Fact Check: ပဟေဠိဖြေဆိုသူကို ဆမ်ဆောင်းဖုန်း၊တိုယိုတာကား လက်ဆောင်ပေး တယ်ဆိုတာ လိမ်လည်လှည့်စားမှုသာဖြစ်တယ်
ပဟေဠိဖြေဆိုနိုင်သူတွေကို ဆမ်ဆောင်း(Samsung)က ဖုန်းတွေလက်ဆောင်ပေးနေတယ်၊ တိုယိုတာ(Toyota)က ကားလက်ဆောင်ပေးနေတယ်ဆိုပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တွေဟာ လိမ်လည်လှည့်စားမှုသာဖြစ်တယ်။ မြန်မာဘာသာအသုံးပြုသူတွေအကြား ပျံ့နှံ့လျှက်ရှိတဲ့ ပိုစ့်မှာ အင်္ဂလိပ် ဂဏန်းတွေကို ပြသထားပြီး အခြားမတူတဲ့ ဂဏန်းတွေကို တွေ့သူတွေအနေနဲ့ အံ့အားသင့်စရာ လက်ဆောင် ရရှိမယ်ဆို ပြီးတော့ နောက်ဆုံးပေါ် ဆမ်ဆောင်းဖုန်း၊ တိုယိုတာကားဓာတ်ပုံတွေနဲ့အတူ ဖော်ပြထားပါတယ်။ အောက်ပါဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ရဲ့ စခရင်ရှော့ဖြစ်တယ်။ Samsung အမှတ်တံဆိပ်နဲ့ အတူ ဖေ့စ်ဘွတ်စာမျက်နှာက အင်္ဂလိပ်ဂဏန်း 86 တွေထဲမှ မတူတဲ့ ဂဏန်းကိုရှာတွေ့တဲ့သူတွေဟာ အပေါ်မှာ ပြသထားတဲ့ ဆမ်ဆောင်ဖုန်းကို ရရှိမှာဖြစ်ကြောင်း ပြောဆိုထားရာ ဒီပို့စ်ကို ၂ ရက်အတွင်း ပြန်လည်မျှဝေမှုပေါင်း ၂၁၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Fb link | […]
Continue Reading
