Fact Check: လားရှိုးမြို့ကို MNDAA ပြန်သိမ်းဆိုတဲ့ သတင်းတု

လားရှိုးမြို့ကို MNDAA က ပြန်လည်သိမ်းပိုက်လိုက်ပြီးလို့ဆိုလိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း နေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ နိုဝင်ဘာ ၁၉ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှု‌ပေါင်း ၁ ဒဿမ ၂ သိန်းဝန်းကျင်ရရှိထားတယ်။  “လားရှိုး MNDAA ပြန်သိမ်းပြီ လူပါးဝနေတဲ့ စစ်တပ်ကို MNDAA က ၁၈၀၀ ခန့် အရှင်ဖမ်း MNDAA ကို စိန်ခေါ်တဲ့ ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး ဖမ်းဆီးခံရ PDF နဲ့ NUG ကို လွှဲပြောင်းပေးမည်ဟု MNDAA ကြေညာ” Original link | Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: နေပြည်တော်ကို AA အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ဆိုတဲ့ သတင်းတု

နေပြည်တော်ကို AA အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ပြီလို့ ဆိုလိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း နေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ နိုဝင်ဘာ ၁၇ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှု ၂၄၀၀၀ ဝန်းကျင်ရရှိထားတယ်။  “နေပြည်တော် တပ်ကုန်းကျသွားပြီ တမြို့လုံး မြို့ဝင်မြို့ထွက် ပိတ်ဆို့လိုက်ထား ဒီမနက်ပဲ နေပြည်တော် တပ်ကုန်းကို AA နဲ့ PDF တပ်မှ  အင်အား လုံရင်းနဲ့ ဝင်စီး၊ စစ်ခွေးအကျအရှုံးများနေ”(မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တု […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် မူးလဲကျပြီး သေဆုံးဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မူးလဲကျပြီး သေဆုံးမှုဆိုပြီး ဗွီဒီယိုကို  ယူကျူ့ ချန်နယ်တခုက ဖြန့်ဝေထားရာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ရုပ်ရှင်ဆန်ဆန် မူးလဲပြီး သေဆုံး ခုမှ သိရလို့ တစ်ိုင်ငံလုံး ပြည်သူတွေ ထခုန်နေကြပြီ မင်းအောင်လှိုင် မူးလဲပြီး ဆေးရုံမှာ မသေမရှင်ဖြစ်နေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို လိုအပ်သလိုပြောဆိုဖြန့်ချိတာ၊ လုံဝ လုပ်ကြံပြောဆိုတာတွေပြုလုပ်ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက် တွေကို […]

Continue Reading

Fact Check: နေပြည်တော်ကို အမေရိကန်တပ်ဖွဲ့ ဝင်လာပြီဆိုတဲ့ သတင်းမှား

ငွေကြေးလိမ်လည်မှုတွေကို အရေးယူဖို့အတွက် နေပြည်တော်ကို အမေရိကန်တပ်ဖွဲ့တွေ ဝင်လာပြီဆိုတဲ့  ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှားသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ နိုဝင်ဘာ ၁၄ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၆ သိန်း ဝန်းကျင်ရရှိထားတယ်။ အလားတူတဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။   “အမေရိကန် အထူးတပ် နေပြည်တော်ဝင်လာပြီ ကျားဖြန့်အမှု စစ်ဗိုလ်ချုပ်တွေ ပါဝင်နေကြောင်း  သတင်းထွက်၊ နေပြည်တော်ကို အမှောင်ချလိုက်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့ချန်နယ်ကို တုပထားပြီး သတင်းမီဒီယာတချို့က သတင်းတွေ […]

Continue Reading

Fact Check: TNLA က စစ်ကိုင်းကို ပေးပို့မယ်လက်နက်တွေလား – မဟုတ်ပါ 

TNLA က စစ်ကိုင်းမြို့သိမ်းတိုက်ပွဲအတွက် ပေးပို့မယ့် လက်နက်တွေကို စစ်တပ်က သိမ်းဆည်းရမိတယ် ဆိုတဲ့ပြောဆိုချက်နဲ့အတူ လက်နက်နဲ့ ခဲယမ်းဓာတ်ပုံတွေနဲ့ ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ ပြောဆိုမှုနဲ့ ဓာတ်ပုံဟောင်းတွေကို ပြန်လည်ဖြန့်ချိနေခြင်ဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “TNLA မှ စစ်ကိုင်းသို့ပေးပို့လက်နက်များ ဖမ်းမိ ပမာဏအလွန်များပြား။ ထို ဖမ်းဆီးခံရမှုကြောင့် PDF များ၏ စစ်ကိုင်းမြို့သိမ်း စစ်ဆင်ရေးမျှော်လင့်ချက် အရောင်မှိန်သွားခဲ့သည်။ ဒီလက်နက်တွေ လမ်းမှာသာ မမိခဲ့ရင် အခုချိန် စစ်ကိုင်းအတွက် မတွေးရဲစရာပဲ 🇲🇲#ဘကြီးအောင်” Original link | Archive link […]

Continue Reading

Fact Check: ကျောက်ဖြူကို AA သိမ်းလိုက်ပြီဆိုတဲ့ သတင်းမှား

ကျောက်ဖြူမြို့ကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ ဆိုလိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ ချန်နယ်တခုက ဖြန့်ဝေထားရာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှား တခုဖြစ်တယ်။ ကျောက်ဖြူမှာ စစ်တပ်နဲ့ AA အကြားတကျော့ပြန်တိုက်ပွဲ ပြင်းထန်လာနေပေမဲ့ မြို့ကို သိမ်းပိုက်ရရှိပြီဆိုတဲ အထောက်အထားမရှိပါဘူး။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ကျောက်ဖြူမြို့ကျသွားပြီ အမေရိကန် တပ်ဖွဲ့ ရာချီရောက်နေကြောင်း သတင်း တွေထွက်ပေါ်၊ AA တပ်တော် အောင်ပွဲခံနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”ဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိ ပါတယ်။ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့အမည်နာမကို တုပထားတဲ့ […]

Continue Reading

Fact Check: ရွေး‌ကောက်ပွဲလက်မခံလို့ ဦးသိန်းစိန်ကို စစ်တပ်က ဖမ်းတယ်ဆိုတဲ့ သတင်းတု 

စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံဘူးပြောလို့ သမ္မတဟောင်းဦးသိန်းစိန်ကို  စစ်တပ်က ဖမ်းဆီးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအား‌ကောင်းလျက်ရှိတာ တွေ့ရတယ်။ သတင်းတု ဖြန့်ချိမှုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ဦးသိန်းစိန် ဖမ်းခံရမှုကြီး  ကုလသမဂ္ဂ အသိအမှတ်မပြုပဲ နဲ့ ရွေးကောက်ပွဲ  မလုပ်သင့်ပြောတဲ့ ဦးသိန်းစိန်ကို မအလ ဝင်ဖမ်းပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံပြောဆိုချက်တွေနဲ့ သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို လိုအပ်သလိုပြောဆိုပြီး သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar […]

Continue Reading

Fact Check: အမေရိကန် စစ်ရေယာဉ် ၅ စီး ရခိုင်ကမ်းလွန်ကို ဝင်‌ရောက်လာတဲ့ သတင်းတု 

အမေရိကန်တပ်ဖွဲ့ထောင်ချီပါဝင်တဲ့ အမေရိကန် စစ်ရေယာဉ် ၅ စီး ရခိုင်ကမ်းလွန်ကို ဝင်ရောက်လာတယ်ဆိုတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။  “အမေရိကန် စစ်ရေယာဉ် (၅) စီး ဝင်လာ ရခိုင့်ကမ်းလွင်ပြင် အမေရိကန်တပ်ဖွဲ့ထောက်ချီ‌ရောက်လာလို့ စစ်အုပ်စုတွင်းပွတ်လောက်ရိုက်နေ၊ တပ်မိသားစုတွေ ရွေ့ပြေးနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့အမည်နာမကို တုပထားတဲ့ ဒီဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိ ပါတယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက် တွေကို […]

Continue Reading

Fact Check: အမေရိကန်ဆီက စစ်ကူရပြီလို့ ဒေါက်တာဆာဆာပြောတဲ့ သတင်းတု

အမေရိကန်သမ္မတနဲ့ ဒေါက်တာဆာဆာတို့ တွေ့ဆုံမှုအပြီး အမေရိကန်ဆန်ဆီက စစ်ကူရပြီလို့ ဆိုထားတဲ့  ဗွီဒီယိုတွေ ယူကျူ့မှာ  ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  အလားတူ တဲ့မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။  “လေယာဉ် အစီး ၂၀ Dr. SaSa ချပြ အမေရိကန်သမ္မတနဲ့ လျှို့ဝှက်တွေ့ဆုံမှု အပြီး စစ်ကူရပြီဟု Dr sasa ကြေငြာလို့ လန့်ကုန်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကို လိုအပ်သလို ပြန်လည်ပြောဆိုဖြန့်ဝေတာ၊ လုံးဝလုပ်ကြံပြောဆိုချက်တွေ ဖြန့်ဝေတာတွေ ပြုလုပ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ […]

Continue Reading

Fact Check: ဘုရားပေါ်မှာ စစ်ခေါင်းဆောင် ဒရုန်းနဲ့ ဗုံကြဲခံရလို့ သေဆုံးတဲ့ သတင်းတု

တန်ဆောင်မုန်းလပြည့်နေက ဘုရားဖူးနေတဲ့  စစ်ခေါင်းဆောင်နဲ့ ဇနီး ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၎င်းတို့အပါအဝင်  ပြည်သူတွေလည်း သေဆုံးသွားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဗွီဒီယိုတွေသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှု‌ပေါင်း ၁ ဒဿမ ၁ သိန်းကျော်ရရှိထားတယ်။ အလားတူတဲ့ ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ “လပြည်နေ့ ပျော်ပါးနေတဲ့ မအလနဲ့ကြုကြူအပါဝင် ပြည်သူ(၁၀၀)ကျော်ဒရုန်းဗုံးကြဲချခံရလို့သေဆုံး” Original link | Archive link အချက်အလက်စိစစ်ချက် “TBR RECAPS”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာမှာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့  သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိနေတာတွေ့ရတယ်။  အခုလည်း ဗွီဒီယိုထဲမှာ အဓိအားဖြင့် တန်ဆောင်မုန်းလပြည့်နေမှာ နိုင်ငံရဲ့ အေးချမ်းတဲ့ နေရာအနှံ့အပြားမှာ […]

Continue Reading