Fact Check: အမေရိကန်စက်လက်နက်တွေ KNU စတင်အသုံးပြုနေပြီဆိုတဲ့သတင်းမှား

အမေရိကန်ပေးတဲ့ စက်သေနတ်တွေ ကရင်အမျိုးသားအစည်းအရုံး (KNU)က စတင်အသုံးပြုနေပြီဆိုတဲ့ ပို့စ် တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ KNU ပြော‌ရေးဆိုခွင့်ရပုဂ္ဂိုလ်နဲ့ အင်တာဗျူးကို ခေါင်းစဉ်တုနဲ့ ဖြန့်ချိနေခြင်း ဖြစ်ပါတယ်။  “The Friday News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါ အတိုင်းမျှဝေထားတာ တွေ့ရပါတယ်။ “KNU ထံ အမေရိကန် ထောက်ပံ့မှု ရောက်ပြီဗျို့”လို့ ပို့စ်မှာရေးသားထားပြီး ဗွီဒီယိုအစမှာပြသတဲ့ ဓာတ်ပုံစာသားထဲမှာ တော့ “အမေရိကန် စက်လက်နက်တွေ ၂၄ ရက်က KNU စတင်အသုံးနေပြီ KNU ကြေညာ”လို့လည်း‌ရေးသား ထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ […]

Continue Reading

Fact Check: NUG ရဲ့ တရုတ်နှစ်ကူးသဝဏ်လွှာကို သီတဂူဆရာတော်လုပ်ကြံခံရဟု သတင်းခေါင်းစဉ်တုတပ် ဖြန့်ဝေ

သီတဂူဆရာတော် ဒရုန်းနဲ့ လုပ်ကြံခံရပြီး ကျောင်းဆောင်အတွင်းမှာ သေပြီဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “သီတဂု ဆရာ်တော် ဒရုန်းနဲ့ လုပ်ကြံခံရပြီ(မူရင်းအရေးအသား)”လို့ ပို့စ်စာသားမှာရေးသားထားပြီး ဗွီဒီယို အစမှာပြသတဲ့ thumbnail ဓာတ်ပုံမှာတော့ “24 ရက်နေ့ သီတဂူဆရာတော် ဒရုန်းစာမိပြီ ကျောင်းဆောင် အတွင်းမှာ သေပြီ”လို့လည်း ရေးသာထားပါတယ်။ တကယ်တော့ ဗွီဒီယိုပါ အကြောင်းအရာဟာ အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ တရုတ်နှစ်သစ်ကူးသဝဏ်လွှာကို ဖတ်ကြားနေခြင်းသာဖြစ်ပါတယ်။ “Top 2” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးစာမျက်နှာက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်မှာ အောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ […]

Continue Reading

Fact Check: နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်ရိုစီအောင်ကို NUG လုပ်ကြံ သတ်ဖြတ်ဆိုတဲ့ သတင်းမှားဖြန့်ဝေ

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်ရိုစီအောင်ကို NUG က လုပ်ကြံသတ်ဖြတ်လိုက်တယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေကြား ဖြန့်ဝေခဲ့တာတွေ့ရပါတယ်။သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ အမေရိကန်မှာ နေထိုင်တဲ့ ဒေါ်ရိုစီအောင်ဟာ နှလုံးရောဂါကြောင့် သေဆုံးရခြင်းဖြစ်တယ်လို့ မိသားစုဝင်တွေက အတည်ပြု ထားတာတွေ့ရပါတယ်။  အောက်ပါ screebshot ကတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တဲ့ ပို့စ်တစ်ခုရဲ့ပုံဖြစ်ပါတယ်။ “တော်လှန်နေရင်း အမှန်တရားတွေ ပြောမိလို့ ပြည်ပမှာ လုပ်ကြံ ခံလိုက်ရတဲ့ ဒေါ်ဌေးဌေးဝင်း (ခ) ရိုစီအောင် ဒေါ်ရိုစီအောင် ရဲ့ ဘော်ဒီပြန်ရတယ်ဆိုတဲ့ထုတ်ပြန်ချက်ပါ။ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလမှာ လုပ်ကြံခံရတဲ့သဘောပါပဲ။ ဦးသန့်အရေးအခင်းတွင် ဖမ်းဆီးခံရသူ ခေါင်းဆောင် ၅၂ ဦးအနက် တစ်ဦးအပါအဝင်ဖြစ်ခဲ့ပြီး မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်ရိုစီအောင်(ခ)ဒေါ်ဌေးဌေးဝင်းမှာ အမေရိကန်တွင်လုပ်ကြံခြင်း ခံလိုက်ရပါတယ်။ သို့ပေမယ် လက်ရှိနိုင်ငံရေးဖြစ်စဉ်မှာ လိုင်းပေါ်မှ တော်လှန်ရေး လုပ်နေစဉ်အတွင်း အခြေအနေမလှတော့တဲ့ မြေပြင် PDF တွေရဲ့ အခြေအနေမှန်နဲ့ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်ရဲ့ ပိုင်ဆိုင်မှုတွေကို အမေရိကန်ကို အပ်လိုက်ပြီဆိုတဲ့ သတင်းတု

ဖမ်းမိတဲ့ မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်ဆိုင်မှုအားလုံးကို အမေရိကန်လက်ထဲအပ်လိုက်ပြီလို့ ထိုင်းအစိုးရ ထုတ်ပြန်ဆိုတဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းနေပြီး နားလည်မှုလွဲစေနိုင် တာတွေ့ရပါတယ်။ သတင်းခေါင်းစဉ်တုအသုံးပြုပြီး ချဲ့ကားရေးသားထားခြင်းဖြစ်ပါတယ်။ “ဖမ်းမိတဲ့ မအလ ပိုင်ဆိုင်မှုအားလုံး USလက်ထဲအပ်ပြီလို့ ထိုင်းအစိုးရထုတ်ပြန်လိုက်ပြီ”လို့ ရေးသားပြီး “Queen10シ” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုပို့စ်စာသားနဲ့ ဗွီဒီယိုထဲက စာသားမှာ “ဖမ်းမိတဲ့ မအလ ပိုင်ဆိုင်မှုအားလုံး USလက်ထဲအပ်ပြီလို့ ထိုင်းအစိုးရထုတ်ပြန်လိုက်ပြီ”စသည်ဖြင့်ရေးသားထားပေမဲ့ ဗွီဒီယိုထဲကအကြောင်းအရာဟာ မြန်မာစစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လူယုံတော် လက်နက်ပွဲစား ထွန်းမင်းလတ်ကိုဖမ်းဆီးမှုနောက်ဆက် တွဲအခြေအနေတွေနဲ့ စစ်တပ်ခေါင်းဆောင်တွေရဲ့ မြန်မာစီးပွားရေးအပေါ် အမြတ်ထုတ်မှု၊ အဂတိလိုက် စားမှုတွေကို ဆွေးနွေးနေတဲ့ ဗွီဒီယိုတစ်ခုသာဖြစ်ပါတယ်။ ဖမ်းမိတဲ့ […]

Continue Reading

Fact Check: ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ICC ပို့ဖို့ အင်ဒိုနီးရှားအာမခံဆိုတဲ့ သတင်းမှား

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ပို့ဖို့အတွက် အင်ဒိုနီးရှားက အာမခံတယ်ဆိုတဲ့ သတင်းမှားပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။   ဖြန့်ဝေနေတဲ့ ဗွီဒီယိုပုံစံပို့စ်တွေမှာ “မအလ ICC ပို့ဖို့ အင်ဒိုနီးရှား အာမခံပြီ”လို့  ရေးသားထားသလို “ မအလ ICC ပို့ဖို့ အင်ဒိုနီးရှားအာမခံပြီ မင်းအောင်လှိုင် ပြေးဖို့ပြင်ထား” စသည်ဖြင့် ရေးသားထားပါတယ်။  “Krovan Kamsan” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဗွီဒီယိုတစ်ခုကို ဇန်နဝါရီ ၁၈ က အောက်ပါအတိုင်း မျှဝေထား တာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB Link  ၊ Archive Link တူညီတဲ့ရေးသားမျှဝေမှုကို  ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ  လွတ်လပ်တဲ့မြန်မာအသံသတင်းဌာနကဖော်ပြခဲ့တဲ့ မြန်မာအရေးနဲ့ပတ်သက်ရင် “အင်ဒိုနီးရှားလက်ထက်မှာ မြန်မာ့အရေး နိုင်ငံတကာဖိအားပိုရအောင် ကြိုးစားသင့်”ဆိုတဲ့ သတင်းဆောင်းပါကို […]

Continue Reading

Fact Check: ALP တွေကို အကုန်သတ်ဖို့ АА အမိန့်ပေးဆိုတဲ့ သတင်းတုသတင်းမှား

ALP တွေကို အကုန်သတ်ဖို့ АА အမိန့်ပေးလိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ဖြန့်ဝေခဲ့တာဟာ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ဖြန့်ဝေနေတဲ့ပို့စ်တွေမှာ “ရခိုင်တွေ ပြသာနာတတ်ကုန်ပြီ”လို့ရေးသားလျှက် “ALP တွေကို အကုန်သတ်ဖို့ АА အမိန့်ပေး”လို့ ရေးသားထားပြီးဖေ့စ်ဘွတ်အသုံးပြုသူတွေကို နားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။ “Thai News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ဇန်နဝါရီ ၈ ရက်က အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive links   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် မြန်မာစစ်တပ်နဲ့ နီးစပ်တဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ ရခိုင်ပြည်လွှတ်မြောက်ရေးတပ်မတော် (ALA)စစ်ဦးစီးချုပ် လုပ်ကြံသတ်ဖြတ်ခံအရအပြီးမှာ ဒီလိုမျှဝေလာတာဖြစ်ပါတယ်။ ဗွီဒီယိုပါအကြောင်းအရာဟာ  မြန်မာစစ်တပ်ဦး ဆောင်ကျင်းပတဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတက်ရောက်ပြီးအပြန် စစ်တွေမြို့ အာဂျိတ်တွေ ကုန်းမှာ ALP/ALA စစ်ဦးစီးချုပ် […]

Continue Reading

Fact Check: ၂၄ နာရီအတွင်း အာဏာလွှဲနိုင်ခြေရှိတယ်ဆိုတဲ့ သတင်းမှားဖြန့်ဝေ

စစ်ကောင်စီက ၂၄ နာရီအတွင်း အာဏာလွှဲနိုင်ရေးအတွက် အရေးကြီးအစည်းအဝေးလုပ်ခဲ့တယ်ဆိုပြီးတော့  ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။  သတင်းမှားဖြစ်ပါတယ်။ “၂၄ နာရီအတွင်းအာဏာလွဲနိုင်ချေရှိ၊ အရေးကြီးဆင့်ခေါ်ခံရ”လို့  ရေးသားပြီး “  Queen10シ ” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB Link ၊ Archive Link တူညီတဲ့ရေးသားမျှဝေမှုတွေကို  ယူကျူ့ရဲ့ ဒီလင့်ခ်မှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် “၂၄ နာရီအတွင်းအာဏာလွဲနိုင်ချေရှိ၊” ဆိုပြီးရေးသားထားပေမဲ့  ၁၁ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ထဲမှာ ဒီလိုအာဏာလွှဲတဲ့ကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာမပါဝင်ဘဲ လွတ်လပ်တဲ့ အာရှအသံ သတင်းဌာနက ဖော်ပြထားတဲ့ “လေပိုင်နက်ကျူးကျော်တိုက်ခိုက်တဲ့ စစ်ကောင်စီကို တုံ့ပြန် ဆောင်ရွက်ဖို့ အိန္ဒိယကို တောင်းဆို”ဆိုတဲ့ သတင်းတစ်ပုဒ်ကို ပြန်လည်ဖတ်ကြား နေတာဖြစ်ပါတယ်။ သုံးသပ်ချက်  “၂၄ […]

Continue Reading

Fact Check: စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ NUG လျှို့ဝှက်တွေ့ဆုံဆိုတဲ့ သတင်းတု

စစ်တပ်ကလုပ်မယ့်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် NUG အဖွဲ့လျှို့ဝှက်ညှိုနှိုင်းနေတယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်နဲ့တယ်လီဂရမ်မှာဖြန့်ဝေလျက်ရှိပါတယ်။ သတင်းမှားတစ်ခုသာ ဖြစ်ပါတယ်။ “NUGအဖွဲ့ကတော့ ဘာတွေအပေးအယူလုပ်လိုက်လဲတော့မသိဘူး ကြားရတဲ့သတင်းကတော့  ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်ဆိုပြီး နစက ကို လာညှိနေတယ် ဒီလိုမှ လာမညှိလည်း နစက ရွေးကောက်ပွဲမဖြစ်ဖြစ်အောင်လုပ်ပြီး အရပ်သားအစိုးရတက်လာရင် NUG ခွက်ပျောက်ပြီလေ ဆိုတော့ ဘာတွေ အပေးအယူတွေ လုပ်လိုက်လဲ ဆိုတာတော့ မကြာခင်ကာလမှ လယ်ပြင်မှာ ဆင်ကောင်ကြီးသွားသလို ကားကားနဲ့ မြင်ရတော့မယ် စောင့်ကြည့်ကြအမျိုးတို့ 🇲🇲⭐⭐⭐⭐⭐⭐🇲🇲 မှိုင်းဝေ”လို့ ရေးသားပြီး “စောမှိုင်းဝေ” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို တယ်လီဂရမ်ရဲ့ ဒီလင့်ခ်၊ ဖေ့စ်ဘွတ်ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်းကြည့်ပါ။ အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: NUG ကိုတရားဝင်အစိုးရဟု အာဆီယံ အလှည့်ကျ ဥက္ကဌ ထုတ်ပြောဆိုတဲ့သတင်းမှား

NUG ကိုတရားဝင်အစိုးရဟု အာဆီယံ အလှည့်ကျဥက္ကဌ ထုတ်ပြောလိုက်ပြီး စစ်ကောင်စီကို အကန့်သတ်မဲ့ ထုတ်ပယ်လိုက်ပြီလို့ဆိုတဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ နားလည်မှုလွဲ စေနိုင်တဲ့ သတင်းမှားဖြန့်ချိန်မှုဖြစ်ပါတယ်။ အောက်ပါစာသားကတော့ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုက ဖြန့်ဝေနေတဲ့ စာသားဖြစ်ပါတယ်။ (မူရင်းအရေးအသား) “NUG ကိုတရားဝင်အစိုးရဟု အာဆီယံ အလှည့်ကျ ဥက္ကဌ ထုတ်ပြော အကန့်သတ်မဲ့ စစ်ကောင်စီကို ထုတ်ပယ်လိုက်ပြီ”စသည်ဖြင့်ရေးသားထားပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “NUG ကိုတရားဝင်အစိုးရဟု အာဆီယံ အလှည့်ကျ ဥက္ကဌ ထုတ်ပြော အကန့်သတ်မဲ့ စစ်ကောင်စီကို ထုတ်ပယ်လိုက်ပြီ”စသည်ဖြင့် ရေးသားပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေကိုလှည့်စားပေမဲ့ ဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းအရာပါဝင်ခြင်းမရှိပါဘူး။ ၁၂ မိနစ်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ တကယ်တော့ မြန်မာနောင်းသတင်းဌာနက ဇန်နဝါရိ […]

Continue Reading

Fact Check: ပုလဲနယ်က ပဲစင်းငုံတွေ PDF က အဓမ္မရိတ်သိမ်းယူဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား

ပုလဲနယ်က  ပဲစင်းငုံ ဧက(၁၈၀)ကျော်ကိုပုလဲပဒက်တွေ အဓမ္မရိတ်သိမ်းယူလိုက်တယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ မူလဖော်ပြချက်အပေါ် နားလည်မှုလွဲစေတဲ့ဖြန့်ဝေမှု တစ်ခုဖြစ်ပါတယ်။ “ဇန်နဝါရီ၁၂ ပုလဲနယ်က  ပဲစင်းငုံ ဧက (၁၈၀)ကျော်ကိုပုလဲပဒက်တွေ အဓမ္မရိတ်သိမ်းယူကြ”လို့ ရေးသားပြီး “Ba Htwar” အမည်နဲ့ ဖေ့စ်ဘွတ်အသုံး ကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဒီပို့စ်မှာအသုံးပြုဖြန့်ဝေထားတဲ့ ဓာတ်ပုံတွေကို လေ့လာကြည့်ရာမှာ “PALE ENTERTAINMENT”ဆိုတဲ့ ရေစာစကားလုံးပါဝင်တာတွေ့ရပါတယ်။ မူလဖော်ပြခဲ့တဲ့ “PALE ENTERTAINMENT”စာမျက်နှာကို ဝင်ရောက်လေ့လာကြည့်ရာမှာတော့ ပုလဲမြို့မှာ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တွေရှိတဲ့ အင်မထီးပျူစောထီးရွာနားမှာ ဒေသခံတောင်သူတွေက သူတို့ရဲ့ပဲစင်းငုံစိုက်ခင်းတွေရိတ်သိမ်းနိုင်အောင် PDF က ကူညီပေးခဲ့တာလို့ရေးသားဖော်ပြထားပါတယ်။ “PDFတပ်သားများ ကာကွယ်စောင့်ရှောက်မှုဖြင့် ပျူစောထီးစခန်း […]

Continue Reading