Fact Check: မက်လင်ချဉ်က အသည်း‌ရောဂါတွေကို ပျောက်ကင်းတယ်ဆိုတဲ့ အထောက်အထားမရှိပါ

မက်လင်ချဉ်က အသည်းရောင်အသားဝါ ဘီပိုးနဲ့ အသည်းရောင်အသားဝါ စီပိုးတို့ကို ပျောက်ကင်းစေတယ် လို့ဆိုပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ကြော်ငြာရောင်းချလျှက်ရှိတာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်ပြီး မက်လင်ချဉ်က အသည်းရောဂါတွေကို ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။  ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “အသည်းရောဂါ၊ဘီပိုး၊စီပိုးသမား၊အသည်းအဆီဖုံး အသည်းခြောက်သူများအတွက် ညနေပိုင်းသောက်ရန်အကောင်းဆုံးကတော့မက်လင်ချဉ်‌ ဖျော်ရည်ပါ။ အသည်းရောဂါအတွက်တင်မကဘဲ အဆီကျမြန်စေသောကြောင့် ပိန်ချင်သူများအတွက် အထူးသင့်လျော်ပါသည်။ အသည်းရောဂါအတွက်မက်လင်ချဉ် ဖျော်ရည်မသောက်ခင် ပိုးအရင်စစ်ကြည့်ပါ။ သောက်ပြီး ၃ရက်ပြည့်တဲ့နေ့မှာ ပိုးအရေအတွက်သိသိသာသာကျဆင်းသွားတာကိုတွေ့ရပါလိမ့်မယ်။ အသည်းအတွက် မက်လင်ချဉ်က မန်ကျည်းမှည့်ထက်‌‌တောင် ပိုပြီးအစွမ်းထက်ပါတယ်။ မက်လင်ချဉ်မှာပါဝင်တဲ့အထူးစွမ်းတဲ့ ဂုဏ်သတ္တိလေးတွေက အသည်းရောဂါဝေဒနာရှင်များနှင့် ကိုယ်တွင်းကအဆီပိုကျချင်သူများအတွက် ဘုရင်တစ်ပါးဖြစ်နေပါတယ်။” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တမ်းမှာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ […]

Continue Reading

Fact Check: Pizza Hut က မွေးနေ့လက်ဆောင်ပေးနေတယ်ဆိုတာ လိမ်လည်လှည့်စားမှု သာဖြစ်တယ်

Pizza Hut ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ‘Happy Birthday’ မက်ဆေ့ချ် ပေးပို့ထားသူတွေဟာ ဘယ်ပီဇာဆိုင်မှာ မဆို အခမဲ့ပီဇာပုံးသုံးပုံးကို ရယူနိုင်တယ်လို့ ဆိုထားတဲ့ ပို့စ်တခု Pizza Hut Fans အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဖြန့်ဝေနေတာတွေ့ရပါတယ်။ ဒီပြောဆိုချက်ဟာ လိမ်လည်လှည့်စားမှုသာဖြစ်တယ်။  ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ ရေးသားဖြန့်ဝေမှု ကို ဒီနေရာမှာလည်းတွေ့ရတယ်။ “@Pizza ၏မွေးနေ့ကို ဂုဏ်ပြုရန်အတွက် ယခင်က ‘Happy Birthday’ မက်ဆေ့ချ်များ ပေးပို့ထားသူများထံသို့ ဘောက်ချာများ ပေးပို့ထားပါသည်။ အောက်တိုဘာ ၁။ ကူပွန်တစ်ခုစီကို မည်သည့်ပီဇာစားသောက်ဆိုင်တွင်မဆို အခမဲ့ပီဇာပုံးသုံးပုံးကို ရယူနိုင်ပါသည်။ 🎁 မှတ်ချက်- 10 မှ 12 ယောက်ကို ကျပန်းရွေးချယ်ပြီး သီးသန့်မက်ဆေ့ချ်မှတစ်ဆင့် […]

Continue Reading

Fact Check: မျောက်ကျောက်ရောဂါ ရန်ကုန်မှာ တွေ့ရှိတဲ့ သတင်းမှား

လေကြောင်းကတဆင့် ပြည်ပကပြန်လာတဲ့ ခရီးသွားတဦးထံကနေ မျောက်ကျောက်ရောဂါကူးစက်မှု ရန်ကုန်မှာ တွေ့ရှိရကြောင်း စစ်ကောင်စီကျန်းမာရေးအာဏာပိုင်တဦးက အတည်ပြုတယ်လို့ ဆိုပြီး ပို့စ်တွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်‌ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “၂၃/၈/၂၀၂၄  မနေ့က စပြီး ရန်ကုန်တိုင်းမှာ မျောက်ကျောက် ရောဂါ  စပြီးတွေ့ရှိရပြီလို့  ဒေါက်တာနန္ဒာဝင်း (တိုင်းကျန်းမာ)  ဆီက သတင်းရပါ တယ်။  လေဆိပ်ကနေဝင် လာတာလို့ သိရပါတယ်။ ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် စစ်တပ်ထိန်းချုပ်ထားတဲ့ ကျန်းမာရေးဝန်ကြီးဌာနက အခုလိုမျိုး မျောက်ကျောက်ရောဂါကူးစပ်မှုနဲ့ ပတ်သက်ပြီး အတည်ပြုထုတ်ပြန်ထားတာမရှိပါဘူး။ အခုလို အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ […]

Continue Reading

Fact Check: နို့မှုန့်က ဆီးချိုပျောက်တယ်လို့ ကြော်ငြာနေတဲ့ သတင်းမှား

တနေ့ကို နို့ဖန်ခွက် ၂ ခွက်ပဲ သောက်ပေးရုံနဲ့ ဆီးချိုကို ၇ ရက်အတွင်း ပျောက်ကင်းစေတယ်လို့ ဖေ့စ်ဘွတ်မှ ကြော်ငြာရောင်းချနေတဲ့ ပို့စ် ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ကို ရယူထားခြင်းဖြစ်တယ်။  မူရင်းလင်ခ့် – Original link | Archive link မျှဝေထားတဲ့လင့်ခ်ကို ဝင်ရောက်ကြည့်ရှု့ရာမှာတော့ ရှည်လျားလှတဲ့ အမေးအဖြေပုံစံရေးသားမျှဝေချက်မှာ  Gludiabetic က ဆီးချိုပျောက်တယ်လို့ ဟော်မုန်းအထူးကုဆရာဝန် Yoshinori Ohsumi က ညွှန်းဆိုထားတာကို အတိုချုပ်အားဖြင့် နားလည်နိုင်တယ်။ အောက်ပါ စခရင်ရှော့ ဓာတ်ပုံကတော့ ဒီလို ဝင်ရောက်ကြည့်ရှု့ရာမှာ တွေ့ရတဲ့ Yoshinori Ohsumi ဆိုသူ ဆရာဝန် ဓာတ်ပုံနဲ့ ပြောဆိုချက်စာသားရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်။ အလားတူတဲ့ ဆီးချိုကို ပျောက်ကင်းအောင်ကုသနိုင်တဲ့ […]

Continue Reading

Fact Check: နို့ထွက်ပစ္စည်းက ဆီးချိုကို ကုသနိုင်ပြီး လေဖြတ်ခြင်းကို ပျောက်စေ နိုင်တယ်ဆိုတဲ့ သတင်းမှား

Diaglusure က ဆီးချိုကို ကုသနိုင်ပြီး လေဖြတ်ခြင်းကို ပျောက်ကင်းစေတယ်လို့ဆိုထားတဲ့ ပိုစ်တွေ ဖေ့စ်ဘွတ်မှာ ကြော်ငြာရောင်းချနေပြီး ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ Diaglusure က နို့မှုန့်တမျိုးပဲဖြစ်ပြီး  နို့ရည်ကြည်က ဆီးချိုကို သက်သာစေနိုင်တယ်ဆိုတဲ့ ကနဦးတွေ့ရှိချက်ရှိပေမဲ့ ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိတာတွေ့ရပါတယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ရေးသားမျှဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “Diaglusure ဖြင့် သွေးတွင်းသကြားဓာတ်ကို လျင်မြန်စွာ လျှော့ချပါ။ 👉 တစ်နေ့လျှင် Diaglusure နို့ 2 ခွက်သာ သောက်ပါ ။ – လေဖြတ်ခြင်း၊ အသည်းပျက်ဆီးခြင်း၊ မျက်စိကွယ်ခြင်းစသည့် အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲပြဿနာများကို လုံးဝပျောက်ကင်းအောင် ကူညီပေးပါတယ်။ အင်ဆူလင်ခုခံမှုကို လျှော့ချပေးပါတယ်။ – ဆီးချိုရောဂါအမျိုးအစား ၁ […]

Continue Reading

Fact Check: အ‌ဝေးရောက်အစိုးရဝန်ကြီးဟောင်း ဒေါက်တာတင့်ဆွေ ဆီးချိုဆေး ကြော်ငြာပေးနေတာလား-မဟုတ်ပါ

ပြည်ပရောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ(NCGUB)ဝန်ကြီးဟောင်းနဲ့ ၁၉၉၀ ရွေးကောက်ခံအမတ် ဒေါက်တာတင့်ဆွေက ဆီးချိုကုသဆေးလို့ဆိုထားတဲ့ Aptadiabet အမည်နဲ့ဆေးကို ကြော်ငြာနေပုံအဖြစ် ဖေ့စ်ဘွတ်မှာ ကြော်ငြာပို့တွေ ပျံ့နှံ့လျက်ရှိတယ်။  အတုအပပြုလုပ်ကြော်ငြာချက် သာဖြစ်ကြောင်း ဒေါက်တာတင့်ဆွေက ငြင်းဆိုပါတယ်။ နို့မှုန့်အမျိုးအစား Aptadiabet ဟာ ဆီးချိုကို ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “အနောက်တိုင်းဆေးကိုမသုံးဘဲ အိမ်တွင်ဆီးချိုရောဂါကိုရပ်ပါ။ မကြာသေးမီက ဒေါက်တာတင့်ဆွေသည် AptaDiabet Diabete nut milk ကိုအသုံးပြုပြီး ရောဂါလုံးဝပျောက်ကင်းခဲ့သည်။ ကျွန်ုပ်တို့ AptaDiabet မှ ကတိပြုသည်- အနောက်တိုင်းဆေးများနှင့် အင်ဆူလင်ထိုးဆေးများ မသုံးပါနှင့် တိုးတက်မှုမရှိပါက ငွေပြန်အမ်းမည်။ တိုင်ပင်ဆွေးနွေးရန် သင့်ဖုန်းနံပါတ်ကို ဤနေရာတွင် ထားခဲ့ပါ။ https://www.aptadiabet.store/diabetesassociation” မူရင်းလင်ခ့် – Fb […]

Continue Reading

Fact Check: မြွေကိုက်ခံရရင် သဘာဝအပင်တွေအသုံးပြုကာ ဆေးမီးတို ကုသနိုင်တယ် ဆိုတာ လုံလောက်တဲ့ အထောက်အထားမရှိပါ

သခွပ်ပင်အခေါက်စားတာအစ၊ ကျီးအာသီးဥစားတာအလယ်၊ အာတာလွတ် ဥစားခြင်းအဆုံး မြွေကိုက်ခံရရင် ကုသမှုနည်းလမ်းအဖြစ် မျှဝေထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ကြိမ်ဖန်များစွာ ပျံ့နှံ့မှုအား ကောင်းခဲ့ပါတယ်။ တကယ်တော့ ဒီနည်းလမ်းတွေဟာ သိပ္ပံနည်းကျ သုတေသနပြုချက်တွေ မဟုတ်သလို ထိရောက်မှုရှိတယ်ဆိုတဲ့ အထောက်အထားလည်းမတွေ့ရပါဘူး။ အောက်ပါစခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ပို့စ်က ရယူထားခြင်းဖြစ်တယ်။ လင့်ခ်ကိုဝင်ရောက် ဖတ်ကြည့်မယ်ဆိုရင်တော့ အာတာလွတ်ဥ သို့မဟုတ် အပင်ကို ဝါးစားခြင်းအားဖြင့် ပိုးထိ(မြွေကိုက်)လူနာကို အကောင်းပကတိအတိုင်းဖြစ်စေကြောင်းရေးသားထားတာဖြစ်တယ်။ မူရင်းလင်ခ့် – Fb link | Archive link အခြား ပြောဆိုချက်ကတော့ မြွေပွေး၊မြွေဟောက်ကိုက်ခံရပါက သခွပ်ပင်အ‌ခေါက်ကို ဝါးစားခြင်းအားဖြင့် ပျောက်ကင်းတယ်ဆိုပြီးတော့ဖြစ်တယ်။ ဒီနေရာမှာ ကြည့်ပါ။  ထို့အပြင် ကျီးအာသီးပင်က မြွေဆိပ်ပြေစေနိုင်တယ်ဆိုပြီးတော့လည်း ဖြန့်ဝေခဲ့တာရှိပါတယ်။ ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် တကယ်တော့ အထက်ပါပြောဆိုချက်အားလုံးဟာ […]

Continue Reading

Fact Check: ဩဇာသီးနဲ့သံပုရာရည်တွဲစားမိရင်သေတယ်ဆိုတဲ့ သတင်းမှားပျံ့နှံ့

ဩဇာသီးနဲ့သံပုရာရည်တွဲမိရင်သေနိုင်တယ်လို့ဆိုတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအား ကောင်းလျှက်ရှိပါတယ်။ တကယ်တော့ ယုံတမ်းစကားတခုသာဖြစ်တယ်။ Fact Crescendo Myanmar အနေနဲ့ အစားအသောက်နှစ်ခုတွဲစားမိရုံနဲ့သေတယ်ဆိုတာ မဟုတ်ကြောင်း အချက်အလက်စိစစ်ဖော်ပြပြီး ဖြစ်ပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားခြင်းဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “သတိ ..! ဒီရာသီမှာ အထူးသတိထားပါ 👽☠💀  ဩဇာသီး​ လေး ငါးလုံးစားပြီး နည်းနည်း ခေါင်းမူးလာလို့ သံပုရာရည်သောက်လိုက်တဲ့ မိတ်​ဆွေ သံပုရာရည်တောင် မကုန်သေးဘူး နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်။ သိဖို့က ဩဇာသီးနဲ့သံပုရာရည်တွဲမိရင် သေတတ်ပါတယ် ။ Source. ဆရာမောင် page” မူရင်းလင်ခ့် – Fb link | Archive […]

Continue Reading

Fact Check: အတုအယောင်နဲ့ အချက်အလက်မှားများအသုံးပြုပြီး ကြော်ငြာနေတဲ့ မျက်စဉ်းဆေး

မြန်မာကျောင်းသားတီထွင်တဲ့ မျက်စဉ်းဆေးက ခွဲစိတ်စရာမလိုဘဲ အမြင်အာရုံပြန်ရတယ်လို့ ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေရဲ့အကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ MRTV ရုပ်သံလိုင်းက သတင်းကြေညာသူ ဓာတ်ပုံနဲ့အတူ ခွဲစိတ်စရာမလိုဘဲ အမြင်အာရုံပြန်ရစေတဲ့ နည်းလမ်းအသစ်ကို ကျောင်းသားလေးက တီထွင်လိုက်ပြီလို့ရေးသားမျှဝေထားတာကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီမျှဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါ လင့်ခ်ကို ဖွင့်ကြည့်ရာမှာတော့ Crystalix အမည်နဲ့ မျက်စဉ်းဆေးကို မြန်မာ ထူးချွန်ကျောင်းသား ခိုင်ဝေက တီထွင်ခဲ့တာဖြစ်ပြီး ဒီမျက်စဉ်းဆေးကို အသုံးပြုပေးရုံနဲ့ အမြင်အာရုံကို ပြန်ရစေတယ်လို့ဆိုထားပြီး တီထွင်သူ မြန်မာကျောင်းသားဆိုသူရဲ့ ဓာတ်ပုံကိုလည်း ဖော်ပြထားပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။မသက်ဆိုင်တဲ့ ဓာတ်ပုံကို အသုံးပြုထားသလို မျက်စဉ်းဆေးခပ်ရုံနဲ့ အမြင်အာရုံပြန်ရတယ်ဆိုတာလည်း မှန်ကန်ခြင်းမရှိပါဘူး။ မူရင်းလင်ခ့် – Web link |  Archive […]

Continue Reading

Fact Check: Purtier Placenta က ကင်ဆာရောဂါ ပျောက်တယ်ဆိုတဲ့ သတင်းမှား

Purtier placenta က ကင်ဆာ၊ဆီးချို၊သွေးတိုးရောဂါတွေကို အမြစ်ပြတ်ပျောက်ကင်းစေတယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ခွဲစိတ်ခြင်း၊ ကီမိုသွင်းခြင်း၊ ဓာတ်ကင်ခြင်း တွေဟာ ကင်ဆာထုထည်ရဲ့အတိုင်းအတာပမာဏ ကိုလျော့စေနိုင်ပေမဲ့ ကင်ဆာရောဂါကနဦးဖြစ်စေတဲ့အကြောင်းအရင်းတွေကို ကုသနိုင်ခြင်းမရှိလို့ အမြစ်ပြတ်ပျောက်ကင်းစေတဲ့ Purtier placenta ကိုသောက်ဖို့လိုတယ်လို့ရေးသားထားတာဖြစ်ပါတယ်။ အောက်ပါ screenshot ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အလားတူကြော်ငြာထားတာတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ကင်ဆာနှင့် ဆီးချိုရောဂါကဲ့သို့သောရောဂါများကို ကုသနိုင်တယ်လို့ ကြော်ငြာရောင်းချခွင့် စင်ကာပူမှာ ဉပဒေအရ ပိတ်ပင်ထားတဲ့ကြားက ဒီလိုကြော်ငြာရောင်းခဲ့တဲ့အတွက် စင်ကာပူအစိုးရဌာနဖြစ်တဲ့ ကျန်းမာရေး သိပ္ပံ အာဏာပိုင်(HSA) က ၂၀၁၉ ခုနှစ်မှာ Purtier Placenta […]

Continue Reading