Fact Check: ဒေါ်အောင်ဆန်းစုကြည်ပုံကို PDF တွေ မီးရှို့နေတာလား-မဟုတ်ပါ
အကြမ်းဖက်တွေလို့ ဒေါ်အောင်ဆန်းစုကြည်က PDF တွေကို ပြောပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံကို PDF တွေကမီးရှို့ခဲ့တယ်လို့ဆိုတဲ့ ဓာတ်ပုံ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ ကလေးပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေကို မီးရှို့ဖျက်ဆီးနေတဲ့ပုံကိုပြုပြင်ပြောင်း လဲထားခြင်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တော်လှန်ရေးမှာပါဝင်နေတဲ့ လူငယ်တွေကို ချီးကျူးဂုဏ်ယူနေတယ်လို့ စစ်တပ်ရဲ့ ဖမ်းဆီးခံကာအတွင်းမှာ သူမနဲ့ ထိတွေ့ခဲ့ရတဲ့သူတွေကဆိုပါတယ်။ “ဒေါ်စုမှ တော်လှန်ရေးသမားတွေကို အကြမ်းဖက်သမားဟု ပြောသည့်အတွက် ဒေါ်စုပုံပါ အမှိုက်ပုံးအ ပဒက်များမီးရှို့ပြ ပဒက်တွေကတော့ တော်တော်မိုက်ရိုင်းပြီ မှိုင်းဝေ”လို့ ရေးသားပြီး “Zaw Than” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ ကအောက်ပါအတိုင်းမျှဝေ ထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Google မှာ […]
Continue Reading
