Fact Check: လက်နက်ကြီးကြောင့် သေဆုံးသူ အမျိုးသမီးကို PDF က မုဒိန်းကျင့် သတ်ဖြတ်မှုအဖြစ် သတင်းမှားဖြန့်

လက်နက်ကြီး ထိမှန်သေဆုံးသူ အမျိုးသမီးတဦးကို PDF က မုဒိန်းကျင့် သတ်ဖြတ်မှုအဖြစ် ဖြန့်ဝေထားတဲ့ သတင်းမှားပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “PDF အမျိုးသား ၃ ဦးက  PDF အမျိုးသမီး ၁ ဦး ကို မုဒိန်းကျင့် စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှာရှိတဲ့ အကြမ်းဖက် PDF စခန်းမှာ PDFအမျိုးသား ၃ ဦးက PDF အမျိုးသမီးကို အုပ်စုဖွဲ့ မုဒိန်းကျင့်ပြီး ပစ်ခတ်မှုဖြစ်ပွားကာ မုဒိန်းကျင့်ခံရသည့် အမျိုးသမီးလည်းသေဆုံးပြီး မုဒိန်းကျင့်တဲ့PDF သေဆုံးကြောင်းသိရ” တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link […]

Continue Reading

Fact Check: အနုပညာရှင်တွေက iPhone 14 နဲ့ ဒေါ်လာ တသောင်းပေးနေတယ်ဆိုတဲ့ လှည့်စားထားတဲ့ သတင်းမှား

မြန်မာနာမည်ကြီး အနုပညာရှင်တွေက ပဟေဠိအဖြေမှန်သူတွေကို iPhone 14 နဲ့ ဒေါ်လာ တသောင်းပေးနေ တယ်ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ လှည့်စားထားတဲ့ သတင်းမှားသာဖြစ်တယ် အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါ တယ်။အလားတူ မျှဝေမှုတွေကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “ပရိတ်သတ်တွေအတွက် လက်ဆောင် ❤️❤️ iphone 14 pro max နှင့် $10,000 ငွေသားဆု။ [702] မှလွဲ၍ အခြားနံပါတ်တစ်ခုကို မှန်ကန်စွာ ခန့်မှန်းသူ 250 သည် $10,000 နှင့် iPhone 14 pro max ကို ရရှိမည်ဖြစ်သည်။” မူရင်းလင်ခ့် – Fb link | Archive link အလားတူ […]

Continue Reading

Fact Check: ရန်ကုန်ကဈေးဝယ်စင်တာမှာ စမတ်နာရီ ဝယ်နေပုံလား-မဟုတ်ပါ

ရန်ကုန်ကဈေးဝယ်စင်တာတခုမှာ MASAHIRO စမတ်နာရီကိုတိုးဝှေ့ဝယ်ယူရင်း မူးလဲကျခဲ့ရတယ်လို့ဆိုပြီး ဓာတ်ပုံအချို့နဲ့အတူ ဖေ့စ်ဘွတ်မှာ ကြော်ငြာရောင်းချနေတာတွေ့ရပါတယ်။ တကယ်တော့ ဓာတ်ပုံတွေဟာ ဗီယက်နမ် နိုင်ငံကဖြစ်ပြီး မတူညီတဲ့အဖြစ်အပျက်တွေက ဓာတ်ပုံတွေကိုအသုံးပြုပြီး လိမ်လည်လှည့်စား ထားခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့ဓာတ်ပုံနဲ့ စာသားကတော့  ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုပါစာသား ကောက်နုတ်ချက် ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ပထမဆုံး အဆောက်အဦးတခုထဲမှာ MASAHIRO စာတန်းပါဆိုင်တခုရှေ့မှာ တန်းစီနေတဲ့ လူအုပ်စုပါ ဓာတ်ပုံဟာ ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံဖြစ်တယ်။ ဓာတ်ပုံဟာ  ၂၀၂၀ ခုနှစ် ဧပြီ ၂၈ ရက်မှာ ဒိန်းမတ်အခြေစိုက် လက်ဝတ်ရတနာလုပ်ငန်းစု Pandora က ၁၅ ခုမြောက်ဆိုင်ခွဲအဖြစ် […]

Continue Reading

Fact Check: ဆရာဝန် စာရေးဆရာ ဒေါက်တာခင်သစ်နှင်း ဓာတ်ပုံတွေလား-မဟုတ်ပါ

အက်စစ်နဲ့ပက်ပြီးလုပ်ကြံခံခဲ့ရလို့  မျက်နှာ ပျက်စီးသွားခဲ့ရတဲ့ ဆရာဝန် စာရေးဆရာမ ဒေါက်တာခင်သစ်နှင်းရဲ့ အဖြစ်အပျက်အဖြစ် ဓာတ်ပုံအချို့နဲ့အတူ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက် ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ အက်စစ်နဲ့ အပက်ခံရလို့ မျက်နှာပျက်စီးခဲ့တဲ့ အမျိုးသမီးတယောက်ဓာတ်ပုံ၊ ဒီလို ထိခိုက်ခံစားရခြင်းမရှိခင်က ဓာတ်ပုံလို့ ဆိုနိုင်တဲ့ အမျိုးသမီးတယောက် ဓာတ်ပုံ၊ စာရေးဆရာမခင်သစ်နှင်းရဲ့ စာအုပ်မိတ်ဆက် ဓာတ်ပုံတို့လည်း ပါဝင်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ကောင်းလွန်းလို့ပြန်တင်တာပါ ကျနော်တို့မျက်ဝန်းထဲမှာ လှပနေဆဲပါ_ဒေါက်တာ ဒီဘဝနောက်ဆုံးဖြစ်ပါစေ…။ ဘဝ ရည်မှန်းချက်ကြီးမားခဲ့တဲ့ ဒေါက်တာ ခင်သစ်နှင်းဟာ ကလေးအထူးကု ဆရာဝန် ဖြစ်လုလု နှစ်လခန့် အလိုမှာ တခြား ဆရာဝန် မတယောက်က မျက်နှာကို အက်စစ်နဲ့ ပက်တာခံလိုက်ရပြီး အမြင် အာရုံ ကွယ်ပျောက် ရုံမက နဖူးရဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံဆွေး နွေးမှုသတင်းတု

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံပြီး ဆွေးနွေးမှုလုပ်နေတယ်ဆိုတဲ့ သတင်းတု ပို့စ်တစ်ခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုရဲ့ စာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံမှု ဓာတ်ပုံနဲ့အတူ  ၁၃ ရက်နေ့မှာ  ဆွေနွေးမှု စတင်ပြီလို့ ရေးသားထားသလို တပ်မတော်ကို နိုင်ငံရေးစွန့်ဖို့ ဒေါ်စုတည့်ပြောလို့လည်း ရေးသားထားပါတယ်။ ဒီဗွီဒီယိုကို ကြည့်ရှု့မှု နှစ်သောင်းဝန်းကျင်ရှိပါတယ်။ အလားတူရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်း မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးတယ်လို့ဆိုထားတဲ့ ဒီ‌ဗွီဒီယိုထဲ မှာလည်း သူတို့ ၂ ယောက်တွေ့ဆုံဆွေးနွေးမှုအကြောင်းမပါပါဘူး။ တကယ်တမ်းမှာ […]

Continue Reading

Fact Check: ကန့်ဘလူ ပျူစောထီးခေါင်းဆောင် ဦးဝါသဝ သေဆုံးမှု သတင်းတု

ကန့်ဘလူက သင်္ဃန်းဝတ် ပျူစောထီးခေါင်းဆောင် ဦးဝါသဝ သေဆုံးသွားပြီ၊ စခန်းကျသွားပြီ၊ လက်နက်ချပြီ ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်နဲ့ ယျူကျူ့ချန်နယ်တွေမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက စာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဩဂုတ် ၁၅ ရက်ကမျှဝေထားတဲ့ ဒီဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၃ ‌သောင်း‌ကျော်ရှိပါတယ်။ “August 15,ဦးဝါသဝ ပွဲသိမ်းသွားပြီ” မူရင်းလင်ခ့် – Youtube link  | Archive link အလားတူ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ကန့်ဘလူအခြေစိုက် ၅၅၀ ဆရာတော်လို့ လူသိများခဲ့တဲ့ မဘသ ခေါင်းဆောင် ဦးဝါသဝဟာ စစ်တပ် ထောက်ခံသူ အဖြစ် လူသိများခဲ့ရာကနေ စစ်အာဏာသိမ်းအပြီး လက်နက်ကိုင်တော်လှန်ရေးပေါ်‌ပေါက်လာ ချိန်မှာ စစ်တပ်က ဒေသတွင်းတော်လှန်ရေးအင်းအားစုတွေကို […]

Continue Reading

Fact Check: ကြက်ဥ၊ဘဲဥအတုပြုလုပ်တဲ့ ဗွီဒီယိုလား- မဟုတ်ပါ

ကြက်ဥ၊ဘဲဥအတုပြုလုပ်နိုင်နေပြီဖြစ်တာကြောင့် ဈေးကွက်အတွင်းမှာလည်း ပျံ့နှံ့လျှက်ရှိတယ်လို့ ဆိုတာတဲ့ ဗွီဒီယိုပို့စ်တွေ ယခုရက်ပိုင်း အွန်လိုင်းမှာပျံ့နှံ့လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ကြက်ဥ အတုကို အခုလို လုပ်ကြပါတယ်” မူရင်းလင်ခ့် – Fb link  | Archive link အလားရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “ကြက်ဥ/ ဘဲဥအတု အမေရိကန်ဈေးကွက်ထဲ ပျံ့နှံနေ” မူရင်းလင်ခ့် – Telegram link  | Archive link အချက်အလက်စိစစ်ချက် ပြီးခဲ့တဲ့ နှစ်များအတွင်း ဒီဗွီဒီယိုတွေဟာ ‌ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်များစွာ ဒီလိုပဲ ကြက်ဥအတု ထုတ်လုပ် ဖြန့်ချိရေး လုပ်ငန်းတခုအဖြစ် ကြိမ်ဖန်များစွာ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ဖူးပါတယ်။ သို့သော်လည်း […]

Continue Reading

Fact Check: ခေါက်ဆွဲခြောက်တွေမှာ ဖ‌‌ယောင်းပါဝင်တာကြောင့် ကင်ဆာဖြစ်စေတယ် ဆိုတဲ့ သတင်းမှား

ခေါက်ဆွဲခြောက်တွေမှာ ဖ‌‌ယောင်းပါဝင်တာကြောင့် ကင်ဆာဖြစ်စေတယ်ဆိုတဲ့ပို့စ်ဖေ့စ်ဘွတ်အသုံးပြုသူ တွေ အကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာ မှာလည်းတွေ့ရပါတယ်။ “ကင်ဆာဖြစ်ချင်ရင် ခေါက်ဆွဲခြောက်ကိုများများစား‌ နေ့တိုင်းစား။မမေ့နဲ့နော်” ဒီစာသားနဲ့အတူ စာသားဓာတ်ပုံတခုကိုလည်းမျှဝေထားရာမှာ ဒီဓာတ်ပုံစာသားမှာ “သင်သိပါသလား ခေါက်ဆွဲခြောက်တွေမှာ ဖော့ဘူးတွေမှာ သုံးတဲ့ ဖယောင်းတွေပါဝင်ပါတယ်။ ဒီဖယောင်းတွေကြောင့် ခေါက်ဆွဲခြောက်ကို ချက်လိုက်တဲ့အခါ စေးကပ်မနေတာပါ။ လူ့ခန္ဓာကိုယ်ဟာ ဖယောင်တွေကို ဆေးပစ်ဖို့ ၂ ရက်လောက် အချိန်ယူရပါတယ်။ ဒါကြောင့် ခေါက်ဆွဲခြောက် တစ်ခါ စားပြီးရင် ၂ ရက် ၃ ရက်လောက် မစားဘဲ နေသင့်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီ ဖယောင်း ဓာတ်ဟာ ကင်ဆာ ဖြစ်စေနိုင်ပါတယ်။” မူရင်းလင်ခ့် – […]

Continue Reading

Fact Check: လက်သုံးချောင်းထောင်တရားဟောခဲ့တဲ့ ကျောက်မဲဆရာတော် အဖမ်းခံရပြီး သေဆုံးခဲ့တဲ့ သတင်းတု

လက်သုံးချောင်းထောင်တရားဟောခဲ့တဲ့ ကျောက်မဲဆရာတော် အဖမ်းခံရပြီး သေဆုံးသွားတယ်လို့ဆိုတဲ့ သတင်းတုပို့စ်တွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ကျောက်မဲဆရာတော်‌ မအလ ဖမ်းဆီးလိုက်ပြီ” လို့ရေးသားပြီး “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်က  အလားတူတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link နောက်ထပ်ပြောဆိုချက်ကတော့ ကျောက်မဲဆရာတော် ရုတ်တရက်သေဆုံးမှုဆိုပြီးတော့ “News in Burmese”အမည်နဲ့ ယူကျူ့ချန်နယ်က ဒီကနေ့ ထပ်မံ ဖြန့်ဝေလာတာဖြစ်တယ်။ ဒီနေရာမှာ ကြည့်ပါ။  အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မြန်မာဘာသာသတင်းမီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်တွေဖြစ်တဲ့ “Shared Local Media”နဲ့ “News in Burmese”အမည်နဲ့ ယူကျူ့ချန်နယ်တွေဟာ  သတင်းမီဒီယာတွေကဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လည်လွှတ်မြောက်လာတဲ့ သတင်းမှား

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လည်လွှတ်မြောက်လာတဲ့ သတင်းမှားပို့စ်တွေ အခုရက်ပိုင်း ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်တွေမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ‌ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “August 1, 2023 ဒေါ်စုနဲ့သမ္မတလွတ်ပြီးငြိမ်းချမ်းရေးယူပြီ” မူရင်းလင်ခ့် – Youtube link | Archive link အလားတူ ရေးသားမျှဝေမှုကို ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်း တွေ့ပါတယ်။ အချက်အလက်စိစစ်ချက် တကယ်တော့ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ပြီဆိုတဲ့အကြောင်းအရာအဟာ မကြာခဏဖြန့်ဝေနေတဲ့ သတင်းမှားအကြောင်းအရာ သာဖြစ်တယ်။ Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ထားတာတွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။ အခုတကြိမ်မှာတော့ အာဏာသိမ်းအပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပေါ်  စွပ်စွဲ ချမှတ်ထားတဲ့ ပြစ်ဒဏ်အချို့ကို လျော့ပေးခဲ့တဲ့ သတင်းနဲ့အတူအခုလို သမ္မတဦးဝင်းမြင့်နဲ့ […]

Continue Reading