Fact Check: COVID-19 ကူးစက်ခံပြီး မြေပြင်မှာလဲကျနေပုံတွေလား -မဟုတ်ပါ
ယခုရက်ပိုင်းများအတွင်း နေ့စဉ်နီးပါးအတည်ပြုလူနာ ထောင်ဂဏန်းတွေ့ရှိမှုနဲ့အတူ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအတည်ပြုလူနာ ၂၂၀၀၀ ကျော်နဲ့ ဒီရောဂါနဲ့သေဆုံးသူ ၅၃၅ ဦးထက်မနည်းရှိပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ COVID-19 ကူးစက်ခံလို့လဲကျနေသူတွေအဖြစ် ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ မြေပြင်မှာလဲနေတဲ့သူတွေပုံတွေပါဝင်ပြီး ဓာတ်ပုံထဲက ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ သူအချို့မှာ PPE ဝတ်စုံဝတ်ဆင်ထားတာလည်းတွေ့ရပါတယ်။ သို့သော်လည်း ဓာတ်ပုံထဲက နေရာသီးသီးမှာလဲကျနေတဲ့သူတွေဟာ COVID-19 ကူးစက်ခံရပြီး လဲကျခဲ့တယ်ဆိုတဲ့ အထောက်အထားမျိုးမရှိတာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ နားလည်မှုလွဲစေနိုင်တဲ့ ပို့စ်ကိုအောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံတွေထဲက မီးခိုးရောင်အင်္ကျီ၊ ပုဆိုးဝတ်၊နှာခေါင်းစီးနဲ့လဲကျနေတဲ့ အမျိုးသားဟာ အောက်တိုဘာ ၄ ရက်နေ့က “မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ -Mahar Rescue”ဖေ့စ်ဘွတ်စာမျက်နှာမှာတွေ့ရပြီး “၄.၁၀.၂၀၂၀ […]
Continue Reading