Fact Check: Pact Myanmar လုပ်ငန်းပိတ်သိမ်းတာ NUG၊ PDF ကြောင့်လို့ သတင်းမှားဖြန့်

အကျိုးအမြတ်မယူတဲ့ အသေးစားချေးငွေလုပ်ငန်း Pact Myanmar လုပ်ငန်းပိတ်သိမ်းတာ NUG၊ PDF က ဓားပြတိုက်လို့ဆိုတဲ့ သတင်းမှားဖြန့်ဝေမှု ဖေ့စ်ဘွတ်အသုံးပြုသူတွေကြား ဖြန့်ဝေလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ဒီလိုဖြန့်ဝေနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ထို့အပြင် ဒီပို့စ်မှာ Pact Myanmar က ဝန်ထမ်းတွေကို ဖြန့်ဝေတဲ့ စာသားဓာတ်ပုံကို လည်းဖော်ပြထားပါတယ်။ တူညီတဲ့ရေးသားမျှ ဝေမှုကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “NUG ပဒက်များရဲ့ ဓားပြတိုက်မှု အခြေအနေကြောင့် မြန်မာပြည်ကနေ လုပ်ငန်းစွန့်ခွာသွားပြီဖြစ်တဲ့  Pact Myanmar ထုတ်ပြန်ချက်။” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ပထမဆုံး မြန်မာနိုင်ငံက လုပ်ငန်းပိတ်သိမ်းတဲ့အကြောင်း “Pact Global Microfinance Fund – PGMF” […]

Continue Reading

Fact Check: BGF ဗိုလ်မှူးကြီး စောချစ်သူ လက်နက်ချအလင်းဝင်ပြီး KNU နဲ့ပူးပေါင်းလိုက်တဲ့ သတင်းတု

BGF ဗိုလ်မှူးကြီး စောချစ်သူ KNU ဆီလက်နက်ချအလင်းဝင်ပြီး ပူးပေါင်းလိုက်တဲ့ သတင်းတုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်တယ်။ “June 27, 2023 စောချစ်သူ KNU နဲ့ပူးပေါင်းလိုက်ပြီ”လို့ ဗွီဒီယိုခေါင်းစီမှာရေးသားထားသလို ဗွီဒီယိုထဲမှာလည်း “BGF ခေါင်းဆောင်စောချစ်သူ KNU ထံလက်နက်ချ အလင်းဝင်ပြီ စစ်တပ်ကို ပြန်တိုက်ဖို့ အမိန့်ပေးလိုက်ပြီ” စသည်ဖြင့်လည်းရေးသားထားပါတယ်။ အလားတူရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ မူရင်းလင်ခ့် – Youtube  | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ ဗွီဒီယိုဟာ သတင်းမီဒီယာတွေဆီက သတင်းတွေကို ပြန်လည်ကူးယူပြီး ခေါင်းစဉ်တုတပ်ဖော်ပြလေ့ရှိတဲ့ ယူကျူ့နဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေရဲ့ ဖော်ပြချက်သာဖြစ်တယ်။ “Share Local […]

Continue Reading

Fact Check: တပ်မ ၉၉ တပ်ရင်းလိုက် ကိုးကန့် MNDAA ထံအလင်းဝင်တဲ့ သတင်းတု

တပ်မ ၉၉ ကတပ်ရင်းလိုက် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့-MNDAA ထံအလင်းဝင်သွားတယ်ဆိုတဲ့ ပို့စ်တစ်ခု အွန်လိုင်းမှာပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တပ်မ ၉၉ က တပ်သားတယောက် အလင်းဝင်သွားတာကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “June 26, 2023 တပ်မ (၉၉) တပ်ရင်းလက်နက်ချအလင်းဝင်ကုန်ပြီဗျို့”လို့ ‌ရေးသားပြီး “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်က မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ မှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ ဇွန်လ ၂၀ ရက်က စစ်ကောင်စီရဲ့တပ်မ ၉၉ တပ်ရင်း ၄၁၉ က တပ်သား သန်းထိုက် […]

Continue Reading

Fact Check: အိုင်းစတိုင်းရဲ့ ၉ အလီမှားယွင်းရေးသားခဲ့တဲ့ ဇာတ်လမ်းက တကယ်မဟုတ်ပါ

လူတိုင်းအမှားမကင်းကြောင်း ကျောင်းသားတွေကို သင်ခန်းစာပေးတဲ့အနေနဲ့ ၂၀ ရာစုရဲ့လွှမ်းမိုးမှုအရှိဆုံး သိပ္ပံပညာ ပညာရှင် အဲလ်ဘတ် အိုင်းစတိုင်း(Albert Einstein)က ရည်ရွယ်ချက်ရှိရှိ  ၉ အလီကိုမှားယွင်းရေးသား ခဲ့တဲ့ ဇာတ်လမ်းတစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ကြိမ်ဖန်များစွာမျှဝေလျှက်ရှိပြီး ပျံ့နှံ့မှုအားကောင်း လျှက်တယ်။  တကယ်တော့ ဒီဇာတ်လမ်းထဲလို ကတကယ်ပဲ အိုင်းစတိုင်းလုပ်ခဲ့သလားဆိုတာ အထောက်အထားမရှိပါဘူး။   အိုင်းစတိုင်းဟာ ကျောင်းသားတွေတွေကို အမှားလုပ်မိတာဟာ အရေးမကြီးဘဲ လူတိုင်းမှားတတ်ကြောင်း ပြသတဲ့အနေနဲ့ သူဟာ ၉အလီကို အစဉ်လိုက် ကျောက်သင်ပုန်းပေါ်ချရေးခဲ့ပြီး ၉ ကို ၁၀ နဲ့ မြောက်လို့ရတဲ့ ရလာဒ်ကိုတော့ ၉၁ အဖြစ် ရည်ရွယ်ချက်ရှိရှိ အမှားပြုလုပ်ခဲ့ပါတယ်။ ကျောင်းသားတွေက အမှားကိုမြင်တော့ ရယ်မောကြတဲ့အခါ အိုင်းစတိုင်းက သူကြိမ်ဖန်များစွာမှန်ခဲ့ပေမဲ့ သူ့ကို မချီးကျူးကြဘဲ သူတကြိမ် မှားယွင်းမှုကိုတော့ ကဲ့ရဲ့တတ်ကြတဲ့ […]

Continue Reading

Fact Check: ဦးနှောက်နဲ့ ချိတ်ဆက်အသုံးပြုရမယ် Tesla Phone ဆိုတဲ့သတင်းမှား

စမတ်ဖုန်း တဖက် မိုက်ခရိုဖုန်းကတဖက်ကိုင်ထားတဲ့ တက်စလာ(Tesla)ကုမ္ပဏီပိုင်ရှင် အီလွန်မက်(Elon Musk) ဓာတ်ပုံနဲ့အတူ လူသားရဲ့ ဦးနှောက်ကနေ တိုက်ရိုက်အမိန့်ပေးခိုင်းစေလို့ရတဲ့ Tesla အမှတ်တံဆိပ် စမတ်ဖုန်းကို ထုတ်လုပ်ဖြန့် ချိလိုက်တယ်ဆိုတဲ့ ပြောဆိုချက်ဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့ ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ “Strar Link ဂြိုလ်တုကို တီထွင်သူ Tesla Company ပိုင်ရှင် Elon Musk က Pi Phone ခေါ် Tesla Phone ကို ဖန္တီးထုတ်လုပ်လိုက်ပါတယ် ။ Tesla Phone ဟာ ယနေ့ ကမ္ဘာပေါ်မှာ နံပါတ်တစ် လူကြိုက်များနေတဲ့ I Phone 13 […]

Continue Reading

Fact Check: NUG ကို အမေရိကန် လက်နက်ထောက်ပံ့မှု သတင်းတု

ထိုင်းနယ်စပ်က တဆင့် NUG ကို အမေရိကန်က လက်နက်ထောက်ပံ့ချိန်မှာပဲ ထိုင်းနိုင်ငံမှာ အာဏာသိမ်း မှုဖြစ်ခဲ့ပေမဲ့ NUG ကို အဆုံးထိ ကူညီမယ်လို့ အမေရိကန်ပြောတယ်ဆိုတဲ့ ဗွီဒီယိုတစ်ခုကို ယူကျူ့ အသုံးပြုသူ ထောင်ဂဏန်းက ကြည့်ရှု့ထားတယ်။ သတင်းခေါင်းစဉ်တုတစ်ခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “Usမှ လက်နက်တွေရောက်ရှိကြောင်း ကြေညာ”လို့ရေးသားထားပြီး ဗွီဒီယိုအစမှာပြတဲ့ ရုပ်သေဓာတ်ပုံစာသားထဲမှာ လည်း “ထိုင်းနယ်စပ်လက်နက်ရောက်ချိန် ထိုင်းအာဏာသိမ်းမှုဖြစ်ပွားနေ Usမှပို့တဲ့စစ်လက်နက်တွေရောက်ရှိ NUG ကိုအဆုံးထိကူညီမည်ဖြစ်ကြောင်း”စသည်ဖြင့်ရေးသားထားပါတယ်။ ထို့အပြင် အမေရိကန်သမ္မတ သမ္မတဂျိုးဘိုင်ဒန်ဓာတ်ပုံ၊ သတင်းတင်ဆက်သူ တစ်ဦးဓာတ်ပုံတို့နဲ့အတူ ဒီစာသားတွေ ဖြန့်‌‌ဝေနေ တာဖြစ်ပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကို အမေရိကန်က လက်နက်ထောက်ပံ့တယ်ဆိုတဲ့ သတင်းမှားကို မကြာခဏဖြန့်ဝေနေတယ်။ […]

Continue Reading

Fact Check: ‌ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲပြုလုပ်ဆိုပြီး သတင်းတုဖြန့်

‌ ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတု ပို့စ်တစ်ခု ဖေ့စ်ဘွတ်နဲ့ ယူကျူ့ အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစခရင်ရှော့တော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ ဓာတ်ပုံဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “နေပြည်တော် အချုပ်ထောင်ထဲမှာကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈)နှစ်ပြည့်မွေးနေ့ပွဲ မြင်ကွင်းများ” မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်း စုကြည်ရဲ့ မွေးနေ့လှုပ်ရှားမှု အဖြစ် သပိတ်အင်အားစုတွေက ပန်းပန်လေ့ရှိတဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပုံရိပ်တစ်ခုကို ထုတ်နှုတ်ပြီး တစ်နိုင်လုံးအတိုင်းအတာနဲ့ ပန်းသပိတ်ဆင်နွှဲကျဖို့ လှုံဆော်ခဲ့ရာမှာ ဇူလိုင် ၁၉ ရက်က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ပန်းသည်တွေကို အတင်းအကျပ် အရောင်း ပိတ်ခိုင်းတာ၊ ပန်းပန်တဲ့သူတွေကို […]

Continue Reading

Fact Check: နေပြည်တော်လေယာဉ်ပျက်ကျမှုမှာ ဒု-တပ်ချုပ်စိုးဝင်းသေဆုံးမှုသတင်းတု

ကြာသပတေးနေ့က နေပြည်တော်အနီး လေယာဉ်ပျက်ကျရာမှာ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းပါသွားတယ်ဆိုတဲ့ သတင်းတုပို့စ်တစ်ခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်ကို အောက်ပါစခရင်ရှော့မှာတွေ့နိုင်ပါတယ်။ “15 June 2023, နေပြည်တော်လေယဥ်ပျက်ကျမှု တပ်ချုပ် စိုးဝင်းပါ။”လို့ “News In Burmese”အမည်နဲ့ ယူကျူ့အကောင့်က ရေးသားမျှဝေထားရာမှာ ၂၄ နာရီအတွင်း ကြည့်ရှု့မှုပေါင်း ၂ သောင်း ၆ ထောင်ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ၂ မိနစ်ကျော်ရှည်လျားတဲ့ ဒီ“News In Burmese”ယူကျူ့ဗွီဒီယိုထဲမှာပါတဲ့ လူထုနွေဦးသတင်းဝက်ဘ်ဆိုဒ်က ဖော်ပြခဲ့တဲ့ “စစ်ကောင်စီ ရဟတ်ယာဉ် နေပြည်တော် လယ်ဝေးမှာ ပျက်ကျပြီး ၂ ဦးသေဆုံး”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။  […]

Continue Reading

Fact Check: သမ္မတဦးဝင်းမြင့် ထောင်အတွင်း သေဆုံးမှု သတင်းတု

သမ္မတဦးဝင်းမြင့် ထောင်အတွင်း သေဆုံးသွားပြီ၊ သမ္မတဦးဝင်းမြင့်အလောင်းပြန်မရစတဲ့ ယူကျူ့ဗွီဒီယိုပို့စ်တွေ အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဇွန် ၁၄ ရက်က မျှဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ News In Burmese အမည်နဲ့ယူကျူ့ချန်နယ်က ဗွီဒီယိုဖြစ်ပါတယ်။ ထို့အပြင် နောက်ထပ် နာရီအနည်းငယ်အကြာမှာပဲ သမ္မတ ဦးဝင်းမြင့်ဓာတ်ပုံနဲ့အတူ “သေပြီတဲ့ စစ်သားတွေမို့လုပ်ရက်တယ် အလောင်းပြန်မပေး”စသည်ဖြင့် ရေးသားပြီး ဒီယူကျူ့ချန်နယ်က ထပ်မံ ဖြန့်ဝေထားတာတွေ့ရပါတယ်။ ဒီနေရာမှာကြည့်ပါ။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ ဘီဘီစီမြန်မာပိုင်းကဖော်ပြခဲ့တဲ့ “သမ္မတ ဦးဝင်းမြင့် ကျန်းမာရေး မကောင်းဖြစ်နေ”ဆိုတဲ့ သတင်းကို ပြန်လည်ကူးယူဖော်ပြနေခြင်းဖြစ်ပြီး လူစိတ်ဝင်စားမှုရဖို့အတွက် သမ္မတ ဦးဝင်းမြင့်သေဆုံးမှုအဖြစ် သတင်းခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ တောင်ငူထောင်မှာ အကျဉ်းချခံထား […]

Continue Reading

Fact Check: ဦးခင်ရီ ပစ်သတ်ခံရပြီး သေဆုံးတဲ့ သတင်းတု

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်ရီ ပစ်သတ်ခံရတယ်ဆိုတဲ့ ပို့စ်တစ်ခု ယူကျူ့ မှာဖြန့်ဝေ ထားတာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုဖြစ်တယ်။ အလား တူရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် သတင်းမီဒီယာအချို့မှာဖော်ပြခဲ့ပြီး ရေပန်းစားခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်မှားတွေတပ်ပြီး ပြန်လည်ဖြန့်ဝေလေ့ရှိတဲ့ ယူကျူ့ချန်နယ်တစ်ခုက ဖြန့်ဝေထားခြင်းဖြစ်ပါတယ်။ အခုလည်း ဦးခင်ရီ ပစ်သတ်ခံရလို့ ရေးသားထားပေမဲ့ ဗွီဒီယိုထဲမှာ ဒီလို ဦးခင်ရီ အသတ်ခံရတဲ့ အကြောင်းမပါဝင်ပါဘူး။  တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ လာမည့်ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေနဲ့ ပြတ်ပြတ် သားသား အနိုင်ရအောင်လုပ်မယ်လို့ ပါတီဥက္ကဋ္ဌဦးခင်ရီကပြောကြောင်း သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ […]

Continue Reading