Fact Check: ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗမာပါတီမဟုတ်ပြောကြားချက်ကို မွတ်ဆလင်အသိုင်းအဝိုင်းကို ညွှန်းဆိုတယ်ဆိုပြီး သတင်းမှားဖြန့်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗမာပါတီမဟုတ်ပြောကြားချက်ကိုကြောင့် မာမူတွေပျော်လို့ရပြီဆိုလို့ရေးသားပြီး လူမှုကွန်ယက်မှာရေးသားဖြန့်ဝေနေတာ တွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ “ဝန်ခံပြီ၊ မာမူတို့ပျော်ကြပြီ”လို့ရေးသားချက်နဲ့အတူ အောက်တိုဘာ ၂၁ ရက်နေ့ ထုတ်စံတော်ချိန် သတင်းစာ စာမျက်နှာ ၃ မှာ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဗမာပါတီမဟုတ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ပြောဆို”လို့ ခေါင်းစဉ်တပ်ထားရေးသားထားဟန်ရှိတဲ့ ဓာတ်ပုံပို့စ်နှင့်အတူ မျှဝေနေတာ ဖြစ်ပါတယ်။  သို့သော်လည်း စံတော်ချိန်သတင်းစာရဲ့အောက်တိုဘာ ၂၁ ရက်နေ့ထုတ် စာမျက်နှာ ၃မှာ ဒီလိုသတင်းခေါင်းစဉ်နဲ့ ဖော်ပြချက်မပါရှိပါဘူးတာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဗမာပါတီမဟုတ်ကြောင်း”ပြောဆိုချက်ဟာ တိုင်းရင်းသားလူမျိုးတွေနဲ့ မဲဆွယ်တဲ့အနေနဲ့ အသုံးပြုတဲ့ စကားလုံးဖြစ်တာလည်းတွေ့ရှိပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ “ဘာတဲ့…ဗမာပါတီမဟုတ်ဘူးတဲ့” လို့ရေးသားပြီး “Nay Sit”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြု သူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: ပြင်သစ် သမ္မတနန်းတော်ရှေ့မှာ တမန်တော်ကိုစော်ကားလို့ ဆန္ဒ ပြနေကြတာလား- မဟုတ်ပါ

ပြင်သစ်မှာ တမန်တော်ကိုစော်ကားလို့ ဆန္ဒပြနေကြတယ်လို့ရေးသားပြီး ဗွီဒီယိုတစ်ခုကို လူမှုကွန်ယက်မှာ မျှဝေနေလျက်ရှိတာ တွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ ပြင်သစ် သမ္မတ နန်းတော်ရှေ့မှာ တမန်တော်ကိုစော်ကားလို့ ဆန္ဒပြနေကြတယ်လို့ ရေးသား မျှဝေနေတာဖြစ်ပါတယ်။  ဒီလိုမျှဝေနေတဲ့ အချက်အလက်တွေဟာ မှားယွင်းပြီးပြီး ဒီဗွီဒီယိုဟာ ဂျာမနီနိုင်ငံ ဟန်းဘတ်မြို့မှာ တရုတ်နိုင်ငံက ယူဂါမွတ်ဆလင်တွေကို ဖိနှိပ်မှုကို ကန့်ကွက်ဆန္ဒပြကြတုန်းက ဗွီဒီယိုဖြစ်တာ Fact Crescendo Myanmar ကတွေ့ရှိပါတယ်။ ပြင်သစ်သမ္မတနန်းတော်ရှေ့မှာ ဒီလို မွတ်ဆလင်တွေ ဆန္ဒပြတယ်ဆိုတဲ့ အထောက်အထားမျိုး မတွေ့ရှိတာလည်းတွေ့ရပါတယ်။ “ပြင်သစ် သမ္မတ ရဲ့နန်းဆောင် ရှေ့မှာ တမန်တော် ကိုစော်ကားလို့ ဆန္ဒ ပြနေကြတဲ့ အီမာန့်ရှင်များ” လို့ရေးသား ပြီး “Ei Lae Aung”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောင်ပါအတိုင်းမျှဝေထားပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check: NLD ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲမဲအောင်နိုင်ရေး အစည်းအဝေး ဆုံးဖြတ်ချက် ၆ ချက်ဆိုတဲ့သတင်းတုသတင်းမှား

NLD ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲမဲအောင်နိုင်ရေး အစည်းအဝေး ဆုံးဖြတ်ချက်ဆိုပြီး ဓာတ်ပုံပို့စ်တစ်ခုကို လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ဓာတ်ပုံပို့စ်မှာ NLD ပါတီ ၂၀၂၀ ရွေးကောက်ပွဲမဲအောင်နိုင်ရေး အစည်းအဝေး ဆုံးဖြတ်ချက်လို့ ရေးသား ထားပြီး ရွေးကောက်ပွဲကော်မရှင်ဟာ မိမိမိတ်ဖက်လို့ အသိပေးထားပြီး အနိုင်မရနိုင်သော မဲရုံများတွင် ဆူပူဆန္ဒပြခြင်း၊ ရန်ပွဲဖန်တီးခြင်း၊ ကိုဗစ်ရောဂါအဖြစ် ဟန်ဆောင်မူးလဲရန်နဲ့ နောက်ဆုံးအနိုင်မရပါ ဆူပူအုံကြွမှုလုပ်ရန်စတဲ့ အချက် ၆ ချက်ညွှန်ကြားထားတယ်ဆိုပြီးတော့  မျှဝေထားတာဖြစ်ပါတယ်။ သို့သော်လည်း မျှဝေထားတဲ့ပုံဟာ စာစီရိုက်ထားတဲ့ စာရွက်တစ်ရွက်ကို ဓာတ်ပုံရိုက်ထားခြင်းဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တံဆိပ်တုံး၊ နေ့စွဲစတဲ့ ပါတီက ထုတ်ပြန်လေ့ရှိတဲ့ ပုံသဏ္ဌာန်မျိုးကင်းမဲ့နေတာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ “#အလွန်ကြောက်စရာကောင်းသော အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မဲအောင်နိုင်ရေး အစည်းအဝေးမှ […]

Continue Reading

Fact Check: “ဒေါက်ဖိနပ်လျှောက်သံ”ကို ပုံဖျက်ထားတဲ့ သီချင်းအသုံးပြုပြီး NLD စတစ်ကာကားတန်းကို ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆက်နေတဲ့ ဗွီဒီယို ထပ်မံ ပုံဖျက် ဖြန့်ဝေ

နေပြည်တော်မှာ NLD ကားစတစ်ကာကပ်ကန်ပိန်းစီတန်းလှည့်လည်လာသူတွေကို ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆက်နေတဲ့ ဗွီဒီယိုကို NLD ရဲ့ရွေးကောက်ပွဲသီချင်း“ဒေါက်ဖိနပ်လျှောက်သံ”ကို ပုံဖျက်သီဆိုထားတဲ့ သီချင်းနဲ့ အစားထိုးပြီး ထပ်မံပုံဖျက်ထားတဲ့ ဗွီဒီယို လူမှုကွန်ယက်မှာ ဖြန့်ဝေလျက်ရှိပါတယ်။ ဗွီဒီယိုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ‘အင်္ဂလိပ်၏ ကျွန်မယား’၊ NLD ပါတီကို ‘သာသနာဖျက်ပါတီ’စတဲ့ စကားလုံးတွေအတူနဲ့ လူမျိုးရေး၊ ဘာသာရေး၊ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှု စကားလုံးများနဲ့ သီချင်းအသံပါဝင်ပါတယ်။  “နှစ်ဖက်ချွန်လို့ ခေါ်ချင်ခေါ်ပါ။ NLDကို တလှည့် မဲဆွယ်ပေးပါရစေ။”လို့ရေးသားပြီး “Nay Thurain” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုသတင်းအမှားဟာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရွေးကောက်ပွဲလှုပ်ရှားမှုတွေကို ဖော်ပြနေတဲ့ “Chair […]

Continue Reading

Fact Check: ထိုင်းတောင်ပိုင်းက ဘာသာခြားတွေရဲ့ သတ်ဖြတ်ခြင်းခံရတဲ့ သံဃာတော်တွေအဖြစ် မျှဝေနေတဲ့သတင်းမှား

ထိုင်းမှာ ဘာသာခြားတွေရဲ့ သတ်ဖြတ်ခြင်းခံရတဲ့ သံဃာတော်တွေအဖြစ် မျှဝေနေတဲ့သတင်းမှား လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ အခြားဘာသာတွေကို နေရာပေးမိတဲ့အတွက် ထိုင်းနိုင်ငံမှာ ဘုန်းကြီးတွေ အသတ်ခံလိုက်ရ တဲ့ အဖြစ်အပျက်ဆိုပြီးတော့ မျှဝေထားတာဖြစ်ပါတယ်။ သို့သော်လည်း မျှဝေထားတဲ့ ဓာတ်ပုံဟာ ထိုင်းနိုင်ငံက ဘုန်းကြီးတွေ အသတ်ခံရတဲ့ပုံ မဟုတ်ဘဲ တရုတ် တိဘက်ဒေသက ဘုန်းကြီးတွေ တရုတ်ရဲ့ အုပ်ချုပ်မှုကို ဆန္ဒဖော်ထုတ်နေပုံဖြစ်တာကို  Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ထိုင်းနိုင်ငံမှာ ဘုန်းကြီးအမြောက်အများကို အခြားဘာသာဝင်တွေက သတ်ဖြတ်မှုဖြစ်ပေါ်ခဲ့တဲ့ဆိုတဲ့ အချက်အလက် တစ်စုံတစ်ရာလည်း မတွေ့ရှိရပါဘူး။ “ဘာလုပ်သင့်လဲ စဉ်းစားကြပေါ့ နှလုံးသားမှာ ဘုရားတည်နေရင် ဘယ်ဘာသာဝင်ကမှ လာဖျက်ဆီးလို့မရဘူး။ ကျန်တဲ့ဘာသာတွေကိုလည်း နေရာပေးရမယ်လို့ NLD ပါတီဝန်းရံသူတွေက ပြောကြတယ်။ နှလုံးသားမှာ ဘုရား တည်နေပါလျှက်နဲ့ ဘာသာခြားတွေကို […]

Continue Reading

Fact Check: ၂၀၁၉ ခုနှစ်က မန္တလေး-ပုဂံ အမြန်ရထား စက်ခေါင်းလမ်း ချော်တိမ်းမှောက်မှုကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေနေ

မန္တလေးပုဂံ အမြန်ရထား စက်ခေါင်းအမှတ် DD–1214 ဟာ ယမန်နေ့က တိမ်းမှောက်ခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့ တယ်ဆိုတဲ့သတင်းတစ်ခု လူမှုကွန်ယက်မှာပျံ့နှံ့လျက်ရှိပါတယ်။  ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ မီးရထားစက်ခေါင်းလမ်းချော်နေပုံတွေနဲ့ “ယမန်နေ့ညက မန္တလေးပုဂံ အမြန်ရထား စက်ခေါင်းအမှတ် DD–1214 နွားထိုးကြီးမြို့မရဲစခန်း၏ အရှေ့ဘက် ၅ မိုင်ခန့်အကွာ  ငှက်ပျောအိုင်ကျေးရွာအနီး မြောက်ဖက် တံတားအဝင် မတိုင်မီ မီးရထားမိုင်တိုင်အမှတ် (၃၉၈/၂၀/၂၂) ကြားမှာ နံနက် ၂ နာရီ ၅၅  မိနစ် အချိန်တွင် စက်ခေါင်းခန်း လမ်းချော်သွားခဲ့ပါသည်”စသည်ဖြင့် အစချီရေးသားထားပြီး ရထားစက်ခေါင်းချော်မှု ကြောင့် ခရီးသည်တွဲများမထိခိုက်စေရေးအတွက် ရထားခေါင်းတွဲနဲ့ ခရီးသည်စီးတွဲတွေ တိမ်းမှောက်မဖြစ်စေရန် သက်စွန့်ကြိုးပမ်းဆောင်ရွက်သွားခဲ့တဲ့  လက်ထောက်စက်ခေါင်းမောင်းကိုကျော်ကျော်ဦးအကြောင်း လည်းပါဝင် ပါတယ်။ သို့သော်လည်း ဒီဖြစ်စဉ်ဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၀ […]

Continue Reading

Fact Check: ကြံ့ခိုင်ရေးပါတီလက်ချက်ကြောင့် ကာဘိုးရွာကသေဆုံးသူရဲ့နာရေး အဖြစ် ဖြန့်ဝေတဲ့ ဓာတ်ပုံအမှား

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ် ကာဘိုးရွာက  ပြည်ခိုင်ဖြိုးပါတီနဲ့ ပဋိပက္ခအတွင်း သေဆုံးခဲ့ရသူရဲ့ နောက်ဆုံးခရီးလို့ရေးသားပြီး NLD အင်္ကျီဝတ်ပြီး နာရေးချတဲ့ အခမ်းအနားဓာတ်ပုံတစ်ခုကို လူမှုကွန်ယက်မှာမျှဝေလျက်ရှိတာတွေ့ရပါတယ်။  ဒီလိုပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံနှင့်အတူ ကြံ့ခိုင်ရေးပါတီလက်ချက်ကြောင့် ကာဘိုးရွာက ဆုံးပါးသွားခဲ့ရတဲ့ သူတစ်ဉီးရဲ့ နောက်ဆုံးခရီးလို့ ရေးသားထားတာတွေ့ရပြီး အသုဘထမ်းစင်နှင့် ခေါင်းမှာ ပတ်တီးစည်းနဲ့ ဆေးသွင်းနေရသူ တစ်ဉီးရဲ့ ပုံပါဝင်ပါတယ်။ ကာဘိုးရွာက အသုဘအခမ်းအနား အဖြစ်မျှဝေနေတဲ့ဓာတ်ပုံဟာ အောက်တိုဘာ ၇ ရက်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့လျက်ရှိတာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ကာဘိုးရွာက ဝိုင်းဝန်းရိုက်နှက်ခံရတဲ့သူဟာ အောက်တိုဘာ ၂၄ ရက်မှာ ကွယ်လွန်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေနဲ့ အတူ “#RIP ပါညီလေးရေ…မင်းဟာ ဒီမိုကရေစီအတွက် သမိုင်းဝင်ရဲဘော်တစ်ယောက်ပါ။ အလေးပြုပါတယ်။ ကြံ့ခိုင်ရေးလူသတ်ပါတီရဲ့ လက်ချက်ကြောင့် ဆုံးပါသွားရတဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဘုရားကို သာမန်ပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်၊ အထူးကိုးကွယ်နေစရာ မလိုဘူးလို့ ပြောခဲ့သလား

ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဘုရားဟာ သာမန်ပုဂ္ဂိုလ်တစ်ဦးဖြစ်တာကြောင့် အထူးအလေးထား ကိုးကွယ်နေစရာမလိုဘူးလို့  ပြောကြားခဲ့တယ်ဆိုပြီး လူမှုကွန်ယက်မှာ မျှဝေနေလျက်ရှိတာ တွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “ဗုဒ္ဓဘုရားဆိုတာ သာမန်ပုဂ္ဂိုလ်တစ်ဦးပါ။ ဒါကြောင့် အရမ်းကြီး အလေးအနက်ထား ကိုးကွယ်နေ စရာမလိုဘူး”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်ဆိုပြီးတော့ ရေးသား မျှဝေနေတာဖြစ် ပါတယ်။ ဒီလိုအလားတူမျှဝေချက်တွေကို ဒီနေရာ ၊ဒီနေရာ ဒီနေရာနဲ့ ဒီနေရာ နဲ့ ဒီနေရာမှာ မျှဝေထားတာ တွေ့ရပါတယ်။ tenor အပါအဝင်အခြားသော gif ပလက်ဖောင်းများတွေမှာလည်း အလားသဏ္ဌာန်တူ ပျံ့နှံ့လျက်ရှိတာအောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီလိုမျှဝေနေတဲ့ အချက်အလက်တွေဟာ မှားယွင်းပြီး အထောက်အထားမရှိတာကို Fact Crescendo Myanmar ကတွေ့ရှိပါတယ်။ စာပေအသိုင်းအဝိုင်း၊နိုင်ငံရေးအသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေကို မေးမြန်းအတည်ပြုရာမှာလည်း ဒီလိုပြောကြားခဲ့တယ်ဆိုတဲ့အထောက်အထားမျိုးမတွေ့ရှိကြောင်း ပြန်လည်ဖြေကြားခဲ့ကြပါတယ်။ မူရင်းလင်ခ့် – Fb link  |  […]

Continue Reading

Fact Check: သမ္မတဟောင်းဦးသိန်းစိန် နိုဘယ်ဆုရတယ်လို့ သတင်းမှားဖြန့်

သမ္မတဟောင်းဦးသိန်းစိန် နိုဘယ်ဆုရတယ်ဆိုပြီး မျှဝေလျက်ရှိတဲ့ပို့စ် လူမှုကွန်ယက် အသုံးပြုသူများအကြား ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “ပြုပြင်ပြောင်းလဲရေးနိုဗယ်ဆု ပူပူနွေးနွေးရရှိလိုက်တဲ့ သမ္မတဟောင်းဦးသိန်းစိန်” လို့ ခေါင်းစဉ်တပ်ရေးသားထားပြီး “သူဟာ သူအားထုတ်ခဲ့တဲ့ ငြိမ်းချမ်းရေး အောင်မြင်အောင် လုပ်နိုင်ခဲ့မှုနဲ့  နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ အတွက်  ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရခဲ့တာ ဖြစ်ပါတယ်။ အီသီယိုးပီးယားဟာ အီရီထရီးယားနဲ့ မနှစ်က  ငြိမ်းချမ်းရေး သဘောတူညီချက်ရခဲ့ပါတယ်။  ဒါဟာ ၁၉၉၈-၂၀၀၀ ပြည့်နှစ် နယ်စပ် စစ်ပွဲ အပြီး  နှစ် ၂၀ ကြာ ရှေ့မတိုး နောက်မဆုတ်သာ စစ်ရေး တင်းမာနေတဲ့ အခြေအနေကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူက နိုဘယ် ငြိမ်းချမ်းရေးဆုကို  ၁၀၀ ဦးမြောက်ရသူ ဖြစ်လာပါတယ်။ နိုဘယ်ငြိမ်းချမ်းရေးဆုအတွက်  အမေရိကန်ဒေါ်လာ ကိုးသိန်းနီးပါးကို နော်ဝေနိုင်ငံ […]

Continue Reading

Fact Check: ခြင်္သေ့ခေါင်းပုံတပ် စေတီအဖြစ်မျှဝေနေတဲ့ သတင်းမှား

ထီးတော်အစား ခြင်္သေ့ခေါင်းပုံနဲ့တည်ဆောက်ထားတဲ့ စေတီအဖြစ်မျှဝေနေတဲ့ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူများအကြား ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ မိတ္ထီလာနယ် ကတ္ထူကံသိမ်ဝင်း မိုင်တိုင်အမှတ် ၂၈၇/၁ မှာရှိတဲ့ ခြင်္သေ့ခေါင်းတပ်​ထားတဲ့ စေတီလို့ ရေးသားထားပါတယ်။ သို့သော်လည်း ဒီလိုရေးသားမျှဝေထားတဲ့ အချက်အလက်ဟာ မှားယွင်းတာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ဒီပုံစံနဲ့စေတီဟာ မူလကတည်းက နဂါးခေါင်းပုံစေတီဖြစ်ပြီး ဒီပုံစံအတိုင်း စေတီအဖြစ် လှူဒါန်းခဲ့ခြင်းဖြစ်တယ်လို့ အလှူရှင်က ပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေက ပြန်လည်မျှဝေထားတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရ ပါတယ်။ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။ မူရင်းလင့်ခ် –  Fb link |  Archive link  အချက်အလက်စိစစ်ချက် မိတ္တီလာမြို့နယ် အမြန်လမ်းမဘေး မိုင်တိုင် ၂၈၇/၁ မှာရှိတဲ့  ဒီစေတီကို […]

Continue Reading