Fact Check: NLD ပါတီနဲ့ ပတ်သက်တဲ့ တရုတ်ရဲ့ပြောကြားချက်ဆိုတဲ့ သတင်းတု

NLD ပါတီကို ထုတ်ပယ်ခြင်းမပြုဖို့ တောင်းဆိုမှုကို မလိုက်နာရင် အဆိုးဆုံးတွေ ရင်ဆိုင်ရမယ်လို့ တရုတ် သတိပေးလို့ ဆိုလိုထားတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတု ဖြစ်ပါတယ်။ ဗွီဒီယိုပုံစံနဲ့ ဖြန့်ဝေနေတဲ့ ဒီပို့စ်မှာ “တောင်းဆိုမှုကို မလိုက်နာရင် အဆိုးဆုံးတွေ ရင်ဆိုင်ရမည်ဟု ပြက်းထန် သတိပေးပြီ”လို့ ရေးသားပြီး “NLD ကို ထုတ်ပယ်မှု တရုတ်ကို ထိပါးစော်ကားခြင်းဟု သတ်မှတ်ပြီ”လို့လည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါ အကြောင်းအရာဟာ Burma News Network က ဇန်နဝါရီ ၂၆ ရက်ကဖော်ပြခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ […]

Continue Reading

Fact Check: သမ္မတဦးဝင်းမြင့် ပြန်လည်လွှတ်မြောက်ဆိုတဲ့ သတင်းတု

သမ္မတဦးဝင်းမြင့် ပြန်လည်လွှတ်မြောက်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိရာ သတင်းတုဖြန့်ချိမှုတစ်ခုသာဖြစ်ပါတယ်။ အောက်ပါ screenshot ကတော့ သမ္မတဦးဝင်းမြင့်ဟာ ကိုယ်တိုင်လျှောက် လဲချက်ပေးပြီးနောက် အမှု ၃ မှုလုံးအနိုင်ရပြီး ပြန်လည်လွှတ်မြောက်လာပြီလို့ဆိုထားတဲ့ ဗွီဒီယိုဖြစ်ပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် သမ္မတဦးဝင်းမြင့် အမှု ၃ မှုကို ကိုယ်တိုင်လျှောက်လဲချက်ပေးပြီး အနိုင်ရလို့ ပြန်လွတ်လာပြီလို့ ရေးသားထားတဲ့ ဗွီဒီယိုကို လေ့လာကြည့်ရာမှာ ဗွီဒီယိုပါအကြောင်းအရာဟာ လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်နဲ့ နိုင်ငံ့ဝန်ထမ်း မင်းအောင်လှိုင်တို့ ဘယ်သူ သမ္မတဖြစ်ခွင့်ရှိသလဲဆိုတဲ့ ဆောင်းပါးရှင်း မင်းသေ့ အတွေးအမြင်ဆောင်းပါးကို ဖတ်ကြားနေခြင်းဖြစ်ပါတယ်။  အဂတိမှု၊ သဘာဝဘေးအန္တရာယ်အမှုအပါအဝင် ပုဒ်မအမျိုးမျိုးနဲ့ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က ဖမ်းဆီး […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် ကာလုံအစည်းအဝေး တက်မယ်ဆိုတဲ့ သတင်းတုသတင်းမှား

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် ကာလုံအစည်းအဝေး တက်မယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာဟာ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုပို့စ်တစ်ခုမှာ “ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အရေးပေါ် ပါဝင်မည်”လို့ ရေးသားပြီး ဗွီဒီယိုမှာတော့ “ဒုသမ္မတ ဦးမြင့်ဆွေ ထွက်ပြောပြီ ၂၁ ရက်နေ့ ဘယ်သူ့ဖိအားမှ ဂရုမိုက်ပဲ ကာလုံကို လူစုံတက်စုံ ကျင်းပမည်ဟု ကြေညာ စစ်တပ်ကို ထုတ်ပယ်ဖို့ ပြောပြီ”စသည်ဖြင့်လည်း ရေးသားထားပါတယ်။ “Krovan Kamsan” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတာကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၈၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အခြားသော ဗွီဒီယိုပို့စ်တစ်ခုမှာတော့ “ကာလုံအစည်းဝေးအမေစုနဲ့သမ္မတကြီးပါတက်မယ်”လို့လည်း ရေးသားထားပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: မြေအောက်တော်လှန်ရေးသမားကိုဖမ်းဆီးခဲ့တဲ့ ငွေတောင် စားသောက်ဆိုင် ဝန်ထမ်းတွေလား-မဟုတ်ပါ

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က တောင်ဥက္ကလာပ ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မြေအောက်တော် လှန်ရေးသမား ၂ ဦးက ဗုံးပစ်တိုက်ခိုက်ခဲ့စဉ်မှာ အနီးနားဘေးက ငွေတောင်စားသောက်ဆိုင် ဝန်ထမ်းတွေက ဝိုင်းဝန်းဖမ်းဆီးရိုက်နှက်ခဲ့လို့ တစ်ဦးသေဆုံးခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ တောင်ဥက္ကလာ ၁၄ ရပ်ကွက် သံသုမာလမ်းပေါ်က ငွေတောင်စားသောက်ဆိုင်မှ မြေအောက်တော်လှန်ရေး သမားတစ်ဦးကို ရိုက်နှက်ဖမ်းဆီး ခဲ့တဲ့သူတွေဆိုပြီးတော့ ဓာတ်ပုံတွေပျံ့နှံ့လျက်ရှိရာမှာ ဖြစ်စဉ်နဲ့ မသက်ဆိုင်ဘဲ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က လာရောက်စားသောက်သူတွေရဲ့ ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။ လူပုဂ္ဂိုလ်တွေပါဝင်တဲ့ ဓာတ်ပုံ ၅ ပုံနှင့်အတူ ငွေတောင်စားသောက်ဆိုင်ဓာတ်ပုံ၊ ဆိုင်တည်နေရာတို့ကိုဖော်ပြထား တဲ့ ဓာတ်ပုံနဲ့အတူ “ကဲဘောင်ချာစုတ်လို့ရပြီနော်ငွေတာင်ကပါဝင်သူများ”လို့ ရေးသားပြီး “Bae” အမည်နဲ့ ဖေ့စ်ဘွတ်အသုံး ပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၄၀၀ ကျော်ရှိပါတယ်။  […]

Continue Reading

Fact Check: NUG ရဲ့ တရုတ်နှစ်ကူးသဝဏ်လွှာကို သီတဂူဆရာတော်လုပ်ကြံခံရဟု သတင်းခေါင်းစဉ်တုတပ် ဖြန့်ဝေ

သီတဂူဆရာတော် ဒရုန်းနဲ့ လုပ်ကြံခံရပြီး ကျောင်းဆောင်အတွင်းမှာ သေပြီဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “သီတဂု ဆရာ်တော် ဒရုန်းနဲ့ လုပ်ကြံခံရပြီ(မူရင်းအရေးအသား)”လို့ ပို့စ်စာသားမှာရေးသားထားပြီး ဗွီဒီယို အစမှာပြသတဲ့ thumbnail ဓာတ်ပုံမှာတော့ “24 ရက်နေ့ သီတဂူဆရာတော် ဒရုန်းစာမိပြီ ကျောင်းဆောင် အတွင်းမှာ သေပြီ”လို့လည်း ရေးသာထားပါတယ်။ တကယ်တော့ ဗွီဒီယိုပါ အကြောင်းအရာဟာ အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ တရုတ်နှစ်သစ်ကူးသဝဏ်လွှာကို ဖတ်ကြားနေခြင်းသာဖြစ်ပါတယ်။ “Top 2” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးစာမျက်နှာက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်မှာ အောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ […]

Continue Reading

Fact Check: နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်ရိုစီအောင်ကို NUG လုပ်ကြံ သတ်ဖြတ်ဆိုတဲ့ သတင်းမှားဖြန့်ဝေ

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်ရိုစီအောင်ကို NUG က လုပ်ကြံသတ်ဖြတ်လိုက်တယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေကြား ဖြန့်ဝေခဲ့တာတွေ့ရပါတယ်။သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ အမေရိကန်မှာ နေထိုင်တဲ့ ဒေါ်ရိုစီအောင်ဟာ နှလုံးရောဂါကြောင့် သေဆုံးရခြင်းဖြစ်တယ်လို့ မိသားစုဝင်တွေက အတည်ပြု ထားတာတွေ့ရပါတယ်။  အောက်ပါ screebshot ကတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တဲ့ ပို့စ်တစ်ခုရဲ့ပုံဖြစ်ပါတယ်။ “တော်လှန်နေရင်း အမှန်တရားတွေ ပြောမိလို့ ပြည်ပမှာ လုပ်ကြံ ခံလိုက်ရတဲ့ ဒေါ်ဌေးဌေးဝင်း (ခ) ရိုစီအောင် ဒေါ်ရိုစီအောင် ရဲ့ ဘော်ဒီပြန်ရတယ်ဆိုတဲ့ထုတ်ပြန်ချက်ပါ။ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလမှာ လုပ်ကြံခံရတဲ့သဘောပါပဲ။ ဦးသန့်အရေးအခင်းတွင် ဖမ်းဆီးခံရသူ ခေါင်းဆောင် ၅၂ ဦးအနက် တစ်ဦးအပါအဝင်ဖြစ်ခဲ့ပြီး မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်ရိုစီအောင်(ခ)ဒေါ်ဌေးဌေးဝင်းမှာ အမေရိကန်တွင်လုပ်ကြံခြင်း ခံလိုက်ရပါတယ်။ သို့ပေမယ် လက်ရှိနိုင်ငံရေးဖြစ်စဉ်မှာ လိုင်းပေါ်မှ တော်လှန်ရေး လုပ်နေစဉ်အတွင်း အခြေအနေမလှတော့တဲ့ မြေပြင် PDF တွေရဲ့ အခြေအနေမှန်နဲ့ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်ရဲ့ ပိုင်ဆိုင်မှုတွေကို အမေရိကန်ကို အပ်လိုက်ပြီဆိုတဲ့ သတင်းတု

ဖမ်းမိတဲ့ မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်ဆိုင်မှုအားလုံးကို အမေရိကန်လက်ထဲအပ်လိုက်ပြီလို့ ထိုင်းအစိုးရ ထုတ်ပြန်ဆိုတဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းနေပြီး နားလည်မှုလွဲစေနိုင် တာတွေ့ရပါတယ်။ သတင်းခေါင်းစဉ်တုအသုံးပြုပြီး ချဲ့ကားရေးသားထားခြင်းဖြစ်ပါတယ်။ “ဖမ်းမိတဲ့ မအလ ပိုင်ဆိုင်မှုအားလုံး USလက်ထဲအပ်ပြီလို့ ထိုင်းအစိုးရထုတ်ပြန်လိုက်ပြီ”လို့ ရေးသားပြီး “Queen10シ” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုပို့စ်စာသားနဲ့ ဗွီဒီယိုထဲက စာသားမှာ “ဖမ်းမိတဲ့ မအလ ပိုင်ဆိုင်မှုအားလုံး USလက်ထဲအပ်ပြီလို့ ထိုင်းအစိုးရထုတ်ပြန်လိုက်ပြီ”စသည်ဖြင့်ရေးသားထားပေမဲ့ ဗွီဒီယိုထဲကအကြောင်းအရာဟာ မြန်မာစစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လူယုံတော် လက်နက်ပွဲစား ထွန်းမင်းလတ်ကိုဖမ်းဆီးမှုနောက်ဆက် တွဲအခြေအနေတွေနဲ့ စစ်တပ်ခေါင်းဆောင်တွေရဲ့ မြန်မာစီးပွားရေးအပေါ် အမြတ်ထုတ်မှု၊ အဂတိလိုက် စားမှုတွေကို ဆွေးနွေးနေတဲ့ ဗွီဒီယိုတစ်ခုသာဖြစ်ပါတယ်။ ဖမ်းမိတဲ့ […]

Continue Reading

Fact Check: ALP တွေကို အကုန်သတ်ဖို့ АА အမိန့်ပေးဆိုတဲ့ သတင်းတုသတင်းမှား

ALP တွေကို အကုန်သတ်ဖို့ АА အမိန့်ပေးလိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ဖြန့်ဝေခဲ့တာဟာ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ဖြန့်ဝေနေတဲ့ပို့စ်တွေမှာ “ရခိုင်တွေ ပြသာနာတတ်ကုန်ပြီ”လို့ရေးသားလျှက် “ALP တွေကို အကုန်သတ်ဖို့ АА အမိန့်ပေး”လို့ ရေးသားထားပြီးဖေ့စ်ဘွတ်အသုံးပြုသူတွေကို နားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။ “Thai News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ဇန်နဝါရီ ၈ ရက်က အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive links   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် မြန်မာစစ်တပ်နဲ့ နီးစပ်တဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ ရခိုင်ပြည်လွှတ်မြောက်ရေးတပ်မတော် (ALA)စစ်ဦးစီးချုပ် လုပ်ကြံသတ်ဖြတ်ခံအရအပြီးမှာ ဒီလိုမျှဝေလာတာဖြစ်ပါတယ်။ ဗွီဒီယိုပါအကြောင်းအရာဟာ  မြန်မာစစ်တပ်ဦး ဆောင်ကျင်းပတဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတက်ရောက်ပြီးအပြန် စစ်တွေမြို့ အာဂျိတ်တွေ ကုန်းမှာ ALP/ALA စစ်ဦးစီးချုပ် […]

Continue Reading

Fact Check: စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ NUG လျှို့ဝှက်တွေ့ဆုံဆိုတဲ့ သတင်းတု

စစ်တပ်ကလုပ်မယ့်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် NUG အဖွဲ့လျှို့ဝှက်ညှိုနှိုင်းနေတယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်နဲ့တယ်လီဂရမ်မှာဖြန့်ဝေလျက်ရှိပါတယ်။ သတင်းမှားတစ်ခုသာ ဖြစ်ပါတယ်။ “NUGအဖွဲ့ကတော့ ဘာတွေအပေးအယူလုပ်လိုက်လဲတော့မသိဘူး ကြားရတဲ့သတင်းကတော့  ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်ဆိုပြီး နစက ကို လာညှိနေတယ် ဒီလိုမှ လာမညှိလည်း နစက ရွေးကောက်ပွဲမဖြစ်ဖြစ်အောင်လုပ်ပြီး အရပ်သားအစိုးရတက်လာရင် NUG ခွက်ပျောက်ပြီလေ ဆိုတော့ ဘာတွေ အပေးအယူတွေ လုပ်လိုက်လဲ ဆိုတာတော့ မကြာခင်ကာလမှ လယ်ပြင်မှာ ဆင်ကောင်ကြီးသွားသလို ကားကားနဲ့ မြင်ရတော့မယ် စောင့်ကြည့်ကြအမျိုးတို့ 🇲🇲⭐⭐⭐⭐⭐⭐🇲🇲 မှိုင်းဝေ”လို့ ရေးသားပြီး “စောမှိုင်းဝေ” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို တယ်လီဂရမ်ရဲ့ ဒီလင့်ခ်၊ ဖေ့စ်ဘွတ်ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်းကြည့်ပါ။ အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: မိမိ​ဖေ့စ်ဘွတ်အကောင့်ကို ဘယ်သူဝင်ကြည့်သလဲဆိုတာ မသိနိုင်ပါ

မိမိအကောင့်ထဲကို ဘယ်သူတွေ လာသွားလဲဆိုတာ ဖေ့စ်ဘွတ်ကို အဆင့်မြှင့်ခြင်းအားဖြင့်သိနိုင်တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားဖြစ်ပါတယ်။ “ကိုယ့်အကောင့်ထဲကို ဘယ်သူတွေ လာသြားလဲဆိုတာ  ကိုကြည့်နိုင်ဖို့ဆို 😊 ပထမဆုံး မိမိအကောင့်ကို profile page ( professional mode)  ပုံစံအရင်ပြောင်းထားရပါမယ်။ (ပြောင်းနည်းကို ရှေ့မှာ တင်ပေးထားပြီး ဖြစ်ပါတယ်) (professional mode မပေါ်ရင်က fb ကို uptade တင်ပါ)  profile page ပုံစံပြောင်းပြီးမှသာ နောက်ပိုင်း ဘယ်သူတွေ ကိုယ့်အကောင့်ထဲ လာကြည့်လဲဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။  (အရင်က လာကြည့်သူတွေ မြင်ရမှာ မဟုတ်ပါဘူး)  တပုံချင်းစီလေ့လာနိုင်ပါတယ်။ Facebook New Version – https://bit.ly/3tVxeF2 တခြားသူတွေလည်း သိအောင်ပြန်လည်မျှဝေစေလိုပါတယ်…”လို့ ရေးသားပြီး “Fb […]

Continue Reading