Fact Check: KIA ကလက်စားချေတဲ့အနေနဲ့ ရဟတ်ယာဉ်ကိုပစ်ချ စစ်သား ၄၀၀ နီးပါးသေဆုံးဆိုတဲ့ သတင်းခေါင်းစဉ်တု

အနုပညာရှင်နဲ့ ပြည်သူ(၆၀)သတ်ဖြတ်မှုကို လက်စားခြေတဲ့အနေနဲ့ ကချင်တပ်မတော်(KIA)မှ ရဟတ်ယာဉ်ကို ပစ်ချလိုက်ရာ စစ်သား ၄၀၀ နီးပါး သေဆုံးသွားတယ်လို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ လျက်ရှိပါတယ်။ စစ်တပ်က KIA တပ်မဟာ ၉ ကို တိုက်လေယာဉ်နဲ့ပစ်ခတ်ခံရမှုသတင်းကို သတင်းခေါင်းစဉ်တု အသုံးပြုပြီးထင်ယောင်ထင်မှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “ကချင်တပ်မတော်(KIA)မှသွေးကြွေးတောင်းလိုက်ပြီဗျို့။ #kia #kio #ကချင်”လို့ ရေးသားပြီး “MM New” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ အောက်တိုဘာ ၂၄ ရက်ကမျှဝေထားရာမှာ  ၄ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၄၀၀ ကျော်နဲ့ ဗွီဒီယိုကြည့်ရှု့မှုပေါင်း ၂ သိန်းဝန်းကျင်ရှိပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link တူညီတဲ့မျှဝေမှုကို Youtube ရဲ့ ဒီလင့်ခ်မှာလည်းတွေ့ရပါတယ်။  ထို့အပြင် […]

Continue Reading

Fact Check: တော်လှန်ရေးအင်အားစု၃သိန်းနဲ့နေပြည်တော်ဝင်သိမ်းနေလို့ ရွှေ့ပြောင်းပါဆိုတဲ့ သတင်းမှား

စစ်အာဏာသိမ်းဆန့်ကျင်ရေးအဖွဲ့တွေက အင်အား ၃ သိန်း နဲ့ ဝင်သိမ်းနေတဲ့အတွက် နေပြည်တော်က ပြည်သူတွေ နာရီဝက်အတွင်း ပြေးကြပါလို့ နားလည်ရတဲ့သတင်းတုသတင်းမှား  ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုတွေအကြားဖြန့်ဝေနေပါတယ်။ “မနေ့ကပဲစစ်ကြေငြာ။ခုပဲအင်အား၃သိန်းနဲ့ဝင်သိမ်းနေလို့နေပြည်တော်ကပြည်သူများနာရီဝက်အတွင်းပြောင်းရွှေ.ပါ”လို့ ရေးသားပြီး “Meal Breeze” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုက အောက်ပါအတိုင်း မျှဝေထားတာ တွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုကိုလေ့လာကြည့်ရာမှာလည်း ၂ မိနစ်ကျော်စာရှိတဲ့ဗွီဒီယိုထဲမှာ အင်အား ၃ သိန်းနဲ့  နေပြည်တော်ကိုသိမ်းနေပြီဆိုတဲ့အကြောင်းအရာ တစ်စုံတစ်ရာမပါဝင်ပါဘူး။ ဓာတ်ပုံထဲမှာ နိုင်ငံခြားသတင်း ဌာနတစ်ခုက အစီအစဉ်တင်ဆက်သူတစ်ဦးဓာတ်ပုံကို အသုံးပြုထားပြီး ဗွီဒီယို အသံဖိုင်မှာ […]

Continue Reading

Fact Check: KNU က ထိုင်းရဲကို ဗုံးခွဲတိုက်ခိုက်လို့ ဒုက္ခသည်စခန်းများ မထားရန် ထိုင်းပြည်သူတွေတောင်းဆိုတဲ့သတင်းမှား

ထိုင်းနိုင်ငံမှာ  လမ်းဘေးဗုံးပေါက်ကွဲပြီး ရဲအရာရှိတစ်ဦးသေဆုံးမှုကြောင့် ကရင် အမျိုးသားအစည်းအရုံး (KNU)နဲ့ဆက်နွယ်နေသည့် ဒုက္ခသည်စခန်းများမထားရန် ထိုင်းပြည်သူများက တောင်းဆိုနေတယ်ဆိုပြီး  ရေးသားဖြန့်ဝေနေတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။  တကယ်တော့ ဓာတ်ပုံဟာ ထိုင်းနိုင်ငံတောင်ပိုင်းက ခွဲထွက်အဖွဲ့က  ၂၀၁၉ ခုနှစ်အတွင်းမှာ ဗုံးခွဲတိုက်ခိုက်မှုက ဓာတ်ပုံကဖြစ်ပါတယ်။  “ထိုင်းဝန်ကြီးချုပ်ပရာယွတ်အာဏာပြန်ရ လျင်ရခြင်း အရေးပေါ်ညွှန်ကြားချက် ထုတ်ပြန် ************************************** 30-9-2022 ထိုင်းနိုင်ငံ လမ်းဘေးဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ရဲအရာရှိတဦးသေဆုံးခဲ့မှု အပေါ်  ဆက်စပ်မှု အဖြစ်  ပြဿနာဖြစ်ပွားရာ    KNU ဆက်နွယ် သော     ဒုက္ခသည်စခန်းများ မထားရန် ထိုင်း ပြည်သူများတောင်းဆိုချက်အရ.  KNU ဒုက္ခ သည်စခန်းတွေကို ထိုင်းစစ်တပ်မှဝင်ရောက် စီးနင်းရှာဖွေနေသည် ၊ လတ်တလောပိတ်ဆို့မှုအရ ထိုင်း/မြန်မာနယ်စပ်   တလျောက်  ထိုင်းစစ်တပ် […]

Continue Reading

Fact Check: စစ်ကိုင်းတိုင်းကို PDF က၉၇ ရာခိုင်နှုန်း သိမ်းပိုက်ထားနိုင်ပြီဆိုတဲ့ သတင်းမှား

 စစ်ကိုင်းတိုင်း‌ဒေသကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF )က ရာနှုန်းပြည့်နီးပါး သိမ်းယူထား နိုင်ပြီ ဆိုတဲ့စာသားပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။  သို့သော် မြန်မာ့အရေး အထူးအကြံပေး ကောင်စီ အဖွဲ့ (SAC-M )ရဲ့  စစ်တမ်းအရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ NUG နဲ့မဟာမိတ်တွေက ထိန်းချုပ်နိုင်တယ်ဆိုတဲ့ ဒေသများဟာ ၅၂ ရာခိုင်နှုန်းအထက်ရှိကြောင်း ဖော်ပြထားပါတယ်။ စစ်ကိုင်းဒေသကြီးကို ၉၇ ရာခိုင်နှုန်း ပြည်သူ့ကာကွယ်ရေးအင်အားစုအဖွဲ့ (PDF ) ကထိန်းချုပ်ထားနိုင်ပြီဆိုတဲ့ စစ်တမ်းမျိုးကို မတွေ့ရပါဘူး။ “စစ်ကိုင်း PDF 97%သိမ်းပိုက်ပြီ စစ်ကိုင်း၊ပုလဲမြို့ရဲစခန်းကို PDFအဖွဲ့မှ သိမ်းပိုက်၊ ရဲတပ်သား(၁၀၀)ထွက်ပြေး(ရုပ်/သံဖိုင်)”လို့ ရေးသားပြီး “ကီးဘုတ် ဖိုက်တာ” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်း မျှဝေထားတာ တွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  […]

Continue Reading

Fact Check: NUG လူ/ကယ်ပြန်ဝန်ကြီး တပ်မ ၉၉ ဗျူဟာမှူးထံမှာ လက်နက်ချ အလင်းဝင်ဆိုတဲ့သတင်းမှား

တပ်မ ၉၉ တံဆိပ်ပါရှိတဲ့ စစ်သားတစ်ယောက် ဒေါက်တာဝင်းမြတ်အေးနဲ့ ရယ်မောစကားပြောကာ လက်ဆွဲ နှုတ်ဆက်နေတဲ့ ဓာတ်ပုံကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် ဒေါက်တာဝင်းမြတ်အေး လက်နက်ချ အလင်းဝင်ဆိုပြီး ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားမှာ ပျံနှံ့ခဲ့ပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ NLD အစိုးရလက်ထက်မှာ လူကယ်ပြန်ဝန်ကြီး တာဝန်ယူခဲ့စဥ်က ဖြစ်ပြီး ၊ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မောင်းတောဒေသကို သွားရောက်ခဲ့စဉ် တပ်မ ၉၉ က စစ်သားတွေ အရာရှိတွေနဲ့ တွေ့ဆုံ နှုတ်ဆက် စကားပြောနေတဲ့ ဓာတ်ပုံသာ ဖြစ်ပါတယ်။ “လက်နက်ချ အလင်းဝင်ရောက်လာသည့်   NLD ဝန်ကြီးဟောင်း အား  ရှေ့တန်းတပ်မ ၉၉ နည်းဗျူဟာမှူးမှ လှိုက်လှဲစွာ ကြိုဆို”လို့  ရေးသားပြီး “ဇော် မင်း လွင်” အမည်နဲ့ […]

Continue Reading

Fact Check:  စစ်ကိုင်းကျွန်းလှတိုက်ပွဲက ဓာတ်ပုံတွေကို ရခိုင်ပြည်နယ် မောင်းတော တိုက်ပွဲမှာ သိမ်းဆည်းရမိတဲ့ လက်နက်တွေအဖြစ်ပျံ့နှံ့

ရခိုင်ပြည်နယ် မောင်းတောတိုက်ပွဲ (မိုင်တိုင်မှတ် ၃၅ )မှ သိမ်းဆည်းရမိသော စစ်ကောင်စီဘက်မှ လက်နက်ခဲ ယမ်းများဟုဆိုကာ လက်နက်ခဲယမ်းပုံ၊ စီတန်းထောင်ထားတဲ့ လက်နက်ပုံတွေနဲ့ တပ်မ ၃၃ တံဆိပ်နဲ့ စစ်ကောင်စီဝတ်စုံတွေကို ရိုက်ယူထားတဲ့ ဓာတ်ပုံ ၃ ပုံဟာဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှု့ရှိခဲ့ပါတယ်။  တကယ်တော့ ဒီဓာတ်ပုံတွေဟာ ဩဂုတ်လ ၂၈ရက် နေ့က စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲဖြစ်စဉ်ကပုံများဖြစ်ပါတယ်။ ” ၉.၉.၂၀၂၂ မောင်တော(မိုင်တိုင်မှတ်၃၅) တိုက်ပွဲတွင်သိမ်းဆည်းရမိသော စကစလက်နှက်ခဲယမ်းများ စကစဖက်မှ၃၀ထက်မနည်းကျဆုံးပြီး အရှင်၃ကောင်ဖမ်းမိ” ဆိုပြီး  ဓာတ်ပုံဟောင်းကို အသုံးပြုပြီး  “ 𝐓𝐇𝐀𝐍 𝐓𝐖𝐀𝐍 𝐒𝐎𝐄 – 𝐏𝐑𝐀𝐘 𝐓𝐖𝐀𝐍 “ဆိုတဲ့အကောင့်အမည်နဲ့ ဖြန့်ဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive […]

Continue Reading

Fact Check:  AA က ခမောင်းဆိပ်ပရဟိတကျောင်းဝန်းထဲကအဆောင်တွေကို မီးရှို့တဲ့ ဓာတ်ပုံလား-မဟုတ်ပါ

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း စစ်ရေးအရအရေးပါတဲ့ စစ်ကောင်စီရဲ့ ခမောင်းဆိပ် ဗျူဟာကုန်းမှာ ရက္ခိုင့်တပ်တော် ( AA  )‌တွေ သေဆုံးမှု့များလာခြင်းကြောင့် ပရဟိတကျောင်းဝန်းထဲက အဆောင်တွေကို AA က မီးရှို့ ဆိုပြီး အထုတ်တွေနဲ့ လူတွေထွက်ပြေးနေပြီး မီးခိုးလုံးကြီးများ တလိပ်လိပ်တက်နေပြီး တဲအိမ်တွေ မီးလောင်လျက် ရှိသည့်ဓာတ်ပုံကို အသုံးပြုထားတဲ့ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ တကယ်တော့ ဒီဓာတ်ပုံတွေဟာ ၂၀၁၃ ခုနှစ်က ထိုင်းနိုင်ငံ မဲဟောင်ဆောင်ရှိ မဲစုရင် (Mae Surin) ဒုက္ခသည် စခန်းမှာ မီးလောင်မှုဖြစ်စဉ်က ပုံတွေဖြစ်ပါတယ်။  ” ခမောင်းဆိပ် ဗျူဟာကုန်းလာပစ်တဲ့ AA ‌ွေ တ အသေများလာတော့ ပရဟိတကျောင်းဝန်းထဲက အဆောင်တွေကို မီးရှို့ခဲ့ပါတယ် AA ရဲ့မရိုးလှသော ဗျူဟာအကွက်များ ” […]

Continue Reading

Fact Check: ဂျိုးဖြူရေပိုက်လိုင်းဖောက်ခွဲခံရတယ်ဆိုပြီး သတင်းဟောင်းကို ပြန်လည် ဖြန့်ဝေ     

ရန်ကုန်တမြို့လုံး မှီခိုနေရတဲ့ ဂျိုးဖြူရေပိုက်လိုင်းဖောက်ခွဲခံတယ်ဆိုပြီး ပိုက်လိုင်းတစ်ခုနံဘေးမှာ ရေလျှံနေတဲ့ ဓာတ်ပုံတစ်ပုံနဲ့ ဖေ့စ်ဘွတ်မှာ မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့နှစ်က ဖြစ်ခဲ့တဲ့ဖြစ်စဉ်ကို အခုလက်ရှိအဖြစ်အပျက်မျှဝေနေခြင်းဖြစ်ပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရေပေးဝေရေးဌာနက ထုတ်ပြန်ချက်မှာ ပိုက်လိုင်းပေါက်တယ်လို့ သာဖော်ပြထားပြီး ဘယ်သူဘယ်ဝါလုပ်ဆောင်တယ်ဆိုတဲ့ ဖော်ပြချက်မျိုး မတွေ့ရပါဘူး။ “ရန်ကုန်တမြို့လုံး မှီခိုနေရတဲ့ ဂျိုးဖြူရေပိုက် လိုင်းကို ဖောက်ခွဲတယ်ဆိုတော့ မင်းတို့ တကယ်အစွန်းရောက် ဂျီဟတ်တွေ မြန်မာ ISIS တွေ ဖြစ်ကုန်ပြီဆိုတာ အလုပ်က သက် သေပြသွားကြပြီ၊ အဲဂျိုးဖြူရေက ရန်ကုန်တမြို့မှာ ရှိတဲ့ စစ် တပ်က လက်ချိုးရေလို့ရတယ်၊ မင်းတို့ပြည်သူထဲက ပြည်သူတွေ ၈ သန်းကျော်လောက် သုံးရေ သောက်ရေ အခက်အခဲနဲ့ကြုံကြရတယ်၊ မင်းတို့ ကျောင်းတွေ ဗုံးခွဲတယ်၊ မင်းတို့ ဘဏ္ဍာ မင်းတို့ဘတ်ဂျက်ထဲကနေ […]

Continue Reading

Fact Check: မြန်မာနိုင်ငံကို R2P ဝင်ပေးဖို့ နန်စီပလိုစီပြောဆိုတဲ့ သတင်းတု

မြန်မာနိုင်ငံကို R2P ဝင်ပေးဖို့ အမေရိကန်အောက်လွတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီကတောင်းဆိုတယ်ဆိုတဲ့ သတင်းတု သတင်းမှားတစ်ခုဖေ့စ်ဘွတ်နဲ့ ယူကျူ့အကောင့်တွေမှာ ယနေ့ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ၅ မိနစ်ကျော် ရှည်လျားတဲ့ နန်စီပလိုစီ ဓာတ်ပုံနဲ့အတူ မြန်မာကို R2P ဝင်ပေးဖို့ နန်စီပယ်လိုစီတောင်းဆို ပေးလိုက်ပြီ” လို့ ရေးသားထားပါတယ်။  အောက်ပါပို့စ်ကတော့ “သတင်းနန်းတော်”အမည်နဲ့ ယူကျူ့အကောင့်တစ်ခုမှာပြီးခဲ့တဲ့ နာရီပိုင်းက ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖြစ်ပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ယူကျု့ရဲ့ ဒီနေရာနဲ့ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် R2P ဆိုတာကတော့ ရဝမ်ဒါနဲ့ ယူဂိုဆလားဗီးယားမှာ ၁၉၉၀ ခုနှစ်အတွင်းက နိုင်ငံစစ်တပ်က ဦးဆောင်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေလိုမျိုးထပ်မံမဖြစ်ပွားရအောင် နိုင်ငံတကာက အချိန်မီတုန့်ပြန်နိုင်ရေးဆိုတဲ့ အယူအဆဖြစ်ပါတယ်။ အမေရိကန်အောက်လွတ်တော် […]

Continue Reading

Fact Check: ဘောလိဝုဒ်မင်းသားကြီး အမီးရ်ခန်းက ဂျုံကြမ်းအလှူပုံပြင်ဟောင်း ထပ်မံ ပျံ့နှံ့လာ

ကိုဗစ်ကာလအတွင်းမှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ရုပ်ရှင်မင်းသားကြီး အမီးရ်ခန်းရဲ့ ဂျုံကြမ်းအလှူပုံပြင်ဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားထပ်မံ ပျံ့နှံ့မှုအားကောင်းလာတာတွေ့ရပါတယ်။  ကိုဗစ်ကပ်ရောဂါကာလမှာ အသွားအလာကန့်သတ်ချက်တွေကြောင့် လူထုရဲ့နေ့စဉ်ဘဝလုပ်ဆောင်တာတွေနဲ့ စီးပွားရေးလုပ်ငန်း ပုံမှန်လည်ပတ်နိုင်ခြင်းမရှိချိန်မှာ နေ့စဉ်လူမှုဘဝဖူလုံရေးအတွက် ရုန်းကန်နေရသူတွေကို အစိုးရတွေအပါအဝင် ငွေကြေးပြည့်စုံသည့်ပုဂ္ဂိုလ်တွေက ပုံစံမျိုးစုံနဲ့ လုမှု့ကောင်းကျိုးအတွက် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ဆောင်ရွက်ခဲ့ကြချိန်မှာ ဒီပို့စ်က ပြန်လည် စတင်ပေါ်လာတာဖြစ်ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ အမီးရ်ခန်းက ကိုဗစ်ကာလမှာ ဂျုံကြမ်းအထုပ်ကလေးတွေဝေတာကို ဒီလောက်ချမ်းသာတာ ဂျုံကြမ်းမှုန့်ပဲပေးတယ်ဆိုပြီး မြို့ခံအများစုက ဝေဖန်ပြစ်တင်ခဲ့ပြီးအများစုက သွားမယူခဲ့ပဲ တကယ် စားရမဲ့ သောက်ရမဲ့ အတိဒုက္ခရောက်နေတဲ့သူတွေက  သွားယူကြရာမှာတော့ အိတ်ကို ဖွင့်လိုက်ချိန်မှာ ဂျုံကြမ်းမှုန့် တွေကြားထဲမှာ ရူပီး ၁၀၀၀၀(နှစ်သိန်းခန့်) သေချာစွာထည့်ထားပေးတာကို ဂျုံအိတ်သွား ယူသူတွေရရှိ သွားကြတယ်ဆိုပြီး ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   […]

Continue Reading