Fact Check: စစ်ခေါင်းဆောင်ကို ဖမ်းစီးကာ ဒုတိယစစ်ခေါင်းဆောင်က အာဏာသိမ်း ဆိုတဲ့ သတင်းတု
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက ဖမ်းဆီးပြီးပြီး အာဏာလုယူ လိုက်တယ်လို့ ဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခု ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်း ဖြစ်တယ်။ အောက်ပါစာသားနဲ့စခရင်ရှော့ဓာတ်ပုံကတော့ ဖေ့စ်ဘွတ်မှာတွေ့ရတဲ့ ပို့စ်က ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ ဒီဗွီဒီယိုဟာ ယူကျူ့မှာ ကြည့်ရှုမှုပေါင်း ၂ ဒဿမ ၂ သိန်းကျော်ရှိထားတယ်။ “နေပြည်တော်ကိုပိတ်ချလိုက်ပြီ စိုးဝင်းအာဏာသိမ်းလိုက်ပြီ သိန်းစိန်သမ္မတဖြစ်လာမှာကိုလက်မကြိုက်လို့ မင်းအာင်လှိုင်ကိုဖမ်းဆီးကာအာဏာလုယူ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Radio”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်း သို့မဟုတ် အတွေးအမြင်ဆောင်းပါးတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တု၊ […]
Continue Reading
