Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပြန်လွှဲဖို့ စစ်တပ်က ကုလအတွင်းရေး မှူးကို လက်မှတ်ထိုးပေးလိုက်ပြီဆိုတဲ့ သတင်းတု
ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပြန်လွှဲပေးမယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကို မြန်မာ စစ်တပ်က လက်မှတ်ထိုးပေးလိုက်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှုအား ကောင်းလျက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြန့်ချိမှုဖြစ်တယ်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းရဲ့ မြန်မာစစ်တပ်အကြီးအကဲနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပေမဲ့ တစ်စုံတစ်ရာ ရလာဒ်ထွက်ပေါ်ခြင်းမရှိပါဘူး။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ယူကျူ့ဗွီဒီယိုတစ်ခုဖြစ်ပါတယ်။ “UN အတွင်းရေးမှူးချုပ်ကို ဒေါ်စုကိုအာဏာလွှဲဖို့ မအလ လက်မှတ်ထိုးပေးလိုက်ပြီ”လို့လည်း ဗွီဒီယိုထဲမှာရေးသားထားသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘန်ကီမွန်း လက်ဆွဲနှုတ်ဆက်နေတဲ့ ဓာတ်ပုံ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်စာရေးသားနေတဲ့ ဓာတ်ပုံတွေလည်းပါဝင်ပါတယ်။ ဗွီဒီယိုခေါင်းစီးစာသား မှာလည်း “UNကို မအလ ကတိပေး လက်မှတ်ထိုးပြီ။ အမေစူကို အာဏာလွှဲမယ်” (မူရင်းအရေးအသား) လို့ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ […]
Continue Reading
