Fact Check: NLD ကိုအာဏာပြန်အပ်မယ်လို့မစ္စတာဆာဆာကာဝါကို မင်းအောင်လှိုင် ကတိပေးဆိုတဲ့ သတင်းတု

NLD ကိုအာဏာပြန်ပေးမယ်လို့ မစ္စတာဆာဆာကာဝါကို  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကတိပေး လိုက်တယ်လို့ဆိုပြီး ယူကျူ့အကောင့်တစ်ခုက မျှဝေထားတာဟာ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်ပါတယ်။ “NLD ကိုအာဏာပြန်အပ်မယ်လို့မစ္စတာဆာဆာကာဝါကိုမင်းအောင်လှိုင်ဂတိပေး”လို့ ရေးသားပြီး “Daily News Myanmar” အမည်နဲ့ ‌ယူကျူ့အကောင့်ကမျှဝေထားတာကို‌ အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီဗွီဒီယိုကို ယူကျူ့မှာ ဝင်ရောက်ကြည့်ရှူ့မှုပေါင်း ၅၀၀၀ ဝန်းကျင်ရှိပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link   အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ ခေတ်သစ်သတင်းဌာနက ဇန်နဝါရီ ၁၆ ရက်မှာဖော်ပြခဲ့တဲ့ “မင်းအောင်လှိုင် ဘက်တော်သား နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ နဲ့ ထိုင်းဝန်ကြီးချုပ် တွေ့ဆုံမှု စစ်အာဏာရှင် တော်လှန်နေတဲ့ မြန်မာပြည်သူတွေဆီ အန္တရာယ်တွေ ဆောင်ယူလာနေသလား”ဆိုတဲ့ သတင်းဆောင်းပါးဖော်ပြချက်ကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်ပါတယ်။  မူရင်းလင်ခ့် – Khit Thit Media […]

Continue Reading

Fact Check: PDF ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုများ စုစည်းမှုဆိုတဲ့ဗွီဒီယိုသတင်းမှား

NUG၊PDF တို့ရဲ့ အကြမ်းဖက်လှုံ့ဆော်မှုတွေနဲ့ အကြမ်းဖက်သတ်ဖြတ်နှိပ်စက်မှုတွေကို စုစည်းထားတဲ့ဗွီဒီယိုဆိုပြီး ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေကြားပျံ့နှံ့တာ Fact Crescendo Myanmar အနေနဲ့ တွေ့ရပါတယ်။ “လိုင်းပေါ်တွင်ပျံ့နှံ့ခဲ့သော အကြမ်းဖက် NUG, PDF တို့၏ အကြမ်းဖက်လှုံ့ဆော်မှုများနှင့် အကြမ်းဖက် သတ်ဖြတ်နှိပ်စက်မှုများအား စုစည်းထားသည့် Video file ဖြစ်ပါတယ်…. နှလုံးခိုင်သောသူမှသာ ကြည့်ပါ ကြည့်ရဲသူများလည်း အစဆုံးကြည့်ပေးပါ… အကြမ်းဖက်သမားတွေရဲ့ အောက်တန်းကျ မိုက်ရိုင်းလွန်းတဲ့ လုပ်ရပ်တွေကို ပြည်သူလူထုတစ်ရပ်လုံးမှ ဝိုင်းဝန်းဆန့်ကျင်ကြရန် လိုနေပြီဖြစ်ပါတယ်.”လို့ ရေးသားပြီး “Today News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  ဒီဗွီဒီယိုပါအကြောင်းအရာတွေဟာ မှန်တဝက်မှားတဝက်ရောနှောထားခြင်းဖြစ်ပါတယ်။ အချက်အလက်စိစစ်ချက် (၃ […]

Continue Reading

Fact Check: ဒဂုံမြို့သစ် နှစ် ၆၀ မြေဂရမ်များ စာချုပ်ဖျက်သိမ်းဆိုတဲ့ နားလည်မှုလွဲ စေနိုင်တဲ့သတင်း

မြန်မာစစ်တပ်ဟာ အာဏာသိမ်း ၂ နှစ်တာကာလအတွင်း ဉပဒေနဲမညီတဲ့ ကျူးကျော်သူတွေဆိုတဲ့ အကြောင်းပြချက်နဲ့ အထူးသဖြင့် ရန်ကုန်၊မန္တလေးက အိမ်ပေါင်းများစွာ ဖျက်ဆီးပစ်ခဲ့တာတွေရှိနေချိန်မှာ ဒဂုံမြို့သစ်က နှစ် ၆၀ နဲ့ငှားထားတဲ့ မြေဂရမ်တွေကို စာချုပ်ဖျက်သိမ်းလိုက်တယ်တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ရာမှာ နားလည်မှုလွဲ စေနိုင်တာတွေ့ရပါတယ်။ Yangon Petrol ကုမ္ပဏီပိုင်မြေ အချို့ ပြန်လည်သိမ်းဆည်းတဲ့ သတင်းကို မျှဝေနေခြင်းဖြစ်ပါတယ်။  “တစ်နိုင်ငံလုံး ပွက်လောရိုက်သွားတဲ့ စစ်ကောင်စီထုတ်ပြန်ချက် ဒဂုံမြို့သစ် နှစ် ၆၀ ဂရမ်မြေများ စာချုပ်ဖျက် သိမ်းလိုက်ပီဆိုတဲ့ စစ်ကောင်စီရဲ့ ကြေညာချက်”(မူရင်းအရေးအသား)လို့ ရေးသားပြီး ဗွီဒီယိုတစ်ခုကို မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၂၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် NLD […]

Continue Reading

Fact Check: မြန်မာနိုင်ငံကို R2P ဝင်ဖို့အတည်ပြုဆိုတဲ့ သတင်းမှား

မြန်မာပြည်သူတွေကို ကုလသမဂ္ဂအနေနဲ့ စစ်‌ရေးအရအကာအကွယ်ပေးဖို့(R2P) အတည်ပြုလိုက်ပြီလို့ဆိုတဲ့ ဗွီဒီယို ပုံစံနဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့အကြား ယခုရက်ပိုင်းပျံ့နှံ့မှု့ အားကောင်းခဲ့ပါတယ်။ သတင်းမှားသာဖြစ်ပါတယ်။  ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်တစ်ခုမှာ “R2Pဝင်မယ့်ကိစ္စ US ဗိုလ်ချုပ်ကြီး ဒေါ်မီမီဝင်းဘတ် အတည်ပြုပြီ”လို့ စသည် ဖြင့် ရေးသားပြီး“90MO TV”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားပါတယ်။  အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုတွေကို  ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  “90MO TV”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကပဲ အခြား‌‌သောဗွီဒီယိုတစ်ခုမှာတော့ ကုလသမဂ္ဂမှာနိုင်ငံ‌ပေါင်း ၉၀ ကျော်က မြန်မာနိုင်ငံကို R2P ဝင်ဖို့အတွက် အတည်ပြုလိုက်ပြီလို့ရေးသားထားပါသေးတယ်။ အချက်အလက်စိစစ်ချက် မြန်မာပြည်သူတွေဟာ မြန်မာစစ်တပ်ရဲ့ လူသားတွေအ‌ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုလိုမျိုးကို အရေးယူနိုင်ဖို့အတွက် ကုလသမဂ္ဂက R2P မျိုးအစီအစဉ်တွေ၊ No […]

Continue Reading

Fact Check: NLD ပါတီနဲ့ ပတ်သက်တဲ့ တရုတ်ရဲ့ပြောကြားချက်ဆိုတဲ့ သတင်းတု

NLD ပါတီကို ထုတ်ပယ်ခြင်းမပြုဖို့ တောင်းဆိုမှုကို မလိုက်နာရင် အဆိုးဆုံးတွေ ရင်ဆိုင်ရမယ်လို့ တရုတ် သတိပေးလို့ ဆိုလိုထားတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတု ဖြစ်ပါတယ်။ ဗွီဒီယိုပုံစံနဲ့ ဖြန့်ဝေနေတဲ့ ဒီပို့စ်မှာ “တောင်းဆိုမှုကို မလိုက်နာရင် အဆိုးဆုံးတွေ ရင်ဆိုင်ရမည်ဟု ပြက်းထန် သတိပေးပြီ”လို့ ရေးသားပြီး “NLD ကို ထုတ်ပယ်မှု တရုတ်ကို ထိပါးစော်ကားခြင်းဟု သတ်မှတ်ပြီ”လို့လည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါ အကြောင်းအရာဟာ Burma News Network က ဇန်နဝါရီ ၂၆ ရက်ကဖော်ပြခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ […]

Continue Reading

Fact Check: သမ္မတဦးဝင်းမြင့် ပြန်လည်လွှတ်မြောက်ဆိုတဲ့ သတင်းတု

သမ္မတဦးဝင်းမြင့် ပြန်လည်လွှတ်မြောက်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိရာ သတင်းတုဖြန့်ချိမှုတစ်ခုသာဖြစ်ပါတယ်။ အောက်ပါ screenshot ကတော့ သမ္မတဦးဝင်းမြင့်ဟာ ကိုယ်တိုင်လျှောက် လဲချက်ပေးပြီးနောက် အမှု ၃ မှုလုံးအနိုင်ရပြီး ပြန်လည်လွှတ်မြောက်လာပြီလို့ဆိုထားတဲ့ ဗွီဒီယိုဖြစ်ပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် သမ္မတဦးဝင်းမြင့် အမှု ၃ မှုကို ကိုယ်တိုင်လျှောက်လဲချက်ပေးပြီး အနိုင်ရလို့ ပြန်လွတ်လာပြီလို့ ရေးသားထားတဲ့ ဗွီဒီယိုကို လေ့လာကြည့်ရာမှာ ဗွီဒီယိုပါအကြောင်းအရာဟာ လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်နဲ့ နိုင်ငံ့ဝန်ထမ်း မင်းအောင်လှိုင်တို့ ဘယ်သူ သမ္မတဖြစ်ခွင့်ရှိသလဲဆိုတဲ့ ဆောင်းပါးရှင်း မင်းသေ့ အတွေးအမြင်ဆောင်းပါးကို ဖတ်ကြားနေခြင်းဖြစ်ပါတယ်။  အဂတိမှု၊ သဘာဝဘေးအန္တရာယ်အမှုအပါအဝင် ပုဒ်မအမျိုးမျိုးနဲ့ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က ဖမ်းဆီး […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် ကာလုံအစည်းအဝေး တက်မယ်ဆိုတဲ့ သတင်းတုသတင်းမှား

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် ကာလုံအစည်းအဝေး တက်မယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာဟာ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုပို့စ်တစ်ခုမှာ “ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အရေးပေါ် ပါဝင်မည်”လို့ ရေးသားပြီး ဗွီဒီယိုမှာတော့ “ဒုသမ္မတ ဦးမြင့်ဆွေ ထွက်ပြောပြီ ၂၁ ရက်နေ့ ဘယ်သူ့ဖိအားမှ ဂရုမိုက်ပဲ ကာလုံကို လူစုံတက်စုံ ကျင်းပမည်ဟု ကြေညာ စစ်တပ်ကို ထုတ်ပယ်ဖို့ ပြောပြီ”စသည်ဖြင့်လည်း ရေးသားထားပါတယ်။ “Krovan Kamsan” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတာကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၈၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အခြားသော ဗွီဒီယိုပို့စ်တစ်ခုမှာတော့ “ကာလုံအစည်းဝေးအမေစုနဲ့သမ္မတကြီးပါတက်မယ်”လို့လည်း ရေးသားထားပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: အမေရိကန်စက်လက်နက်တွေ KNU စတင်အသုံးပြုနေပြီဆိုတဲ့သတင်းမှား

အမေရိကန်ပေးတဲ့ စက်သေနတ်တွေ ကရင်အမျိုးသားအစည်းအရုံး (KNU)က စတင်အသုံးပြုနေပြီဆိုတဲ့ ပို့စ် တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ KNU ပြော‌ရေးဆိုခွင့်ရပုဂ္ဂိုလ်နဲ့ အင်တာဗျူးကို ခေါင်းစဉ်တုနဲ့ ဖြန့်ချိနေခြင်း ဖြစ်ပါတယ်။  “The Friday News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါ အတိုင်းမျှဝေထားတာ တွေ့ရပါတယ်။ “KNU ထံ အမေရိကန် ထောက်ပံ့မှု ရောက်ပြီဗျို့”လို့ ပို့စ်မှာရေးသားထားပြီး ဗွီဒီယိုအစမှာပြသတဲ့ ဓာတ်ပုံစာသားထဲမှာ တော့ “အမေရိကန် စက်လက်နက်တွေ ၂၄ ရက်က KNU စတင်အသုံးနေပြီ KNU ကြေညာ”လို့လည်း‌ရေးသား ထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ […]

Continue Reading

Fact Check: NUG ရဲ့ တရုတ်နှစ်ကူးသဝဏ်လွှာကို သီတဂူဆရာတော်လုပ်ကြံခံရဟု သတင်းခေါင်းစဉ်တုတပ် ဖြန့်ဝေ

သီတဂူဆရာတော် ဒရုန်းနဲ့ လုပ်ကြံခံရပြီး ကျောင်းဆောင်အတွင်းမှာ သေပြီဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “သီတဂု ဆရာ်တော် ဒရုန်းနဲ့ လုပ်ကြံခံရပြီ(မူရင်းအရေးအသား)”လို့ ပို့စ်စာသားမှာရေးသားထားပြီး ဗွီဒီယို အစမှာပြသတဲ့ thumbnail ဓာတ်ပုံမှာတော့ “24 ရက်နေ့ သီတဂူဆရာတော် ဒရုန်းစာမိပြီ ကျောင်းဆောင် အတွင်းမှာ သေပြီ”လို့လည်း ရေးသာထားပါတယ်။ တကယ်တော့ ဗွီဒီယိုပါ အကြောင်းအရာဟာ အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ တရုတ်နှစ်သစ်ကူးသဝဏ်လွှာကို ဖတ်ကြားနေခြင်းသာဖြစ်ပါတယ်။ “Top 2” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးစာမျက်နှာက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်မှာ အောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ […]

Continue Reading

Fact Check: နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်ရိုစီအောင်ကို NUG လုပ်ကြံ သတ်ဖြတ်ဆိုတဲ့ သတင်းမှားဖြန့်ဝေ

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်ရိုစီအောင်ကို NUG က လုပ်ကြံသတ်ဖြတ်လိုက်တယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေကြား ဖြန့်ဝေခဲ့တာတွေ့ရပါတယ်။သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ အမေရိကန်မှာ နေထိုင်တဲ့ ဒေါ်ရိုစီအောင်ဟာ နှလုံးရောဂါကြောင့် သေဆုံးရခြင်းဖြစ်တယ်လို့ မိသားစုဝင်တွေက အတည်ပြု ထားတာတွေ့ရပါတယ်။  အောက်ပါ screebshot ကတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တဲ့ ပို့စ်တစ်ခုရဲ့ပုံဖြစ်ပါတယ်။ “တော်လှန်နေရင်း အမှန်တရားတွေ ပြောမိလို့ ပြည်ပမှာ လုပ်ကြံ ခံလိုက်ရတဲ့ ဒေါ်ဌေးဌေးဝင်း (ခ) ရိုစီအောင် ဒေါ်ရိုစီအောင် ရဲ့ ဘော်ဒီပြန်ရတယ်ဆိုတဲ့ထုတ်ပြန်ချက်ပါ။ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလမှာ လုပ်ကြံခံရတဲ့သဘောပါပဲ။ ဦးသန့်အရေးအခင်းတွင် ဖမ်းဆီးခံရသူ ခေါင်းဆောင် ၅၂ ဦးအနက် တစ်ဦးအပါအဝင်ဖြစ်ခဲ့ပြီး မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်ရိုစီအောင်(ခ)ဒေါ်ဌေးဌေးဝင်းမှာ အမေရိကန်တွင်လုပ်ကြံခြင်း ခံလိုက်ရပါတယ်။ သို့ပေမယ် လက်ရှိနိုင်ငံရေးဖြစ်စဉ်မှာ လိုင်းပေါ်မှ တော်လှန်ရေး လုပ်နေစဉ်အတွင်း အခြေအနေမလှတော့တဲ့ မြေပြင် PDF တွေရဲ့ အခြေအနေမှန်နဲ့ […]

Continue Reading