Fact Check: PDFတွေလက်နက်နဲ့ပြန်ဝင်လာရင်ကားစီးနဲ့ တိုက်တလုံးပေးမည်လို့ စစ်ကောင်စီဖိတ်ခေါ်တဲ့ သတင်းမှား

ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF )‌တွေ လက်နက်နဲ့ အလင်းဝင်ရင် ကားတစီးနဲ့ တိုက်တလုံး ပေးမည်ဆိုပြီး စစ်ကောင်စီကဖိတ်ခေါ်နေတယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု ယူကျု့ချန်နယ်မှာ ဖြန့်ဝေထားရာမှာ  ပျံ့နှံ့မှုအား ကောင်းခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိမှုဖြစ်တယ်။ ဒီပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုရုပ်ကတ်ထဲမှာ “PDFတွေ လက်နက်နဲ့ ပြန်ဝင်လာရင် ကားတစ်စီးနဲ့ တိုက်တစ်လုံး ပေးမည်ဟု စစ်ကောင်စီက အထူးဖိတ်ခေါ် မနိုင်တော့တာ ဝန်ခံလိုက်ပြီ” လို့ စသဖြင့် ရေးသား ထားပါတယ်။ 7days media အမည်နဲ့ ယူကျု့ချန်နယ်က  မျှဝေထားတဲ့ ဗွီဒီယိုကို အောက်ပါတိုင်း တွေ့ရပါတယ်။ မူရင်းလင်ခ့် –Youtube link  | Archive link အချက်အလက်စိစစ်ချက် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF )‌တွေ လက်နက်နဲ့ ပြန်ဝင်လာရင်ကားတစ်စီးနဲ့ တိုက်တစ်လုံး ပေးမည်ဆိုပြီး စစ်ကောင်စီကဖိတ်ခေါ်နေတယ်ဆိုတဲ့သတင်းကို […]

Continue Reading

Fact Check: အာဆီယံအစည်းအဝေး NUG ကိုယ်စားလှယ်တက်ရောက်တဲ့ သတင်းမှား

NUG ကိုယ်စားလှယ် အာဆီယံအစည်းအဝေးတက်ရောက်ခဲ့တယ်ဆိုပြီး ဗွီဒီယိုတစ်ခု ပျံ့နှံ့မှုအားကောင်းနေပါ တယ်။ သတင်းမှားသာဖြစ်ပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ အာဆီယံအစည်းအဝေးမှာ မြန်မာထိုင်ခုံနေရာ လစ်လပ်နေခဲ့ပါတယ်။  “အာဆီယံဆွေးနွေးပွဲ NUG ကိုယ်စားလှယ်တက်ရောက်#အဖွဲ့ဝင် ၁၀နိုင်ငံ ဝမ်းပန်းသာ ကြိုဆို”လို့ ဗွီဒီယိုခေါင်းစီး စာသားမှာရေးသားထားသလို ဗွီဒီယိုထဲမှာလည်း အလားတူ ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အလားတူ တူညီတဲ့ရေးသားမျှဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တနှစ် ၂ ကြိမ် အာဆီယံနိုင်ငံ တွေအကြား အလှည့်ကျစနစ်နဲ့ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံမှာ မေ ၉ ရက်က ၁၁ ရက်အထိ ကျင်းပခဲ့ပြီး ဒီအစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုယ်စား ပြုနေရာနဲ့ ပတ်သက်ပြီး ချန်လှပ်ခဲ့တာ တွေ့ပါတယ်။  […]

Continue Reading

Fact Check: NUG ကို အာဆီယံက အစိုးရအဖြစ်သတ်မှတ်တဲ့ သတင်းမှား 

NUG ကို အာဆီယံက အစိုးရအဖြစ် သတ်မှတ်လိုက်တယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု ပျံ့နှံ့မှုအားကောင်းနေပါတယ်။ သတင်းမှားသာဖြစ်ပါတယ်။ အာဆီယံအစည်းအဝေးမှာ မြန်မာထိုင်ခုံနေရာ လစ်လပ်နေခဲ့သလို NUG ကို အစိုးရအဖြစ်အသိအမှတ်ပြုလိုက်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ “အာဆီယံဆွေးနွေးပွဲ NUG ကိုယ်စားလှယ်တက်ရောက်#အဖွဲ့ဝင် ၁၀နိုင်ငံ ဝမ်းပန်းသာ ကြိုဆို”လို့ ဗွီဒီယိုခေါင်းစီး စာသားမှာရေးသားထားသလို ဗွီဒီယိုထဲမှာလည်း အလားတူ ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အလားတူ တူညီတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ယခုနှစ် အာဆီယံအစည်းအဝေးနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေကို ဒီမှာတွေ့နိုင်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ မေ ၉ ရက်က ၁၁ ရက်အထိ ကျင်းပခဲ့ပြီး အာဆီယံ အစည်းအဝေးတွေမှာ ၂၀၂၁ ခုနှစ် […]

Continue Reading

Fact Check: မေလလယ်မှာ အကျဉ်းသား ၄၅၀၀ ထပ်လွှတ်မယ်လို့ စစ်ခေါင်းဆောင် ကြေညာဆိုတဲ့ နားလည်မှုလွဲစေနို်ငတဲ့သတင်း

မေ ၁၅ ရက်မှာ အကျဉ်းသား ၄၅၀၀ ထပ်လွှတ်မယ်လို့ စစ်ခေါင်းဆောင် ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ မေ ၃ ရက်က ၅၀၅(က)နဲ့တရားစွဲခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လွှတ်ပေးတဲ့သတင်းကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုဖြစ်တယ်။ “မေလ (၁၅) ရက်နေ့မှာ အကျဉ်းသား (၄၅၀၀) ထပ်မံလွှတ်ပေးမယ်တဲ့ဟေ့”လို့ ဗွီဒီယိုခေါင်းစီးစာသားမှာဖော်ပြထားသလို ဗွီဒီယိုထဲမှာ  “(၄) ရက်နေ့ ဧရာမ လေသံကြီးပါလား မေလ (၁၅) ရက်နေ့မှာ အကျဉ်းသား (၄၅၀၀) ထပ်မံ လွှတ်ပေးမည်ဟု ကြွေးကြော်ပြန်”စသည့်ဖြင့်‌ရေးသားပြီး “Burma Voice Tv”အမည်နဲ့ ယူကျူ့အကောင့်မှာ မေ ၄ ရက်က မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link |  […]

Continue Reading

Fact Check: KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ထိုင်းနိုင်ငံ ဘန်ကောက်မှာ သေဆုံးတဲ့ သတင်းမှား

KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံမှာ ဆုံးပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။ ဧပြီ ၁၉ ရက်က ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုကိုအောက်ပါအတိုင်းတွေ့ရပါတယ်။ ဗွီဒီယိုထဲမှာ စစ်တပ်ခေါင်းဆောင်နဲ့ KNU ဥက္ကဌ တွဲထိုင်နေတဲ့ ဓာတ်ပုံ၊ ဆေးရုံကုတင်ပေါ်တင်ထားရတဲ့ KNU ဥက္ကဌရဲ့ ဓာတ်ပုံတွေပါဝင်ပြီး “၁၉ ရက်နေ့ ၊ သေမင်းခေါ်ပြီဗျို့၊ မင်းအောင်လှိုင်နဲ့ ပေါင်းစားနေတဲ့ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံမှာ ဆုံးပြီ”(မူရင်းအရေးအသား) လို့ ရေးသားထားပါတယ်။  ဗွီဒီယိုခေါင်းစီးစာသားမှာတော့ “#Up to Date :; ထိုင်းနိုင်ငံမှာ KNUဥက္ကဋ္ဌကြီး သေမင်းခေါ်တာ ခံရပြီဗျို့ #burma #သတင်း”ဆိုပြီး ရေးသားထားပါတယ်။  မူရင်းလင်ခ့် – […]

Continue Reading

Fact Check: NUG ရဲ့ နိုင်ငံမဲ့တွေအဖြစ် ဘန်ကီမွန်းဝေဖန်ဆိုတဲ့ သတင်းတု

ကုလအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းက NUG ကိုနိုင်ငံမဲ့တွေအဖြစ် ပြန်လည်တုန့်ပြန်ခဲ့ တယ်ဆိုပြီးဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားဖြန့်ဝေနေတာဟာ သတင်းတုဖြစ်ပါတယ်။ မြန်မာစစ်တပ် ခေါင်းဆောင်နဲ့ တွေ့ဆုံမှုကို ဝေဖန်ခဲ့တဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကို မစ္စတာ ဘန်ကီမွန်းက အခုလိုပြန်ပြောခဲ့တာလို့လည်း ဖြန့်ဝေမှုမှာရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် မစ္စတာဘန်ကီမွန်းဟာ ဧပြီ ၂၃ ရက်နေ့ ဧပြီ ၂၄ ရက်အထိ နေပြည်တော်ကိုလာရောက်ပြီး မြန်မာစစ်တပ်ခေါင်း ဆောင်နဲ့တွေ့ဆုံခဲ့တာမှာ  ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပြန်လွှဲဖို့အတွက်သဘောတူညီမှုရရှိခဲ့တယ်ဆိုပြီး တော့လည်း သတင်းတုဖြန့်ဝေခဲ့ပါသေးတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်ကို ဒီလင့်ခ်မှာဖတ်ပါ။ နေပြည်တော်ကိုရောက်လာပြီး မြန်မာစစ်တပ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့တဲ့ မစ္စတာဘန်ကီမွန်းကို လူမိုက် ကိုပွဲထုတ်နေခြင်းလို့ NUG က ဝေဖန်ပါတယ်။ မစ္စတာဘန်ကီမွန်းရဲ့ ခရီးစဉ်ဟာ ကြိုတင်စီစဉ်ခဲ့တာဆိုပေမဲ့ […]

Continue Reading

Fact Check: အိန္ဒိယဝန်ကြီးချုပ်နဲ့ NUG တွေ့ဆုံမှုအပြီး သမ္မတ ဦးဝင်းမြင့်ပြန်လွတ် ဆိုတဲ့ သတင်းတု

ဧပြီလ ၂၃ ရက်နေ့က  အိန္ဒိယဝန်ကြီးချုပ်နဲ့အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)တို့တွေ့ဆုံမှုအပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုကတည်းက ဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့်လွတ်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိ နေခြင်း ဖြစ်ပါတယ်။  ပျံ့နှံ့နေတဲ့ ယူကျူ့ဒီဗွီဒီယိုပို့စ်မှာ “၂၃ ရက် သမိုင်းတွင်တဲ့နေ့ အိန္ဒိယဝန်ကြီးချုပ်နဲ့NUGတွေ့ပြီ မြင့်ဆွေပြုတ်၊ သမ္မတဝင်းမြင့်လွှတ်”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link|  Archive link အချက်အလက်စိစစ်ချက် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီနဲ့ NUGတွေ့ဆုံမှု၊ သမ္မတဦးဝင်းမြင့်ပြန်လည်လွှတ်မြောက်မှု သတင်း ဖော်ပြချက် ကို သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာ ဖော်ပြချက်တွေမှာလည်း မတွေ့ရှိ သလို အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ တရားဝင် NUG ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း မတွေ့ရပါဘူး။ စစ်ကောင်စီထိန်း ချုပ်ထားတဲ့ မီဒီယာတွေမှာလည်း မတွေ့ရပါဘူး။ တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာတွေဟာ ဘီဘီစီမြန်မာပိုင်းသတင်းဌာနကဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: “ဝ”နဲ့NUG ပူးပေါင်းပြီ၊ NUG ကို စစ်လက်နက်ကူညီပေးတော့မယ်ဆိုတဲ့ သတင်းတု

တိုင်းရင်းသားလက်နက်ကိုင်တပ်တွေမှာအင်အားအကြီးဆုံးနဲ့ ၂၀၂၁ စစ်အာဏာသိမ်းအဖွဲ့နဲ့လည်း ပနာတင့်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပူးပေါင်းပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိ နေခြင်း ဖြစ်ပါတယ်။  မူရင်းလင်ခ့် – Youtube link |  Archive link တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ထို့အပြင် နောက်ထပ် ယူကျူ့ ဗွီဒီယိုတစ်ခုမှာတော့ “ဝ” က NUG ကို စစ်လက်နက်များလိုသမျှ ကူညီပေးတော့မယ်ဆိုပြီးတော့လည်း ရေးသားမျှဝေထားပါသေးတယ်။ မူရင်းလင်ခ့် –Youtube link |  Archive link အချက်အလက်စိစစ်ချက် ဝတပ်(UWSA)နဲ့ NUG ပူးပေါင်းပြီဆိုပြီး အခုလို မကြာခဏဖြန့်ဝေနေတာတွေ့ရပါတယ်။ ဒီလိုမျိုးသတင်း ဖော်ပြချက်ကို သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာ ဖော်ပြချက် မတွေ့ရပါဘူး။ တကယ်တော့ ပထမယူကျူ့ဗွီဒီယိုပါအကြောင်းအရာတွေဟာ […]

Continue Reading

Fact Check: ရန်ကုန်လေဆိပ် ဗုံးကြဲတိုက်ခိုက်ခံရပြီး ပြာကျသွားတယ်ဆိုတဲ့ သတင်းတု

သင်္ကြန်တွင်းက ရန်ကုန်လေဆိပ်ဗုံးကြဲခံရပြီး မီးလောင်ပြာကျသွားသလို အလောင်းတွေကောက်လို့ မနိုင်ဖြစ်ခဲ့ရ တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိ နေခြင်း ဖြစ်ပါတယ်။ ရန်ကုန်လေဆိပ်ဗုံးကြဲခံရခြင်းမရှိသလို လူသေဆုံးမှု၊ မီးလောင်မှုလည်းမရှိပါဘူး။ အောက်ပါပို့စ်ကတော့ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link အချက်အလက်စိစစ်ချက် သင်္ကြန်တွင်းမှာ ရန်ကုန်လေဆိပ်တိုက်ခိုက်ခံရတဲ့ သတင်းမတွေ့ရပါဘူး။ ဒီလိုမျိုးသတင်းဖော်ပြချက်ကို သတင်းအရင်းမြစ်အပါအဝင် သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာ ဖော်ပြချက် မတွေ့ရပါဘူး။ တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ လူထုနွေဦးသတင်းဝက်ဘ်ဆိုဒ်ကဖော်ပြခဲ့တဲ့ “ရေတာရှည်တွင် KNLA/PDFပူးပေါင်းတပ် တိုက်ခိုက် မှုကြောင့် အရာရှိအပါအဝင် စစ်ကောင်စီတပ် သေဆုံးမှုများ”ဆိုတဲ့ သတင်းကို ဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ အောက်ပါလင့်ခ်မှာကြည့်ပါ။ မူရင်းလင်ခ့် – Ludumwayoo |  Archive link သုံးသပ်ချက် […]

Continue Reading

Fact Check:  ရန်ကုန် ဗဟိုမဏ္ဍပ် ရှောတိုက်ဒုံးနဲ့ အထုခံရအပြီး သင်္ကြန် ဖျက်သိမ်း ကြောင်း ကြေညာဆိုတဲ့ သတင်းတု

ရန်ကုန် ဗဟိုမဏ္ဍပ် ရှောတိုက်ဒုံးနဲ့ အထုခံရအပြီး သင်္ကြန်ဖျက်သိမ်းကြောင်း ကြေညာတယ်ဆိုတဲ့ သတင်းတု ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ ခေတ်သစ်မီဒီယာကသတင်းကို နားလည်မှုလွဲစေနိုင်တဲ့ခေါင်းစဉ်နဲ့ ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဗွီဒီယိုပို့စ်မှာ “ရန်ကုန် ဗဟိုမဏ္ဍပ် ရှောတိုက်ဒုံးနဲ့ အထုခံရအပြီး သင်္ကြန်ဖျက်သိမ်းကြောင်း ကြေညာ” ဆိုပြီး ရေးသားထားပြီး “Aung Kyaw” အမည်နဲ့ ဖေ့ဘွတ်စ်အသုံးပြုသူက မျှဝေထားပါတယ်။ အဆိုပါ ပို့စ်ကို ပြန်လည်ဖြန့်ဝေထားမှုပေါင်း တစ်ထောင်နီးပါး ရှိပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၅ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ ဗွီဒီယိုဖိုင်ပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနမှဖော်ပြခဲ့တဲ့ “ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မည်ဟု ကြေညာချက်ကြောင့် စစ်တပ်မြို့တော် […]

Continue Reading