ်ဖွဲ့ဝင်အမျိုးသားတွေက အမျိုးသမီး တစ်ယောက်ကို မန္တလေးမှာဖမ်းဆီးခဲ့တဲ့ အဖြစ်အပျက်ဟာ ဖေဖော်ဝါရီ ၉ ရက် ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။ “မန်းလေးမှာ ယနေ့ မိန်းကလေးတစ်ယောက်ကိုကြိုးကွင်းစွပ်ပီးခေါ်သွားတာ 2.04.2021 crd 😭😭😭😭😭  ကူရှယ်ပေးကြပါအုံး”လို့ရေးသားပြီး “K Khing”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြုသူက မျှဝေထားရာမှာ ၄ နာရီအတွင်း ပြန်လည်မျှဝေမှု ၈ ထောင်ကျော်ရှိပါတယ်။ […]

Continue Reading

Fact Check: ရခိုင်နဲ့ ကရင်ဒုက္ခသည်စခန်းမီးလောင်မှုဖြစ်စဉ်ကပုံဟောင်းများကို ကရင်ပြည်နယ်မှာ လေကြောင်းက တိုက်ခိုက်ခံရပုံများအဖြစ်မျှဝေ

ကောင်းကင်မှာ တိုက်လေယာဉ်များ ပျံ့သန်းနေပုံ၊ သက်ကယ်အိမ်အချို့ မီးလောင်နေတဲ့ပုံတွေနဲ့အတူ  ကရင်ပြည်နယ်မှာ မတ် ၃၀ ရက်ဖြစ်စဉ်လို့ ရေးသားမျှဝေထားတဲ့ပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေနေပါတယ်။  ကရင်ပြည်နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကတစ်ဆင့် ဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိတာတွေ့ရပါတယ်။  သို့သော်လည်း ဓာတ်ပုံတွေဟာ ၂၀၂၀ အတွင်း ရခိုင်ပြည်နယ်မှာ ကျေးရွာတွေမီးရှို့ခံရမှုနဲ့ ၂၀၁၃ ခုနှစ် မတ်လ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်း မီးလောင်မှုဓာတ်ပုံဖြစ်ပါ တယ်။ “ကရင်ပြည်နယ်-မတ်လ ၃၀😢😢😢😢😢 ”လို့ရေးသားပြီး “Khun Thein Naing”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြုသူက မျှဝေထားရာမှာ ၂၄ နာရီအတွင်း ပြန်လည်မျှဝေမှု ၁သောင်းကျော်ရှိပါတယ်။ တူညီစွာ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: အာဖဂနစ္စတန်မှာ ရဟတ်ယာဉ်ပျက်ကျမှုကို KNU က ပစ်ချလိုက်တဲ့ ရဟတ်ယာဉ်ပုံဆိုတဲ့ သတင်းမှား

စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်ပျက်ကျမှု ဓာတ်ပုံ ၂ ပုံနှင့်တကွ ကရင်အမျိုးသားအစည်းအရုံး(KNU)က ရဟတ် ယာဉ်တစ်စီးကိုပစ်ချလိုက်တယ်လို့ ရေးသားမျှဝေထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူထောင်ဂဏန်းက ပြန်လည်မျှဝေနေပါတယ်။ ရဟတ်ယာဉ်ပျက်ကျမှုမှာ လေယာဉ်မှူးအပါအဝင် ၉ ဦးဖမ်းဆီးရခဲ့တယ်လို့လည်း ရေးသားထားပါတယ်။ သို့သော်လည်း သတင်းဟာ မှားယွင်းပြီး ဓာတ်ပုံတွေဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာက အာဖဂနစ္စတန်မှာ ရဟတ် ယာဉ်တစ်စီးပျက်ကျစဉ်က ဓာတ်ပုံတွေဖြစ်ပါတယ်။ “သတင်းမှန်👏👏 KNU တပ်မဟာ ၅ နယ်မြေအားစစ်ကောင်စီ အကြမ်ဖက်သူပုန်မှ ရဟတ်ယာဉ် ဖြင့်တိုက်ခိုက်ရာKNU မှ ပြန်လည်ပစ်ခတ်ရာမှလေယာဉ် ပျက်ကျ ထပ်မံ၍  လေယာဉ်မှူးအပါဝင် ၉ ဦးဖမ်းဆီးရမိ”လို့ရေးသားပြီး “Khin Hnin Se Nyo”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြု သူက မျှဝေထားရာမှာ ၁၂ နာရီအတွင်း ပြန်လည်မျှဝေမှု ၂ ထောင် […]

Continue Reading

Fact Check: ဖေဖော်ဝါရီ ၂၆ ရက်က ဆန္ဒပြဓာတ်ပုံတွေကို လက်ရှိအဖြစ်အပျက် အဖြစ်ပြန်လည်မျှဝေ

အဖြူရောင်လွှမ်းမိုးသောဝတ်စုံများနဲ့ လူအများအပြားတန်းစီလမ်းလျှောက်နေတဲ့ဓာတ်ပုံ ၃ ပုံနှင့်တကွ ယနေ့ မတ် ၂၅ ရက်မှာ အင်ဂျင်နီယာတွေ စုပေါင်းဆန္ဒပြပုံအဖြစ်ဖေ့စ်ဘွတ်အသုံးပြုထောင်ပေါင်းများစွာက ပြန်လည်မျှဝေထားပါတယ်။ စစ်တပ်ကအာဏာရယူအပြီးမှာ နိုင်ငံအဝှမ်းမှာနေ့စဉ် ဆန္ဒပြလျက်ရှိပါတယ်။ သို့သော်လည်း မတ် ၂၅ ရက် အင်ဂျင်နီယာ စုပေါင်းသပိတ်စစ်ကြောင်းအဖြစ်ဖော်ပြနေတဲ့ဓာတ်ပုံတွေဟာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကတည်း အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။ လူမှုကွန်ယက် အသုံးပြုသူတွေကို နားလည်မှုလွဲစေပြီး  ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။  “ယနေ့ ရန်ကုန်  (march -25) အင်ဂျင်နီယာ စုပေါင်း အင်အားစစ်ကြောင်း လူပင်လယ်ကြီး ချီတတ်လာကြပြီ  ____________________________________ ဝင်ဖတ်ရုံဆို သင်ပဲသိမယ်  ပြန်ရှယ်ရင် လူများများသိမယ် အကူအညီပေးရာရောက်မယ် သင့်သဘောပါ #WhatsHappeningInMyanmar #SACTerroristGroup #SupportCDM #SupportCRPH #JusticeForMyanmar #Mar25Coup #GenerationZ #နွေဦး ”လို့ […]

Continue Reading

Fact Check: သေနတ်ကျည်ထိမှန်ကျဆုံးခဲ့သည့် ဆေးကျောင်းသား ကိုခန့်ညားဟိန်းကို ဒေါက်တာဇော်ဝေစိုးရဲ့ သားအဖြစ်ဖော်ပြနေ

တာမွေမြို့နယ် ကျိုက္ကဆံလမ်းပေါ်က တာမွေရဲစခန်းရှေ့မှာ မတ်လ ၁၄ ရက်နေ့က ကျဆုံးသွားတဲ့ ဆေး (၁) ကျောင်းသား မောင်ခန့်ညားဟိန်းဟာ ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးနဲ့ သားအဖတော်တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ် အသုံးပြုသူအကြားမျှဝေနေတာတွေ့ရပါတယ်။ သို့သော်လည်း ဆန္ဒပြရင်း ကျဆုံးခဲ့တဲ့ကိုခန့်ညားဟိန်းရဲ့ ဖခင်ဟာ ဉီးသိန်းဇော်ဖြစ်တာတွေ့ရပါတယ်။  “online ပေါ်က သီချင်းကောင်းများ” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “ဆရာဇော်ဝေစိုးသားအသတ်ခံလိုက်ရပြီ လူကို ခွေးကိုက်ခြင်း တခု”လို့ ရေးသားပြီး မတ်လ ၁၅ ရက်နေ့က ရေးသားမျှဝေထားပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ  မှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb  link |  Archive link အချက်အလက်စိစစ်ချက် ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံပို့စ်ဟာ ဒေါက်တာဇော်ဝေစိုးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: လျို့ဝှက်ကုတ် *#*#4636#*#* က အင်တာနက်ပိတ်ခြင်း၊ဖွင့်ခြင်းနဲ့ မဆိုင်ပါ

ဖုန်းလိုင်း၊ အင်တာနက်လိုင်းပိတ်ထားချိန်မှာလည်း *#*#4636#*#* ခေါ်ဆိုပြီး အင်တာနက်ကို အသုံးပြုလို့ရတယ် လို့ရေးသားမျှဝေထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှ ဝေနေပါတယ်။ သို့သော်လည်း ဒီသင်္ကေတနဲ့ ဂဏန်းတွဲဟာ ဖုန်းနဲ့ ပတ်သက်တဲ့အကြောင်းအရာ စစ်ဆေးနိုင်တဲ့ လျို့ဝှက်ကုတ် ဖြစ်ပြီး အင်တာနက်ပိတ်ခြင်း၊ ဖွင့်ခြင်းနှင့်သက်ဆိုင်ခြင်းမရှိသလို အင်တာနက်ဝန်ဆောင်မှုပေးတဲ့ သူတွေရဲ့ ခွင့်ပြုချက်မရှိဘဲ အင်တာနက်သုံးစွဲနိုင်တယ်ဆိုတာ မဟုတ်ပါဘူး။  ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံပို့စ်မှာ  “ဖုန်းလိုင်းများ အင်တာနက်လိုင်းများပိတ်လဲ ပူစရာမလိုပါ!  (၁) ဒေတာပိတ်ပါ၊ ဝိုင်ဖိုင်ပိတ်ပါ ၊ Airpalne mode အွန်လိုက်ပါ (*#*#4636#*#*) ကိုနှိပ်ပါ Phone Information1 ကိုဝင်ပါ Mobile radio power ကိုအွန်ပါ Enable DSDS ကို အွန်ပါ (အွန်ပြီးဖြစ်နေရင်လဲ ဒီအတိုင်းထားပါ) အောက်ဆုံးက More […]

Continue Reading

Fact Check: လှိုင်သာယာမှာ ၂ နှစ်သားအရွယ် က ေလးငယ်ကို စစ်တပ်ကရိုက်နှက်ပုံလား-မဟုတ်ပါ

ကလေးငယ်ဦးခေါင်းမှာ ပေါက်ကွဲဒဏ်ရာ၊ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေနဲ့ ဓာတ်ပုံတွေနှင့်အတူ  လှိုင်သာယာစက်မှု ဇုန်အနီးမှာ ၂ နှစ်သားကလေးငယ်တစ်ဦးကို စစ်သားနဲ့ ရဲများက ရိုက်နှက်ခဲ့တယ်လို့ ရေးသားမျှဝေထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှ ဝေနေပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေဟာ ၂၀၁၈ ခုနှစ်ကတည်း အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးပုံတွေဖြစ်တာတွေ့ရပါတယ်။ “16.3.2021 ရက် အင်္ဂါနေ့ ညနေ ၄နာရီလောက်က လှိုင်သာယာ စက်မှုန့်ဇုန်အနီး ၂နှစ်သား ကလေးငယ်တစ်ဦး အိမ်ထဲတွင် ကစားနေရာ စစ်သားနဲ့ ရဲများက အိမ်တံခါးကို ချိုးဖျက်ပြီး ကလေးငယ်ကို ရိုက်နက်ခဲ့တယ်လို့ မိခင်ဖြစ်သူ မသန်းသန်းထွန်းကပြောပါတယ်။ အဆိုပါ ကလေးငယ်ရဲ့ ဦးခေါင်းတွင် စစ်သားနဲ့ ရဲများရဲ့ ရိုက်နက် မှုကြောင့် ပြင်းထန်သော ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပါတယ်။”လို့ “Yamin”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ ကမျှဝေထားရာမှာ ဒီပို့စ်ကို […]

Continue Reading