Fact Check: ပြည်ပထွက်ပြေးဖို့လုပ်နေတဲ့ ဗိုလ်ချုပ်မိသားစုတွေ လေယာဉ်ပေါ်အတက် မိုင်းခွဲခံရဆိုတဲ့ သတင်းတု

ပြည်ပထွက်ပြေးဖို့လုပ်နေတဲ့ ဗိုလ်ချုပ်မိသားစုတွေ ရန်ကုန်လေဆိပ်မှာ လေယာဉ်‌ပေါ်အတက် မိုင်းခွဲခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိမှုသာဖြစ် တယ်။ အောက်မှာ စာသားနဲ့ စခရင်ရှော့ကတော့ ဒီလိုမျှဝေထားတဲ့ ယူကျူ့ချန်နယ်တခုက ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုကို ရယူထားခြင်းဖြစ်တယ်။ ဒီဇင်ဘာ ၂၅ ရက်ကဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှု အကြိမ်အရေ အတွက် တသိန်း ခုနှစ်သောင်းဝန်းကျင်ရှိထားပြီဖြစ်တယ်။ “ရန်ကုန် လေဆိပ် ပွတ်လောရိုက်ကုန်ပြီ ပြည်ပပြေးဖို့ လုပ်နေကြတဲ့ ဗိုလ်ချုပ်မိသားစုများ လေယဉ်ပေါ်အတက် မိုင်းခွဲခံရ”(မူရင်းအ‌ရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခု ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ Celegram 1M အမည်နဲ့ ယူကျူ့ချန်ဟာ ထင်ယောင်ထင်မှားဖြစ်ဖွယ် အ‌ကြောင်း အရာတွေနဲ့ […]

Continue Reading

Fact Check: ဦးဝါသဝရဲ့ ပျူစောထီးတွေ လက်နက်ချအလင်းဝင်တဲ့ သတင်းမှား

ဘုန်းကြီး စစ်ခေါင်းဆောင် ဦးဝါသဝရဲ့ ပျူစောထီးကွန်မန်ဒိုတပ်တွေ လက်နက်ချ၊ အညံ့ခံအလံဖြူထောင် အလင်းဝင်ပြီလို့ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်မှာ စာသားနဲ့ စခရင်ရှော့ကတော့ ဒီလိုမျှဝေထားတဲ့ ယူကျူ့ချန်နယ်တခုက ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုကို ရယူထားခြင်းဖြစ်တယ်။ ဒီဇင်ဘာ ၂၄ ရက်ကဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ တရက်အတွင်း ကြည့်ရှု့မှု အကြိမ်အရေအတွက် သိန်းခွဲဝန်းကျင်ရှိပါတယ်။ “ပျူကတုံးဝါသဝရဲ့အထူးကွန်မန်ဒိုတပ်ကြီး လက်နက်ချ၊အညံ့ခံအလံဖြူထောင်အလင်းဝင်ပြီဗျို” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ အချို့မှာ ဖော်ပြခဲ့ ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တု သို့မဟုတ် ထင်ယောင်ထင်မှားဖြစ်စေတဲ့ သတင်းခေါင်းတွေတပ်ပြီး  ပြန် လည် ဖြန့်ချိပါတယ်။ ပြည်တွင်းသတင်းလုပ်ငန်းမှာ […]

Continue Reading

Fact Check: အမေရိကန်သမ္မတ မြန်မာနိုင်ငံလာရောက်တဲ့ သတင်းတု

အမေရိကန်သမ္မတ မြန်မာနိုင်ငံ ရန်ကုန်မြို့ကိုလာရောက်အပြီး ၁၀ မိနစ်အတွင်း NLD ခေါင်း‌ဆောင်တွေနဲ့ အကျဉ်းသား ၈၅၀၀ ပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းတု Celegram 1M အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “အမေရိကန်သမ္မတမှ မြန်မာလာပြီ ရန်ကုန်လေဆိပ် ၁၀ မိနစ်မကြာဘူး NLD ခေါင်းဆောင်များနဲ့ အကျဉ်းသား (၈၅၀၀) အကုန်လွှတ်ချ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အဓိကအားဖြင့် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းမီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မရှိပါဘူး။  Celegram 1M အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ ထင်ယောင်ထင်မှားဖြစ်ဖွယ်သတင်းတု၊ သတင်းမှားတွေ ဆက်တိုက်ဖြန့်ချိနေတဲ့ ချန်နယ်တခုဖြစ်ပါတယ်။  Fact […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် ဆွေးနွေးဖို့ ကမ်းလှမ်းဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင်က ဆွေးနွေးဖို့ ကမ်းလှမ်းပြီး ချမှတ်ထားတဲ့ ပြစ်မှုတွေကို ရုပ်သိမ်းလိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု သတင်းမှားတွေသာဖြစ်တယ်။ အောက်ပါကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုပါစာသားကောက်နုတ်ချက်နဲ့ ဖြန့်ဝေထားပုံကို စခရင်ရှော့ရယူထားခြင်းဖြစ်တယ်။  “ဒေါ်စုရဲ့အမှုအားလုံးရုပ်သိမ်းပြီး ရာသက်ပန်လွှတ်ပြီ မင်းအောင်လှိုင် ဆွေးနွေးနေရပြီ(ရုပ်/သံ)” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အဓိကအားဖြင့် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ယုံကြည်ရ လောက်တဲ့ သတင်းအရင်းအမြစ် တခုတလေကမျှလည်း ဒီလိုပြောဆိုဖော်ပြချက်မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးပြီး နိုင်ငံရေးဆွေးနွေးဖို့ စစ်ခေါင်းဆောင်က ကမ်းလှမ်းသယောင် ဖြန့်ဝေနေတဲ့  Celegram 1M အမည်နဲ့ ယူကျူ့ချန်ဟာ အခုလိုပဲ ထင်ယောင်ထင်မှားဖြစ်ဖွယ် အကြောင်း အရာတွေနဲ့ လုပ်ကြံရေးသားချက်တွေကို ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။  ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း […]

Continue Reading

Fact Check: မုန်းမြို့မဈေးကို KNLA နဲ့ PDF မီးရှို့တာလား-မဟုတ်ပါ

မုန်းမြို့မဈေးကို KNLA တပ်မဟာ ၃ နဲ့ တောင်ငူခရိုင် PDF အဖွဲ့က မီးရှို့သွားတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားဖြန့်ချိမှုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “Breaking News ၂၀၂၃ ဒီဇင်ဘာ ၂၀ ရက်နေ့ ၁၄၄၀ ချိန်ခန့်တွင် KNLA တမဟ(၃)၊ ရင်း(၈)နှင့် တောင်ငူခရိုင်PDF အကြမ်းဖက် တပ်ရင်းအမှတ် (၃၅၀၂)၊ အထူးစစ်ကြောင်းတပ်ခွဲတာဝန်ခံ စည်သူလွင် (ကျောက်ကြီးမြို့နယ် NLD ပါတီ၊ တိုင်း ၁ လွှတ်/လှယ် ဟောင်း)တို့ဦးဆောင်သည့် ပူးပေါင်းအဖွဲ့မှ  မုန်းကျေးရွာ၊ (၅) ရပ်ကွက်ရှိ မုန်းဈေး(မြတ်မာလာ)အား ဈေးအတွင်းပိုင်းမှစ၍ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးလောင်ကျွမ်းလျက်ရှိပြီး […]

Continue Reading

Fact Check: မန္တလေးနန်းတွင်း တိုက်ခိုက်မှုမှာ တိုင်းမှူးတမိသားစုလုံးသေဆုံးပြီး လေယာဉ် အစီး ၂၀ ပျက်စီးဆိုတဲ့ သတင်းတု 

မန္တလေးနန်းတွင်း တိုက်ခိုက်မှုမှာ တိုင်းမှူးမိသားစုသေဆုံးခဲ့ပြီး လေယာဉ်အစီး ၂၀ ပျက်စီးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာမှာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ ထိခိုက်သေဆုံးမှုအချို့ရှိပေမဲ့ ဘယ်သူဘယ်ဝါဆိုတာကို တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ အဖွဲ့အစည်းတွေကိုယ်တိုင် အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “မန္တလေးတိုင်း စစ်ဌာနချုပ် ဒုံး(၆)လုံးနဲ့ ပစ်ခပ်ခံရမှုမှာ တိုင်းမှူးတစ်မိသားစုလုံး ထိပြီး သေဆုံးတဲ့ လေယဉ်အစီး(၂၀)ပြာကျ၊ သွေးချောင်းစီးခဲ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် မန္တလေးနန်းတော်ထဲမှာ ရှိတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မြို့ပြပြောက်ကျားစစ်ဆင်ရေးအနေနဲ့ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က တိုက်ခိုက်ခဲ့ကြောင်း တိုက်ခိုက်ခဲ့တဲ့ အဖွဲ့က ထုတ်ပြန်ခဲ့ပြီး  […]

Continue Reading

Fact Check: ဘဏ်အပ်ငွေတွေကို သိမ်းဆည်းလိုက်ကြောင်း စစ်ခေါင်းဆောင်ကြေညာတဲ့ သတင်းတု

ဘဏ်အပ်ငွေမှန်သမျှကို သိမ်းဆည်းလိုက်ကြောင်း စစ်‌ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကြေညာလိုက်တယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဒီဇင်ဘာ ၂၁ ရက်ကဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း နေတယ်။ သတင်းတုသတင်းမှား သာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့  Celegram 1M အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ဗွီဒီယိုကို ရယူထားခြင်းဖြစ်တယ်။  “တစ်နိုင်ငံလုံး သတင်းဆိုး (၂၁) ရက်နေ့ ဘဏ်မှာအပ်ထားတဲ့ ငွေမှန်သမျှ သိမ်းကြောင်း မင်းအောင်လှိုင် ကြေငြာ” မူရင်းလင်ခ့် – Yotube link | Archive link အချက်အလက်စိစစ်ချက် အရင် Cele Corner 1M အမည်ကနေ Celegram 1M လို့အမည်ပြောင်းထားတဲ့ ဒီယူကျူ့ချန်နယ်ကို ကြည့်မယ် ဆိုရင် ထင်ယောင်ထင်မှားဖြစ်ဖွယ် အကြောင်းအရာတွေ သို့မဟုတ် သတင်းတုတွေ […]

Continue Reading

Fact Check: အဖွဲ့ ၂၁ ဖွဲ့ပေါင်းပြီး နေပြည်တော်ကို သိမ်းမယ်လို့ KNU ဥက္ကဌကြေညာတဲ့ သတင်းတု

လက်နက်ကိုင် ၂၁ ဖွဲ့ ပူးပေါင်းပြီး နေပြည်တော်ကို အပြီးဝင်သိမ်းမယ်လို့ KNU ဥက္ကဌကြေညာလိုက်ပြီနောက် နေပြည်တော်က စစ်ဗိုလ်ချုပ်တွေနုတ်ထွက်ကုန်တယ်လို့ဆိုလိုထားတဲ့  ဗွီဒီယိုတခု ယူကျူ့မှာပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲ စေနိုင်တဲ့ သတင်းမှားတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “လက်နက်ကိုင်(၂၁)ဖွဲ့ ပူးပေါင်းပြီး နေပြည်တော်ကို အပြီးဝင်သိမ်းမည်ဟု KNUဥက္ကဌကြေညာ စစ်ဗိုလ်ချုပ် ၉၆ ဦးချက်ချင်းနုတ်ထွက်လိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ တကယ်တော့ ဒီဗွီဒီယိုဖိုင်ပါအကြောင်းအရာဟာ လူထုနွေဦးသတင်းစာမျက်နှာဖော်ပြခဲ့တဲ့ “စစ်ပွဲများလာပါက လူထုတစ်ရပ်လုံး၏ အနာဂတ် အကျိုးစီးပွားအတွက်ဟုနားလည်ရန် KNU ဥက္ကဋ္ဌ အသိပေး”ဆိုတဲ့ အကြောင်းအရာကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။ ဒီသတင်းထဲမှာ KNU  ဥက္ကဌက  စစ်ကောင်စီပြုတ်ကျရေးအတွက် စစ်ပွဲတွေ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်ကို NATO အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သတင်းတု

စစ်‌ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြောက်အတ္တလန်တိတ်စစ်စာချုပ်အဖွဲ့(NATO) က ဖမ်းဆီးခေါ်ဆောင်သွားပြီလို့ဆိုတဲ့  ဗွီဒီယိုယူကျူ့ချန်နယ်တခုက ဒီဇင်ဘာ ၁၄ ရက်က ဖြန့်ချိထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ်ထားတဲ့ ဗွီဒီယိုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ကခုန်ကြဟေ့ အောင်ပွဲခံလို့ရပြီ အကြမ်းဖက်ခေါင်းဆောင် ကြင်စိုးမအလ NATO အဖွဲ့ဒီနေ့ပဲ ဖမ်းခေါ်သွားကြပြီဟေ့ ခေတ်သစ်တရားဝင်အတည်ပြုကြေညာပြီ” မူရင်းလင်ခ့် – Yotube link | Archive link အချက်အလက်စိစစ်ချက် အခုလို ဖြန့်ဝေ ထားတဲ့ ယူကျူ့ချန်နယ် The Burmese’s on Air ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တု သို့မဟုတ် သတင်းခေါင်းလွဲတွေတပ်ကာ ပြန်လည်ဖြန့်ချိနေ ခြင်းဖြစ်တာတွေ့ ရပါတယ်။ အခု ဗွီဒီယိုအစမှာပြသတဲ့ Thumbnail ဓာတ်ပုံမှာ […]

Continue Reading

Fact Check: နေပြည်တော်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတု

နေပြည်တော်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်လို့ စစ်ကောင်စီက နေပြည်တော်ကို လက်လွတ်ဆုံးရှုံးလိုက်ရတယ်ဆိုတဲ့ ဗွီဒီယိုယူကျူ့ချန်နယ်တခုက ဖြန့်ချိထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိ ပါတယ်။ သတင်းခေါင်းစဉ်တုတပ်ထားတဲ့ ဗွီဒီယိုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “၁၃ရက်နေ့ မအလပြေးပြီ နေပြည်တော်တစ်မြို့လုံးလက်လွှတ်လိုက်ရပြီဟေ့ ညီနောင်မဟာမိတ်(၃)ဖွဲ့ အလံ စိုက်ထူလိုက်ပြီ ရန်ကုန်ခေတ်သစ်တရားဝင်အတည်ပြုပြီ ”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Yotube link | Archive link ဒီယူကျူ့ချန်နယ်ကပဲ နေပြည်တော်လေတပ်ဌာနချုပ် ရဟတ်ယာဉ်ကွင်းကို  ဒရုန်းနဲ့တိုက်ခိုက်တာကြောင့် ရဟတ်ယာဉ် ၅ စီးမီးလောင်ပြာကျသွားပြီ၊ ရန်ကုန်စစ်ဌာနချုပ် ညကအင်အား အလုံးအရင်းနဲ့ ဝင်သိမ်း လိုက်ပြီးစသည်ဖြင့် ရေးသားဖြန့်ဝေထားရာမှာ အများအပြားက ဒီဗွီဒီယိုတွေကို ကြည့်ရှူ့ထားပါတယ်။ ဒီနေရာနဲ့ဒီနေရာမှာကြည့်ပါ။  အချက်အလက်စိစစ်ချက် အဓိကအားဖြင့် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုလို […]

Continue Reading