Fact Check: ဘောလိဝုဒ် သရုပ်ဆောင်မင်းသား ရှရွတ်ခန်း လေယာဉ်ပျက်ကျ သေဆုံးဆိုတဲ့ သတင်းမှားပျံ့နှံ့

လေယာဉ်ပျက်ကျမှူကြောင့် ဘောလိဝုဒ် နာမည်ကြီး အိန္ဒိယ ရုပ်ရှင်မင်းသား ရှရွတ်ခန်း(Shah Rukh Khan)နဲ့ အတူ စုစုပေါင်း ခရီးသည် ၁၁၀ သေဆုံးခဲ့ရတယ်လို့ ရေးသားမျှဝေထားတဲ့ပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည် မျှဝေလျှက်ရှိပါတယ်။  ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ အသုဘအခမ်းအနား တစ်ခုမှာ ငိုကြွေးနေတဲ့ အမျိုးသမီးတစ်ယောက်ဓာတ်ပုံ၊ အိန္ဒိယအလံ ဖုံးအုပ်ထားတဲ့ အသုဘဘေးမှာ ရပ်နေတဲ့ အဖြူရောင်ဝတ် အမျိုးသားတစ်ဦးရဲ့ ဓာတ်ပုံ၊ ဘောလိဝုဒ် နာမည်ကြီး မင်းသား ရှရွတ်ခန်းရဲ့ ဓါတ်ပုံနှစ်ပုံပါဝင်ပါတယ်။ သို့သော် ရှရွတ်ခန်းသေဆုံးခဲ့တဲ့ လေယာဉ်ပျက်ကျမှုသတင်း တစ်စုံတစ်ရာမတွေ့ရသလို ဓာတ်ပုံတွေဟာလည်း ပြီးခဲ့တဲ့နှစ်အများအတွင်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာ တွေ့ရပါတယ်။ “Zaw Aung Aung” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “အိ န္ဒိယ နာမည်ကြီးအနုပညာရှင် ရှရွတ်ခန်း… လည်းကြွေလွင့်ခဲ့ပီကော..ယနေ့ (12:35)တွင် […]

Continue Reading

Fact Check: ခရမ်းက နို့တိုက်မိခင် PDF ရိုက်နှက်ခံရတဲ့ဓာတ်ပုံလား-မဟုတ်ပါ

နို့တိုက်နေတဲ့မိခင်ကို PDF က ရိုက်နှက်သွားတယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံထဲမှာ ကလေးငယ်ကို နို့တိုက်နေတဲ့ မိခင်တစ်ယောက်ရဲ့ ဦးခေါင်းမှာ သွေးထွက်နေတဲ့ ဓာတ်ပုံတစ်ပုံလည်း ပါဝင်ပါတယ်။ သို့သော် ဓာတ်ပုံဟာ အခြားနိုင်ငံက ဓာတ်ပုံတစ်ပုံဖြစ်တာတွေ့ရပါတယ်။ “ရန်ကုန်၊ခရမ်းမြိုနယ်  က လေးနိုတိုက် နေ သော မိခင်အား အကြမ်းဖက် pdf များမှ ဒလန်စွပ်စွဲ၍  သတ်ရန်လာ သော်လည်း က လေးနိုတိုက် နေသဖြင့်  ခေါင်းပဲ ရိုက်နှက်သွားဟု ကနဦးသိရ”လို့ရေးသားပြီး “မင်းခ ယောက်ကျား”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက စက်တင်ဘာ ၃၀ ရက်မှာ အောက်ပါအတိုင်း မျှဝေထားပါတယ်။ တူညီစွာရေးသားမျှဝေထားတဲ့ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: လွတ်မြောက်နယ်မြေကိုရောက်လာတဲ့ ဒရုန်းယာဉ်တွေဓာတ်ပုံလား-မဟုတ်ပါ

လွတ်မြောက်နယ်မြေတွေဆီရောက်ရှိလာတဲ့ ဒရုန်းယာဉ်တွေဆိုပြီးတော့  ဓာတ်ပုံ ၃ ပုံနဲ့အတူ ရေးသားမျှဝေထား ရာမှာ ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံတွေမှာ တောတွင်း တစ်နေ ရာမှာ ရွက်ဖျင်တဲထိုးပြီး ကားနဲ့လူအချို့က စက်ပစ္စည်းအချို့၊ အလုပ်ရှုပ်နေပုံနဲ့ ဒရုန်းယာဉ်တစ်စီး ချထားတဲ့ပုံနဲ့ ဝေဟင်ကရိုက်ကူးထားတဲ့ နေရာတစ်ခုပုံတွေပါဝင်ပါတယ်။ သို့သော် မျှဝေထားတဲ့ ဓာတ်ပုံတွေဟာ ဟောင်ခြေစိုက် Gl ကုမ္ပဏီက ကြော်ငြာဓာတ်ပုံတွေဖြစ်ပါတယ်။ “ဆော်မယ့် တီးမယ့် Drone တွေ လာပြီ ======================= လွတ်မြောက်နယ်မြေများသို့ ဒရုံးများအချို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရှိရ #myanmarcelebrityclub_edition”လို့ရေးသားပြီး “Jo Tiger” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်တို ဘာ ၆ ရက်က မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၃ ထောင် […]

Continue Reading

Fact Check: ဇင်ဝိုင်းပြန်လည်အဖမ်းခံရတယ်ဆိုတာမဟုတ်ပါ

အောက်တိုဘာ ၆ ရက်နေ့ ည ၇ နာရီအချိန်မှာသရုပ်ဆောင် ဇင်ဝိုင်းဟာ ဒုတိယအကြိမ် ပြန်လည်ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရတယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းကမျှဝေလျှက်ရှိပါတယ်။   ပျံနှံ့လျက်ရှိတဲ့ပို့စ်တွေမှာ “ခံဝန်နဲ့ ပြန်လွှတ်ပေးထားတဲ့ သရုပ်ဆောင် ဇင်ဝိုင်းကို ပြန်လည် ဖမ်းဆီး”စသည်ဖြင့် ခေါင်းစဉ်တပ်ရေးသားထားပြီး  ဇင်ဝိုင်း(ခ) ဦးဌေးလွင်ဟာ ရပ်ကွက်အတွင်း မူးရူးအော်ဟစ်ခြင်း၊ ဒေသခံကာကွယ် ရေးတပ်ထဲရောက်နေတဲ့ သားဖြစ်သူ PDF အဖွဲ့ဝင် မင်းမော်ကွန်းနဲ့ ဆက်သွယ်ခြင်း၊ အမျိုးသား ညီညွတ်ရေးအစိုး ရ(NUG)ကို လျှို့ဝှက်ထောက်ပံ့ခြင်း စတာတွေကို လုပ်ဆောင်နေ တယ်ဆိုပြီး အောက်တို ဘာ ၆ က ပြန်လည် ဖမ်းဆီးလိုက်တာလို့ ဖော်ပြထားပါတယ်။ “Cele New Moe”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကမျှဝေထားတဲ့ ပျံ့နှံမှုအားကောင်းခဲ့တဲ့ပို့စ်ကို အောက်ပါအတိုင်း မျှဝေထားပါတယ်။ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check: ဒီဗွီဒီယိုက ကနဲလေးရွာအနီးကမြန်မာစစ်သားတွေပြန်လည်မြှုပ်နှံမှု ဖြစ်တယ်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၅ မှာ တော်လှန်ရေး လူငယ်အမျိုးသား အမျိုးသမီး ၄၅၀ ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့ ဗွီဒီယိုဆိုပြီးတော့ ဖေ့စ်ဘွတ်မှာ မျှဝေလျက်ရှိပါတယ်။    “ကဲTGကရုပ်သံကြည့်ကျပါ တောခိုမိဘတွေ KNLAတပ်မဟာ5ကိုဝင်ရှင်းတော့ အစုလိုက်အပြုံလိုက်ကျားမရောရာသတ်ဖြတ်ခံထားရတဲ့..GZ450ကို တပ်မတော်သားတွေက မြေမြှုပ်ပေးရတယ် မျက်ရည်ကျပြီး အမျိုးသမီး121ယောက်ပါတယ် မုဒိမ်းကျင့်သတ်ထားတာ Kmh”လို့ရေးသားပြီး “စနေသား ဘီလူးနတ်ခတ်”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်း မျှဝေ ထားပါတယ်။ GZ ဆိုတဲ့စကားလုံးဟာ စစ်အာဏာသိမ်းမှုကိုမလိုလားတဲ့ လူငယ်တော်လှန်ရေးအင်အားစုကို ဆိုလိုတာဖြစ်ပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ ရေးသားမျှဝေထားတဲ့ နောက်ထပ်ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ရွံ့ညွှန်တွေ လူးနေတဲ့ […]

Continue Reading

Fact Check: ၂၀၁၈ ခုနှစ်က မလေးရှားမှာ မြန်မာအရက်ဖမ်းမိတဲ့ဖြစ်စဉ်ကိုလက်ရှိအဖြစ် အပျက်သဖွယ်ပြန်လည်မျှဝေ

မြန်မာနိုင်ငံက ထုတ်တဲ့အရက်မှာ လူကို အန္တရာယ်ဖြစ်စေနိုင်တဲ့ Methanol ဓာတ်တွေ့ရှိတယ်ဆိုပြီးတော့ အရက် ပုလင်းကို ကိုင်ထားတဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူ ဓာတ်ပုံကိုဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက မျှဝေလျက်ရှိ ပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံတွေဟာ  ၂၀၁၈ ခုနှစ်က သတင်းဟောင်းတစ်ခုကို ပြန်လည်မျှဝေ နေခြင်းဖြစ်ပါတယ်။  “မလေးရှားတွင် တပတ်အတွင်း အရက် သောက်သူ လူ၂၁ဦး သေဆုံးအပြီး  မြန်မာနိုင်ငံထုတ်အမှတ်တံဆိပ်ပါ ဝီစကီပုလင်းများတွင် လူသားအတွက်  အန္တရာယ်ဖြစ်စေတဲ့ Methanol ဓာတ်တွေ့ရှိ ရန်ကုန်၊စက်တင်ဘာ၊၂၂”စသည်ဖြင့် ခေါင်းစဉ်တပ်ရေးသားထားတဲ့ သတင်းတစ်ပုဒ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။တူညီစွာရေးသားထားတဲ့ ပို့စ်ကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်း တွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက်  Google မှာဓာတ်ပုံတွေ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ၂၀၁၈ […]

Continue Reading

Fact Check: PDF တွေဖမ်းဆီးခံရမှုဓာတ်ပုံလား-မဟုတ်ပါ

စစ်ဝတ်စုံနဲ့ အမျိုးသား ၁၀  ယောက်ဝန်းကျင် လက်မှာ ကြိုးတုပ်လျှက် အဖမ်းခံထားရတဲ့ ဓာတ်ပုံနှင့်အတူ လက်နက်ခဲယမ်းဓာတ်ပုံတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တွေ လက်နက်နဲ့ဖမ်းဆီးရရှိမှုအဖြစ် ဖေ့စ်ဘွတ်မှာမျှဝေလျှက် ရှိပါတယ်။  သို့သော်လည်း ဓာတ်ပုံဟာ ရခိုင်ဒေသမှာ မြန်မာစစ်တပ်က စစ်သားတွေဖမ်းဆီးခံရမှုဖြစ်တာတွေ့ရပါတယ်။  “အကြမ်းဖက်PDF များနဲ့လက်နက်များဖမ်းမိ(စစ်ဆေးနေဆဲမို့ အပြည့်အစုံ မဖော်ပြနိုင်)”လို့ရေးသားပြီး “Ko Ba Gyi”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက်  Bing မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်၊နိုဝင် ၂၇ ရက်ကတည်းက အင်တာ နက်မှာပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။  ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၇ ရက်စွဲဖော်ပြထားတဲ့ Burma News International […]

Continue Reading

Fact Check: ဒီဗွီဒီယိုက စစ်တပ်ခေါင်းဆောင် မြစ်ကြီးနားခရီးစဉ်မှာ ပစ်ခတ်ခံရမှုလား-မဟုတ်ပါ

စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြစ်ကြီးနားခရီးစဉ်မှာ ၎င်းလက်အောက်ခံ လုံခြုံရေး တပ်ဖွဲ့တွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက ပစ်ခတ်တိုက်ခိုက်မှုလို့ရေးသားပြီး ဗွီဒီယို တစ်ခုကို ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိရာ ဒီဗွီဒီကို ပြန်လည်မျှဝေသူ ထောင်ဂဏန်းဝန်းကျင်ရှိပါတယ်။   ၂ မိနစ်နဲ့ ၅၄ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ ရဲဝတ်စုံဝတ်ထား သူတွေဟာ နောက်မိုးဖွင့် နှစ်ခန်းတွဲ အိမ်စီးကားဖြူ ၂ စီးပေါ်မှာ ထိုင်လျှက် ရံဖန်ရံခါ သေနတ်ထုတ်ချိန်တဲ့ မြင်ကွင်း၊ ကား ၂ စီးဟာ ရှေ့တိုးနောက်ဆုတ်လုပ်နေတဲ့ မြင်ကွင်းများနဲ့ သေနတ်နဲ့ပစ်ခတ်သံအချို့လည်းပါဝင်ပါတယ်။ သို့သော်လည်း ဒီဗွီဒီယိုဟာ မတ်လအတွင်းကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။   “သောင်းကျန်းသူ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် ကချင်ပြည် ရောက်ရှိနေ စဉ် သူ့ အောက်ခြေသောင်း ကျန်းသူ အဖျက်သမားများအား မြစ်ကြီးနား ဒေသခံ […]

Continue Reading

Fact Check: PDF နဲ့ NUG တံဆိပ်ဒရုန်းယာဉ်လား-မဟုတ်ပါ

NUGနဲ့ PDF တံဆိပ်ဒရုန်းယာဉ်တွေဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ အများအပြားက မျှဝေလျှက်ရှိပါ တယ်။ သို့သော် မျှဝေထားတဲ့ ဓာတ်ပုံတွေကို ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်ကတည်းက အင်တာနက်မှာတွေ့ရပါတယ်။ “မအလရယ် ဘာတတ်နိုင်သေးလဲ ခုတော့ဒရုန်းတောင်မှ၊NUG&PDFစာလုံးတွေပါတဲ့ဒရုန်းတဲ့သေချာလဲကြည့်အုံးနော် တို့စိုးရကိုလေလိုင်းကစိုးရတဲ့၊ ရူ့စားတော်မူပါလော့ အဘဘောမတစ်သိုက်နဲ့ မအလအပေါင်းပါတွေမကြာခင် ခများတို့အုပ်စုပြေးပေါက်မရှိတော့ဘူးခု ကတည်းက ပြေးပေါက်ရှာထားတော့နော် အကောင်းပြောတာ နောက်နေတာဟုတ်ဘူး နော် သိဖို့ 😄😄😄”လို့ရေးသားပြီး “Ko Htun” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူ အောက်ပါအတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၅၀၀ ကျော်ရှိပါတယ်။ တူညီစွာရေးသားမျှဝေထားတာတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် Tineye […]

Continue Reading

Fact Check: ကနီမြို့နယ် စဖိုကြီးရွာမီးလောင်မှုဓာတ်ပုံတွေလား-မဟုတ်ပါ

စစ်တပ်က ကနီ စဖိုကြီးရွာကို မီးရှို့မှုအဖြစ် အိမ်တွေမီးလောင်နေတဲ့ ဓာတ်ပုံ၊ အထုပ်အပိုးနဲ့ လူတွေပါဝင်တဲ့ ဓာတ်ပုံ ၄ ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူအများအပြားက မျှဝေလျက်ရှိပါတယ်။ သို့သော်လည် ဒီဓာတ်ပုံတွေဟာ ၂၀၁၇ ခုနှစ်ကတည်း အင်တာနက်မှာပျံ့နှံ့လျက်ရှိပြီး ရိုဟင်ဂျာရွာတွေ မီးရှိုးခံရမှုထိုအချိန်က မီဒီယာတွေမှာ ဖော်ပြထား တာတွေ့ရပါတယ်။ “ကနီ ကို သူတို့လောင်တိုက်သွင်းပြီ ဒီလောက်ရက်စက်ယုတ်မာနေတာ ခင်ဗျားတို့ speakoutလုပ်ပေးဖို့ ပြောနေရတုန်းလားဗျာ ကိုယ်ချင်းစာ နာတက်ခဲ့့ပီလေ ဆိုတာ စိုးလွင်လွင်သီချင်းဘဲဆိုလိုကောင်းတာနော် တနေ့ခင်ဗျားတိုအိမ်တွေ့ရွာတွေ ရပ်ကွက်တွေ  မြို့တွေ  အလှည့်ရောက်လာလိမ့်မယ်။ ကျေးဇူးပြု့ပြီး ကနီဘေးကင်းဖို့ဆု့တောင်းပေးကြရအောင်။ #waitharlill 18.08.2021 ညက  ကနီမြို့နယ် စဖိုကြီးကျေးရွာတွင် စစ်ကောင်စီတပ်များဝင်ရောက်လုယက်ကာ ရွာမီးရှို့သွားပါတယ်❗ ဖုန်းနဲ့ပိုက်ဆံတွေလည်း လုယူသွား ဗိုက်ကြီးသည်တယောက်ခြေထောက် သေနတ်ထိမှန် 18.08.2021 Aung Bo […]

Continue Reading