Fact Check: SSPP နဲ့ RCSS က စစ်ကောင်စီကို စစ်ကြေညာတဲ့ သတင်းတု

ရှမ်းလက်ကိုင်အဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ SSPP နဲ့ RCSS က စစ်ကောင်စီကို စစ်ကြေညာလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ ဒီအပြင် RCSS က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်တယ်လို့ လည်းပါရှိပါတယ်။ သတင်းတုသတင်းမှားဖြန့်ချိမှုသာဖြစ်တယ်။ အောက်ပါစာသားတွေနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုအစမှာပြသတဲ့ ဓာတ်ပုံပါ စာသား ကောက်နုတ်ချက်ဖြစ်ပါတယ်။  “အရေးပေါ်သတင်း အကြမ်းဆုံးလက်နက်ကိုင် ၂ ဖွဲ့ RCSS နဲ့ SSPP အခုပဲ နေပြည်တော်ကို စစ်ကြေညာ NCA အကုန်ဖျက်သိမ်းကြောင်း RCSS ကြေညာ” မူရင်းလင်ခ့် – Youtube links | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ […]

Continue Reading

Fact Check: မိတ္ထီလာလေတပ်စခန်းအသိမ်းခံရပြီး လက်နက်ဂိုဒေါင်ပြာကျသွားတဲ့ သတင်းတု 

မိတ္ထီလာလေတပ်စခန်းအသိမ်းခံလိုက်ရတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား ဖြန့်ဝေမှုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဇန်နဝါရီ ၁၈ ရက်ကစတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၆သောင်း ဝန်းကျင်ရှိတယ်။ “လုံခြုံ‌ရေးအင်အားနဲနေတဲ့ မိတ္ထီလာလေတပ်စခန်းသိမ်းပိုက်လိုက်ပြီ တပ်ခွဲမှူးခေါင်းပွင့်သေ၊ လက်နက်ဂိုဒေါင်ပြာကျ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ မိတ္ထီလာလေတပ်စခန်း တိုက်ခိုက်ခံရမှု သတင်းမတွေ့ရပါဘူး။ Real News Channel အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး မသက်ဆိုင်တဲ့ခေါင်းစဉ်လွဲ သို့မဟုတ် ခေါင်းစဉ်တုနဲ့ ထင်ယောင်ထင်မှား ဖြစ်ဖွယ်ခေါင်းစဉ်တွေ တပ်ပြီး ဖြန့်ချိလေ့ရှိတယ်။ […]

Continue Reading

Fact Check: ကချင်ပြည်နယ်မှာမီးတောင်ပေါက်ကွဲမှုကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သတင်းတု

ကချင်ပြည်နယ်မှာမီးတောင်ပေါက်ကွဲမှုကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေနေတာဟာ သတင်းမှားတခုဖြစ်တာတွေ့ရပါတယ်။ ရေတွင်းတူးရာမှ ရွံ့နွံတွေ ပန်းထွက်တဲ့ သတင်းကို ခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ဒီလိုဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “နေ့လည် ၁ နာရီခွဲ ဇန် ၂၆ ကချင်ပြည်နယ်မှာ မီးတောင်ပေါက်ကွဲလို့ ပြည်သူတွေထွက်ပြေးနေရတဲ့ နောက်ဆုံးအခြေနေ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။  တကယ်တမ်း ဗွီဒီယိုပါအကြောင်းအရာဟာ ကချင်ပြည်နယ်၊ အင်းတော်ကြီး အရှေ့ဘက်ကမ်းဆီက ဟဲပါးကျေးရွာမှာ ရေတွင်းတူးတာကနေ ရွှံ့ရေတွေ ထူးထူးဆန်းဆန်း ပန်းထွက်လာခဲ့သလို ပေါက်ကွဲသံတွေလည်း အကျယ်ကြီး ထွက်ပေါ်လာခဲ့လို့ ဒေသခံတွေ ထိတ်လန့်ခဲ့ရတယ်ဆိုတဲ့ သတင်းတပုဒ်ကို ပြန်လည်ဖြတ်ကြား နေတာဖြစ်တယ်။ မူရင်းဖော်ပြချက်ကို ဒီလင့်ခ်မှာကြည့်ပါ။  သုံးသပ်ချက် […]

Continue Reading

Fact Check: လေယာဉ်တွေပစ်မချဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းတောင်းပန်တဲ့ သတင်းတု

တန်ကြေးကြီးလို့ လေယာဉ်တွေကို ပစ်မချဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တောင်းပန်လိုက် တယ်လို့ ဆိုထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သရော်စာပို့စ်တခုသာဖြစ်တယ်။ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီလိုပြောကြားခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “တပ်မတော်ရဲ့ တိုက်လေယဥ်တွေကို ပစ်မချကြဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်း မေတ္တာရပ်ခံ.. 😁😁 “ကချင်မှာ ဒီကနေ့ လားရိူးလေတပ်ကနေ တက်သွားတဲ့ Mi35P တစီး ပစ်အချခံရတယ် ဆိုတာတော့ ကျတော်အနေနဲ့ အတိအကျ မသိရသေးပါဘူး။ ဟုတ်ချင်မှလဲ ဟုတ်မှာပါ၊ ဒီလိုပဲ ဒေါ်လာစားမီဒီယာတွေက တပျမတောျသိက်ခါကအြောငျ ကောလဟာလတွေ တမင်ရည်ရွယ်ချက် ရှိရှိ လွှင့်နေကြတာပဲ ဖြစ်ပါလိမ့်မယ်” ဟု့ စပြီး ပြောပါတယ်။ ဆက်လက်၍ “အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ကျ […]

Continue Reading

Fact Check: ဒုကာချုပ်စိုးဝင်းနဲ့ အရာရှိ ၂၅ ဦးနုတ်ထွက်မှု သတင်းတု

ဇန်နဝါရီ ၁၁ ရက်နေ့မှာ စစ်အာဏာသိမ်း စစ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး စိုးဝင်းနဲ့ အရာရှိ ၂၅ ဦးနုတ်ထွက်ကုန်ပြီလို့ထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျှက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  အောက်ပါစခရင်ရှော့နဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ ဇန်နဝါရီ ၁၁ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီဟာ လက်ရှိအချိန်အထိ ကြည့်ရှူ့မှုပေါင်း ၆၀၀၀၀ ကျော်ရရှိထားတယ်။ “(၁၁)ရက်နေ့ အရေးပေါ်သတင်း အချင်းချင်းကိုကုန်ပြီဟေ့ ဒုကာချုပ်စိုးဝင်းနဲ့အရာရှိ(၂၅)ဦးနုတ်ထွက်ကုန်ပြီ ဆူပူထကြွကုန်ပြီဗျို့/စစ်အုပ်စု နှစ်ခြမ်းကွဲပြီဟေ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခုဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Burmese News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာ […]

Continue Reading

Fact Check: ၆ လသက်တမ်းမတိုးတော့ဘဲ ရာသက်ပန် အနားယူတော့မယ်လို့ စစ်ခေါင်း‌ဆောင် ကြေညာတဲ့ သတင်းတု 

ဇန်နဝါရီ ၃၁ ရက်မှာ အနားယူတော့မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတု သတင်းမှား ဖြန့်ချိမှုသာဖြစ်တယ်။ လာမယ့် ဇန်ဝါရီ ၃၁ ရက်မှာ ၆ သက်တမ်းကုန်ပြီး အနားယူတော့မယ်လို့ ကြေညာတာကြောင့် တကမ္ဘာလုံးက ကခုန်နေကြပြီလို့လည်း ဒီဗွီဒီယိုထဲမှာ ဆိုထားပါတယ်။  အောက်ပါစခရင်ရှော့နဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ ဖြန့်ဝေအပြီး ၄ နာရီအတွင်း ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၃၀၀၀၀ ကျော်ရှိတယ်။ “လာမယ့် ၃၁ ရက်နေ့ ၆ လတိုးသက်တမ်းကုန်ပြီဖြစ်လို့ ပလ္လင်ပေါ်က ဆင်းတော့မယ်တဲ့ ရာသက်ပန် အနားယူတော့မည်ဟု မအလ ကြေညာ တကမ္ဘာလုံး ကခုန်နေကြကုန်ပြီ” မူရင်းလင်ခ့် – […]

Continue Reading

Fact Check: ဖေ့စ်ဘွတ်မှာ မှတ်ချက်ရေးရုံနဲ့ Ocean ဈေးဝယ်စင်တာက လက်ဆောင်ပို့ ပေးမယ်ဆိုတဲ့ လှည့်စားထားတဲ့ စာမျက်နှာ

ဖေ့စ်ဘွတ်ပို့စ်မှာ “Happy New Year”လို့ မှတ်ချက်‌‌ရေးတဲ့သူတိုင်းကို လက်ဆောင်တွေပါတဲ့ အထူးအိတ်တလုံးစီ မြန်မာနိုင်ငံမှာ နာမည်ကြီး ဈေးဝယ်စင်တာတခုဖြစ်တဲ့ Ocean Supperပို့ပေးမယ်လို့ဆိုထားတဲ့ Ocean Supercenter Fans အမည်နဲ့စာမျက်နှာဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါ တယ်။ လိမ်လည်လှည့်စားထားထားတဲ့ အတုအယောင်စာမျက်နှာသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ပို့စ်က ရယူထားခြင်းဖြစ်တယ်။ ၂၄ နာရီအတွင်း ဒီပို့စ်ကို မျှဝေမှုပေါင်း ၁၃၀၀ ရှိပါတယ်။  “နှစ်သစ်လက်ဆောင်- @Ocean Supercenter ခရစ္စမတ်နဲ့ နှစ်သစ်ကူးကို ကြိုဆိုဖို့အတွက် ဒီဇင်ဘာ 25 ရက်နေ့မတိုင်ခင် ကျွန်တော်တို့ရဲ့ PAGE မှာ “Happy New Year” လို့ ရေးတဲ့သူတိုင်းကို အထူးအိတ်တစ်ခု ပို့ပေးမှာပါ။ ကံကောင်းပါစေ!” မူရင်းလင်ခ့် – Fb […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို ပြန်လွှတ်ပေးဖို့ သီတဂူဆရာတော်တောင်းဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို ပြန်လွှတ်ပေးဖို့ သီတဂူဆရာတော်တောင်းဆိုလိုက်တယ် လို့ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာဟာ သတင်းမှားသာဖြစ်တယ်။ သတင်းမီဒီယာ အချို့မှာဖော်ပြပါရှိပြီး သတင်းတွေကို ကူးယူဖော်ပြပြီး ခေါင်းစဉ်တုတပ်ထားတဲ့ ဗွီဒီယိုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “သီတဂူ ပြောရင် အားလုံးဖြစ်တယ် ဒေါ်စုနဲ့ သမ္မတကို လွှတ်ဖို့ ဿီတဂူပြော ခေတ်သစ်ကြေငြာပြီ” (မူရင်းအရေးအသား)။ ဗွီဒီယိုအစမှာ ပြသတဲ့ ဒီစာသားပါတဲ့ ရုပ်သေဓာတ်ပုံမှာ ရန်ကုန်ခေတ်သစ်မီဒီယာ အစီအစဉ်တင်ဆက်သူက သတင်းကြေညာနေတဲ့ ဓာတ်ပုံနဲ့တကွမျှဝေထားတာဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မတွေ့ရပါဘူး။ အခု ဗွီဒီယိုထဲမှာပါတဲ့ အကြောင်းအရာဟာလည်း သတင်းဌာနတွေက ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖော်ပြနေခြင်း ဖြစ်တယ်။ ဗွီဒီယိုထဲမှာ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်တွေ သေဆုံးမှု သတင်း‌ခေါင်းစဉ်တု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆေးရုံမှာ သေဆုံးမှု၊ ဒုတိယစစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပစ်သတ်ခံရမှုစသည်ဖြင့် ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းမှားသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “(၁၄)ရက်နေ့  တနိုင်ငံလုံးကခုန်လို့ရပြီဟေ့ သတင်းထူးကြီးဗျို့ ညက ကာချုပ်ကြီးမင်းအောင်လှိုင်အရေးပေါ် ဆေးရုမှသေပြီဟေ့အ‌လောင်းထုတ်ပြီဗျို့ ရန်ကုန်ခေတ်သစ်တရားဝင်အတည်ပြုပြီ” မူရင်းလင်ခ့် – Youtube link | Archive link ထို့အတူ သေဆုံးမှု၊ ဒုတိယစစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပစ်သတ်ခံရတယ်၊ စစ်တပ်ပြန်ကြားရေး တာဝန်ခံ ဗိုလ်ချုပ်‌ဇော်မင်းထွန်း မိသားစု ၃ ဦးပစ်သတ်ခံရတယ်စသည်ဖြင့်လည်း ဒီချန်နယ်က ဖြန့်ချိထား ပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။  အခုဖြန့်ဝေနေတဲ့ […]

Continue Reading

Fact Check: KFC က ကြက်ကြော် အလကားပေးနေတယ်ဆိုတဲ့ လိမ်လည်လှည့်စားထား တဲ့ စာမျက်နှာ

KFC က ဖေ့စ်ဘွတ်ပို့စ်ကို မျှဝေတဲ့သူတိုင်းကို ကြက်ကြော်တွေ အလကားပေးနေပြီလို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ KFC နာမည်နဲ့ အမှတ်တံဆိပ်အသုံးပြုပြီး လိမ်လည်လှည့်စားထားခြင်းသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ၁၉ နာရီအတွင်း ဒီပို့စ်ကို မျှဝေမှုပေါင်း ၆၀၀၀ ရှိပါတယ်။  “ဒီနှစ် ဒီဇင်ဘာလအတွက် KFC မှာ ထူးထူးခြားခြား လုပ်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အချိန်တွေက ခက်ခဲတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ KFC မှာ လူတိုင်းကို ကြက်တစ်ပုံး (အခမဲ့) ကျွေးချင်တယ်။ ဒီပို့စ်ကို မျှဝေသူတိုင်းနဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး ကြက် ၁၂ ကောင်ပါတဲ့ ပုံးတစ်ပုံးကို ပို့ပေးပါမယ်။ (​နောက်​​နေ့ပို့​ပေးပါတယ်​)” မူရင်းလင်ခ့် – Fb link […]

Continue Reading