Fact Check: မုံရွာနည်းပညာတက္ကသိုလ်ကျောင်းသားတွေရဲ့ တပ်မတော်ထောက်ခံပွဲ ဆိုတဲ့ သတင်းတုသတင်းမှားဖြန့်ဝေ
မုံရွာနည်းပညာတက္ကသိုလ်မှကျောင်းသား၊ကျောင်းသူတွေရဲ့ တပ်မတော်ထောက်ခံပွဲလို့ရေးသားပြီး ဦးထုတ် အဖြူ ဆောင်းထားတဲ့လူငယ်အများအပြား စီတန်းလှည့်လည်နေတဲ့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ တကယ်တော့ ဓာတ်ပုံဟာ ၂၀၂၁ ခုနှစ်က စစ်တပ်က အာဏာသိမ်းဆန္ဒပြပွဲတစ်ခုက ဓာတ်ပုံဖြစ်ပါတယ်။ “မုံရွာနည်းပညာတက္ကသိုလ်မှကျောင်းသား/ကျောင်းသူများ တပ်မတော်ထောက်ခံပွဲတွင်ပဲဝင်ဆင်နွဲ ပညာတတ်တွေပဲ တပ်မတော်ထောက်ခံတယ် နီးပေါတေသိဘို့”လို့ တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link ဓာတ်ပုံထဲမှာ “နည်းပညာတက္ကသိုလ် (မုံရွာ) ကျောင်းသားကျောင်းသူဟောင်းများ”လို့ရေးသားထား တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံကို ရှာဖွေကြည့်ရာမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်ကတည်းက အွန်လိုင်းမှာပျံ့နှံ့လျက်ရှိတာ အောက်ပါအတိုင်းတွေ့ရပါတယ်။ “Kay Thi Win”အမည်နဲ့ […]
Continue Reading
