Fact Check: စစ်တပ်အမာခံ ပေါက်ကိုယ်တော် အလင်းဝင်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကို မကြိုက်လို့ ပေါက်ကိုယ်တော် အလင်းဝင်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက် ဖြစ်တယ်။ “ပေါက်ကိုယ်တော်အလင်းဝင်ပီ မင်းအောင်လှိုင်၏လုပ်ရပ်များကိုမကြိုက် တော့သဖြင့်ပေါက်ကိုယ်တော်ပုံကန်ပီဟေ့ ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မရှိပါဘူး။ “Myawaddy News” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကို ပြန်လည်ကူးယူ ဖော်ပြ ရာမှာ သတင်းခေါင်းစဉ်တုတပ်ကာ လုပ်ကြံရေးသားကာ ဖြန့်ဝေတဲ့ နေရာတခု ဖြစ်တာတွေ့ရပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ တကယ်တမ်း ဗွီဒီယိုမှာပါတဲ့အကြောင်းအရာဟာ […]
Continue Reading
