Fact Check: ထန်တလန်ကစစ်ရှောင်တွေရဲ့ ဓာတ်ပုံလား-မဟုတ်ပါ

 ထန်တလန်မြို့က ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့သူတွေဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင် ဂဏန်းပြန်လည်မျှဝေလျှက်ရှိပါတယ်။ ချင်းပြည်နယ် ထန်တလန်မြို့ကို စစ်တပ်က လက်နက်ကြီးနဲ့ ထုခဲ့ပြီး နောက် မီးလောင်ခဲ့တဲ့ ဓာတ်ပုံတွေဟာ အောက်တိုဘာ၂၉ ရက်က လူမှုကွန်ယက်မှာ စတင်ပျံ့နှံ့ခဲ့ပြီးနောက်မှာ ဒီလိုရေးသားမျှဝေခြင်းဖြစ်ပါတယ်။ သို့သော်ဓာတ်ပုံဟာ ၂၀၁၈ ခုနှစ်ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိပြီး ကချင်ပြည်နယ်က စစ်ဘေးရှောင် တွေပုံဖြစ်ပါတယ်။ “ထန်တလန်မြို့ကို စွန့်ခွာနေကြရသည့် ကျတော်တို့ အသွေးအသားများ။ #နေ့သစ်မြန်မာ #RejectMilitaryCoup #NUG_Our_Legitimate_Government #ပြည်သူ့ဘက်တော်သားတော်လှန်ရေးသမားများ #MilitaryCoupInMyanmar #wewantdemocracyinmyanmar #CDMတိုးမြှင့်ကြ #စစ်ကောင်စီကျဆုံးရမည် #WhatsHappeningInMyanmar”လို့ရေးသားပြီး “နေ့သစ်မြန်မာ Nae Thit Myanmar”အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာက  မျှဝေထားရာမှာ ဒီပို့စ်ကိုပြန်လည်မျှဝေတဲ့ အကြိမ်ပေါင်း ၁ ထောင်၇ရာကျော်ရှိပါတယ်။ ဒီလိုတူညီစွာရေးသားမျှဝေထားတာတွေကိုဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading

Fact Check: ၂၀၁၉ ခုနှစ်က အမေရိကန်မရိန်တပ်ဖွဲ့က ကုန်တင်ယာဉ်မီးလောင်မှုကို တန့်ဆည်မှာ စစ်ကားမိုင်းထိပုံအဖြစ်မျှဝေ

စစ်တပ်က စစ်ကားမိုင်းထိတဲ့ ဓာတ်ပုံအဖြစ် ယာဉ်တစ်စီးမီးလောင်နေတဲ့ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူ အများ အပြားက ကြိမ်ဖန်များစွာပြန်လည်မျှဝေလျှက်ရှိပါတယ်။   သို့သော်လည်း ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်ကတည်းကအင်တာနက်မှာပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံဖြစ်ပြီး အမေရိကန် နိုင်ငံက စစ်ယာဉ်တစ်စီးမီးလောင်မှုဓာတ်ပုံဖြစ်ပါတယ်။ တန့်ဆည်မြို့နယ်မှာ စစ်ကားမိုင်းခွဲခံရတဲ့ ဓာတ်ပုံအဖြစ် “Yu Yu Hlaing”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက စက်တင်ဘာ ၃ ရက်က မျှဝေထားရာ ဒီဓာတ်ပုံကို မျှဝေထားရာမှာ ပြန်လည်မျှဝေတဲ့အကြိမ်အရေအတွက် ၁ ထောင် ၂ ရာရှိပါတယ်။ ပို့စ်မှာ “အကျကျကျတော့ ဇော်မဲလုံးမြင်အောင်ပြရမယ် တန်ဆည်နယ်က တွယ်လိုက်တဲ့ စခကား ။”လို့ရေးသားထားပါတယ်။ဒီဓာတ်ပုံပါဝင်ပြီး တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link ထို့အပြင် အောက်တိုဘာလထဲမှာ မုံရွာမှာ စစ်ကားမိုင်းထိတဲ့ […]

Continue Reading

Fact Check: ရှေ့တန်းပို့ခံရတဲ့ စစ်သားဇနီးမယားတွေ နောက်ဆုံးအနေနဲ့ ကန်တော့ နေပုံလား-မဟုတ်ပါ

ရှေ့တန်းပို့ခံရတဲ့ စစ်သားတွေကို သူတို့ ဇနီးမယားတွေက နောက်ဆုံးကန်တော့နေပုံဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ အများအပြားကပြန်လည်မျှဝေလျှက်ရှိပါတယ်။  ဓာတ်ပုံထဲမှာ ရဲကားတန်းတစ်ခုပါဝင်ပြီး အမျိုးသမီး အချို့က ထိုင်ကန်တော့ကြတဲ့ မြင်ကွင်းပါဝင်ပါတယ်။ သို့သော် ဓာတ်ပုံဟာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလထဲမှာ ဆန္ဒပြရင်း အဖမ်းခံရတဲ့ သားသမီးတွေရဲ့ မိဘတွေက ကန်တော့တောင်းပန်နေကြပုံ ဖြစ်ပါတယ်။ “ရှေ့တန်းပို့ခံရတဲ့ လင်တော်မောင် စစ်ခွေးတွေအတွက် စစ်ခွေးမယားတွေ သရဏဂုံ တင်ပေးနေကြတာပါ၊ ရှေ့တန်းမှာသေရင် သရဏဂုံ မတင်ပေးပဲ ချီးတွင်းထဲအလောင်းကိုပစ်ချလေ့ရှိတာမို့ပါ 😁 ရဲဇော်   🇱🇷”လို့ရေးသားလျှက် “ဦး ရဲ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်တိုဘာ ၁၄ ရက်မှာ မျှဝေထား ရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့အကြိမ်အရေအတွက် ၃၄၀ ကျော်ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading

Fact Check: Facebook ကို NLD က ဒေါ်လာ ၂ ဒသမ ၅ သန်းလာဘ်ထိုးခဲ့တယ်လို့ Frances Haugen ကပြောနေတာလား-မဟုတ်ပါ

ဖေ့စ်ဘွတ်(Facebook)ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ဒေါ်လာ ၂ ဒသမ ၅ သန်းလာဘ်ထိုး ခဲ့တယ်လို့ ဖရန်ဆက်ဟော်ဂန် (Frances Haugen)က ပြောတယ်ဆိုပြီးတော့  ရေးသားထားတဲ့ ဓာတ်ပုံပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂ ဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။  ဒီလိုမျှဝေရာမှာ ဓာတ်ပုံစာသားအပြင် ပို့စ်ရဲ့ စာသားနေရာမှာ ဒေါ်အောင်ဆန်း စုကြည်၊ NLD ပါတီတို့ရဲ့ လာဘ်ပေးလာဘ်ယူမှုနဲ့ပတ်သက်ပြီး စွပ်စွဲချက်တွေလည်းပါဝင်ပါတယ်။ သို့သော်လည်း ဓာတ်ပုံဟာ ဖေ့စ်ဘွတ်ဝန်ထမ်းဟောင် တစ်ယောက်ဖြစ်တဲ့ ဖရန်ဆက်ဟော်ဂန်က အမေရိကန် လွှတ်တော်ဆီနိတ်ကော်မတီကို အောက်တိုဘာ ၅ ရက်နေ့က ကြားနာပွဲမှာတင်ပြစဉ်ဓာတ်ပုံဖြစ်ပြီး  ဒီပွဲမှာ NLD အကြောင်းပြောခဲ့တာ မျိုးမတွေ့ရပါဘူး။ “NOVEM LYNN”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်တိုဘာ ၉ ရက်မှာ မျှဝေထားတဲ့ ပျံ့နှံ့မှု အားကောင်ခဲ့ တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check: အာဆီယံ အစည်းအဝေးတက်ခွင့်မရလို့ စစ်တပ်ထောက်ခံသူများ ဆန္ဒပြပုံ လား-မဟုတ်ပါ

အာဆီယံကို စစ်တပ်ထောက်ခံသူတွေ ဆန္ဒပြနေတယ်ဆိုပြီးတော့ လူအများအပြားစုဝေးနေပုံနဲ့ လမ်းလျှောက် နေပုံကို ရိုက်ကူးထားတဲ့ ဓာတ်ပုံ ၆ ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေ လျှက်ရှိပါတယ်။ စစ်တပ်ခေါင်း ဆောင်အပါအဝင် နိုင်ငံရေးရာထူးရှိသူ မည်သူကိုမဆို အာဆီယံအစည်း အဝေးတက်ရောက်ခွင့် မရဖြစ် ပြီးနောက်မှာ ဒီလိုမျှဝေလာတာဖြစ်ပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေဟာ ဖေဖော်ဝါရီကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပြီး စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုဓာတ်ပုံတွေဖြစ်ပါတယ်။ “ယနေ့ ရန်ကုန်တွင် တပ်မတော်ထောက်ခံသူများ စုပေါင်းပြီး အာဆီယံအဖွဲ့ကြီးအား ကန့်ကွက်ဆန့်ကျင်ခဲ့ကြ ပါတယ်”လို့ရေးသားပြီး “June June”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတဲ့ ပျံ့နှံ့မှု အားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: Quad နဲ့ မြန်မာကမ်းစောင့်တပ် ပင်လယ်ပြင်တိုက်ပွဲဖြစ်တယ်ဆိုတာ မဟုတ်ပါ

အမေရိကန်ရေတပ် လေယာဉ်တင် သင်္ဘော USS carl vinson ဦးဆောင်တဲ့ Quad အဖွဲ့နဲ့ မြန်မာစစ်တပ် ဘင်္ဂ လားပင်လယ်အော်မှာ တိုက်ပွဲဖြစ်ခဲ့ရာမှာ USS  carl vinson သင်္ဘောကို ဖျက်ဆီးလိုက်နိုင်တယ်လို့ ရေးသား တဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူထောင်ပေါင်းများစွာ ပြန်လည်မျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ ဒီလိုတိုက်ပွဲအတွင်းမှာ ကိုကိုးကျွန်းအခြေစိုက် မြန်မာရေတပ်ကနေ ဒုံးကျဉ် ၂၁ လုံး၊ကမ်းစောင့်တပ်ကလည်း တော်ပီဒို ၃၂ လုံးနဲ့ ပစ်ခတ်ခဲ့ပြီး မင်္ဂလာဒုံလေတပ်ကနေလည်း SuKhoi-35 တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့ တယ်လို့ ရေးသားထားပါတယ်။ သို့သော် ဒီလို ထိပ်တိုက်ထိတွေမှုအပါအဝင် တိုက်ပွဲဖြစ်ခဲ့တယ်ဆိုတဲ့အထောက်အထားမတွေ့ရပါဘူး။  “Min Aung Aung”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသား မျှဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ “ပွဲကတော့စပြီ USS carl […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ခြံဝင်းထဲက မြေအောက်ဉမင် ဓာတ်ပုံလား-မဟုတ်ပါ

ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ နေအိမ်ကနေ အမေရိကန်ကို ဆက်သွယ်ထားတဲ့ မြေအောက်ဉမင်လှိုဏ်ခေါင်းတွေ ဆိုပြီးတော့  ဓာတ်ပုံ ၂ ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူထောင်ပေါင်းများစွာ ပြန်လည်မျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ ဉမင်းတွေဟာ  ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံဝင်းနေက အမေရိကန် နိုင်ငံရဲ့ နေရာ ၅၁(Area 51)ကို ဆက်သွယ်ထားတယ်လို့လည်ဆိုထားသလို  ရွှေချောင်းတွေနဲ့ ဒေါ်လာအပြင် တန်ဖိုးကြီး ရှားပါး သတ္တုအမျိုးအစားတွေနဲ့ ရှေးဟောင်း ပစ္စည်းတွေပါတွေ့ရတယ်လို့ ရေးသားထားပါတယ်။ Area 51 ဆိုတာ ကတော့ အမေရိကန်နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ အထူးလျို့ဝှက်နေရာတစ်ခုလို့ နာမည်ကြီးတဲ့ နေရာဒေသ တစ်ခုဖြစ်ပါတယ်။ သို့သော် ဓာတ်ပုံတွေဟာ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံတွေဖြစ်တာတွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်နဲ့လည်း သက်ဆိုင်ခြင်းမရှိသလို အမေရိကန်ရဲ့ စစ်ဘက်လျှို့ဝှက်နေရာနဲ့လည်း သက်ဆိုင်ခြင်းမရှိပါဘူး။ ဓာတ်ပုံ ၂ ပုံနှင့်အတူ “သတိုးမဟာ […]

Continue Reading

Fact Check: UN လုံခြုံရေးကောင်စီမှာ ဝါကန်ဒါနိုင်ငံက နကစကို ထောက်ခံဆိုတဲ့ သတင်းတု

ကုလသမဂ္ဂ(UN)လုံခြုံရေးကောင်စီအစည်း‌အဝေးမှာ  ဝါကန်ဒါ(Wakanda)နိုင်ငံရဲ့ ဘုရင် တီချာကာမှ နကစ အစိုးရအားထောက်ခံလိုက်တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေမှာ အောက်တိုဘာ ၁၀ ရက်ကပြုလုပ်တဲ့ လုံခြုံရေးကောင်စီအစည်း‌အဝေးမှာ ဒီလို ထောက်ခံခဲ့တာဖြစ်ပြီး သတင်းကိုးကားဖော်ပြမှုအနေနဲ့ ရိုက်တာသတင်းဌာနကို ကိုးကားထားတယ်လို့ ဖော်ပြထားသလို ပို့စ်ရဲ့ အောက်ခြေမှာ wakanda လို့လည်းရေးသားထားပါတယ်။ သို့သော် ဝါကန်ဒါနိုင်ငံဆိုတာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေထဲမှာမရှိသလို အောက်တိုဘာ ၁၀ ရက်ကလည်း လုံခြုံရေးကောင်စီအစည်းအဝေးမရှိတာတွေ့ရပါတယ်။  ဓာတ်ပုံ ၂ ပုံနှင့်အတူ “မျိုးချစ်သစ္စာ ပြည်မြန်မာ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသား မျှဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ “နကစ အတွက်အသက်ရှူပေါက်တစ်ခု(သို့)ဝါကန်ဒါ —————————————————- အောက်တိုဘာ ၁၀ ရက် ကိုးကား – ရိုက်တာ    ယနေ့ကျင်းပ ပြုလုပ်သော UN လုံခြုံရေးကောင်စီအစည်း‌အဝေးတွင် ဝါကန်ဒါနိုင်ငံ၏ ဘုရင် […]

Continue Reading

Fact Check: PDF တွေကို မိဘတွေဆီ ဒေါက်တာဇော်ဝေစိုးက ပြန်ခိုင်းတယ်ဆိုတဲ့ စာအတု

တော်လှန်ရေးကျဆုံးသွားပြီဖြစ်လို့ PDF တွေ အိမ်ပြန်ကြဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ(National Unity Government-NUG)ရဲ့ ပညာရေး နဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောတယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ မျှဝေလျှက်ရှိတာတွေ့ ရပါတယ်။ ပျံ့နှံလျှက်ရှိတဲ့ screenshot ဓာတ်ပုံပို့စ်မှာ ဒေါက်တာ ဇော်ဝေစိုးရဲ့ လူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ Zaw Wai Soe အမည်နဲ့ဖေ့စ်ဘွတ်အကောင့်ကနေ တော်လှန်ရေး ကျဆုံးသွားပြီဖြစ်လို့ လူထုကိုတောင်းပန်ထားပြီး PDF တွေကိုမိဘတွေဆီပြန်ကြဖို့အတွက်လည်း ပန်ကြား ထားပါတယ်။ သို့သော် ဒေါက်တာဇော်ဝေစိုးက ဒီစာဟာအတုဖြစ်တယ်လို့ ပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။  “မေပိုင်ဦး”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၁၀၀ ကျော်ရှိပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကိုဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာတွေ မှာ တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: သီတဂူဆရာတော်ရဲ့ “လ”ထွက်တဲ့ ဓာတ်ပုံဟာပြုပြင်ဖန်တီးထားခြင်း သာဖြစ်

သီတဂူဆရာတော်ကြီးရဲ့ နောက်ကျောက ထူးဆန်းစွာပေါ်နေတဲ့ “လ”တစ်စင်အကြောင်း သိပ္ပံ ပညာရှင်တွေ ကိုယ်တိုင် တအံ့တဩဖြစ်နေကြောင်း Time မဂ္ဂဇင်းက ဖော်ပြခဲ့တယ်ဆိုပြီးတော့ရေးသားထားတဲ့  ဓာတ်ပုံပို့စ် တစ်ခု ကို ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံရဲ့ အပေါ်ဖက်မှာ Time 100 လို့ရေးသား ထားသလို အောက်ခြေမှာ လထွက်ရမယ်အချိန်မဟုတ်ဘဲ သီတဂူဆရာတော်ရဲ့ နောက်ကျောမှာ လထွက်နေခြင်းအပေါ် သိပ္ပံပညာရှင်တွေ အဖြေမရှိဖြစ်နေလို့ အဓိပ္ပာယ်ရှိတဲ့ စာသားကို အင်္ဂလိဘာသာနဲ့ ရေးသား ထားပါတယ်။ သို့သော် ဓာတ်ပုံဟာ သီတဂူဆရာတော်ရဲ့ လူမှုကွန်ယက်စာမျက်နှာက ဓာတ်ပုံတစ်ပုံကိုပြုပြင်ဖန်တီးမျှဝေနေခြင်း ဖြစ်တာတွေ့ရပါတယ်။ “#လမင်းကြီးကတောင် ဦးခိုက်ရသတဲ့ #မြန်မာပြည်မှ ထင်ရှားကျော်ကြားသော  #သီတဂူဆရာတော်ကြီးအား ဓာတ်ပုံ #ရိုက်ယူနေချိန်တွင် မွန်းတည့်ချိန်၌  #ပေါ်လာစရာအကြောင်း လုံးဝမရှိသော “လ”သည် ဝိုင်းစက်လှပစွာ ပေါ်ထွန်းလာသည်ကို သိပ္ပံပညာရှင်များကပင် […]

Continue Reading