Fact Check: ဆိုက်ကလုန်း မိုခါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်တဲ့ သတင်းမှား

ဆိုက်ကလုန်း မိုခါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်လိုက်တယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု အွန်လိုင်း အသုံးပြု သူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားဖြန့်ချိနေခြင်းဖြစ်တယ်။   “မုန်းတိုင်း နဲ့အတူ ဒေါ်စုပြန်လာပြီ။ အမှုအားလုံးရုပ်သိမ်း။”လို့ ဗွီဒီယိုခေါင်းစီးစာသားမှာ ရေးသားထားပြီး “အမှုအားလုံးကို ရုပ်သိမ်း မုန်တိုင်း နဲ့အတူ ဒေါ်စုပြန်လာပြီ ‌ဒေါ်စုလွတ်ပြီ”စသည်ဖြင့်လည်း ဗွီဒီယိုအစမှာပြ သတဲ့ရုပ်ကတ်မှာ ရေးသားထားပါတယ်။ အောက်ပါစရင်ရှော့ခ်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတစ်ခုဖြစ်တယ်။  မူရင်းလင်ခ့် – Youtube link | Archive link ထို့အပြင် ဖေ့စ်ဘွတ်မှာလည်း အလားတူ မျှဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပြီး ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် စစ်တပ်က ဖမ်းဆီးထောင်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ သတင်းမျိုး သတင်းလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာ မတွေ့ရပါဘူး။  ထို့အပြင် ဗွီဒီယိုအစမှာ ရေးသားထားသလို ဗွီဒီယိုထဲမှာမပါဝင်ပါဘူး။ […]

Continue Reading

Fact Check: သမ္မတကြီးဦးဝင်းမြင့်လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့သတင်းမှား

မေ ၁ ရက်က သမ္မတဦးဝင်းမြင့် လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့တယ်လို့ဆိုတဲ့ ဗွီဒီယို အွန်လိုင်း အသုံးပြုသူတွေ အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ဒီဗွီဒီယိုထဲအစမှာ သမ္မတဦးဝင်းမြင့်ကို ဒုတိယသမ္မတတွေဖြစ်တဲ့ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူတို့က လက်ဆွဲနှုတ်ဆက်နေပုံနဲ့အတူ “ ၁ ရက်နေ့ သမ္မတ ဝင်းမြင့် လွှတ်ငြိမ်းချမ်းသာခွင့်ရလို့ ကြိုဆိုနေကြပြီ”ဆိုပြီး တော့ ရေးသားထားပါတယ်။ အောက်ပါ စရင်ရှော့ကတော့ ၂၀၂၃ ခုနှစ် မေ၁ ရက်က ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုတစ်ခုဖြစ်ပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာ သမ္မတဦးဝင်းမြင့် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပြီလို့ရေးသားထားပေမဲ့ ၂ မိနစ် ၄၇ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုတစ်ခုလုံးမှာ […]

Continue Reading

Fact Check: NUG ရဲ့ နိုင်ငံမဲ့တွေအဖြစ် ဘန်ကီမွန်းဝေဖန်ဆိုတဲ့ သတင်းတု

ကုလအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းက NUG ကိုနိုင်ငံမဲ့တွေအဖြစ် ပြန်လည်တုန့်ပြန်ခဲ့ တယ်ဆိုပြီးဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားဖြန့်ဝေနေတာဟာ သတင်းတုဖြစ်ပါတယ်။ မြန်မာစစ်တပ် ခေါင်းဆောင်နဲ့ တွေ့ဆုံမှုကို ဝေဖန်ခဲ့တဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကို မစ္စတာ ဘန်ကီမွန်းက အခုလိုပြန်ပြောခဲ့တာလို့လည်း ဖြန့်ဝေမှုမှာရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် မစ္စတာဘန်ကီမွန်းဟာ ဧပြီ ၂၃ ရက်နေ့ ဧပြီ ၂၄ ရက်အထိ နေပြည်တော်ကိုလာရောက်ပြီး မြန်မာစစ်တပ်ခေါင်း ဆောင်နဲ့တွေ့ဆုံခဲ့တာမှာ  ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပြန်လွှဲဖို့အတွက်သဘောတူညီမှုရရှိခဲ့တယ်ဆိုပြီး တော့လည်း သတင်းတုဖြန့်ဝေခဲ့ပါသေးတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်ကို ဒီလင့်ခ်မှာဖတ်ပါ။ နေပြည်တော်ကိုရောက်လာပြီး မြန်မာစစ်တပ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့တဲ့ မစ္စတာဘန်ကီမွန်းကို လူမိုက် ကိုပွဲထုတ်နေခြင်းလို့ NUG က ဝေဖန်ပါတယ်။ မစ္စတာဘန်ကီမွန်းရဲ့ ခရီးစဉ်ဟာ ကြိုတင်စီစဉ်ခဲ့တာဆိုပေမဲ့ […]

Continue Reading

Fact Check: အိန္ဒိယဝန်ကြီးချုပ်နဲ့ NUG တွေ့ဆုံမှုအပြီး သမ္မတ ဦးဝင်းမြင့်ပြန်လွတ် ဆိုတဲ့ သတင်းတု

ဧပြီလ ၂၃ ရက်နေ့က  အိန္ဒိယဝန်ကြီးချုပ်နဲ့အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)တို့တွေ့ဆုံမှုအပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုကတည်းက ဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့်လွတ်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိ နေခြင်း ဖြစ်ပါတယ်။  ပျံ့နှံ့နေတဲ့ ယူကျူ့ဒီဗွီဒီယိုပို့စ်မှာ “၂၃ ရက် သမိုင်းတွင်တဲ့နေ့ အိန္ဒိယဝန်ကြီးချုပ်နဲ့NUGတွေ့ပြီ မြင့်ဆွေပြုတ်၊ သမ္မတဝင်းမြင့်လွှတ်”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link|  Archive link အချက်အလက်စိစစ်ချက် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီနဲ့ NUGတွေ့ဆုံမှု၊ သမ္မတဦးဝင်းမြင့်ပြန်လည်လွှတ်မြောက်မှု သတင်း ဖော်ပြချက် ကို သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာ ဖော်ပြချက်တွေမှာလည်း မတွေ့ရှိ သလို အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ တရားဝင် NUG ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း မတွေ့ရပါဘူး။ စစ်ကောင်စီထိန်း ချုပ်ထားတဲ့ မီဒီယာတွေမှာလည်း မတွေ့ရပါဘူး။ တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာတွေဟာ ဘီဘီစီမြန်မာပိုင်းသတင်းဌာနကဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: “ဝ”နဲ့NUG ပူးပေါင်းပြီ၊ NUG ကို စစ်လက်နက်ကူညီပေးတော့မယ်ဆိုတဲ့ သတင်းတု

တိုင်းရင်းသားလက်နက်ကိုင်တပ်တွေမှာအင်အားအကြီးဆုံးနဲ့ ၂၀၂၁ စစ်အာဏာသိမ်းအဖွဲ့နဲ့လည်း ပနာတင့်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပူးပေါင်းပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိ နေခြင်း ဖြစ်ပါတယ်။  မူရင်းလင်ခ့် – Youtube link |  Archive link တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ထို့အပြင် နောက်ထပ် ယူကျူ့ ဗွီဒီယိုတစ်ခုမှာတော့ “ဝ” က NUG ကို စစ်လက်နက်များလိုသမျှ ကူညီပေးတော့မယ်ဆိုပြီးတော့လည်း ရေးသားမျှဝေထားပါသေးတယ်။ မူရင်းလင်ခ့် –Youtube link |  Archive link အချက်အလက်စိစစ်ချက် ဝတပ်(UWSA)နဲ့ NUG ပူးပေါင်းပြီဆိုပြီး အခုလို မကြာခဏဖြန့်ဝေနေတာတွေ့ရပါတယ်။ ဒီလိုမျိုးသတင်း ဖော်ပြချက်ကို သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာ ဖော်ပြချက် မတွေ့ရပါဘူး။ တကယ်တော့ ပထမယူကျူ့ဗွီဒီယိုပါအကြောင်းအရာတွေဟာ […]

Continue Reading

Fact Check: ရန်ကုန်လေဆိပ် ဗုံးကြဲတိုက်ခိုက်ခံရပြီး ပြာကျသွားတယ်ဆိုတဲ့ သတင်းတု

သင်္ကြန်တွင်းက ရန်ကုန်လေဆိပ်ဗုံးကြဲခံရပြီး မီးလောင်ပြာကျသွားသလို အလောင်းတွေကောက်လို့ မနိုင်ဖြစ်ခဲ့ရ တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိ နေခြင်း ဖြစ်ပါတယ်။ ရန်ကုန်လေဆိပ်ဗုံးကြဲခံရခြင်းမရှိသလို လူသေဆုံးမှု၊ မီးလောင်မှုလည်းမရှိပါဘူး။ အောက်ပါပို့စ်ကတော့ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link အချက်အလက်စိစစ်ချက် သင်္ကြန်တွင်းမှာ ရန်ကုန်လေဆိပ်တိုက်ခိုက်ခံရတဲ့ သတင်းမတွေ့ရပါဘူး။ ဒီလိုမျိုးသတင်းဖော်ပြချက်ကို သတင်းအရင်းမြစ်အပါအဝင် သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာ ဖော်ပြချက် မတွေ့ရပါဘူး။ တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ လူထုနွေဦးသတင်းဝက်ဘ်ဆိုဒ်ကဖော်ပြခဲ့တဲ့ “ရေတာရှည်တွင် KNLA/PDFပူးပေါင်းတပ် တိုက်ခိုက် မှုကြောင့် အရာရှိအပါအဝင် စစ်ကောင်စီတပ် သေဆုံးမှုများ”ဆိုတဲ့ သတင်းကို ဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ အောက်ပါလင့်ခ်မှာကြည့်ပါ။ မူရင်းလင်ခ့် – Ludumwayoo |  Archive link သုံးသပ်ချက် […]

Continue Reading