နေ့စားခအပြည့်မရတဲ့အတွက် ပြည်ခိုင်ဖြိုးဆိုင်းဘုတ်တွေ ဖြုတ်ချခံရတယ်ဆိုတဲ့ သတင်းတု

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေစတင်ခဲ့မှုနဲ့အတူ ပါတီအသီးသီးက ရွေးကောက်ပွဲ စည်းရုံးမှုအဖြစ် ကိုယ်စားလှယ်လောင်းဆိုင်းဘုတ် စိုက်ထူမှုတွေ အပြိုင်ဆိုင်ဆောင်ရွက်ချိန် လည်းဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “ဝန်းသိုမှာဖြစ်သွားတာတဲ့ နေ့စားခပေးတာ နည်းလို့ဆိုပြီး ဆိုင်းဘုတ်ကြီး တွန်းလှဲပစ်ကြ တာ” ဆိုပြီးတော့ “‎Kaung Myat Hmue Eain‎”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “ပြည်ခိုင်ဖြိုးပါတီချစ်သူများ USDP GROUP”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ အောက်ပါ အတိုင်းမျှဝေထားပါတယ်။ Fb link Archive link အလားတူ “မိထ္ထီလာမှာတော့ နေ့စားခ ငါးထောင်ပေးမယ်ပြောပြီး၂၀၀၀ပဲပေးလို့ သန်ဌေးပုံပါတဲ့ဆိုင်းဘုတ်ကို ဝိုင်းဖျက်ဆီးလိုက်ကြပြီ”ဆိုပြီးတော့လည်း “Apoi Lo”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထား တာတွေ့ရပါတယ်။  ဒီပို့စ်တွေအောက်မှာ မှတ်ချက်တွေကို ကြည့်မယ်ဆိုရင် နိုင်ငံရေးအောက်လုံးထိုးမှု အဖြစ်ပြောဆိုနေကြတဲ့ မှတ်ချက်တွေအများအပြားလည်းတွေ့ရပါတယ်။ ရွေးကောက်ပွဲဆိုင်းဘုတ်တွေကိုအမှန်တကယ်ဖျက်ဆီးခံရတဲ့ အခြေအနေမျိုးလည်းရှိခဲ့တာကို ဒီလင့်ခ်၊ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တွေ့ရပါတယ်။ အခုလည်း နေ့စားခပေးတာအငြင်းပွားပြီးအခုလို ဆိုင်းဘုတ်ကို […]

Continue Reading

COVID-19 လူနာအမှတ် ၁၀၆၁ ပတ်သက်တဲ့သတင်းမှားပျံ့နှံ့

COVID-19 တကျော့ပြန်ဖြစ်ပွားလာမှုမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကူးစပ်ပျံ့နှံ့မှုအများဆုံးဖြစ်ခဲ့တဲ့ သင်္ဃန်းကျွန်မြိုနယ်မှာ ကူးစက်ခံရမှုအများစုဟာ Music Zone KTV နဲ့လည်း စပ်ဆပ်နေတာတွေ့ရပြီး အဲဒီအထဲမှာ လူနာအမှတ် ၁၀၆၁ ကတစ်ဆင့်နောက်ထပ် လူနာ ၈၀ ကျော်အထိ ကူးစက်ခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ Music Zone က case 1061 အဖြစ်ဖော်ပြနေတဲ့ အမျိုးသမီးငယ်ဓာတ်ပုံနဲ့ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာပျံ့နှံ့လျက်ရှိပါတယ်။ FB Link Achive Link အလားတူပို့စ်မျိုးကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီလိုမျှဝေနေတာနဲ့ ပတ်သက်ပြီး ဓာတ်ပုံ မူရင်းပိုင်ရှင်က အောက်ပါအတိုင်း ပြန်လည်ရှင်းလင်းထားတာ တွေ့ရပါတယ်။ “#သတင်းအမှားပါ  #တရားစွဲမှာပါ_၆၆ဃနဲ့_သတင်းအမှားကိုတင်တဲ့သူမှန်သမျှ ညီမပုံနဲ့ နာမည်ကို အလွဲသုံးစားလုပ်ပြီး ညီမ ဂုဏ်သိက္ခာကျအောင် တင်လိုက်တဲ့ post […]

Continue Reading

ကိုဗစ်ထောက်ပံ့ကြေးအတွက် Online စနစ်နဲ့ကောက်ခံနေတယ်လို့ သတင်းမှားဖြန့်

ကိုဗစ်ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရေးအတွက်အိမ်ထောင်တစ်စုလျှင် ၂၀၀၀၀ ကျပ်နှုန်း ထောက်ပံ့ ရန်အတွက် online စနစ်နဲ့ကောက်ခံနေတယ်ဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။  “Group ဝင်ထားသူများကိုသာ ထောက်ပံ့ကြေးပေးသွားမည် ဖြစ်သည်။ကိုဗစ်ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရေးအတွက် တစ်အိမ်ထောင်လျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် (ဒေသအလိုက်ကွာခြားနိုင်သည်) ထောက်ပံ့ ပေးခဲ့သည်မှာ အားလုံးအသိဖြစ်သည်။ ယခုအခါ ရောဂါပြန့်နှံ့မှုအခြေအနေမှာ ယခင်ကထက် ပိုမိုမြင့်မားလာ သောကြောင့် အိမ်ထောင်စုများအား ကွင်းဆင်းကောက်ခံရန် ခက်ခဲလာသည်။ထို့ကြောင့် Online စနစ်ဖြင့် ကောက်ခံသွားမည်ဖြစ်သောကြောင့် ယခု ဖော်ပြပါ Group အတွင်းသို့ ဝင်ရောက်၍ စာရင်းပေးထားရန် လိုသည်။ Group ဝင်ရန် (စာကိုနှိပ်၍ Join ကိုနှိပ်ပါ) https://www.facebook.com/groups/1128757160852604/?ref=share  ယခုပို့အား အများသိစေရန် တခြား Groups များတွင် မျှဝေပေးပါ။ […]

Continue Reading

အီရတ်မှာ မိသားစုဝင် ၁၅ ဦး နာရီပိုင်းခြားပြီး သေဆုံးမှုမြင်ကွင်းလား

သင်္ချိုင်းတစ်ခုမှာ အဖြူရောင်အစနဲ့ ဖုံးအုပ်ထားတဲ့ အလောင်းတွေကို အီရတ်နိုင်ငံက မိသားစုဝင်၁၅ယောက်လုံး နာရီခြားပြီး သေဆုံးမှုအဖြစ်ဖော်ပြနေတဲ့ပို့စ် လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ “ကိုဗစ် ဒုတိယလှိုင်း မျိုးရိုးဗီဇ ပိုမိုပြင်းထန်လာနေပြီ အီရတ်နိုင်ငံက မိသားစုဝင် တယောက်ကနေ တအိမ်သား လုံးကူးစက်ပြီး၅ရက်အကြာ ဝေဒနာပြင်းထန်စွာခံစားရပြီး မိသားစုဝင်၁၅ယောက်လုံး နာရီခြားစီ သေဆုံးခဲ့ သောမြင်ကွင်းပါ မြန်မာပြည်အနေနဲ့မပေါ့ဆကြပဲ ရောဂါကူးစက်မှုမရှိအောင် ကာကွယ်ကြဖို့ လိုနေပါပြီ” လို့ရေးသားပြီး အောက်ပါအတိုင်းမျှဝေထားတတွေ့ရပါတယ်။ Fb link Archive link အလားတူပို့စ်ကို ဒီနေရာ နဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ ဒီလိုမျိုး ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်မျိုးဖြစ်နိုင်ပါသလား။ ဖြစ်နိုင်တာတွေ့ရပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံတွေက မိသားစု ၁၅ ဦးနာရီပိုင်းခြားပြီးသေဆုံးခဲ့ပုံတွေလားဆိုတာ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် မိသားစုဝင် ၁၅ ဦးနာရီပိုင်းခြားသေဆုံးခဲ့တယ်ဆိုတဲ့ ဒီပို့စ်မှာ မျှဝေနေတဲ့ […]

Continue Reading

ဒေါ်အောင်ဆန်းစုကြည်ရဲ့ကဗျာလေလံနဲ့ပတ်သက်တဲ့ သတင်းမှားပျံ့နှံ့

ဒေါ်အောင်ဆန်းစုကြည်ရဲ့၂၀၁၁၁ ခုနှစ်က ဒါရိုက်တာမင်းထင်ကိုကိုကြီးကိုရေးပေးခဲ့တဲ့ကဗျာလေလံနဲ့ ပတ်သက်ပြီး သတင်းမှားတစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ ဒီလိုပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “ဦးမောင်ဝိတ် ( Myanmar Imperial Vega) ဦးရှိန်ဝင်း (တက်လမ်း ) ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းတို့က သိန်း ၂၄၀၀ ကို စုပေါင်းကျခံပြီး မောင်မောင်အေးတို့ကို ပေးချေ သွားမှာဖြစ်ပါ တယ်”စသည်ဖြင့်ရေးသားထားပြီး နိုင်ငံရေးအရလည်း တိုက်ခိုက်ရေးသားထား တာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် ဒီလို ပို့စ်တွေ ပျံနှံ့ခဲ့ပြီးနောက်မှာ ဒီလေလံနဲ့ပတ်သက်ပြီး လေလံပွဲကို ဦးစီးဆောင်ရွက်ခဲ့တဲ့ ကိုမောင်မောင်အေးက အောက်ပါအတိုင်းရှင်းလင်းထားတာတွေ့ရပါတယ်။  “အမေစု ကဗျာလေလံအောင်သွားသူသည် ယခုအွန်လိုင်းတွင်ဖွနေသော ဦးရှိန်ဝင်းရော … ဦးမောင်ဝိတ်ရော လုံးဝ ( […]

Continue Reading

ညောင်လေးပင်မှာ ခိုးဝင်လာသော ဘင်္ဂါလီ ၂၀၀ ဦး ဖမ်းဆီး ရမိတယ်ဆိုတဲ့သတင်းမှား

ညောင်လေးပင်မှာ ခိုးဝင်လာသော ဘင်္ဂါလီ ၂၀၀ ဦး ဖမ်းဆီး ရမိတယ်ဆိုတဲ့ ပို့စ်တစ်ခုလူမှုကွန်ယက်သုံးစွဲသူတွေ အကြားမှာပျံ့နှံ့ခဲ့ပါတယ်။ စက်တင်ဘာ ၇ ရက်က “ဘုန်း နိုင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “ကိုဗစ်ဖြစ်တာသောက်သောက်လဲ ခိုးသွင်းဘင်္ဂလီက တဖွဲဖွဲ”ဆိုပြီးခေါင်းစဉ်တပ်မျှဝေထားပြီး ညောင်လေးပင်မြို့တွင် ဘောက်ကားကြီး(၂)စီး အံစာတုံးကား(၁)စီးဖြင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှ တရားမဝင် ခိုးသွင်းလာသော ဘင်္ဂလီအကောင်(၂၀၀) ဖမ်းဆီးရမိသည်ဟု ညောင်လေးပင်မြို့မှ တာဝန်ရှိသူတစ်ဦးကပြောတယ်စသည်ဖြင့် ရေးသားပြီး အောက်ပါအတိုင်းမျှဝေထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင် ခိုးဝင်လာတဲ့ ဘင်္ဂါလီ ၂၀၀ဦးကို ဖမ်းဆီးရမိဆိုတဲ့ပို့စ်ဟာ မတ် ၃၁ရက်နေ့ထဲက လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တာဖြစ်ပြီး အဲဒီအချိန်က “Nay Lin Htike”ဆိုတဲ့ ဖေ့ဘွတ်ခ်အကောင့်က ရန်ကုန်တိုင်း ဒေသကြီး ရွှေကျီးစက်ရုံပိတ်လိုက်တာကြောင့် စက်ရုံပိုင်ရှင်ကသဲတော၊ ဝမ်းတွင်း၊ သာစည် […]

Continue Reading

ပလက်ဝက စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကျောက်တော်မီးလောင်မှုက ဒုက္ခသည်တွေ အဖြစ်ဖော်ပြနေ

စက်တင်ဘာလ ၃ရက်နေ့ ညပိုင်း ရခိုင်ပြည်နယ် ကျော်တော်မြိုနယ်က ကျေးရွာနှစ်ရွာမီးလောင်မှုကြောင့် ဒုက္ခရောက်နေတဲ့သူတွေအဖြစ်ဖော်ပြနေတဲ့ ပို့စ်တစ်ု လူမှုကွန်ယက်စာမျက်နှာတွေမှာ ပြန့်နှံ့နေတာ တွေ့ ရပါတယ်။ “တနိုင်ငံထဲမှာနေကြသူအချင်းချင်း ရက်စက်လိုက်ကြတာဗျာ လုပ်ရဲကြတယ်နှော် ဥပမာတခုပြောပြချင်တာက ရွာတရွာဟာမည်သည့်အကြောင်းကြောင်းဖြင့်မီးလောင်ပါစေ မြို့နယ်မီးသတ်ဘာလုပ်နေလည်း? မြို့နယ်အုပ်ချုပ် သူတွေကော ဘယ်ကိုခရီးလွန်နေလို့လည်း? လောင်ပြီးနောက်ပိုင်း ပြည်နယ်အစီုးရအဖွဲ့ ကသွားမကြည့်သင့် ဘူးလား? ဒုက္ခရောက်သူများကို ကူညီစရာတို့အားပေးစကားတို့ သွားမပေးသင့်ဘူးလား? ဒီလောက်တရွာလုံးပြာ ကျသွားတာကို နိုင်ငံတော်အကြီးအကဲတဦးဦးအနေနှင့် ဝမ်းနဲကြောင်းနှင့်အားပေးစကားလေး တခွန်တောင် မပြောသင့်ဘူးလား? တော်တော် တော်ကြတယ့်အုပ်ချုပ်သူလူတန်းစားတွေဘဲ ပြောလိုက်ကြတာတော့ ဘာကြီး ညာကြီးတွေ ကြီးဘဲ ဒီAccထဲကလည်းမနက်ဖြန်အကန်းတွေကိုအကုန်ရှင်းထုတ်မည်”လို့ ရေးသားပြီး “Kyaw Hla Maung Rakhita”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါအတိုင်းမျှဝေထားပါတယ်။ ပို့စ်မှာ ကျောက်တော်မြို့ နယ်မှာ စက်တင်ဘာ ၃ ရက်က မီးလောင်ပုံ၊ ဒုက္ခသည်တစ်ချို့ပုံပါဝင်ပါတယ်။ […]

Continue Reading

၂၀၁၅ ခုနှစ် လောက်ကိုင်တိုက်ပွဲက ပုံတွေကို AA အဖွဲ့ရဲ့ လက်ချက်နဲ့ တပ်မ​ေတာ်သား တွေကျဆုံးပုံအဖြစ် သတင်းမှားဖြန့်

ပုဏ္ဏားကျွန်းမှာ မြန်မာ့တပ်မတော်သား ငါးဦးအား အသေပစ်ခတ်ဖမ်းဆီးရမိတယ်ဆိုတဲ့ စစ်သားတွေ မြေပြင်မှာ လဲကျနေပုံနဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “ရခိုင်ပြည်နယ်ပုဏ္ဏားကျွန်း ကွန်းတောင်ရွာအနီးတဝိုက် အများပြည်သူရပ်ရွာများအား ခိုးဆိုးလုနှိုက်နေသော တပ်မတော်စစ်ကြောင်းတခုသည် ၂၀၂၀ စက်တင်ဘာလ(၁)ရက်နေ့က ရခိုင်အမျိုးသား အဖွဲ့ချုပ်ထိမ်းချုပ်ရာ နယ်မြေအတွင်းသို့ မတရားကျူးကျော် ဝင်ရောက်လာသဖြင့် သက်ဆိုင်ရာ နယ်မြေတာ ဝန်ခံစစ်ဒေသကင်းအဖွဲ့မှ ရပ်တန့်စစ်ဆေးရန်အကြောင်းကြားရာ လက်မခံပဲ ထွက်ပြေးကြသဖြင့် ရခိုင့် တပ်တော်မှ မလွှဲသာမရှောင်သာ၍ ခြောက်လှန့်ပစ်ခတ်စဉ် မြန်မာတပ်မတော်သားငါးဦးကျဆုံးသွားခဲ့ပြီး ၎င်းတို့နှင့်အတူပါလာသော လက်နက်ခဲ ယမ်း ကျည်ဆံများပါထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း FDM သတင်းဌာန၏ ထုတ်ပြန်ကြေငြာချက် အရသိရပါ သည်”စသည်ဖြင့် ရေးသားထားပြီး “တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတာပါတယ်။ Link Archive link အလားတူပို့စ်ကို “စော ဒေဝီ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက စက်တင်ဘာ […]

Continue Reading

“AA ရခိုင်စစ်သမီးတွေရဲ့ခံယူချက်”အမည်နဲ့ ရုပ်သံဖိုင်ထဲကရုပ်ကတ်အချို့နဲ့ AA အဖွဲ့ရဲ့ မုဒိန်းကျင်ခံရတဲ့ ရခိုင်မိန်းမပျိုလေးများအဖြစ်ပုံမှားရိုက်ထားတဲ့သတင်းတု

AA အဖွဲ့ကို ဝင်ရောက်သွးတဲ့ အမျိုးသမီးစစ်သည်တွေဟာ အေအေအရာရှိ များရဲ့လိင်ဖော်ဖြေရေးလုပ် သားများဖြစ်သွားကြတယ်ဆိုတဲ့  ဗွီဒီယိုဖိုင်ပို့စ်တစ်ခုကို Myanmar Top News က ယူကျူ့ချန်နယ်မှာ ြသဂုတ် ၂၂ ရက်က မျှဝေခဲ့တာတွေ့ရပါတယ်။  “အေအေအရာရှိများရဲ့လိင်ဖော်ဖြေရေးခုပ်သားများဖြစ်သွားကြသောရခိုင်မိန်းမပျိုလေးများ”ဗွီဒီယိုကို ခေါင်းစဉ်တပ်ထားပြီး Myanmar Top News အမည်နဲ့ ယူကျူ့ချန်နယ်မှာမျှဝေထားတာရာမှာ ဒီဗွီဒီယိုကို ကြည့်ရှု့သူ ၄သောင်းကျော်ရှိခဲ့ပါတယ်။ Link Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုနဲ့ပတ်သက်ပြီး The Nyang News က အချက်အလက်စိစစ်ထားတာ တွေ့ရပါတယ်။ “အဓမ္မ ပြုကျင့်ခံရသူ အမျိုးသမီးက ရခိုင်အမျိုးသမီး များ အစည်း အရုံး ထံ ဖုန်းဆက် အကူအညီ တောင်းခံထားတယ် ဆိုတဲ့ အချက်နဲ့ ရခိုင်အမျိုးသမီး အစည်းအရုံး တာဝန်ရှိသူရဲ့ ပြောကြားခဲ့တယ် […]

Continue Reading

အမေရိကန်မှာ COVID-19 ကာကွယ်ဆေး လူသန်း ၂၀၀ မှာ ထိုးမယ်ဆိုတာမဟုတ်ပါ

အမေရိကန်မှာ COVID-19 ကာကွယ်ဆေး လူသန်း ၂၀၀ ကို အောက်တိုဘာ ၂၂ ရက်မှာ စတင်ထိုးမယ်ဆိုတဲ့ ပို့စ်တစ်ခု ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ “အောက်တိုဘာ 22 Covid19 ကာကွယ်ဆေး USA မှာလူသန်း 200စထိုးပြီ..CNN”လို့ “Lwin Moe”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသားထားပြီး ဒီသတင်းကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေခဲ့ကြ တာတွေ့ရပါတယ်။ Link Archive link အချက်အလက်စိစစ်ချက် Google မှာ “us covid-19 vaccine on october 22 cnn”လို့ အဓိကကျတဲ့စကားလုံးတွေကို ရိုက်ရှာမယ်ဆိုရင် အောက်ပါအတိုင်းတွေ့ရပါတယ်။ COVID-19 ကာကွယ်တားဆီးရန်အလားအလာကောင်းများ ကာကွယ်ဆေးတွေအတွက် ခွင့်ပြုချက် သို့မဟုတ် လိုင်စင်ချထားပေးခြင်းတွေကို အားဆွေးနွေးဖို့အတွက် ၂၀၂၀၊ အောက်တိုဘာ ၂၂ ရက်တွင်ကာကွယ်ဆေးနဲ့ […]

Continue Reading