Fact Check:စစ်တပ်ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ဝန်ခံချက်ဆိုတဲ့ အသံဖိုင် သတင်းတု

False နိုင်ငံရေး | Politics

ရာထူးကဖြုတ်ချခံရတဲ့ စစ်တပ်ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ဝန်ခံချက်ဆိုပြီး အရပ်ဘက်အသွင်းပြောင်းအစိုးရခေါင်းဆောင် တဖြစ်လဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဏာရူးသူအဖြစ် ဝေဖန်ထားတဲ့ အသံဖိုင်တခု ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းတု ဖြန့်ချိ နေခြင်း သာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဗွီဒီယိုပုံစံနဲ့ဖော်ပြထားတဲ့ အသံဖိုင်ထဲမှာတော့ စစ်ခေါင်းဆောင် အလိုကျ သူက သတင်းစာရှင်းလင်းပွဲတွေမှာ လိမ်ညာပေးခဲ့ရပေမဲ့ သူ့လို သစ္စာရှိတဲ့ သူကိုတောင် အချိန်တန်ရင် ချနင်းတတ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အာဏာမက်ပြီး ဘယ်သူ့ကိုမဆို ချနင်းဖို့ ဝန်မလေးတဲ့အကြောင်း အဓိက အားဖြင့် ပြောကြားထားတယ်။ 

 “ဗိုလ်ချုပ်ဇော်မင်းထွန် ပြည်သူကိုတောင်းပန်နေတဲ့ရုပ်သံ” (မူရင်းအရေးအသား)

Original link | Archive link

ဒီအသံဖိုင်ကို  ဒီနေရာမှာလည်း တွေ့ရတယ်။

အချက်အလက်စိစစ်ချက်

စစ်တပ်ဝါဒဖြန့်ချိရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ အခုလို ဝန်ခံချက်ဆိုတဲ့ အသံဖိုင်ကို သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာ မတွေ့ရပါဘူး။

NLD အစိုးရလက်ထက်အပါအဝင် စစ်အာဏာသိမ်းကာလတလျှောက်လုံး ဗိုလ်ချုပ်ဇော်မင်းထွန်းဟာ စစ်တပ်အတွက် ဝါဒဖြန့်ဝေမှုဆိုတဲ့ တူညီတဲ့ ရည်မှန်းချက်ကို တစိုက်မက်မက် အကောင်အထည်ဖော်ခဲ့ရသူဖြစ်ပါ တယ်။ 

သူဟာ အရပ်သားအစိုးရအဖြစ် အသွင်းပြောင်းခါနီးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အရေးယူခံခဲ့ရပါတယ်။ တရုတ်အစိုးရက ပြည်ပရောင်းချခွင့်ပိတ်ထားတဲ့ ဒရုန်းတွေကို မြန်မာကုမ္ပဏီတွေ ရောင်းချရာမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ တရုတ် အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း တိုင်ကြားခံရပြီးနောက်မှာ စစ်တပ်က ပြန်ကြားရေး ဒုဝန်ကြီးလည်းဖြစ်သူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို စုံစမ်းစစ်ဆေးကာ စစ်ခေါင်းဆောင်က တာဝန်မှအနားပေး လိုက်ခြင်းဖြစ်တယ်လို့ ဧရာဝတီသတင်းဌာနက အဲဒီအချိန်က ရေးသားပါတယ်။

၃ မိနစ်ကျော်ရှည်လျားတဲ့ လူမှုကွန်ယက်မှာ ပျံ့နှံ့နေတဲ့ ဒီအသံဖိုင်နဲ့ ပတ်သက်ပြီး ဉာဏ်ရည်တု(AI)နည်းပညာ အသုံးပြု အသံတုဖန်တီးမှုတွေကို စစ်ဆေးနိုင်တဲ့ ပလက်ဖောင်း(ဒီလင့်ခ်)ကို အသုံးပြုပြီး အသံကို စစ်ဆေးကြည့်ရာမှာ AI နဲ့ပြုလုပ်ထားတဲ့ အသံဖိုင်ဖြစ်နိုင်ခြေများတာတွေ့ရပါတယ်။

သုံးသပ်ချက်

စစ်တပ်ပြန်ကြားရေးခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ဝန်ခံချက်ဆိုပြီး ဖြန့်ဝေထားတဲ့ အသံဖိုင်ကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖော်ပြချက်မရှိပါဘူး။ ဒီအသံဖိုင်ကို ချဲ့ကားရေးသားမှု တွေဖော်ပြလေ့ရှိတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတခုက စတင်ဖော်ပြခဲ့ပြီး ဉာဏ်ရည်တုနည်းပညာ အသုံးပြုဖန်တီး ထားတဲ့ အသံဖိုင်တခုဖြစ်တာလည်း တွေ့ရပါတယ်။

Result Stamp

Title: Fact Check: စစ်တပ်ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ဝန်ခံချက်ဆိုတဲ့ အသံဖိုင် သတင်းတု

Fact Check By: နေရာမောင်

Result: False


Leave a Reply

Your email address will not be published. Required fields are marked *